Thursday, April 26, 2007



ဓမ္မဟာ ဓမ္မပဲဖြစ်သင့်သည်၊ အဓမ္မမဖြစ်သင့်

အမှားကိုထောက်ပြနိုင်သောဆရာတော်များရှိနေလို့သာ အမှန်ရောက်အောင်

ဆုံးဖြတ်နိုင်တာပါ၊ ဒါဟာဝမ်းသာရမှာပါ။ အမှားဆိုတာ ကြာလာရင် အမှန်ဖြစ်

တတ်တယ်။ ဒီလိုဝိနိစ္ဆယမျိုး ပေါ်ပေါက်လာရတာသာသနာတော်မှာ သန့်သန့်

လေးဖြစ်သွားတာ ကောင်းပါတယ်။ အမှန်ဟာအမှန်၊ အမှားကအမှားပေါ့ ။

သတိရတုန်း ပြောချင်တယ်။ ဓမ္မဟာ ဓမ္မပဲ ဖြစ်သင့်တယ်။ အဓမ္မ မဖြစ်သင့်

ပါဘူး။တစ်ဦးနဲ့တစ်ဦးတရားတော်များ ဆွေးနွေးတဲ့အခါ အသိဥာဏ်တိုးပြီး

အကျိုးရှိလျှင်ကောင်းပါတယ်။ အကျိုးမရှိတဲ့တစ်ယောက်နဲ့တစ်ယေက်

အနိုင်မခံအရှုံးမပေး ငြင်းခုံမှုမျိုးဖြစ်လျှင်အဓမ္မပဲ ဖြစ်ပါလိမ့်မည် ၊ ဓမ္မမဖြစ်

နိုင်တော့ပါ။ ဂိုဏ်းဂဏစွဲ ဆရာစွဲပြီးကိုယ့်နည်းသာအမှန် ကိုယ့်ဆရာသာအ

မှန် လုပ်နေကြသော ပုဂ္ဂိုလ်များ သဏ္ဍန်မှာဓမ္မဆိုတာမရှိပါဘူး။ ဆေးနည်း

ချင်း၊ ဆရာချင်းပြိုင်နေကြတာဟာ အတော်ရှက်ဖို့ကောင်းလှပါတယ်။အခု

ဖြစ်နေကြတာက ဘာသာတူ အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေကြတာပါ။

ငါ့နည်းကသာ အမှန် သူ့နည်းကအမှား ဒီလိုနဲ့ပဲ သူ့နည်းငါ့နည်းနဲ့

နည်းအချင်းချင်းယှဉ်ပြိုင်နေကြတယ်။ ဗုဒ္ဓဘာသာဝင်များ အချင်းချင်း

ပြိုင်နေကြတာဟာ မကောင်းပါဘူး၊ကိုယ်ယှဉ်ပြိုင်ရမှာက ဘာသာခြား

တွေနဲ့ပါ။ ယနေ့ မျက်မှောက်ခေတ် စားဝတ်နေရေးခက်ခဲပြီး ကျောင်း

မနေရတဲ့ ကလေးတွေအမြောက်အများရှိနေတယ်။ အားငယ်နေတဲ့

မိဘမဲ့ ကလေးတွေကို အခွင့်ကောင်းယူပြီး ဘာသာခြားတွေက စား

ဝတ်နေရေး၊ ပညာရေး၊ကျန်းမာရေးပါမကျန် တာဝန်ယူပေးပြီး ၊သူတို့

ဘာသာထဲကို သိမ်းသွင်းနေကြပါပြီ ၊ အဲဒါတွေကို ဗုဒ္ဓဘာသာဝင်များ

ဘာသာရေးမှာ သွေးမအေးကြဘဲ၊ကိုယ်က လက်ဦးမှုရအောင် ချေ

ကုတ်ယူရမယ်။ ကိုယ့်ဘာသာက ကလေးတွေ တစ်ခြားဘာသာထဲ

ရောက်မသွားအောင် ထိန်းသိမ်းကြဖို့ပါ။ အချင်းချင်းပြိုင်တာ

တွေ ရပ်တန်းက ရပ်သင့်နေပါပြီ။ဒီအရေးနဲ့ပတ်သက်ပြီး အကောင်


အထည်ဖေါ်ဘို့ရာကြိုးစားနေကြပါတယ်၊ စိတ်ဝင်စားသူများအားလုံး

ဆက်သွယ်နိုင်ကြပါကြောင်း။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More