ကလျာဏမိတ္တ် မိတ်ဆွေကောင်းရှိရမည်၊ မိတ်ဆွေကောင်း(သူတော်ကောင်း)နှင့် ပေါင်းသင်းဆက်ဆံရ သည်။ `တံငါနားနီးတံငါ´ ဆိုသကဲ့သို့ သူယုတ်မာနှင့်ပေါင်းလျှင် မိမိလည်း သူယုတ်မာ ဖြစ်နိုင်သည်၊ ပညာရှိသူတော် ကောင်းတစ်ယောက်ဖြစ်ရန် သူတော်ကောင်းကို မှီဝဲပေါင်းဖေါ်ရသည်။ သူတော်ကောင်းဆိုသည်မှာ အရှင်းဆုံးနှင့်အတိုဆုံး ပြောရလျှင် မိမိနှင့် သီလ၊သမာဓိ၊ပညာ တန်းတူ(သို့မဟုတ်) ပို၍ အဆင့်မြင့်နေသော ပုဂ္ဂိုလ်မျိုးကို ကလျာဏမိတ္တ သူတော် ကောင်းမိတ်ဆွေဟု ခေါ်သည်။ ထိုသူမျိုးကို ပေါင်းဖေါ်လျှင် မိမိသန္တာန်၌ မရှိသေးသော သီလ၊သမာဓိ၊ပညာများ ကိန်းအောင်းနိုင်သည့်အပြင်၊ ကိုယ်လည်း သူ့ကိုမီပြီး သူတော်ကောင်း ဖြစ်ရတော့သည်။ ဤကား သူတော်ကောင်းကို ပေါင်းဖေါ်ရကျိုး ဖြစ်သည်။ သိသာရန် ဆက်လက်ရှင်းပြပါဦးမည်။
.
ရှေးအခါက ကုန်သည် (၇၀၀)ကျော်တို့ ရောင်းဝယ်ဖေါက်ကားရန် လှေကြီးတစ်စင်းဖြင့် ပင်လယ်ရပ်ခြား ခရီးထွက်ခဲ့ကြသည်။ ထိုသို့ ခရီးထွက်လာကြရာ ရုတ်တရက် အင်အားပြင်းထန်သော မိုးသက်မုန်တိုင်းတစ်ခု ကျရောက်ခဲ့ သည်။ လှိုင်းလုံးကြီးများက တောင်ကြီးပမာဏမျှ ကြီးလေတော့ မည်သို့မျှ လှေကို ထိန်းထားမရဘဲ စက်လှေနစ်မြုပ်မည့် အ ခြေအနေကို ရောက်လုနီးနေပါသည်။ လှေထဲ ဟော်ဟစ်ပြီး ပြေးသူပြေး၊ သူတို့ ကယ်တင်စောင်မမည်ဟု ထင်ထားသော နတ်များကို အော်ဟစ်ပြီး တိုင်တည်သူက တိုင်တည်နှင့် သွေးပျက်မတတ် အော်ဟစ်နေကြသည်။ သေဘေးနှင့် ရင်ဆိုင်လာရတော့လည်း ကြောက်ကြသည်ချည်းပင်။ လူးလားဆန်ခတ်ပြေားလွှားနေကြသော်လည်း။ လူထူးလူဆန်းတစ်ယောက်သည် လှေ၏ တစ်နေရာတွင် ဣနြေ္ဒနှင့် ငြိမ်သက်စွာ တပလ္လင်ခွေထိုင်နေသည်။
ထိုလူထူးလူဆန်းကား ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်သည်။ ခရီးမထွက်မီ အိမ်၌ သံဃာတော်များ ပင့်ပြီး သင်္ကန်းများကပ်ကာ၊ သရဏဂုဏ် ၊ သီလ ဆောက်တည်လာခဲ့ရာ ယခုအချိန်ထိ ၊ ထိုသရဏဂုဏ် သီလ ကိုဆောက်တည် ထားဆဲပင်၊ ထိုမပျက်သေးသော သရဏဂုဏ်သီလကို ဆင်ခြင်ပြီး လာမည့်ဘေးကို ပြေးတွေ့နေခြင်းပင်။ လူအများက ထိုလူထူးလူဆန်းကိုကြည့်ပြီး `ဒို့မှာတော့ သေခါနီးမို့ သွေးပျက်မတတ်၊ ဒီလူက ငြိမ်ချက်သားကောင်းနေလိုက်တာ တန်တော့ သူ့မှာ အားကိုးလောက်တဲ့ အရာတစ်ခုခု ရှိနိုင်တယ်´ဟုတွေးကာ ထိလူဆန်းထံသွားပြီး ` အမောင် ငါတို့မှာ သေးဘေးကြောက်လိုက်ရတာ သင်ကတော့ ငြိမ်ချက်သားကောင်းနေတယ် အားကိုးစရာရှိရင်လည်း ကျွန်တော်တို့ကို လည်း ကူညီပါဦး´ဟုပြောသောအခါ `အမောင်တို့ ကျူပ် ခရီးထွက်ခါနီးဆဲဆဲ အိမ်ကနေ သရဏဂုံ သီလ ဆောက်တည်ခဲ့ တယ်၊ အဲဒီသီလမှတစ်ပါး ကျွန်ပ်မှာ အားကိုးစရာမရှိပါ ဒါကိုပဲ ဆင်ခြင်ပြီးနေပါသည်။´ `ဒီလိုဆို ကျွန်ပ်တို့လည်း သရဏဂုံ သီလ ဆောက်တည်ချင်ပါတယ်´ ဟု ပြောသောကြောင့် လူ(၇၀၀)ကို (၇)စုခွဲပြီး သရဏဂုံသီလဆောက်တည်စေပါသည်။
လှေကြီးကလည်း တဖြေးဖြေးနှင့် ပင်လယ်ထဲသို့ နစ်မြုပ်နေပါတော့သည် ၊ ဒီအတိုင်းသိပ်မကြာမီမှာ လှေကြီးပင်လယ်ကြီး အောက် စုံးစုံးမြုပ်တော့မှာ သေချာသည်။ လှေမမြုပ်မီ ထိုလူထူးဆန်းက ``အမောင်တို့ ခုအချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်ဖြစ်တယ်၊ ဒါကြောင့် မကြာမီက ဆောက်တည်ထားတဲ့ သရဏဂုံသီလကို ဆင်ခြင်ပွားများကြ´ဟုပြောရင်းနှင့်ပင် လှေ ကြီး ပယ်လယ်အောက်နစ်မြုပ်သွားပါတော့သည်။ ကုန်သည်(၇၀၀)လည်း သေလွန်သောအခါ တာဝတိံသာ၌ နတ်သားများ ဖြစ်ကုန်ကြသည်။ ထို အဖြစ်အပျက်တွင် လူထူးလူဆန်းဖြစ်သော သူတော်ကောင်းကို မှီဝဲပေါင်းဖေါ်ရသောကြောင့် သေသောအခါ နတ်ပြည်လောက၌ ဖြစ်ရပါသည်။
ထိုသို့ နတ်ပြည်၌ ဖြစ်ရခြင်းသည်၊ ကောင်းကျိုးချမ်းသာကို ပေးသောကြောင့် ကောင်းမြတ်လှ၏၊ ပတ်ဝန်းကျင် ၌ စိုးရိမ်ပူဆွေးသောကဖြစ်ဖွယ်ရာနှင့်တွေ့ကြုံသော်လည်း စိုးရိမ်ပူဆွေးသောက မဖြစ်တော့ပေ။ ဆွေမျိုးတို့အလယ်၌ တင့်တယ်သည့်အပြင် ၊ လူ၊ နတ် ၊ နိဗ္ဗာန်သုံးတန်ချမ်းသာကို ရရှိနိုင်ပြီးဆင်းရဲခမ်းသိမ်းကင်းပျောက်ငြိမ်းနိုင်သည်။ ဟု သဂါထာဝဂ္ဂသံယုတ်၊ သတုလ္လပကာယိက၀ဂ်၊ သဗ္ဘသုတ် ၌ ဟောကြားထာပါသည်။
ထို့အပြင် မြတ်ဗုဒ္ဓလက်ထက်တော်က ရာဇဂြိုလ်ပြည်၌ တမ္ဗါဌိက အမည်ရှိ ယောင်္ကျားတစ်ယောက်ရှိခဲ့ဖူးသည်။ သူ့ရဲ့အလုပ် မင်းမှုထမ်း ၊ရာထူးက ခိုးသူသတ်ရာထူးပါ။ ရာဇ၀တ်ဘေးဒဏ်သင့်ပြီး၊ သေမိန့်ပေးခံရသော သူများကို ကိုယ်တိုင်သတ်ရသည့်အလုပ်ဖြင့် မင်းမှုထမ်းရသည်၊ (၅၅)နှစ်တိုင်တိုင် လူများသတ်လာ ခဲ့သော်လည်း သူတော်ကောင်းဖြစ်သော အရှင်သာရိပုတ္တရာကို ရရှိသည့်အတွက် သေသည့်အခါ တုသိတာနတ်ပြည်၌ ဖြစ်ရသည်။ ဤသည်ပင်လျှင် သူတော်ကောင်းကို မီဝဲရသည့် အကျိုးရလဒ်ဖြစ်ပါသည်။
တစ်ခါက အရှင်အာနန္ဒာက မြတ်ဗုဒ္ဓကိုလျှောက်ထားသည်မှာ``မြတ်စွာဘုရား….သူတောင်ကောင်းအမှီရတဲ့ ပုဂ္ဂိလ်များသည် တရားထူးရဖို့ရာ တစ်ဝက်သေချာနေပါသည်ဘုရား´´ဟု လျှောက်သောအခါ၊ မြတ်ဘုရားက ``ချစ်သား အာနန္ဒာ ဒီလိုမပြောနဲ့ ဒီလိုမပြောနဲ့ ´´ဟု နှစ်ကြိမ်တိုင်တိုင်တားမြစ်တော်မူပြီး၊ ``ချစ်သား အာနန္ဒာ ….သူတော်ကောင်း ကို အမီရတဲ့အတွက် တရားထူးရဖို့ရာ ရာခိုင်နှုန်းပြည့်သေချာနေပါတယ်၊ ငါဘုရားတည်းဟူသော သူတော်ကောင်းကို အမီပြုရသဖြင့် များစွာသောသူတို့သည် တရားထူးရပြီး ၊ ကျွတ်တန်းဝင်ကုန်ကြပြီ´´ဟု မိန့််တော်မူခဲ့ပါသည်။
ယနေ့ခေတ်၌လည်း မဟာစည်ဆရာတော်ဘုရားကြီးတည်းဟူသော သူတော်ကောင်းကို အမီရကြကုန်သောသူ တို့သည် တရားအားထုတ်ခွင့်ရရှိပြီး၊ သီလ၊သမာဓိ၊ပညာ ကုသိုလ်များရကြသည်။ ထို့အတူ၊ လယ်တီဆရာတော်ဘုရား ကြီး၊ မိုးကုတ်ဆရာတော်ဘုရားကြီး၊သဲအင်းဂူဆရာတော်၊ စွန်းလွန်းဆရာတော် စသော ထင်ရှားသော သူတော်ကောင်း ဆရာတော်ကြီးများးကို အမီရသောကြောင့် သီလ၊ သမာဓိ၊ ပညာ၊ ကုသိုလ်များရကြသည့်အပြင် မဂ်ဖိုလ်တရားထူးများ လည်း ရရှိကြသည်၊ ဤသည်မှာ သူတော်ကောင်းကို မီဝဲပေါင်းဖေါ်ရာမှ ရရှိသော အကျိုးတရားများပင် မဟုတ်ပါလော။
အချူပ်ဆိုရသော် လောက၌ သူတော်ကောင်းနှင့်ပေါင်းဖေါ်ရပြီး သူတော်ကောင်းတရားကျင့်သုံး၍ သူတော်ကောင်းများ ချည်းဖြစ် ကြမည်ဆိုပါလျှင် မိမိနှင့်တကွ လောကကြီးတစ်ခုလုံး အေးချမ်းသယာကြမည် ဖြစ်သောကြောင့် `ကလျာဏမိတ္တ´ သည် `တုနှိုင်းမမီ´သော မီခိုရာအရိပ်တစ်ခုအဖြစ် တင်ပြလိုက်ရပါတော့သတည်း။