Monday, July 23, 2007

သေနည်းသင်တန်း တက်ထားပါ။

သေနည်းသင်တန်း တက်ထားဖို့လိုတယ်။ ဒါအရေးကြီးဆုံးပဲ။

လူတိုင်းတစ်နေ့မှာ မုချသေရမှာ မလွဲဘူး။ ကြောက်ဖို့အလိုဘူး။ ကြောက်လို့လည်း မရဘူး။

၁။ ကြိုတင်ပြင်ဆင်ထားကြရအောင် သေနည်းသုံးမျိုး ပြောမယ်။ “ငါတော့ ဒီတောင်က မကျော် တော့ဘူး” လို့ ကိုယ့်ဟာကိုယ် သိလာပြီဆိုလျှင် အနားမှာ ဘယ်သူမှ မလာစေနှင့် ၊ မိမိတစ်သက် တာအတွင်း ပြုလုပ်ဖူးတဲ့ အလှူတွေကို စဉ်းစားကြည့်။ ဒါနကို လူတိုင်းလုပ်ဖူးကြတာချည်းပဲ။ တန် ဖိုးနည်းတာ များတာ လိုရင်းမဟုတ်ဘူး။ ဒုဋ္ဌဂါမဏိမင်းကြီးလို မိမိစိတ်အကြည်လင်ဆုံး အကျေနပ် ဆုံး၊ အလှူတစ်ခုကိုပဲ ဆင်ခြင်နေ ။သေန

၂။ ဒါမှမဟုတ် ကိုယ်ရှုမှတ်နေကျ ဘာဝနာတစ်ခုခုကို နှလုံးသွင်းနေ။ ဒါမှမဟုတ်လဲ…….

၃။ ရောဂါက ပြင်းထန်လို့ ၊ ဆေးတွေလွန်နေလို့ ၊ သတိမရတစ်ချက် ၊ ရတစ်ချက်၊ ကယောင်က တမ်း ဖြစ်တယ်ပဲထား၊ သတိရလာတာနဲ့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ” ရွတ်နေ ။ ဒါလူတိုင်းရပြီးသား။ ဒီသုံးနည်း တစ်နည်းနည်းနှင့် အသေရင် အနည်းဆုံး နတ် ပြည်ရောက်မှာ သေချာတယ်။


နယ်ခြားတောင်သာသနာပြု

1 comments:

သေနည်းသည် လူသားတိုင်းအတွက် အမြဲသတိပေးရသော အကြောင်းတရားဖြစ်ပါသည်၊

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More