Friday, June 13, 2008

ဖြစ်ရလေခြင်းရယ်

ဓါတ်ပုံပါသော ရဟန်းတော်ကား နော်ဝေနိုင်ငံတွင် သီတင်းသုံးနေထိုင်သော မြန်မာရဟန်းတော်တစ်ပါးပါ၊

ဒါဖြင့် အမျိုးသမီးနှင့်ဘာပြုလို့များ တွဲဖက်ဓါတ်ပုံအရိုက်ခံရပါလိမ့်.... ဖြစ်ပုံက ဒီလိုပါ........
ထိုမြန်မာရဟန်းတော်သည် ပြင်သစ်နိုင်ငံသို့ ကြွရောက်စဉ် လူအုပ်ကြားထဲ အဆိုပါ ပြင်သစ်အမျီုးသမီးက အတူတွဲဖက်၍ ဓါတ်ပုံရိုက်ချင်ကြောင်း ပြောလာသောအခါ ဘာသာစကား အားနည်းရှာသော ရဟန်းတော် ခမျာ ဘယ်လိုတုံ့ပြန်ပြောဆိုရမည်ကို စဉ်းစားတုန်းပင် ဗြုန်းဆို ပုံပါအတိုင်း ပြင်သစ်အမျိုးသမီးက မြန်မာရဟန်း တော်အား ၀င်ရောက်ပွေ့ဖက်ကာ ဓါတ်ပုံရိုက်ယူသွားခြင်းဖြစ်ပါသည်။
ပြည်ပရောက်ရဟန်းတော်များသည် လက်ဆွဲနုတ်ဆက်လာလျှင် အာပတ်သင့်နိုင်သည့်အတွက် အမျိုးသမီးများနှင့်တွေ့ကြုံလျှင် လက်ဆွဲနှုတ်ဆက်မှုမှ ကင်းနိုင်စေရန် လက်ကို အရှေ့၍ ယှက်ထားခြင်းဖြစ်သည်၊ သို့သော်လည်း ပြင်သစ်အမျိုးသမီးက ယုတ်တရက်ဝင်ရောက်ပွေ့ဖက်လိုက်သောအခါ ရဟန်းတော်သည် မည်သို့ပြုလုပ်ရမည်မသိ ဖြစ်နေစဉ် ရိုက်ထားသော ဓါတ်ပုံဖြစ်နေပေသည်၊

ထိုဓါတ်ပုံတင်ပေးခြင်းသည် ထိုရဟန်းတော်၏ ဂုဏ်သိက္ခာကို ချလိုစိတ်လုံးဝမရှိပါ၊ ဆိုလိုသည်မှာ ပြည်ပရောက် မြန်မာရဟန်းတော်များသည် ဘာသာစကား အားနည်းသောကြောင့် ယခုလိုအဖြစ်မျိုးကြုံရပုံကိ မြန်မာရဟန်း တော်များ သိစေချင်လှပေသည်။

Type the rest of your post here.

2 comments:

ဒါက ရုတ်တရက်မို့ ဖြစ်တာ နေမှာ...။ ဘာသာစကား ကြောင့်လဲ ဖြစ်ချင်ဖြစ်ပေမယ့် ...။ ဒီလို ဗြုန်းစားကြီးဆိုတော့လဲ အခက်သားလား..။ အနောက်နိုင်ငံသားတွေဟာ ကျွန်တော်တို့ ဗုဒ္ဓရဟန်းတွေကို လူထူးဆန်းတွေများ မှတ်နေလား မသိဘူး။.. တချို့ကိုပြောပါတယ်။ :(

မေတ္တာသုတ်ရွတ်ပြီး သတ္တ၀ါတွေ ကျမ်းမာချမ်းသာဖို့ ဆုတောင်းပေးနေတဲ့ သံဃာတွေကို စစ်တပ်က လက်နက်နဲ့ ဖြိုခွင်းခံလိုက်ရတဲ့ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း မြန်မာပြည်ကို သိပ်ပြီး လူသိများသွားသလို ဘုန်းကြီးတွေကိုလည်း ပြည်သူလူထုအတွက် စွန့်စားတဲ့သူတွေအဖြစ် လူသိများလာတယ်။ ဗုဒ္ဒဘာသာဘုန်းကြီးတွေဆိုတာ မေတ္တာတရားနဲ့ ပြည့်ဝသူတွေဆိုတာ သိလို့ အမှတ်တရ ဓါတ်ပုံ ရိုက်ချင်တာမျိုးပဲဖြစ်မယ်။ အထူးအဆန်းသတ္တ၀ါရယ်လို့ သဘောထားလို့ ဖြစ်မယ်မထင်ဘူး။ ဒါပေမယ့် ဘုန်းကြီးတွေရဲ့ ၀ိနည်းကို မသိတော့ အခုလို အတင်းဝင်ဖက်ပြီး ဓါတ်ပုံရိုက်တာတွေ ဖြစ်သွားတာပေါ့။ ဗုဒ္ဓဘာသာရဲ့ သဘောသဘာဝတွေကို ကမ္ဘာ့လူသားတွေ နားလည်အောင် ဖြန့်ချီဖို့ လိုသေးတယ်လို့ပဲ သဘောထားသင့်တယ်။

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More