Monday, May 7, 2007

အာဇာနည်မြင်း လေးမျိုး
မြင်းတို့သည် လေးမျိုးရှိ၏ ၄င်းတို့မှာ-
၁။ ။နှင်တန်နှင့် ရွယ်ရုံမျှဖြင့် င့ါကိုသွားခိုင်းနေပြီဟု သိသော မြင်း ။
၂။ ။ရွယ်ရုံနှင့်မရ သူ့ခန္ဓာကိုယ်ကို နှင်တန်နှင့် တို့လိုက်သောအခါမှ
သိသောမြင်း။
၃။ ။ရွယ်ရုံနှင့်မရ တို့၍လည်းမခွာ ခပ်နာနာရိုက်ပုတ်မှ သိသောမြင်း။
၎။ ။ရွယ်ရုံနှင့်မရ တို့၍လည်းမခွာ ခပ်နာနာရိုက်ပုတ်၍လည်းမထွက်
အရိုးတိုင်အောင် အသားတိုင်အောင် ထိုးဆွလိုက်မှ သိသောမြင်း ဟူ၍
ဖြစ်၏။ထိုမြင်းလေးမျိုးထဲက တစ်မျိုးမျိုးဖြစ်လျှင်တော့ မြင်းထိန်းသည်
အတွက် အသုံးဝင်သေး၏ထိုမြင်လေးမျိုးထဲမပါလျှင် ဘာမှအသုံးမကျ
တဲ့အတွက် မြင်းထိန်းသည်ရဲ့ အသတ်ခံရတတ်ပါတယ်။
မြင်းလေးမျိုး ဥပမာလိုပဲ
လောက လူများသည်လည်း လေးမျိုးရှိ၏ ။ ၄င်းတို့မှာ-
၁။ ။ ဘယ်သူဟာဖြင့် အိပ်ရာထဲလဲပြီး နာနေပြီ ကုလို့မရတဲ့

ရောဂါမျိုး ၊ အဘယ်သူ
ဟာဖြင့် သေသွားပြီ စတဲ့ နာရေးသတင်းများကို ကြားရသည့်အတွက်
ကိုယ်လည်းမကြာခင်သေမဲ့ အရေးတွေးမိပြီး အဲဒီတရားအပေါ်မှာ
သတိသံဝေဂရကာ ကုသိုလ်ကောင်းမှုများကို ရှေးကထက် တိုး၍
ပြုလုပ်ပြီး မိမိသန္တာန် ကုသိုလ်များရရှိအောင် ပြုလုပ်ခြင်း။
၂။ ။သေခြင်းသဘောတရားများကို ကြားရရုံနှင့်မပြီး ကိုယ်တိုင်
ကိုယ်ကျမျက်စိရှေ့မှောက်တတ်အပ်မြင်ပါမှ ထိတ်လန့်သံဝေဂရပြီး
ကုသိုလ်ကောင်းမှု ကြိုးစားပြုခြင်း။
၃။ ။ သေခြင်းသဘောတရားကို ကြားရရုံ ၊ ကိုယ်တိုင်ကိုယ်ကျ
မြင်ရရုံနှင့်မပြီး ၊ ကိုယ့်ဆွေးထဲက အမိအဘ ၊ ညီအစ်ကို ၊ မောင်နှမ ၊
လင်သားဇနီးမယား ၊ မိမိနှင့်ဆက်စပ်နေတဲ့ ဆွေမျိုးထဲက တစ်ဦးဦး
သေဆုံးသွားပါမှ ထိတ်လန့် သံဝေဂရပြီး ၊ ကုသိုလ်ကောင်းမှု
ကြိုးစားပြုခြင်း။
၎။ ။ ကိုယ်တိုင်ပဲ အိပ်ယာထဲလှဲကာ သေခါနီးအချိန်ရောက်မှ
ကိုယ်တကယ်ပဲ သေတော့မယ်ဆိုတာကို သိလိုက်တဲ့အချိန်မှာ
သံဝေဂတွေရပြီး မသေမှီ ကုသိုလ်ကောင်းမှုကို ကြိုးစားပြုကြတော့
တာပဲ ၊ ဒီ လူလေးမျိုးထဲမှာ မပါသည့်လူကတော့ အပယ်လေးပါး
ဆိုတဲ့ မြင်းထိန်းသည်ရဲ့ အသတ်ကို ခံရလိမ့်ဦးမှာပါ။
သင်တို့လည်း ဒီလေးမျိုးထဲ ဘယ်လိုအမျိုးအစားမှာ ပါဝင်သလဲ၊
ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ပါ ၊ လေးမျိုးထဲမပါဝင်လို့ကတော့
အပါယ်ရဲ့အစာ ဖြစ်သွားလိမ့်မယ်။ သတိရဖို့အချိန်တန်ကြပြီနော်။
သေခြင်းတရား ဆင်ခြင်နိုင်ပြီး ဒါနကနေ သီလ ၊ သီလကနေ
သမထ ၊ သမထကနေ ၀ိပဿနာ တစ်ဆင့်ပြီးတစ်ဆက် တိုး
သွားမယ်ဆိုပါလျှင် မိမိတို့ရထားတဲ့ လူ့ဘ၀ဟာလည်း တန်ဖိုး
ရှိသော ဘ၀တစ်ခု ဖြစ်လာမှာပါ။ ကုသိုလ်လုပ်ငန်းမှာ အချိန်
ပိုပေးကြမည်ဆိုလျှင် ဘာပဲလုပ်လုပ် မိမိအတွက် တန်ဖိုးရှိလာ
မှာပဲ ၊ တန်ဖိုးရှိသောဘ၀ဖြစ်အောင် အသုံးချနိုင်ကြပါစေလို့
ဆန္ဒပြုရင်း ။

1 comments:

အရှင်ဘုရား.. အီးမေးလ်ရှိပါသလား ။ www.blogger.com က မပြင်ကြသေးလို့ ၊ လုပ်နည်းကို အရှည်ကောက် ကြိုးစားပြီး တပည့်တော် c-box ရှင်းပြချင်လို့ပါ ။ ဒါပေမယ့် တော်၂ရှည်မှာဆိုတော့ ဒီမှာ ရေးလိုက်လို့ မဖြစ်ပါ ။

ဘုန်းဘုန်းရဲ့ နောက်ဆုံး ပို့စ်၂ခုကို ဖတ်ပြီး တပည့်တော်တွက် နိုးဆော်တာတခုပါပဲ ဘုရား ။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More