Saturday, October 9, 2010

အကုသိုလ်ခွဲတမ်း

အမေး။ ။ အရှင်ဘုရား…အကြွေးပေးပြီးလို့ ပြန်မရမှန်းသိတဲ့အခါ ဒီအကြွေးကို ငါလှူလိုက်မယ်လို့ ဆိုပြီး လှူရင် ကုသိုလ်ရပါသလားဘုရား။ နောက်တစ်ခုက ၀ါလတ်လှေ၊ ငါးဝိုင်းလှေတွေရဲ့ အကုသိုလ်ခွဲတမ်းကိုလဲ သိချင်ပါတယ်ဘုရား။
တိုင်းအုပ်ကျော်
မြိတ်

အဖြေ။ ။အကြွေးနဲ့ပတ်သက်ပြီး အကြွေးပေးတဲ့သူ နှစ်မျိုးရှိတယ်။ (၁) အကြွေးယူထားတဲ့သူက ပြန်မဆပ်နိုင်ဘူးဆိုပါစို့၊ အဲဒီအချိန်မှာ အကြွေးပေးသူက “ချေးထားတဲ့အကြွေးတွေကို သူ ပြန်မဆပ်နိုင်တဲ့ အခြေအနေ မရှိဘူး။ အကြွေးမဆပ်နိုင်တာကို တွေးပြီး သူစိတ်ဆင်းရဲနေလိမ့်မယ်၊ မတော်လို့သေသွားမယ်ဆိုရင် စိတ်ထားဖြောင့်မှာလဲမဟုတ်ဘူး။ သူဒုက္ခ ရောက်လိမ့်မယ်၊ မဖြစ်ဘူး၊ ဒီအကြွေးကို ငါမယူတော့ဘူး၊ ဒါမှသူစိတ်ချမ်းမှာ” လို့နှလုံးသွင်းပြီး၊ “ ယူထားတဲ့အကျွေးတွေကို ပြန်မဆပ်ပါနဲ့တော့” လို့ဆိုကာ အကြွေးယူသူအား အပြီးလှူလိုက်တာပါ။ ဒါဟာ လူသားချင်းစာနာတဲ့သဘောသက်ဝင်နေတယ်၊ မေတ္တာ၊ကရုဏာဆိုတဲ့ ဗြဟ္မစိုရ်တရားနဲ့လဲ ပြည့်စုံနေတယ်။ဒါကြောင့် အကြွေးမရမှန်းသိပေမဲ့ ကြည်ကြည်ဖြူဖြူ ပေးလှူလိုက်တဲ့အတွက် အကြွေးပေးသူမှာ ကုသိုလ်ရပါတယ်။
ဒုတိယအကြွေးပေးသူက “ဒီအကြွေးတွေ ငါမရတော့တဲ့အတူတူ လှူလိုက်တာပဲကောင်းတယ်” ဆိုပြီး လှူလိုက်ပါတယ်။ ဒီဟာက အကြွေးပြန်မရလို့သာ လှူလိုက်ရတာပါ။ တကယ်လို့သာ ပြန်ရမဲ့အခြေအနေရှိရင် လှူမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒုတိယအကြွေးပေးသူဟာ ဘယ်လိုပဲလှူတယ်ပြောပြော ကုသိုလ်မရပါဘူး။
ဒါကြောင့် အကြွေးပေးတဲ့သူ နှစ်ယောက်ထဲမှာ ပထမတစ်ယောက်သာ ကုသိုလ်ရပြီး၊ ဒုတိယတစ်ယောက်ကျတော့ ကုသိုလ်လုံးဝ မရတဲ့အပြင် အကုသိုလ်ပဲ ရမှာဖြစ်တယ်။
ဒုတိယအမေးက…. “အကုသိုလ်ခွဲတမ်း၊ အကုသိုလ်ဝေစု” တဲ့ဘယ်လိုပဲပြောပြော အမေးက ဆန်းသစ်နေတယ်။ လူတွေသိသင့်သိထိုက်တဲ့ အရာမို့ လို့ စိတ်ဝင်စားစရာလဲ ကောင်းလှပါတယ်။
ပါဏာတိပါတကံထိုက်တဲ့အင်္ဂါများရှိပါတယ်။ (၁)သတ္တ၀ါမှန်းသိခြင်း၊ (၂)သတ်လိုတဲ့စိတ်ရှိခြင်း၊ (၃) လုံ့လအားစိုက်ခြင်း၊ (၄) သေခြင်းဆိုတဲ့ အင်္ဂါ လေးချက်နဲ့ပြည့်စုံရင် ပါဏာတိပါတကံထိုက်ပါတယ်။ ငါးဖမ်းလှေမှာပါဝင်တဲ့သူများဟာ ဖေါ်ပြပါ အင်္ဂါလေးချက်နဲ့ပြည့်စုံနေတယ်ဆိုရင်တော့ ပါဏာတိပါတကံထိုက်ပါတယ်။ မပြည့်စုံရင် မထိုက်ဘူးလို့ပဲပြောရပါမယ်။
ဒီနေရာမှာ မေးခွန်းရှင်သိလိုတာက အကုသိုလ် အနည်းအများကို သိချင်တာဖြစ်တယ်။ဒါကြောင့်..
ဝါလတ်လှေများ၊ငါးဝိုင်းလေများနဲ့ပါဝင်ပတ်သက်တဲ့သူများကို စာရင်းကောက်ကြည့်တော့ လှေပိုင်ရှင်၊ ငါးဆရာ၊ ရေရှူး၊ ငါးဖမ်းလုပ်သားများ(လှေသားများ)၊ ပဲ့နင်း၊စက်မောင်းသူ၊ ကုန်းပေါ်ဈေးဝယ်ပေးသူ လို့ သိရပါတယ်။
ထိုသူများအနက် ငါးဖမ်းခိုင်းတဲ့လှေပိုင်ရှင်၊ငါးများများရဖို့ ငါးအုပ်ကို ရှာရတဲ့ ငါးဆရာ၊ ရေရှူး ၊ ငါးဖမ်းသမားများကတော့ ပါဏာတိပါတကံထိုက်ကြတဲ့သူများဖြစ်ကြတယ်။
ပါဏာတိပါတကံထိုက်တဲ့သူများအနက်အကုသိုလ်ဝေစုအများဆုံးရရှိသူက လှေပိုင်ရှင်ဖြစ်တယ်။ ဒုတိယအကုသိုလ်အများဆုံးက ငါးများများရနိုင်အောင် ကြောင့်ကြအစိုက်ရဆုံးဖြစ်တဲ့ ငါးဆရာနဲ့ သူခိုင်းတဲ့အတိုင်းလိုက်လုပ်ရတဲ့ ရေရှူး တို့ပဲဖြစ်ပါတယ်။ တတိယအကုသိုလ်အများဆုံးက ငါးဖမ်းတဲ့ လှေသမားများဖြစ်တယ်။
ပဲ့နင်းနဲ့စက်ဆရာကျတော့ ငါးဖမ်းရာမှာလဲမပါတဲ့အပြင် ငါးဆရာညွန်တဲ့လမ်းအတိုင်း လှေကိုမောင်းပေးရပါတယ်။ စက်ဆရာဆိုရင်လဲ စက်သာမောင်းနေရတာ ငါးဖမ်းတဲ့နေရာမှာ မပါဝင်ပါဘူး။ ဒါကြောင့် ပဲ့နင်းနဲ့စက်ဆရာကတော့ ပါဏာတိပါတကံ မထိုက်တာကများပါတယ်။ အကုသိုလ်ဖြစ်တောင်မှ အနည်းဆုံးပဲ ဖြစ်ကြမှာပါ။ နောက်ဆုံးတစ်ယောက်က ကုန်းပေါ်က ဈေးဝယ်သူပါ။သူက ပိုင်ရှင်ခိုင်းတဲ့အတိုင်း ဈေးသာဝယ်ပေးရတဲ့အတွက် ပါဏာတိပါတကံမထိုက်ပါဘူး၊ တကယ်လို့ အကုသိုလ် ဖြစ်တယ်ဆိုတာတောင်မှ မပြောပလောက်ပါဘူး။
ဓမ္မပဒအဋ္ဌကထာ၊ ကုက္ကုဋမုဆိုးဝတ္ထု မှာ သောတာပန်မယားက လင်တော်မောင်မုဆိုးကြီးရဲ့လုပ်ငန်းအတွက် လေးမြားစတာတွေ ယူပေးပါတယ်။ အဲဒီမှာ ရဟန်းတော်များက သောတာပန်ပုဂ္ဂိုလ်ဟာ ပါဏာတိပါတအမှုပြုသေးလားဆိုတဲ့ ပြဿနာကို ပြောဆိုနေကြတယ်၊ ဘုရားရှင်ရောက်တော်မူလာလို့ မေးတော်မူတဲ့အခါ သောတာပန်သူ့အသက်သတ်သေးလားဆိုတဲ့ပြဿနာကို ပြောဆိုနေကြတယ်လို့ ရဟန်းတော်များက ပြန်ဖြေပါတယ်။ အဲဒီမှာဘုရားရှင်က “သောတာပန်ဟာ သူ့အသက်ကိုဘယ်တော့မှ မသတ်တော့ပါဘူး။ လင်ရဲ့အလိုကို ၀တ္တရားအရပြုလုပ်ပေးနေရပေမဲ့ သေစေလိုတဲ့စိတ်မရှိတဲ့အတွက် ပါဏာတိပါတကံမထိုက်ပါဘူး။ ဥပမာ အနာမရှိတဲ့လက်နဲ့အဆိပ်ကိုကိုင်ရင် ထိုလက်ကို အဆိပ်မလောင်နိုင်သလို သတ်လိုတဲ့စိတ်မရှိတဲ့အတွက် လေးမြားယူပေးသော်လဲ အပြစ်မဖြစ်ပါ” လို့ မိန့်ကြားတော်မူပါတယ်။
ဒီကုက္ကုဋမုဆိုးဝတ္ထုသာဓကအရဆိုရင် ပဲ့နင်း၊ စက်ဆရာ၊ကုန်းပေါ်ဈေးဝယ်ပေးသူ သုံးဦးဟာ သေစေလိုတဲ့စိတ်မပါရင် အကုသိုလ်မဖြစ်ပါဘူး။ ဒါပေမဲ့ ဒီသုံးဦးကလဲ ငါးဖမ်းရာမှာ ငါးများများရဖို့ မျှော်လင့်နေကြမယ်ဆိုရင်တော့ အကုသိုလ်ဖြစ်ကြမှာပါ။ တကယ်တန်း ပြောရရင် အကုသိုလ်ဆိုတာ နည်းတာဖြစ်စေ များတာဖြစ်စေ ဘာအကုသိုလ်မှမကောင်းဘူးဆိုတာကိုတော့ သတိထားစေချင်ပါတယ်။ ဒီအဖြေရဲ့အဓိကအရေးကြီးတာက ပါဏာတိပါတထိုက်တဲ့အင်္ဂါလေးချက်နဲ့ ကိုယ်ညီလား၊ မကိုက်ညီလားဆိုတာာပါပဲ။
အချုပ်ပြောလိုတာက အကုသိုလ်မှန်သမျှ ရှောင်ကြဉ်ကြ၊ ကုသိုလ်မှန်သမျှ အားထုတ်ကြ၊ စိတ်ကို ဖြူစင်အောင်ထား ဆိုတဲ့ ဘုရားရှင်ရဲ့သြ၀ါဒတော်တိုင်း လိုက်နာနိုင်က အကောင်းဆုံးပါလို့ပြောရင်း……..

3 comments:

တတ်နိုင်သလောက် ကံမထိုက်အောင် နေထိုင်ပါ့မည် ဘုရား။ အခုလို သိခွင့်ရတာကို ဖြေကြားပေသူ အရှင်ဘုရား နှင့် တကွ မေးခွန်းမေသူရော အားလုံးကို ကျေးဇူးတင်ပါသည်။

ငြိမ်းချမ်းကြပါစေ

သို့

နအဖ ၊ ဒီမိုများနှင့် လက်ပိုက်မျိုးချစ်များ

ကဲကဲ.. စိတ်တွေလျှော့ကျပါဦးကွာ။ မြန်မာအချင်းချင်း ဒီမို/နအဖ တံဆိပ်ကြည့်ပြီး ရန်ဖြစ်နေတာ နှစ်ပေါင်း ၂၂နှစ်ကျော်ခဲ့ပါပြီ။ လောကကြီးကပြောင်းလဲနေတာတောင် သတိမထားမိဘူးဖြစ်နေပြီနော်။ ( မျိုးချစ်စိတ်ရှိတဲ့သူတွေကလဲ မြန်မာအချင်းချင်း ပြဿနာဖြစ်နေတာကို ပြေလည်အောင် ညှိမပေးဘူး။ လက်ပိုက်ပြီးကြည့်နေရတာ လက်ညောင်းနေလောက်ပြီ။ ) မကြာမီမှာ ဒီမိုသမားတွေအနေနဲ့ အမေဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ စကားကို ပြောဖို့မလိုတော့ဘူး။ နအဖ စစ်ဗိုလ်တွေလဲ ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအဖျင်းပြောဖို့ မလိုတော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ခေါင်းဆောင် မဟုတ်တော့ပါဘူး။ အပြည့်အစုံကို ဒီမိုတို့အတွက် ခေါင်းဆောင်သစ် (သို့မဟုတ်) မြအေးသမီး ဆောင်းပါးမှာ အထောက်အထားနဲ့ တင်ပြထားတာကို ဖတ်နိုင်ပါတယ်။ ဒန်..ဒန်..ဒန်


လက်ပိုက်ကြည့်သောသူတို့၏ မျိုးချစ်စိတ်ကို တန်ဖိုးမထားတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

သို့
မျိုးချစ်မြန်မာများ

ပြည်တွင်းမှာ နအဖ ကလိမ်ကကျစ်ကျတဲ့ ရွေးကောက်ပွဲကို ထောက်ခံနေတာ ကုလားတွေပါ။ ပြည်ပမှာကျတော့ ကုလားတွေက ဒီမိုတွေနဲ့ ပေါင်းပြီး ရွေးကောက်ပွဲကို ဆန့်ကျင်နေကြပါတယ်။ မြန်မာအချင်းချင်း ဒီမို နအဖ မသင့်မြတ်ဖြစ်နေတာကို ကုလားတွေက နိုင်ငံရေး နေရာရအောင် အကောက်ကြံနေတာကို သတိထားကြပါ။ ပွဲလန့်တုံး ဖျာခင်းနေကြပါတယ်။ ကုလား မြအေးက ၈၈ ကျောင်းသားခေါင်းဆောင်ဆိုပြီး ကုလားတွေအကူအညီနဲ့ လိမ်ညာနေတယ်။ အဲဒီကုလားလိမ်ရဲ့ သမီး ကုလားမက ၅ မိနစ် မိန့်ခွန်းပြောတာနဲ့ နှစ် ၂၀ လုပ်နေတဲ့ သူတွေထက်သာလွန်တယ်ဆိုပြီး ချီးကျူး နေကြတယ်။ ဒီမိုတွေကလည်း အရမ်းကိုတုံးလွန်းပါတယ်။

အမှန်တကယ်နအဖကို ဆန့်ကျင်လိုသူတွေဆိုရင် နအဖနဲ့ လက်တွဲသူမှန်သမျှ ဆန့်ကျင်ရမှာပါ။ မြန်မာလူမျိုး ကရင်တွေက DKBA ကို နအဖ နဲ့ ပေါင်းသင်းရမလားဆိုပြီး ရစရာမရှိအောင်ဆဲဆိုနေတာ မြင်နေရပါတယ်။ ( ကျုပ်ကတော့ မြန်မာလူမျိုး ကရင်တွေရဲ့ ဖြောင့်မတ်တည်ကြည်မှုကို အရမ်းလေးစားတယ်။ မြန်မာထဲမှာ ကရင်တိုင်းရင်းသား ပါဝင်မှုအတွက် အရမ်း ဂုဏ်ယူမိပါတယ်) ဒါပေမယ့် ဒီမိုဘက်က ကုလားတွေဟာ ပြည်တွင်းမှာ နအဖနဲ့ ပေါင်းသင်းနေတဲ့ ကုလားအဖွဲ့အစည်းတွေကို လုံးဝမရှုံ့ချကြပါဘူး။ အဲဒီအဖွဲ့အစည်းတွေက ကုလားတွေက ဆန္ဒပြတယ်ဆိုတာလဲ မလုပ်ဘူး။ ဒီမိုကုလားတွေက နအဖနဲ့ ပေါင်းသင်းနေတဲ့ မြန်မာလူမျိုးတွေကိုပဲ ရှုံ့ချနေတဲ့ လုပ်ရပ်ဟာ မရိုးသားပါဘူး။ တကယ်တော့ ကုလားဦးရေဟာ မြန်မာပြည်မှာ မနည်းပါဘူး။ ဒီမိုမီဒီယာတွေက နအဖရဲ့ ရွေးကောက်ပွဲကို ထောက်ခံ ကူညီနေတဲ့ ကုလားအဖွဲ့အစည်းတွေရဲ့ သတင်းကို ဘာကြောင့် ထိမ်ချန်ထားကြတာလဲ? မြန်မာအချင်းချင်း ဒီမို/နအဖ တံဆိပ်ခွဲပြီး ကလေးလိုရန်ဖြစ်နေတာကို ကုလားတွေက အခွင့်အရေးယူပြီး နိုင်ငံရေးနေရာရအောင် လုပ်နေပါတယ်။ ဒီကောင်တွေနေရာရရင် မွတ်ဆလင်နိုင်ငံလုပ်ပြစ်ပါလိမ့်မယ်။ အမျိုးသားရေးသတိရှိကြပါ။


မြင့်မြတ်သည့်မြေမှာ ယုတ်ညံ့သည့်မွတ်ဆလင်ဝါဒမရှိစေရ
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More