Saturday, April 28, 2007

နတ်ပြည် ဟာ တကယ်ရှိတယ်၊ အားလုံးလက်ခံနိုင်အောင်

ကြိုးစားပြီးပြောပေးပါ့မယ်။တိုက်ရိုက်ပြောလို့တော့မရနိုင်ဘူး၊

ဥပမာပေးပြောရအောင်- အမိဝမ်းက မွေးလာကတည်းက

မျက်စိကန်းလာသော လူတစ်ယောက်သည် (ဒါက အိမ်၊ ဒါက

ကား)လို့ဘယ်လောက်ပဲပြောပြော သူမသိနိုင်ပါဘူး။ ထို့အတူ

မျက်စိကန်းနဲ့တူတဲ့ အ၀ိဇ္ဖာဆိုတဲ့ အမှောင်ထုကြီးက ပုထုဇဉ်

လူသားများကို လွမ်းမိုးထားသည့်အတွက် နတ်ပြည်စသည်က

ိ မမြင်နိုင်ပါဘူး၊ ၀ိဇ္ဖာတည်းဟူသော အသိရှိသောသူသာလျှင်

နတ်ပြည်စတာတွေကို မြင်နိုင်ကြတာပါ။နတ်ပြည်တို့ကို မြင်ဖို့

ဆိုတာ မျက်စိကန်းနဲ့တူတဲ့ ပုထုဇဉ်တို့ရဲ့အရာမဟုတ်ပါဘူး

ဘုရား၊ ရဟန္တာများ၊ ဈန်အဘိဥာဏ်ရတဲ့ သူများရဲ့ အရာသာ

ဖြစ်တယ်။ လို့ပြောလိုက်ပါရစေ ဂျစ်တူးလေးရေ ။

3 comments:

အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဘုရား ။ တပည့်တော်ဟာ ၁၁နှစ်အရွယ်ကတည်းက နိုင်ငံခြားမှာ နေခဲ့တဲ့တွက် ဘုန်းဘုန်းကို လျှောက်တာ အမှားပါရင် ခွင့်လွှတ်ပါ ။

နောက်ထပ် တပည့်တော် သိချင်တာလေး မေးပါရစေဘုရား...

(၁) ဈာန်ဝင်တယ်ဆိုတာ ဘုန်းကြီးမ၀တ်ဘဲ ၀င်နိုင်ပါသလား ။

(၂) ရောင်ပြန် မဂ္ဂဇင်းတွေထဲဖတ်ဖူးတဲ့ ကိုးန၀င်းတို့ ၊ အောင်နိုင်ခြင်းဂါထာတို့ ၊ လူချစ် လူခင်များတဲ့ ဂါထာတို့ ၊ စီးပွားရေးအောင်မြင်ခြင်း လက်ဖွဲ့ဆိုတာ တကယ်ပဲ ရှိတာပါလား ။ အမှန်ပြောရရင် တပည့်တော် မိဘတွေ သွန်သင်သလို ဘုရား တရား သံဃာမှတပါး ကိုးကွယ်ရာမရှိလို့ ယုံကြည်ပါတယ် ။ ဒါကြောင့် အဲလို အောင်မြင်ခြင်းတွက် လက်ဖွဲ့ တို့ အဆောင်တို့ကို ယုံရခက်ပေမယ့် ၊ မဂ္ဂဇင်းထဲ ရေးကြတာဆိုတော့ ဒွဟဖြစ်ပြီး ၊ လုပ်ကြည့်ရင်ကောင်းမလားလို့ ဖြစ်မိပါတယ် ဘုရား ။

(၃) သံသရာမှ လွတ်မြောက်ချင်သူတဦးဟာ သာသနာဘောင် ၀င်မှသာ ကိလေသာမှ လွတ်ငြိမ်းနိုင်ပါသလား ။ မိသားစု ၊ ဘ၀ရုန်းကန်ရေး စတဲ့ အနှောင်အဖွဲ့တွေကြားမှ အမြင်မှန်ကို ရနိုင်ပါဦးမလား ။

(၄) လေယာဉ်ပျံတွေဘာတွေပေါ် ဘုန်းဘုန်းများနှင့် ထိုင်ခုံတတန်းထဲထိုင်ရင် ငရဲကြီးတတ်ပါသလား ဘုရား ။ ထိုင်လို့ရပါသလား ။

ခုလို မေးခွန်းတွေကို ဖြေကြားပေးတဲ့တွက် ကျေးဇူးအထူး တင်ရှိပါတယ် ဘုရား ။

၁။ လူအဖြစ်နဲ့ငါးပါးသီလဆောက်တည်ပြီး သမထလမ်းစဉ်လိုက်ရင်
လည်းရပါတယ်။အဓိကက ကြိုးစားမှုပဲ ဂျစ်တူးရေ
၂။ you shall suffers the good reaction on account of
The good action.
This is Dhamma.
ဘုရားက ကမ္မ၀ါဒနော်၊ အကောင်းဆုံးကတော့ ကိုယ့်အားကိုကိုး
ပါ ( အတ္တာဟိ အတ္တနော နာထော).
အလွယ်လမ်းလိုက်ရင်မှားတတ်တယ်လေ
ရေစက်ပဲထင်တယ်နော်
အောင်မြင်ချင်ရင်နည်းလမ်းလေးပေးမယ်။
၁။ ငါးပါးသီလ လုံအောင် ကျင့်သုံးပါ။
သီလလုံရင် ဖြစ်ချင်တဲ့အလိုဆန္ဒအားလုံးပြည့်ဝတယ်။
၂။ အချိန်ရရင် မေတ္တာပို့နော်။ တစ်နေ့ကို ၁၅မိနစ်လောက်ပေါ့
၃။ စိတ်ကောင်းမွေးပါ ။
၃။သံသရာလွတ်မြောက်ချင်ရင် လူဝတ်ကြောင်နဲ့တရားအားထုတ်လို့
ဖြစ်ပါတယ်၊ ဒါပေမဲ့ ရဟန္တာဖြစ်ရင်တော့ သာသနာဘောင်ဝင်ရ
တော့မှာပါ။

လေယဉ်ပျံထိုင်ခုံက တစ်ခုံစီဖြစ်နေတယ်လေ၊ တစ်ဆက်ထဲ
မဟုတ်သည့်အတွက် ဘာမှ မဖြစ်ပါဘူး၊ စိတ်သန့်သန့်လေးနဲ့
ထိုင်နိင်ပါတယ်။

ဘုန်းဘုန်း blogger က အသစ်ပြောင်းနေလို့ အားလုံး ၀င်မရဖြစ်နေတာ ထင်ပါတယ် ။ တပည့်တော်လည်း တပည့်တော်တောင် မှားနှိပ်မိလို့ template ပြောင်းသွားပြီး ၊ ပြန်ပြင်ဖို့ အကောင့်ထဲ ခု ၀င်လို့မရဖြစ်နေပါတယ် ။ ခဏလောက်စောင့်ပြီး အဆင်ပြေမယ်ထင်ပါတယ် ။ blogger တက်တာနဲ့ ဘုန်းဘုန်း c-box ပေါ်အောင် ကူညီပါ့မယ် ဘုရား ။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More