Friday, November 9, 2007

သူပေးတဲ့အပူ

သူပြောတဲ့စကား
ငါ့ကို စော်ကား၊
စဉ်းစားတိုင်း ဒေါသပွား၊
တွေးမိတိုင်း သောကပွား။
ပြောတဲ့သူက မေ့မေ့ပျောက်ပျောက်
ငါ့ရင်ထဲမှာ မီးတောက်
ကြာလာတော့ စိတ်ပြေ
မေ့လိုက်တော့ သက်သာ၊
ခွင့်လွတ်တော့ ချမ်းသာ
တရားခံက......
ငါ့ ဒေါသ
ငါ့ မာန
ငါ့ အတ္တ
သူပေးတဲ့ အပူ
မယူလည်း ရသားနဲ့
နောက်များဆို မယူဖို့Publish Post
ငါ့ စိတ်ကို ဆုံးမထား။ ။

3 comments:

so great poem .. I copy it for my site.Thanks ..

ကဗျာလေးကကောင်းပါတယ်...စာပွဲနံရံမှာကပ်ချင်ပါတယ်...
ကော်ပီယူသွားပါတယ်ဘုရား...

ကဗျာလေးကောင်းလိုတပည်တော်တခြားသူကိုဝေငှခွင်ပြုပါဘုရား

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More