လူကို အချိန်က မစောင့်သလို အချိန်ကလည်း လူကို မျက်နှာမလိုက်ပါ။
အို နာ သေ ဆိုတဲ့ ဘ၀ရဲ့ ခါးသီးမှုတွေကို ရင်ဆိုင်ရင်း အချိန်တန် သွား
ရပြန်တာပဲ၊
ညတစ်ည မိုးသည်းထန်စွာရွာပြီး နောက် မြေကြီးထဲမှ ပလူကောင်လေး
များထွက်လာလိုက်တာ မရေတွက်နိုင်အောင်ပါပဲ၊ သူတို့လေးတွေဟာ
ပိုးဖလံမျိုး မီးကိုတိုး ဆိုတဲ့အတိုင်း မီးကို ရွှေတောင်ကြီးထင်ပြီးတိုး
တော့တာပဲ၊ ပလူကောင်လေးတွေ မီးအဟပ်ခံရပြီး သေပွဲဝင်ကြရ
ပါတယ်။ မသေသေးတဲ့ ပလူကောင်လေးများဆိုရင် အတောင်ကျွတ်
ပြီး ဒုက္ခတွေရောက်၊ နောက်ဆုံးသေရတာချည်းပါပဲ၊
ရွှေတောင်ထင်ပြီး မီးနားကို တိုးနေကြတဲ့ ပိုးကောင်လေးလိုပဲ
လောကလူသားများဟာလည်း ကာမဂုဏ်ဆိုတဲ့ သေမင်းကို ရွှေတောင်
ကြီးထင်ပြီး တိုးဝင်နေကြတာလေ၊ ဒိလိုတိုးဝင်ရင်းနဲ့ပဲ နောက်ဆုံးသေမင်း
ထံ ၀ကွက်အပ်ရတော့တာပဲ၊
တို့တစ်တွေလည်း တစ်နေ့ ဒီလို အဖြစ်မျိုးရောက်လာရတော့မှာပါ
လား။ ဘ၀မှာ အကျိုးရှိအောင် အနှစ်သာရရှိတဲ့ တန်ဖိုးရှိတဲ့
ကုသိုလ်လုပ်ငန်းမှန်သမျှကို ဟိုဟိုဒီဒီမရွေးတော့ပဲ ရရာကုသိုလ်မှန်သမျှ
ပြုလုပ်ရင်းနှင့်တစ်ဖက်ကလည်း နိုင်ငံနဲ့အ၀ှမ်းအသိတွေတိုးအောင်
online ပေါ်မှာ တန်ဖိုးရှိတဲ့ စာတွေရေးပြီး ကုသိုလ်တွေ ယူရတော့တာပဲ။
ကုသိုလ်ဆိုတဲ့ ဦးတည်ချက်လေးရှိနေမယ်ဆိုရင် အားလုံးဟာလည်း
လုပ်ဆောင်ချက်လေးတွေ ကိုယ်စီကိုယ်ငှ မှန်နေကျမှာပဲပေါ့။