Wednesday, May 23, 2007

လောကဓံတရား
လောကဓံ တရားတွေဟာ အဝေးမှ လာသည်မဟုတ်၊ မိမိအနီးကလာတာ
ဖြစ်ပါသည်လေမုန်တိုင်းကျလို့ ပြင်းထန်သော လှိုင်းတံဘိုးတွေနဲ့ ကြုံရတဲ့အခါ
လှေမနစ်မြုပ်အောင် သတိနဲ့ ထန်းသိမ်းဖို့ လိုလိမ့်မည်။ သတိနဲ့ မထိန်းသိမ်း
နိုင် လို့ကတော့ပင်လယ်ကြမ်းပြင်အောက် ရောက်သွားမည်မှာ သေချာပါသည်။
လှိုင်းဒါဏ်ခံနိုင်ရန် လှေကို ခိုင်မာအောင် တည်ဆောက်ဖို့ရာ လှေပိုင်ရှင်ရဲ့
တာဝန်လည်း ဖြစ်သလို၊ ပင်လယ်ထဲ နစ်မြုပ်မသွားအောင် ပဲ့နင်းရဲ့ တာဝန်
်လည်း ဖြစ်သည်။ လှိုင်ကြီး လှေအောက် ဆိုပေမဲ့ လှိုင်းအောက် ရောက်သွားရ
သော လှေတွေလည်း မနည်းလှပါ။
ဒါဖြင့် မိမိ ခန္ဓာဆိုတဲ့ လှေကို ပြင်းထန်သော လောကဓံလှိုင်းနဲ့ ရင်ဆိုင် ရတဲ့
အခါ အပါယ်လေးပါး တည်းဟူသော ပင်လယ်ကြမ်းပြင်အောက် မရောက်ဖို့ရာ
သီလ၊ သမာဓိ ဆိုတဲ့ ကိုယ်ခံအား ကောင်းအောင် တည်ဆောက်ပြီး ပဲ့နင်းနှင့်
တူသောပညာဖြင့် ဘ၀ကို ထိန်းကျောင်း သွားရပါမည်။ အဲဒီလို တဖြည်းဖြည်းနဲ့
ရင့်ကျက် လာသော ဘ၀ရဲ့ ကိုယ်ခံအားတွေနဲ့ ဘ၀လောကဓံ လှိုင်းတွေကို
အန်တုရင်းဦးတည်ချက် မှန်ကန်သော နေရာဆီသို့ လျှောက်လှမ်းကြပါစို့လား။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More