This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, April 26, 2007

ဓမ္မဟာ ဓမ္မပဲဖြစ်သင့်သည်၊ အဓမ္မမဖြစ်သင့်

အမှားကိုထောက်ပြနိုင်သောဆရာတော်များရှိနေလို့သာ အမှန်ရောက်အောင်

ဆုံးဖြတ်နိုင်တာပါ၊ ဒါဟာဝမ်းသာရမှာပါ။ အမှားဆိုတာ ကြာလာရင် အမှန်ဖြစ်

တတ်တယ်။ ဒီလိုဝိနိစ္ဆယမျိုး ပေါ်ပေါက်လာရတာသာသနာတော်မှာ သန့်သန့်

လေးဖြစ်သွားတာ ကောင်းပါတယ်။ အမှန်ဟာအမှန်၊ အမှားကအမှားပေါ့ ။

သတိရတုန်း ပြောချင်တယ်။ ဓမ္မဟာ ဓမ္မပဲ ဖြစ်သင့်တယ်။ အဓမ္မ မဖြစ်သင့်

ပါဘူး။တစ်ဦးနဲ့တစ်ဦးတရားတော်များ ဆွေးနွေးတဲ့အခါ အသိဥာဏ်တိုးပြီး

အကျိုးရှိလျှင်ကောင်းပါတယ်။ အကျိုးမရှိတဲ့တစ်ယောက်နဲ့တစ်ယေက်

အနိုင်မခံအရှုံးမပေး ငြင်းခုံမှုမျိုးဖြစ်လျှင်အဓမ္မပဲ ဖြစ်ပါလိမ့်မည် ၊ ဓမ္မမဖြစ်

နိုင်တော့ပါ။ ဂိုဏ်းဂဏစွဲ ဆရာစွဲပြီးကိုယ့်နည်းသာအမှန် ကိုယ့်ဆရာသာအ

မှန် လုပ်နေကြသော ပုဂ္ဂိုလ်များ သဏ္ဍန်မှာဓမ္မဆိုတာမရှိပါဘူး။ ဆေးနည်း

ချင်း၊ ဆရာချင်းပြိုင်နေကြတာဟာ အတော်ရှက်ဖို့ကောင်းလှပါတယ်။အခု

ဖြစ်နေကြတာက ဘာသာတူ အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေကြတာပါ။

ငါ့နည်းကသာ အမှန် သူ့နည်းကအမှား ဒီလိုနဲ့ပဲ သူ့နည်းငါ့နည်းနဲ့

နည်းအချင်းချင်းယှဉ်ပြိုင်နေကြတယ်။ ဗုဒ္ဓဘာသာဝင်များ အချင်းချင်း

ပြိုင်နေကြတာဟာ မကောင်းပါဘူး၊ကိုယ်ယှဉ်ပြိုင်ရမှာက ဘာသာခြား

တွေနဲ့ပါ။ ယနေ့ မျက်မှောက်ခေတ် စားဝတ်နေရေးခက်ခဲပြီး ကျောင်း

မနေရတဲ့ ကလေးတွေအမြောက်အများရှိနေတယ်။ အားငယ်နေတဲ့

မိဘမဲ့ ကလေးတွေကို အခွင့်ကောင်းယူပြီး ဘာသာခြားတွေက စား

ဝတ်နေရေး၊ ပညာရေး၊ကျန်းမာရေးပါမကျန် တာဝန်ယူပေးပြီး ၊သူတို့

ဘာသာထဲကို သိမ်းသွင်းနေကြပါပြီ ၊ အဲဒါတွေကို ဗုဒ္ဓဘာသာဝင်များ

ဘာသာရေးမှာ သွေးမအေးကြဘဲ၊ကိုယ်က လက်ဦးမှုရအောင် ချေ

ကုတ်ယူရမယ်။ ကိုယ့်ဘာသာက ကလေးတွေ တစ်ခြားဘာသာထဲ

ရောက်မသွားအောင် ထိန်းသိမ်းကြဖို့ပါ။ အချင်းချင်းပြိုင်တာ

တွေ ရပ်တန်းက ရပ်သင့်နေပါပြီ။ဒီအရေးနဲ့ပတ်သက်ပြီး အကောင်

အထည်ဖေါ်ဘို့ရာကြိုးစားနေကြပါတယ်၊ စိတ်ဝင်စားသူများအားလုံး

ဆက်သွယ်နိုင်ကြပါကြောင်း။

Wednesday, April 18, 2007

ညီလင်းဆက် ဘလော့ခ်

ကျေးဇူးတင်ပါတယ် ကိုညီလင်းဆက်

မိတ်ဆွေတစ်ယောက်ရဲ့ အပြောကြောင့် ကိုညီလင်းဆက် ဘလော့ခ်ထဲ

ဝင်ဖတ်ဖြစ်တယ်။ကိုညီလင်းဆက်ရဲ့ ဘလော့ခ်ကျေးဇူးကြောင့် မပြည့်စုံ

သေးတဲ့ ဘလော့ခ်အတွက် ပိုပြီးပြည့်စုံသွားတယ်။ ကျေးဇူးအထူးတင်ရှိ

ပါတယ် ကိုညီလင်းဆက်ရေ၊ ဘလော့ခ် လုပ်ချင်သူများ ကိုညီလင်းဆက်

ရဲ့ ဘလော့ခ်ကို ဖတ်ပြီး လုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

Tuesday, February 27, 2007

ကိုးကွယ်မှု ဘာသာတရားတွေအမျိုးစုံ ရှိကြပါတယ်။

သူတို့ ဘာပြုလို့ ဘာသာတရားကို ကိုးကွယ်ကြတာလဲ ။

ရှေးဦး(ကျောက်ခေတ်)လူမျိုးများသည် စားဝတ်နေရေးအတွက် အမဲလိုက်ပြီး

သတ်ဖြတ်စားသောက်ကြဟန်ရှိသည် ၊ သားကောင်းများမရတဲိ့နေ့များဆိုရင်

တစ်ခုခုကြောင့် သားကောင်မရတာပဲ လို့ တွေးရာကနေပြီး သူတို့ကျက်စားနေ

တဲ့ တောကြောင့်ပဲဆိုပြီး သားကောင်မရမှာကို ကြောက်လို့ တောကို ကိုးကွယ်

လာကြတယ် ၊ ကိုးကွယ်မှုက ဒါကစတာပဲ ၊ ကိုးကွယ်တယ်ဆိုတာ ကြောက်လို့

ကိုးကွယ်ကြတာဖြစ်မှာပါ။

တခါ အသိဥာဏ်လေးရှိလာတော့ အသီးပင်လေးတွေ စိုက်ပြီး စားရတဲ့အဆင့်

ရောက်လာတယ်၊ မိုးခေါင်တဲ့ နှစ်များဆိုရင် အသီးနှံမရလို့ စိတ်ညစ်ကြရတယ်၊

အသီးအနှံမရတာမိုးကြောင့်ပဲ မိုးမရှိရင်မဖြစ်ဘူးဆိုတဲ့ အခြေနေကိုလိုက်ရာက

နေ မိုးကို ကိုးကွယ်လာကြတယ်၊ ဒီမှာ မိုးကိုးကွယ်တာလည်း အသီးအနှံမရဘဲ

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်မှာ ကြောက်လို့ မိုးကို ကိုးကွယ်ကြတာပါ။

အဲဒီကနေ ထင်ရာမြင်ရာတွေးပြီး သစ်ပင် ရေမြေတောတောင်စသည်တွေကို

ကိုးကွယ်လာကြတော့တာပဲ ။

ဒါဖြင့် ဘာကြောင့် ကိုးကွယ်ရတယ်ဆိုတာ အားလုံးတူညီတဲ့ရည်ရွယ်ချက်က

ကြောက်လို့ပါပဲ ။ ဒီကနေ့ခေတ် လူမျိုးအသီးသီး ဘာသာတရားမျိုးစုံ ကိုးကွယ်

နေကြတာဟာလဲ ကြောက်လို့ပဲ အဖြေထွက်ပါတယ်။

ကြောက်တာတွေ ပြောရရင် အများကြီးပဲ-

တစ်ချို့က စီးပွားပျက်မှာကြောက်လို့ ၊ ကျန်းမာရေးချွတ်ယွင်းမှာ ကြောက်လို့ ၊

ရာထူးမတက်မှာ ကြောက်လို့ ၊ စည်းစိမ်ပျက်မှာ ကြောက်လို့ ၊ အသက်တိုမှာ

ကြောက်လို့ စုံနေတာပါပဲ ။ အဲဒါအားလုံးအတွက် ကိုးကွယ်ကြတာပါ။

ကိုးကွယ်အားထားရာကို ပါဠိလို `သရဏ´ ခေါ်တယ် ။

အားထားကိုးကွယ်ရာကနေ ဘေးဖြစ်တတ်တယ်ဆိုတာလည်း ရှိသေးတယ်၊

မြတ်စွာဘုရား မပွင့်မှီအခါတုန်းက ဝေသာလီပြည်မှာ ကိုးကွယ်မှုဆိုင်ရာက

ဘီလူးတွေကို ကိုးကွယ်ကြတယ်။ ကိုးကွယ်ရာကနေ ကပ်ကြီးသုံးပါးကျရောက်တဲ့

အချိန် မြတ်ဗုဒ္ဓြကွရောက်တော်မူလာတယ်။ ဒီအချိန် ဝေသာလီမှာ နတ်စင်ကြီး

ငါးခုတနည်း(စေတီကြီးငါးခု) နာမည်တွေတော့ မသိတော့ဘူး ၊အဲဒါကို ကိုးကွယ်

ကြတယ်၊ နတ်စင်နဲ့တူတဲ့ စေတီငါးခုဆိုတာ ဘီလူးတွေကို ရည်ညွန်းပြီးကိုးကွယ်

ကြတာပါ ၊ အဲဒီအချိန် မြတ်စွာဘုရားရောက်လာပြီး နတ်စင် တစ်ခုမှာ သီတင်းသုံးပြီး

ဝေသာလီပြည်သားတွေကို တရားဟောတယ်။ ` သင်တို့ကိုးကွယ်နေတဲ့စေတီဆိုတာ

ဟာ တကယ်တော့ စေတီမထိုက်ဘူး၊ စေတီထိုက်တာတွေက ဘုရား တရားသံဃာ

ရတာနာသုံးပါးစတာတွေက ကိုးကွယ်အားထားသင့်တဲ့အတွက် စေတီထိုက်ကြတာပါ။

ဆိုပြီး ဟောကြားတော့မှ ဝေသာလီပြည်သားတွေ ကိုးကွယ်မှုဆိုင်ရာမှာ အမြင်မှန်

ရလာကြပြီး သူတို့ကိုးကွယ်နေတဲ့ နတ်စင်တွေလည်း အဲဒီအချိန်ကစပြီး နေရာမရ

တော့ပါဘူး။

ရတနာသုံးပါးကို အားထားတယ်ဆိုတာ သားသမီးက မိဘကို အားထားတဲ့သဘောမျိုးမဟုတ်

ပါဘူး။ မိဘတွေအပေါ်မှာ သားသမီးတွေက စားဝတ်နေရေးအတွက် အားကိုးတာပါ၊

ရတနာသုံးပါးကို အားကိုးတယ်ဆိုတာက သံသရာဝဋ်လို့ဆိုတဲ့ အိုဆင်းရဲ နာဆင်းရဲ

သေဆင်းရဲ ပေါင်းစုံက လွတ်မြောက်အောင် အားထားကိုးကွယ်ကြတာပါ။

အားထားတာခြင်းမတူပါဘူး။

နောက်ဆုံးပြောလိုတာက ဘာသာတရားအမျိုးစုံရှိကြပေမဲ့လို့ ဘာသာတရား

အပေါ် အားထားယုံကြည်ရတဲ့ ရည်ရွယ်ချက်ကတော့တစ်ခုတည်းပါ ၊

အဲဒါက ` ချမ်းသာချင်ကြလို့ပါပဲ´ဆိုတာ ပြောလိုက်ပါရစေ

သတ္တ၀ါအားလုံးချမ်းမြေ့သာယာကြပါစေ

Monday, October 30, 2006

လောကကြီးမှာ လူတွေ ဘယ်လောက်ပင် များပြားသော်လည်း

သဘောတူရာပေါင်းလိုက်ရင် လေးမျိုးပဲရှိပါတယ်၊ ဒီလေးမျိုးထဲက

ဘယ်လိုလူမျိုးလည်းဆိုတာ ကိုယ့်ကိုယ်ကို ဆန်းစစ်နိုင်အောင်

မြတ်ဗုဒ္ဓက လူလေးမျိုးဟောတော်မူခဲ့ပါတယ်။

(၁) ငရဲသားနဲ့တူတဲ့လူ၊

(၂) ပြိတ္တာနဲ့တူတဲ့လူ၊

(၃) တိရစ္ဆာန်နဲ့တူတဲ့လူ၊

(၄) လူနဲ့တူတဲ့လူ ဆိုပြီး လေးမျိုးဟောတော်မူပါတယ်။

(၁) ငရဲသားများသည် နေချင်သလိုမနေရ၊ သွားချင်သလိုမသွားရပါ၊

ထို့အတူ ဒုစရိုက်မှုကျူးလွန်၍ ရာဇ၀တ်ဘေးဒဏ်သင့်သောသူများ

ထောင်ထဲအချူပ်ထဲ သို့ ရောက်သောအခါ စားချင်တိုင်းမစားရ၊

နေချင်တိုင်းမနေရ သောကြောင့် ထောင်ကျနေသော သူများကို

ငရဲသားနဲ့တူတဲ့လူလို့ ခေါ်ပါတယ်။

(၂) ပြိတ္တာများသည် အနေဆင်းရဲ၊ အစားလည်းဆင်းရဲ၊ ၀တ်စရာလည်း

မရှိ ဆင်းရဲကြသည်။ ထို့အတူ လူလောကသို့ ကံကောင်းထောက်မ၍

ရောက်လာသော်လည်း သူတောင်းစားမျိုး၌ ဖြစ်ပြီး

စားရမဲ့သောက်ရမဲ့ဘဝ

ရောက်နေကြရှာတဲ့ သူတောင်းစားများကို ပြိတ္တာနဲ့တူတဲ့လူ

လို့ခေါ်ပါတယ်။(၃) တိရစ္ဆာန်များသည် ကာမဂုဏ်မှီဝဲမယ်၊ အိပ်မယ်၊

စားမယ်ဆိုတဲ့ လုပ်ငန်းသုံးခုသာ သိကြသည် ၊ အသိဥာဏ်ဟူ၍ မရှိကြပါ၊

ထို့အတူ အတိတ်ကံပေး၍ လူဖြစ်လာသော်လည်း

ကုသိုလ်တရား ဘာမှမရှိ ကာမဂုဏ် မှီဝဲ ၊ အိပ်၊ စား ၊

ဆိုတဲ့ အလုပ်သုံးခုနဲ့သာ အချိန်ကုန်နေသောသူများကို

တိရစ္ဆာန်နဲ့တူတဲ့လူ လို့ ခေါ်ဆိုရပါတယ်။

(၄)လူနဲ့တူတဲ့လူ ဖြစ်အောင်ဆိုတာက-

(က)သာရဏဂုံ သုံးပါး၌ တည်မြဲသူဖြစ်ရမည်။

(ခ) ငါးပါးသီလမြဲရမည် (ဂ) အသက်မွေး

ဝမ်းကျောင်းမှု မှန်ကန်ရမည်၊ ဒီသုံးချက်နဲ့ ပြည့်စုံရင်

လူနဲ့တူတဲ့လူ ဖြစ်ပါပြီ၊လူနဲ့တူတဲ့လူ မှာလည်း အဆင့် (၃)ဆင့်

ခွဲထားပြန်ပါသည်။(က) ကံ, ကံ၏အကျိုးကို ယုံကြည်ရင်

မူလတန်းအဆင့်ရှိသောလူ လို့ခေါ်ပါသည်။

(ခ) ၀ိပဿနာ တရားအားထုတ်၍ (မမြဲ,ဆင်းရဲ,အစိုးမရ )

စတဲ့ လက္ခဏာရေးသုံးပါးသိမြင်ရင် အလယ်တန်းအဆင့်ရှိသောလူ

လို့ခေါ်ပါသည်။(ဂ) ၀ိပဿနာတရားအားထုတ်ပြီး မဂ်ဖိုလ်နိဗ္ဗာန်

မျက်မှောက်ပြုသွားရင်တော့ထိုသူကို အထက်တန်းအဆင့်ရှိသောသူ

ဟုခေါ်ဆိုရပါသည်။အထက်ပါလူများထဲက ဘယ်လိုလူမျိုးလည်းဆိုတာ

ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီးလူထဲကလူဖြစ်အောင် ထိုမှတဆင့် ၊

ူလတန်းလူဖြစ်အောင်၊ မူလတန်းလူမှ အလယ်တန်းလူဖြစ်အောင်

ထိုမှတဆင့် အထက်တန်းလူဖြစ်အောင် ကြိုးစား

အားထုတ်နိုင်ကြပါစေ။ ။

Twitter Delicious Facebook Digg Stumbleupon Favorites More