Saturday, July 7, 2007

မွေးနေ့ရှိသူတိုင်းသို့

အချိန်ကာလတည်းဟူသော ရထားကြီးသည် နေ့ ,ရက်,နာရီ အလီလီ ပြောင်း၍ နွေ မိုး ဆောင်း ဟု သုံးဥတုကို ဥပါဒ် ဌီ ဘင် စီအစဉ်ဖြင့် အလျဉ်မ ပြတ်၊ မောင်းနှင်လျှက် ရာသီစက်ဝန်း တရွေ့ရွေ့ လည်ပတ်လာခဲ့သည်မှာ မွေး နေ့သို့ပင် တကျော့ပြန်ရောက်ခဲ့ရလေပြီ။ မွေးနေ့ဆိုသည်မှာ လူသားတိုင်း အတွက် မှတ်မှတ်ရရ ရှိတတ်ကြသောနေ့ တစ်နေ့ပင် ဖြစ်ပေသည်။ မွေးနေ့ဟူ သည်မှာ လူသားတစ်ဦး လောကထဲ၌ ဥပါဒါထင်ရှား ဇာတိအားဖြင့် ဖြစ်ပွားလာ သော နေ့တစ်နေ့ပင်ဖြစ်ပါသည်။

အသိစိတ်တွင် သတိနှင့် ပညာဥာဏ်ယှဉ်ကြကုန်သော မွေးနေ့ရှင်တိုင်း သည် မွေးနေ့သို့ ရောက်လျှင် ကုသိုလ်ကောင်းမှုများ ပြုကြလေ့ရှိပါသည်။ မြတ် ဗုဒ္ဓ၏ အဆုံးအမအရဆိုလျှင်``မွေးနေ့ရှင်ဆိုသည်မှာ သေမည့်နေ့ကို တရွေ့ ရွေ့ လျှောက်လမ်းနေကြသူများပင် မဟုတ်ပါလား? မွေးနေ့ရှင်ဟူသည် သေ လမ်းကို လျှောက်နေရသူများ ဖြစ်သည်မှာတော့ သေချာလှပေသည်။ မွေးနေ့ ကို မမေ့သူတိုင်းသည် သေမည့်နေ့ကိုလည်း မမေ့သင့်ပါ။ သေမင်းကို မမေ့သူ တို့သည်သာလျှင် ကုသိုလ်တရားတို့၌ မမေ့မလျော့ အားထုတ်နိုင်ပေလိမ့်မည်။

ကုသိုလ်တရားတို့၌ မမေ့လျော့ခြင်း `အပ္ပမာဒ´သည် မွေးနေ့ကင်းရာ နိဗ္ဗာန်ချမ်းသာကို ခံစားရခြင်း၏ အကြောင်းတရားအစစ်ပင် ဖြစ်ပေသည်။ လောကတွင် အားလုံးသော သတ္တ၀ါတို့၏ ခြေရာတိုင်းသည် ဆင်တည်းဟူ သော သတ္တ၀ါ၏ ခြေရာတွင် အကုန်သက်ဝင်နိုင်သကဲ့သို့ ကုသိုလ်တရားတိုင်း သည်လည်း မမေ့မလျော့ခြင်းဆိုတဲ့ `အပ္ပမာဒ´တရားထဲမှာ သက်ဝင်ရတာ ချည်းပဲဟု ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကောသလဘုရင်ကို မိန့်တော်မူခဲ့ဖူး ပါတယ်။

မျက်မှောက်အကျိုး တမလွန်အကျိုးဆိုတဲ့ အကျိုးတရားနှစ်ပါးကို မမေ့မလျော့တဲ့ ပုဂ္ဂိုလ်တွေသာ ရရှိခံစားနိုင်ကြတယ်။ သို့ဖြစ်ပါ၍ မွေးနေ့ရှင် တိုင်းသည် ဘယ်အသက်အရွယ်မှာ ဘယ်ရောဂါနှင့် ဘယ်ခါကာလ ဘယ်ဒေ သ၌ သေရမည့်တာ တို့သူငါ မှန်စွာမသိနိုင်ကြသော်လည်း ဧကန်မုချ ရှောင်မရ ဘဲ သေရမည်မှာ လွန်သေချာသည်ကိုတော့ အစဉ်အောင့်မေ့ သတိရ နှလုံးသွင်းသင့်လှပေသည်။

အို မွေးနေ့ရှင်………
မွေးနေ့မှာသည်၊ သေမင်းပြည်သို့။
တရွေ့ရွေ့ကူး ၊မေ့ရဘူးနော်…..။

အို မွေးနေ့ရှင်……..
ရုပ်နာမ်မနှော ၊ သုညတောတွင်၊
မွေးနေ့ကင်းစင် ၊ငြိမ်းစေချင်ပြီ…။

အို မွေးနေ့ရှင်…….
ဘာဝနာတရား၊ ခါခါပွား၍
နိဗ္ဗာန်ရွှေမြို့ ၊ ဦးတည်စို့နော်…….။





0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More