Saturday, January 19, 2008


ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အတွက် အမြတ်ဆုံးအရာသည် ရတနာသုံးပါးပင်ဖြစ်ပါသည်။ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်အားထားရာ ၊ အထွဋ်အမြတ်ထားရာဟူ၍ မရှိပါပေ သို့သော်လည်း ၊
ကျိုက်ထီးဘုရားရောက်ခဲ့စဉ်က ထူးခြားသော အရာတစ်ခုကို တွေ့မြင်ခဲ့ပါသည်။ မြတ်စွာဘုရားအဆောင် လေးက နိမ့်သောနေရာမှာဖြစ်ပြီး မဟာဣသိန္ဒေ၀ ဘိုးဘိုးကြီးက မြတ်ဘုရားထက် မြင့်သောနေရာ၌ ထားရှိသည်ကို ဓါတ်ပုံပါသည့်အတိုင်း မြင်ခဲ့ရပါသည်။ ဗုဒ္ဓဘာသာပင်ဖြစ်လင့်ကစား အရေးကြုံလျှင် ဘုရားကို ကျော်ပြီး မမြင်ရသော ဘိုးဘိုးကြီးဆိုသူတွေကို ရှေ့တမ်းတင် ကိုးကွယ်နေကြပါသည်။ ထိုအချိန်က ဘိုးဘိုးကြီး၏ နတ်နန်းရှေ့ဝယ် ဂေါပကအဖွဲ့က နတ်ဝတ်တန်ဆာများကို ရောင်းချနေကြ ခြင်းကြောင့် လူအများ စိတ်ဝင်စားစွာ ၀ယ်ယလှူဒါန်ူးနေကြသည်၊ မြတ်ဘုရား၏ အဆောင်ရှေ့၌ ထိုကဲ့သို့ လှူနိုင်အောင် စီစဉ်ပေးမည့်သူ ဂေါပက အဖွဲ့မှာ တစ်ယောက်တစ်လေမျှ မရှိပါချေ။

မြတ်စွာဘုရားထက် ထိုဘိုးဘိုးကြီးများက မိမိဘ၀ကို ဘယ်အတိုင်းအတာအထိကယ်နိုင်သည်ဆိုသည်ကို ဥာဏ်နဲ့ဝေဖန်စဉ်းစားပေးကြပါ၊ ချင့်၍လည်း ယုံကြပါရန်---

Type the rest of your post here.

1 comments:

သာသနာ နေလို လလို ထွန်းကားတယ်လို့ ပြောနေတဲ့
ပြည်မြန်မာမှာ အဲဒီလိုအဖြစ်မျိုးက မဆန်းပါဘုရား.။

နည်းမဟုတ်တာကို နည်းလို့မှတ်ယူနေကြတဲ့အတွက်ဘဲ

သာသနာတော်ကြီးဟာ.. နေရာရွေ့ဖို့ ပြင်နေပါပြီ။

သူတော်ကောင်းတရားမရှီတဲ့နေရာမှာ စစ်မှန်တဲ့သာသနာ နေရာမှန်မရတာ သဘာဝကျပါတယ်။

အောက်ထစ်ဆုံးဖြစ်တဲ့ ကံ ကံ၏အကျိုးကိုယုံကြည်မှု လေးတောင် ခွှတ်ချုံကြနေပြီဆိုရင်...
ကျန်တာာ တွေကတော့...အင်း...ရင်လေး စရာပေပဲ ဘုရား..
အခုလို ဓါတ်ပုံအထောက်အထားနဲ့ တကွ တင်ပြပေး
လိုက်တဲ့အတွက် အစစ်အမှန်သာသနာကို ကိုးကွယ်လိုတဲ့ သူတော်ကောင်းများအတွက် ဆင်ခြင် ဖွယ်ရာဖြစ်လို့ အကှိုးများလှပါတယ်ဘုရား။

သာဓု သာဓု သာဓု.

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More