Friday, March 26, 2010

အကြွေးကင်းမှ ရဟန်းခံရမှာလား

အမေး။ ။အရှင်ဘုရား……လူတစ်ယောက်ဟာ သူများရဲ့ အကြွေးတွေ တင်နေပါတယ်။ သူက ရဟန်းလဲပြုချင်တယ်။ တပည့်တော်သိလိုတာက အကြွေးရှိရက်နဲ့ ရဟန်းခံလို့ ရ/မရ ဆိုတာပါဘုရား၊ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။
စံမင်းအောင်
တိုက်ကြီး

အဖြေ။ ။ဘုရားလက်ထက်က အကြွေးတင်နေတဲ့သူတစ်ယောက်ဟာ အကြွေးမဆပ်နိုင်လို့ဆိုပြီး ရဟန်းတွေထံမှာ ရဟန်းပြုခဲ့ပါတယ်။ အကြွေးရှင်တွေက လိုက်လာကြပြီး အကြွေးတင်နေတဲ့ရဟန်းကို ဖမ်းဖို့ လုပ်ကြတယ်။ အဲဒီမှာ အခြားသူများက “ဗိမ္ဗိသာရမင်းကြီးက ဘုရားသားတော် ရဟန်းတော်ဖြစ်လာရင် ဒီလိုအပြစ်မလုပ်ကောင်းဘူး။ သံသရာဝဋ်ကကျွတ်အောင် လွတ်လွတ်လပ်လပ် ကျင့်သုံးကြဖို့ ခွင့်ပြုထား ပါတယ်” လို့ ပြောတော့ အကြွေးရှင်တွေက အကြွေးတင်နေတဲ့ သူကို ရဟန်းခံပေးရကောင်းလားလို့ အပြစ်တင်ကြပါတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင် ကြားတော်မူတော့အကြွေးတင်နေတဲ့သူကို ရဟန်းခံပေးလို့မရပါဘူး။ တကယ်လို့ အကြွေးရှိသူကို ရဟန်းခံပေးရင် ရဟန်းခံပေးတဲ့ရဟန်းများမှာ ဒုက္ကဋ်အာ ပတ်သင့်ပါတယ်။(၀ိနည်းမဟာဝါပါဠိတော်)
သာဓကအရ ရဟန်းခံသူဟာ တင်နေတဲ့အကြွေးကို ပြန်မဆပ်နိုင်တာဖြစ်တယ်။ တကယ်လို့ အကြွေးဆပ်နိုင်သူဖြစ်ပါက အကြွေးပြန်ဆပ်ပါ့မယ်လို့ ဆုံးဖြတ်ချက်ချထားသူဖြစ်ပါက ရဟန်းခံလို့ရပါတယ်ဆိုတာပါပဲ။ ဒါကြောင့် သူတစ်ပါးအကြွေးရှိနေပါရက်နဲ့ စိတ်ဖြောင့် စွာ ရဟန်းပြုချင်တယ်ဆိုရင် မိမိအကြွေးကို ဆပ်ပေးနိုင်သူတစ်ဦးဦးက အကြွေးဆပ်ပေးခဲ့ပါမယ် လို့ တာဝန်ယူလာရင်ဖြစ်စေ၊ တင်နေတဲ့ကြွေးမြည်ကို ကိုယ်တိုင် အကြွေးဆပ်နိုင်တဲ့အတွက် ဆွေးမျိုးသားချင်းဖြစ်စေ၊ အခြားသူတစ်ယောက်ယောက်ကိုဖြစ်စေ အကြွေးဆပ်ခဲ့ဘို့အတွက် စိတ်ချရတဲ့ကိုယ်စားလှယ်တစ်ယောက်ကို တာဝန်ပေးထားခဲ့မယ်။ ကိုယ်စားလှယ်ကလဲ ရဟန်းများကို အကြွေးပြန်ဆပ်ပေးပါ့မယ်လို့ အသိပေးလျှောက်ထားမယ်ဆိုရင် ရဟန်းခံ လို့ရပါတယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။ (မဟာဝါဘာသာဋီကာ၊ ပ၊ ဣဏာယိက၀တ္ထုကထာ၊ နှာ-၁၇၁)

1 comments:

အရှင်ဘုရား
ရဟန်းခံ(ဝတ်)ရင်(သိမ်ဝင်ရင်) မေးပါတယ်ဘုရား(ယခုခေတ်ပေါ့)
တပည့်တော်အကြောင်းပြောပါရစေ(ဟဲ..ဟဲ)
မန္တလေးစက်မှုတက္ကသိုလ် ဒုတိယနှစ်ဖြေပြီးတော့ တပည့်တော် သင်္ကြန်မှာ ရဟန်းခံ တရားစခန်းဝင်လိုက်တယ်ဘုရား။ ဝင်မှဘဲ ရတော့မယ်လေ။ ကျောင်းလခ မသွင်းခဲ့တော့ အောင်စာရင်းမှာ တပည့်တော် နာမည် ပါမှာ မဟုတ်ဘူးလေ။ အောင်စာရင်းက မထွက်တော့ သက်ပြည့်ဆိုပြီး ဆက်ဝတ်လိုက်တယ်(ယခင် ကတည်းက ရည်းမှန်းပြီးသားပါ)။ ဒါပေမယ့် သိမ် ဝင်ကတည်းက အိမ်က ဆပ်ပါ့မယ်လို့ ပြောထားတယ်။ ဆပ်လည်းဆပ်လိုက်ကြပါတယ်။ ရဟန်း မထွက်ခင် အောင်စာရင်း ထွက်လာပါတယ်(ဆပ်ပြီး)။ ဆက်ပြီး မေးပါရစေ ဘုရား။ မဆပ်ရင် ဘယ်လိုဖြစ်မလဲ လို့ပါ။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More