Saturday, July 3, 2010

ရဟန်းတော်များ အင်တာနက်သုံးတာ ရ-မရ

အမေး။ ။အရှင်ဘုရား…ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆို ရင် ဘယ်လို အကျိုးအပြစ်များ ရနိုင်တယ်ဆိုတာ ဖြေကြားပေးစေလိုပါတယ်ဘုရား။
သဇင်ကျော်
ရှရှား

အဖြေ။ ။လောလောဆယ်မှာတော့ ရဟန်းတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်းမရှိသေးပါဘူး။
ရဟန်းတော်များ အင်တာနက်သုံးတာနဲ့ပတ်သက်ပြီး ပြောရရင် နေရာအတော်များများမှာ အကောင်းနဲ့အဆိုး ဒွန်တွဲလျက် ရှိနေပါတယ်။ အင်တာနက်စာမျက်နှာများမှာလဲ ရဟန်းတော်များ ကြည့်သင့်တဲ့အရာများရှိသလို မကြည့်သင့်တဲ့အရာများလဲရှိပါတယ်။
အင်တာနက်သုံးတဲ့နေရာမှာ လမ်းကြောင်းမှန်ကန်မယ်ဆိုရင်တော့ သုံးသင့်တယ်လို့ပြောရမယ်။ တကယ်လို့ လမ်းကြောင်း မမှန်ဘူး ဆိုရင် တော့ မသုံးသင့်ဘူးလို့ပဲ ပြောပါရစေ…………။
ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို ရဟန်းတော်များ တီဗွီကြည့်တာနဲ့ပတ်သက်ပြီး လူမြင်ကွင်းမှာ မကြည့်ဘဲ ကိုယ့်အခန်းထဲမှပဲ ရဟန်းတော်များနဲ့ သင့်တော်တဲ့အကြောင်းအရာတွေကြည့်မယ်ဆိုရင် ကြည့်နိုင်ပါတယ်လို့ တည်တောရဆရာတော်က “ယနေ့ဗုဒ္ဓ၀ါဒဆိုင်ရာ အမေးအဖြေများ” ဆိုတဲ့စာအုပ်မှာ အကျယ်တ၀င့် ရှင်းလင်းရေးသားထားတာ ဖတ်လိုက်ရပါတယ်။
ဒီလိုပါပဲ ရဟန်းတော်များ အင်တာနက်သုံးတဲ့နေရာမှာ ဘုရားရှင်ရဲ့ တရားတော်များ ကမ္ဘာပြန့်စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက် နဲ့ အသုံးပြုတယ်ဆိုရင် အသုံးပြုတိုင်းမှာ ကုသိုလ်ရနေပါတယ်။ ပညာဗဟုသုတဆည်းပူးဖို့ ရည်ရွယ်ချက်နဲ့ အသုံးပြုရင် ပညာဗဟုသုတ တိုးပွားတဲ့အကျိုး ရရှိပါတယ်။
ဒီလိုမှမဟုတ်ဘဲ မသင့်တော်တဲ့ ၀က်ဘ်ဆိုက်တွေကို ကြည့်ဖို့ အသုံးပြုမယ်ဆိုရင်တော့ ကိလေသာတွေတိုးပွားပြီး အကုသိုလ်တွေပဲ များလာတော့ မှာပါ။ နောင်အခါ သာသနာတော်မှာ မပျော်ပိုက် ဖြစ်သွားတတ်ပါတယ်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More