Monday, July 23, 2007

သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေ

ရုပ်ရှင်သရုပ်ဆောင်များသည် ပရိသတ်အတွက် ဒါရိုက်တာရဲ့ အလိုအတိုင်း သရုပ်ဆောင်နေကြရာ ပုံစံအမျိုးမျိုး ရှုထောင့်အစုံစုံတို့မှ အတတ်နိုင်ဆုံး သဘာဝယုတ္တိကျကျ ပီပြင်အောင် သရုပ်ဆောင် ကြသကဲ့သို့ ၊

လောကလူသားများသည်လည်း ဘ၀ကံဇာတ်ဆရာ ဒါရိုက်တာရဲ့ အလိုကျ အမိအဘ,သားသမီး,လင်,မယား,အဖိုးအဖွား ,ဦးလေး ဒေါ်လေး မြေး စသည့် ရှုထောင့် အမျိုးစုံမှ အခန်းခဏ္ဍမျိုးစုံမှ နေ၍ ပီပြင်အောင် ပါဝင် သရုပ်ဆောင်ကြရသည်။

တစ်ဘ၀အတွက် မွေးဖွားခြင်းမှသည် သေဆုံးခြင်းသို့တိုင်အောင် ပီပြင်စွာနဲ့ ဘ၀ရဲ့သရုပ် ဆောင်မှုတွေကိုလည်း လူသားအားလုံး မလွဲမသွေ သရုပ်ဆောင်ကြရမှာဆိုသည့်အကြောင်း အတွေးလေး တစ်ခုထဲ နစ်မျောနေရာမှ ရုပ်တရက် ရုပ်ရှင်သရုပ်ဆောင် “ ဒွေး” (heart attack) ဖြစ်ပြီး ရုတ်တရက် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းကြားလိုက်ရတယ်။

အောင်မြင်ကျော်ကြားနေသော သူတစ်ယောက်အတွက် ဒီအသက်အရွယ်ဟာ မသေသင့် ဘူး၊ သေတာစောလွန်းနေတယ်၊ အလွန်နှမြောဖို့ကောင်းတယ်”လို့ သူ့ကိုချစ်သော ပရိသတ်ထံမှ ယူကြုံးမရ စကားသံတွေပါ။ အထက်ကပြောခဲ့သည်အတိုင်းပဲ ပွဲ့ကြည့်ပရိသတ်တွေ ကြိုက်အောင် ဒါရိုက်တာအလိုကျ သရုပ်ဆောင်မင်းသား “ ဒွေး ”က့  ပီပီပြင်ပြင်ကြီး သရုပ်ဆောင်ပေးခဲ့ ရာမှာ အခုတော့ “ ဒွေး”က သူ့ရဲ့ အဖြစ်မှန် ဘ၀ရဲ့ နောက်ဆုံးအဓိက ဇာတ်ဝင်ခန်းမှာ ပီပီပြင်ပြင် သရုပ် ဆောင်သွားခဲ့ချေပြီ။

ကျန်ရစ်သူ မိသားစုနဲ့ သူ့ကိုချစ်သော ပရိသတ်အားလုံး ယူကျူံးမရ ဖြစ်ကြရတာ အမှန်ပါ။ သို့ပါသော်လည်း သူ့အတွက် ယူကျူံမရဖြစ်နေရုံနဲ့မပြီးသေးချေ။ သူက အရှေ့ကနေပြီး ဒီလိုဖြစ်တတ်တယ်ဆိုတာကို လူအများသိအောင် သရုပ်ဆောင်ပြသွားသလို ၊ ကျန်ရစ်သူ ပရိသတ် အားလုံးလည်းပဲ အလားတူစွာ ဘ၀ကံဇာတ်ဆရာရဲ့အလိုကျ သရုပ်ဆောင်နေကြရသူတွေးချည်း ဖြစ်ပါသည်။တကယ်လို့များ မိမိတို့ ဘ၀ရဲ့ နေ၀င်ခါနီးအချိန်ရောက်ရင်--

တကယ့်ကယ် ကိုယ့်ကိုယ်တိုင် မကြာမီသော နောက်ဆုံးအချိန်မှာ အဓိက သရုပ် ဆောင်ရတော့မယ် ဆိုရင်ပေါ့။ ကိုယ်ကိုယ်တိုင် ပီပီပြင်ပြင်နှင့် ဘ၀ရဲ့ သရုပ်ဆောင်ကောင်းတစ်

ယောက် ဖြစ်ဖို့အတွက်အထူးလိုအပ်လှ ပါတယ်နော်။ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းက -------ကုသိုလ်လုပ်ငန်း မှန်သမျှ------------------------?

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More