Monday, May 7, 2007

မီးဥပမာ ကံတရားပါ
မီးလောင်ခြင်းသည် လောင်စာရှိ၍ လောင်ရသည် လေလည်း
ရှိရသည်၊ လောင်စာနှင့်လေ မပြတ်ရှိနေလျှင် မီးသည် မပြတ်
လောင်နေမှာအမှန်ပဲ။ လောင်စာနှင့်လေမရှိလျှင် မီးတောက်
လောင်တော့မည်မဟုတ်ပါ။
လူသားများရဲ့ ကံကြမ္မာသည်လည်း ထိုအတူပါပဲ
ကုသိုလ်ကံအရှိန်ကြောင့် လောကအလယ် အဆင်ပြေစွာ
နေရပေမဲ့လည်း လောင်စာနဲ့တူတဲ့ ကုသိုလ်လုပ်ငန်းများ
ကို မလုပ်ကြဘူးဆိုလျှင် မကြာခင်မှာပဲ အဘက်ဘက်က
ယိုယွင်းလာမှာဖြစ်သည်။ မီးလောင်အောင် အဆက်မပြတ်
ထင်းထိုးပေးရသလို၊ ကုသိုလ်ကံအရှိန်မကုန်မှီ ကုသိုလ်တ
ရားတွေကို မပြတ်ထောက်ပံ့ပေးနေဖို့လိုပါသည်။
ဒီလို ကုသိုလ်တရားများအဆက်မပြတ်ရှိနေလျှင် စိးပွားရေး
အိမ်ထောင်ရေး၊ ကျန်းမာရေးစသည် အဆင်ပြေနေမှာပါ။
ဒါကြောင့်မြတ်ဗုဒ္ဓက- သတ္တ၀ါတိုင်း ကံပေးတဲ့အမွေကို ခံယူ
ရသည်၊ ကံဟူသောအကြောင်းရှိသည်။ ကံဟူသော အမွေရှိ
သည်။ သေလျှင် ကိုယ့်နောက်ကိုပါမှာက ကိုယ်ပြုလုပ်ထား
သော ကောင်းကံမကောင်းကံသာပါပြီး၊ သေလျှင်တစ်ခြား
ဘာမှ ယူမသွားနိုင်ပါဘူး
ဲ့ ဆောင်ပုဒ်လေးတစ်ခုရှိပါတယ်၊
မနေရလို့ သေကြသောအခါ၊
ကိုယ့်နောက်ကိုများ ဘာများ ပါမှာ။
ပစ္စည်းစုစု တစ်ခုမပါ၊
ကိုယ်ပြုထားကံများသူတို့ပါ။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More