Friday, January 25, 2008

သားစိမ်းဈေးတန်း

ကျိုက်ထီးရိုးဆံတော်ရှင်ဘုရားသို့ ရောက်လာကြသော သူများသည် ကုသိုလ်ယူကြရန်လာကြသည်ဖြစ်ရာ ဘုရားဖူးရသည့်အတွက် ကုသိုလ်ရပါသော်လည်း၊ ထိုကျိုက်ထီးရိုးဘုရားရဲ့ဝန်းကျင်တစ်လျှောက် တိရစ္ဆာန်မျိုးစုံတို့ရဲ့ အသက် ကို စတေးခံရကာ သတ္တ၀ါကောင်လေးတွေရဲ့ အသား၊အသွေး၊ ကလီစာ စတာတွေတို့ကို ရောင်းချနေကြသည်၊တစ်ချို့ဆိုလျှင် သွေးသံရဲရဲနှင့် ခင်းကျင်းရောင်းချနေကြသည်မှာ စိတ်မချမ်းမြေ့စရာ မြင်ကွင်းတွေပါ ၊ ထိုမြင်ကွင်းမြင်ရသည်မှာ သားစိမ်းငါးစိမ်းတို့ကို ရောင်းချသော သားငါးဈေးနှင့်တူနေပါတော့သည်။

ကျိုက်ထီးရိုးတောင်တော်တစ်ခုလုံးသည် ဘေးမဲ့အဖြစ်သတ်မှတ်ထားသောနေရာဟု သိရပါသည်။ သို့ပါလျှက် သတ္တ၀ါကောင်လေးတွေ အသက်စတေးခံနေကြရသည်မှာ သနားစရာကောင်းလှပါသည်။ သတ္တ၀ါလေးတွေအတွက် ရင်လေး ဖွယ်ရာ ကောင်းလှပါသည်။ တောင်တော်ပေါ်တွင် တန်ခိုးကြီး ကျိုက်ထီးရိုးစေတီတော်တည်ရှိပါသော်လည်း ထိုတောင်တော်၏ ၀န်းကျင်တွင် သားငါးဈေးနဲ့ မခြား သတ္တ၀ါကောင်လေးတွေကို ရောင်းချနေကြ ခြင်းမှာ စေတီတော်အတွက် ရှက်ဖွယ်ကောင်းလှသကဲ့သို့ စေတီကိုစောင့်ရှောက်ကြကုန်သော တာဝန်ရှိ ဂေါပကအဖွဲ့များတွင်တာဝန် ရှိပါကြောင်း












Type your summary here.

Type the rest of your post here.

2 comments:

ထောက်ခံတယ်. အပြည့်အ၀ ကိုထောက်ခံတယ်။ အားပါးတရ ထောက်ခံတယ်။
ကျိုက်ထီးရိုးရောက်စဉ်က တောင်ဆိတ်ဆီ ဆိုပြီး ဆိတ်ခေါင်း ပြတ် ကို မီးနဲ့ကင်ပြီး ဆီကျနေတာတွေ့ကတည်းက ပြောချင်နေတာ..
တာဝန်ရှိတဲ့ ဂေါပကတေဗွ အမြန်ဆုံး ကြပ်မတ်ပေးပါရန် ....မေတ္တာရပ်ခံအပ်ပါတယ်။

အခုလို အမှန်တရားကို
သိရတဲ့အတွက် ကျေးဇူးပါဘုရား၊
ဘုရားဈေးက သားသတ်ဈေးနဲ့တူနေတော့
ရွှေရောင်လွှမ်းတဲ့ ဘုရားပေါ်မှာ
သွေးအရာတွေထင်ပြီး အရုပ်ဆိုးလွန်းလို့
ဘုရားမြေလို့ ကမ္ဘာကသိတဲ့
တပည့်တော်တို့ တိုင်းပြည် သိက္ခာကျပါတယ်
ဘုရား။ ကဲ.....
တာဝန်ရှိသူများ လုပ်ကျပါဦး။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More