Thursday, April 26, 2007

သဘာဝဟာ သဘာဝပါ
ကမ္ဘာလောကကြီးအတွင်း သဘာဝတရားတွေဟာ တကယ်
လည်းရှိတယ်။ဟိုအရင်ကလည်းရှိသလို၊ အခုလည်းရှိတယ်၊
နောင်လည်းရှိနေဦးမှာပါပဲ။ဒီစကားအရ သဘာဝတရားသည်
မြတ်ဗုဒ္ဓမပွင့်ပေါ်မှီကလည်းရှိနေတာပါပဲ။သဘာဝဆိုတာ
အမှန်တရားပါ ။ အမှန်တရားသည် တကယ်ရှိတဲ့ တရားပါ ၊
ကလျာဏကာရီ ကလျာဏံ ၊ ပါပကာရီစ ၊ ပါပကံ။ကောင်းတာ
ပြုလေ့ရှိသောသူသည် ကောင်းကျိုးရမည။် မကောင်းတာ
ပြုလေ့ရှိသောသူသည် မကောင်းကျိုးရမည်။ဗုဒ္ဓဘာသာ
မြန်မာလူမျိုးမှသာ မဟုတ်ပါ၊ တစ်ခြား မူဆလင်၊ ဟိန္ဒူ ၊
ခရစ်ယန် ၊ မည်သည့်လူမျိုးမဆို ကောင်းတာလုပ်ရင်
ကောင်းကျိုးရမည် ၊ မကောင်းတာလုပ်ရင်မကောင်းကျိုး
ရမည်။ ကောင်းတာလုပ်လိုက်တာနှင့် ကောင်းကျိုးရတယ်
ဆိုတာ ဘယ်ဖန်ဆင်းရှင်မှ ဖန်ဆင်းပေးလို့ မဟုတ်ပါဘူး။
ကောင်းတာလုပ်လိုက်တာနဲ့ ကောင်းကျိုးက သူ့အလိုလိုရ
လာမှာဖြစ်တယ်။ မှန်ပါတယ်နော်။
ဘာဖြစ်လို့လဲဆိုလျင် သဘာဝတရားမို့လို့ပါ။
သူတစ်ပါးအပေါ် မကောင်းတဲ့စိတ်နဲ့ တွေးလျင် ကြံလျင် ၊
ကိုယ့်ရဲ့ qualityဟာလည်း အလိုလိုနဲ့ နိမ့်ကျလာရတာပါ။
သူတစ်ပါးကို မကောင်းတဲ့စိတ်ထားလိုက်ရင် ကိုယ့်မှာလည်း
စိတ်မချမ်းသာဘူး။သူတစ်ပါးကို စိတ်ကောင်းလေးနဲ့
ကူညီလိုက်လျှင် ကိုယ့်မှာ စိတ်ချမ်းသာရုံမျှမကပေါ့ပါးပြိးနေ
တော့တာပါပဲ။သဘာဝတရားက ဖြစ်လာတာ
နော်၊ တန်ခိုးကြီးလှသောနတ် ၊ ဗြဟ္မာ က ပြုလုပ်ပေးလို့မရပါဘူး၊
တစ်ခြားမကြည့်နဲ့ မြတ်စွာဘုရားတောင်မှဝိပါက်တော်တွေ ခံရပါသေး
တယ်။ မကောင်းတာလုပ်ထားပြီး ဘုရားဖြစ်တော်မူလာသည့်အတွက်
မကောင်းကျိုး မခံရတော့ဘူး မထင်လိုက်ပါနဲ့၊ သဘာဝတရားကို
မြတ်စွာဘုရားရှင်လည်း လွန်ဆန်လို့မရပါဘူး၊ မြတ်စွာဘုရားလည်း
ခံရတာပါပဲ။လောကမှာ ပြောသလိုလုပ် ၊ လုပ်သလိုပြော အပြောနဲ့
အလုပ်နဲ့ညီတာ မြတ်ဗုဒ္ဓပါ။မကောင်းတာလုပ်တော့ မကောင်းကျိုးရ
တယ်လို့ ပြောလည်းပြောသလို သူ့ကိုယ်တိုင်လည်း ခံစားခဲ့ရတာပါ၊
မြတ်ဗုဒ္ဓက သူကိုယ်တိုင်ဒါတွေ ခံစားခဲ့ရလို့ ဟောတော်မူခဲ့တာ
ဒါကိုလက်ခံတယ်ဆိုရင် သဘာဝတရားကို လက်ခံတာပဲပေါ့။
ဒိလိုပဲ လောက လူသားသတ္တ၀ါအားလုံး သဘာဝတရားကြီးက
စီမံဖန်တီးနေတာပါ။



0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More