Wednesday, May 16, 2007

တစ်နေ့ ၀မ်းစာရေးအတွက် ဆွမ်းခံကြွစဉ်ပြင်းထန်သောနေ

အပူရှိန်ကြောင့်အပူဒါဏ်ခံစားရတဲ့အပြင် ကတ္တရာလမ်းပေါ်နင်း

ရတာလည်း ဆီပူနင်းရသလိုပါပဲ။ ပူလိုက်သည့်ဖြစ်ခြင်း၊

ရဟန်းဆိုသည်မှာ ပင့်ဖိတ်သည့် ဒကာမရှိလျှင် ဆွမ်းခံကြွကြ

ရတယ်လေ၊ အပူဒါဏ်ကို ကျိတ်မှိတ်ခံရင်း တွေးမိတယ်။ ငရဲမီး

နှင့်နှိုင်းစာရင် နေပူဒါဏ်သည် ဘာမှမပြောပလောက်ဘူး။ ဒီလို

တွေးလိုကတော့လည်း နေပူဒါဏ်ခံရတာ သက်သာသလို ရှိပါရဲ့

ဒါပေမဲ့လေ နေပူဒါဏ်ထက် ငရဲမီးကသာသလို ငရဲမီးထက်

ကိုယ့်သနာန်၌ စွဲလောင်နေသော လောဘ၊ ဒေါသ ၊မောဟ

စသော မီးတွေက ပိုပြီးပြင်းထန်တယ်၊ နေပူဒါဏ်ခံရသော်၎င်း၊

ငရဲမီးခံရသော်၎င်း၊ သေရင်တစ်ဘ၀ပါပဲကိလေသာမီးလောင်လို့

ု့ကတော့ ဘ၀ပေါင်းများစွာ မွေးသေကြရဦးမှာပါ။

ဒါကြောင့်လောကမှာ အပူဆုံးသောမီးမှာ ကိလေသာမီးမှ တစ်ပါး

တစ်ခြားမရှိနိုင်ပေ၊ နေ့စဉ်နေ့စဉ် လောင်ကျွမ်းနေတဲ့ ကိလေသာ

မီးတွေကို မကင်းနိုင်သေးတောင်မှ နည်းသထက် နည်းအောင်

သတိဆောင်ပြီး နည်းမှန်လမ်းမှန်ဖြင့် ကုသိုလ်လုပ်ငန်းများနှင့်

အစားထိုးပေးနိုင် ကြမည်ဆိုပါရင် ကုသိုလ်လုပ်ငန်းဟူသည်-

မိမိသနာန်၌ ကိုယ်အလုပ်၊ နှုတ်အပြော၊ စိတ်အကြံမှန်သမျှ

ကောင်းတာတွေ ဖြစ်ရပါမည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More