Friday, October 2, 2009

မိဂဒါဝုန်ကို ဘာ့ကြောင့် ခြေနဲ့ ကြွတော်မူပါသလဲ

အမေး။ ။ဘုန်းဘုန်းဘုရား….မဟာဗောဓိနဲ့ ဗာရာဏသီပြည်ဟာ တစ်ဆယ့်ရှစ်ယူဇနာ မိုင်အားဖြင့် (၁၄၄)မိုင်ခန့် ရှိပါတယ်ဘုရား။ ပွင်တော်မူခဲ့ပြီးတဲ့ ရှေးရှေးဘုရားရှင်များဟာ ဓမ္မစင်္ကြတရားဦး ဟောတော်မူဖို့အတွက် ဒီလောက်ဝေးတဲ့ခရီးကို ကောင်းကင်ခရီးက ဈာန်ယာဉ်စီးပြီး ကြွတော်မူကြတယ်လို့ စာပေမှာ ဖတ်လိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက ဂေါတမမြတ်စွာဘုရားရှင်ဟာ ဒီလောက်ဝေးတဲ့ ခရီးကို ဘာ့ကြောင့် အပင်ပမ်းခံပြီး ခြေလျင် ကြွတော်မူရပါသလဲဆိုတာပါဘုရား၊ အများကျေနပ်လောက်အောင် အဖြေပေးစေချင်ပါတယ်ဘုရား။
မဓမ္မစာရီ
ရန်ကုန်

အဖြေ။ ။ ရှေးရှေုးဘုရားရှင်များဟာ ဒီလောက်ဝေးတဲ့ ခရီးကို ဈာန်ယာဉ်နဲ့ ကြွတာမှန်ပါတယ်။ ဒါပေမဲ့ ဂေါတမဘုရားရှင်ဟာ ဈာန်ယာဉ်စီးပြီး ကြွတော်မူနိုင်ပါတယ်။ သို့ပေမဲ့ မဟာဗောဓိမှ ဗာရာဏာသီပြည်သို့ သွားတဲ့ လမ်းခရီးအကြားမှာ ဥပကတက္ကတွန်းကြီးနဲ့ တွေ့ဖို့အတွက် ခြေလျင်ကြွတော်မူပါတယ်လို့ မှတ်ယူရမယ်။ ဥပကက နဲ့တွေ့ဆုံဖို့ ဘာကြောင့်များ အရေးကြီးသလဲဆိုရင် ဥပကတက္ကတွန်းဟာ ဘုရားရှင်နဲ့စကားပြောကြားပြီး နောင်တစ်ချိန်မှာ အနာဂါမ်ဖြစ်နိုင်တဲ့ ရှေးဥပနိဿယကို မြင်တော်မူပါတယ်။ အနာဂါမ်အရိယာဖြစ်ပြီး ဒုတိယဘ၀ အ၀ိဟာဘုံမှာ ဖြစ်ပြီး ရဟန္တာဖြစ်လိမ့်မယ်ဆိုတာ သိမြင်တော်မူတဲ့အတွက် ဥပကတက္ကတွန်းနဲ့ တွေ့ပြီး စကားနှီးနောပြောဖို့ အရေး ဘုရားရှင်ဟာ ၁၄၄ မိုင်ဝေးကွာတဲ့ ခရီးကြမ်းကို ခြေလျင်ကြွတော်မူ ကြောင်း ဖြေကြားပေးလိုက်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More