Friday, October 26, 2007

တွေးမိပါတယ်

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လမ်းမှာ လူတွေ၊ဆိုင်ကယ်၊တွေကလည်း ပျားပန်းခတ်မျှ ရှုတ်ထွေးနေတာပါပဲ ၊ ဖေါက်လိုက်တဲ့ ဗျောက်အိုး၊မီးပန်းတွေက လည်း နားငြီးလောက်အောင်ကိုပဲ။ အမှန်တကယ်ဆိုရင် ဒီသီတင်းကျွတ်လပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် နေ့ထူး နေ့မြတ်ကြီးတစ်ခုပါ။ မြတ်စွာဘုရားဟာ တာဝတိံသာမှာ မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလ အဘိဓမ္မာတရားဟောကြား ပြီး လူ့တို့ဌာနေသို့ ပြန်ကြွတော်မူလာတဲ့ နေ့ပါ။ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ယူရမယ့် နေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး၊ အခုတော့ တစ်ချို့သော လူငယ်များက သီတင်းကျွတ်ပြီဆိုပြီး အပျော်လွန်ကာ ဖောက်လိုက်တဲ့ဗျောက်အိုးအသံတွေက စစ်မြေပြင် ရောက်နေသလား အောက်မေ့ရတယ်။ မြတ်ဗုဒ္ဓ အဘိဓမ္မာဟောကြားပြီးလို့ လူ့ပြည်ပြန်ဆင်းလာတဲ့အထိမ်းအမှတ်နဲ့ မြတ်ဘုရားအား ဆီးမီးပူဇော်လာကြရာကနေ သီတင်းကျွတ်မီးထွန်းပွဲဆိုတာ ဖြစ်ပေါ်လာသလားပဲပေါ့။

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More