This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, September 30, 2010

ဘုရားရှင်ရဲ့အရပ်တော်နဲ့ခြေတော်ရာ

အမေး။ ။မြတ်စွာဘုရားရဲ့အရပ်တော်ကို သိလိုပါတယ်ဘုရား၊ အရပ်တော်နဲ့ဆက်စပ်ပြီး ခြေတော်ရာကို ဘယ်လိုရည်ရွယ် ထားခဲ့ကြောင်း နဲ့ ခြေတော်ရာဟာ ပကတိ ဟုတ်မဟုတ် ဖြေကြားပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့

အဖြေ။ ။ ဘုရားရှင်ရဲ့အရပ်တော်နဲ့စပ်ပြီး အွန်လိုင်းပေါ်မှ အမေးအဖြေများ(၁)၊ နှာ၊ ၇၉ မှာဖြေကြားခဲ့ပြီးပါပြီ၊ပြန်လည်ရှာဖွေဖတ်ရှုဖို့ရာ အကြံပြုပါရစေ။ နောက်မေးခွန်းက ခြေတော်ရာချထားတော်မူခဲ့ရတဲ့ရည်ရွယ်ချက်(ခြေတော်ရာချထားတော်မူရတဲ့အကြောင်း)နဲ့ ယခုခေတ်မှာ ထင်ရှားရှိနေတဲ့ခြေတော်ရာများဟာ ပကတိအစစ် မှန် မမှန်ဆိုတာမေးထားပါတယ်။
(၁) ခြေတော်ရာနဲ့စပ်ပြီး ဥက္ကဋ္ဌာမြို့နဲ့သေတဗျမြို့အကြား ဒေါနပုဏ္ဏားကိုအကြောင်းပြုပြီး ခြေတော်ရာကို ချထားတော်မူခဲ့ရတာက (က)ဒေါနပုဏ္ဏားဟာ ယနေ့ အနာဂါမ်ဖြစ်မှာကိုမြင်တဲ့တွက်လည်းကောင်း၊
(ခ)ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဓါတ်တော်များယူရန် လာရောက်ငြင်းခုံကြတဲ့မင်းများကို ဒေါနပုဏ္ဏားက ဖျောင်းဖျနိုင်မည်ကို လည်ကောင်း။
(ဂ)ဓါတ်တော်များကို မင်းများအား အညီအမျှခွဲဝေပေးမှာ ဒေါနပုဏ္ဏားသာ ဖြစ်တယ်ဆိုတာကိုလည်းကောင်း မြင်တော်မူတဲ့အတွက် “ဒေါနပုဏ္ဏားတစ်ဦးသာ ငါခြေရာတော်ကို မြင်စေသတည်း” လို့ အဓိဋ္ဌာန်ခဲ့ပါတယ်။ အဓိဋ္ဌာန်တဲ့နေရာမှ လမ်းဘေးသင့်လျော်တဲ့ ဘုရားရှင်သီတင်းသုံးရာ လက်ဝဲလက်ယာ ခြေတော်ရာများကို ချတော်မူကာ ပြတော်မူပါတယ်။(အံ၊၄၊ပါ၊၃၄၆၊ဋ္ဌ၊ ဒု၊၂၉၈၊ ၉)
(၂) မြတ်စွာဘုရားရှင်ဟာ ကုရုတိုင်းကို ဒေသစာရိကြွချီတဲ့အခါ မာဂဏ္ဍိယပုဏ္ဏားလင်မယား အနာဂါမ်တည်မဲ့အကြောင်းကို မြင်တော်မူတဲ့ အတွက် ခြေတော်ရာကို မာဂဏ္ဍိယပုဏ္ဏားလင်မယားနှစ်ဦးမြင်စေသတည်း လို့ အဓိဋ္ဌာန်ကာ ခြေတော်ရာတစ်ဆူ ချထားတော်မူခဲ့ပါတယ်။ ဒါက ဘုရားရှင်ရဲ့ ဒုတိယစက်တော်ရာဖြစ်ပါတယ်။(ဓမ္မပဒ၊အဋ္ဌကထာ၊ပအုပ်၊ ၁၃၄၊၆)
ယခုဆိုခဲ့တဲ့ စက်တော်ရာ နှစ်ဆူက ဘုရားရှင်ရဲ့ အဓိဋ္ဌာန်ရုပ်သိမ်းတော်မူတဲ့အတွက် ပျောက်ကွယ်တော်မူသွားကြပါပြီ။
(၃) ဘုရားရှင် ရှစ်ပါမြောက် ကလျာဏီမြစ်မှာ နေတဲ့ မဏိအက္ခိကနဂါးမင်းပင့်တဲ့အတွက်ကြောင့် ဘုရားရှင်ဟာ နောက်ပါရဟန်း ငါးရာနဲ့အတူ သီဟိုဠ်ကျွန်းကို ကြွတော်မူပါတယ်။ ဘုရားရှင်ဟာ ကလျာဏီမြစ်အနီး ရတနာမဏ္ဍပ်မှာ သီတင်းသုံးကာ ဆွမ်းဘုဉ်းပေးအပြီး၊ သမန္တကူဋတောင်ထိပ်မှာ စက်တော်ရာတစ်ဆူ ချတော်မူခဲ့ပါတယ်။ တနည်း သုမနနတ်မင်း တောင်းပန်တဲ့အတွက် သုမနကူဋတောင်ထိပ်ရှိ စိမ်းညိုတဲ့ကျောက်ဖျာကြီးပေါ်မှာ အနောက်ဖက်ကိုဦးတည်ပြီး လက်ဝဲဘက်စက်တော်ရာတစ်ဆူ ချထားတော်မူခဲ့ပါတယ်။(မဟာဝင်)(ဗုဒ္ဓသာသနိ က၊ ၁၆၆)
(၄) ဘုရားရှင်ဟာ သုနာပရန္တတိုင်း ၀ါဏိဇဂါမကုန်သည်ရွာကို ကျောင်းအလှူဒါနပွဲကိုကြွရောက်တော်မူရာ သစ္စဗန္ဓတောင်ရှိ မိစ္ဆာအယူရှိ ရသေ့ကို ချွေချွတ်တော်မူတယ်။ ကျောင်းအလှူပွဲပြီးတဲ့အခါ ပုဏ္ဏမထေရ်ကို ထိုအရပ်မှာ သာသနာပြုထားခဲ့ပြီး၊ နမ္မဒါမြစ်ကမ်းကို ကြွတော်မူပါ တယ်။နမ္မဒါမြစ်အတွင်းနေတဲ့ နမ္မဒါနဂါးမင်းက ဘုရားရှင်ကို သူ့ရဲ့ဗိမာန်အတွင်းပင့်ဆောင်ပူဇော်ပါတယ်။ ဗုဒ္ဓကိုယ်စား ကိုးကွယ်ရာကို ပေးသနားတော်မူပါ လို့ နဂါးမင်က လျှောက်ထားတဲ့အတွက် နမ္မဒါမြစ်ကမ်းအနီး ကျောက်သားပေါ်မှာ အောက်စက်တော်ရာတစ်ဆူ ချပေးတော်မူခဲ့ပါတယ်။ဒါက စတုတ္ထခြေတော်ရာဖြစ်ပါတယ်။
(၅) ဘုရားရှင်ဟာ နမ္မဒါမြစ်ကမ်းမှ သစ္စဗန္ဓတောင်သို့ ကြွတော်မူပါတယ်။ ထိုအခါ သစ္စဗန္ဓမထေရ်ရဲ့လျှောက်ထားချက်အရ အထက်စက်တော်ရာတစ်ဆူကို ချထားတော်မူခဲ့ပါတယ်။ ဒါကပဉ္စမမြောက်ခြေတော်ရာဖြစ်ပါတယ်။
(သဠာယတနသံယုတ်အဋ္ဌကထာ) (ဥပရိပဏ္ဏာသပါဠိတော် ပုဏ္ဏောဝါဒသုတ်အဖွင့်၊ ဥပရိပဏ္ဏာသအဋ္ဌကထာ၊မ၊ဋ္ဌ၊၂၃၄)
သမန္တစက္ခုဒီပနီ၊၄၇၉ ၊ မှာလာတာက ပုဂံနော်ရထာစောလက်ထက်မှာလဲ လယ်ကိုင်းကျောင်းတော်ရာနေရာဟာ ၀ါဏိဇဂါမရွာ ဖြစ်တယ်လို့ဆိုတယ်။ စန္ဒကူးကျောင်းတော်ရာဟာလဲ ယခုလယ်ကိုင်း၊ ကျောင်းတော်ရာအရပ်ပါပဲလို့ ရှင်အရဟံ မိန့်တော်မူတဲ့အတွက်ကြောင့် ဂန္ဓာရုံစေတီတည် ထားခဲ့တယ်လို့ သမိုင်းကျောက်စာများမှာ ဆိုပါတယ်။ ဒါကြောင့် စတုတ္ထခြေတော်ရာတစ်ဆူနဲ့ပဉ္စစက်တော်ရာတစ်ဆူတို့ဟာ မြန်မာပြည်မှ မန်းချောင်းအနီး အထက်အောက်စက်တော်ရာများ ဖြစ်တယ်လို့ ယူဆရပါတယ်။
အချုပ်ဆိုရရင် သီဟိုဠ်ကျွန်းမှာ တတိယစက်တော်ရာတစ်ဆူ၊ စတုတ္ထနဲ့ပဉ္စမက မြန်မာပြည်သုနာပရန္တတိုင်း စက်တော်ရာနှစ်ဆူ၊ ပေါင်းသုံးဆူတို့ဟာ သာသနာဆုံးတဲ့အထိ တည်ရှိနေမှာဖြစ်တယ်လို့ ဆိုပါတယ်။

Wednesday, September 29, 2010

နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့ဘုံဌာနတစ်ခုလား

အမေး။ ။ဆရာတော်ဘုရား….လူအတော်များများဟာ နိဗ္ဗာန်နဲ့ပတ်သက်ပြီး နိဗ္ဗာန်ရောက်ပါစေ၊ နိဗ္ဗာန်ရရပါလို၏ လို့ ဆုတောင်းကြတယ်ဘုရား၊ တပည့်တော်သိလိုတာက နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့(ဘုံ)နေရာလား။ ရနိုင်တဲ့(အခြား)အရာကို ခေါ်တာလားဘုရား၊ နိဗ္ဗာန်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းအောင် ဖြေကြားပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့

အဖြေ။ ။နိဗ္ဗာန်ဆိုတာ တည်နေရာ (ဘုံ)မရှိပါဘူး။ လူအများရောက်နိုင်၊ ရနိုင်ပြီး တကယ်လဲရှိတဲ့ သဘာဝအမှန်တရားတစ်ခုဖြစ်တယ်။ ဒါနဲ့စပ်ပြီး မိလိန္ဒမင်းက ရှင်နာဂသိန်ကို “ နိဗ္ဗာန်ဆိုတာ အမြဲအစွဲတည်ရာ ရှိပါသလား”လို့မေးတော့ ရှင်နာဂသိန်က “နိဗ္ဗာန်ဆိုတာ တည်ရာမရှိဘူး” လို့ မိန့်တော်မူတယ်။ဒီအခါ မိလိန္ဒမင်းက “အရှင်ဘုရား…တကယ်လို့နိဗ္ဗာန်ဟာ တည်ရာမရှိဘူးဆိုရင် နိဗ္ဗာန်လဲရှိမှာ မဟုတ်ဘူး။ နိဗ္ဗာန်မျက်မှောက် ပြုတယ်ဆိုတာလဲ တကယ်တော့ မှားတာဖြစ်လိမ့်မယ်။ဥပမာပြောရင် စပါးဆိုတာ သူရဲ့ဖြစ်ရာ စပါးပင်ရှိတယ်။အသီးဆိုတာ သူ့ရဲ့တည်ရာအပင်ရှိ တယ်။ဒါကြောင့်နိဗ္ဗာန်ဆိုတာလဲ တကယ်ဆိုရင် အမြဲတည်ရာရှိရမှာပါဘုရား” လို့ ရှင်နာဂသိန်ကိုမေးလျှောက်တဲ့အခါ ရှင်ဂသိန်က “မင်းကြီး…နိဗ္ဗာန်ဆိုတာ အမြဲတည်ရာမှီရာမရှိပါဘူး၊ ဒီလိုတည်ရာမှီရာအရပ်မရှိပေမဲ့ နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှားရှိပါတယ်။ ဥပမာပြောရရင်…
မီးဆိုတာ ထင်ရှားရှိတယ်။ဒါပေမဲ့ ထိုမီးရဲ့ စွဲမြဲတည်ရာအရပ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ထင်းနှစ်ခုကို ပွတ်တိုက်ရင် မီးကို ရပါတယ်။ မီးချက်ဆံနဲ့ မီးချက်ကြုပ်ကို ခတ်လိုက်တဲ့အခါ ‘မီး’ ကိုရလာပါတယ်။ ဒီလိုပါပဲ နိဗ္ဗာန်ဆိုတာ တကယ်ထင်ရှားရှိတယ်။ဒါပေမဲ့သူ့မှာ တည်ရာအရပ် ဆိုတာ မရှိပါဘူး” လို့ မိန့်ကြားတော်မူပါတယ်။
ဒါကြောင့် နိဗ္ဗာန်ဟာ ရှေ့နောက်ဝဲယာ ထက်အောက် အရပ်တွေမှာ ရှိတယ်ဆိုတာ ဘယ်လိုမှ ပြောလို့မရပါဘူး။ ဘယ်နေရာမှာ နိဗ္ဗာန်ရှိ တယ်ဆိုတာ ပြောလို့မရပါဘူး။ နိဗ္ဗာန်ဆိုတာ လောဘစတဲ့ကိလေသာတို့ချူပ်ခြင်းသဘောရှိတယ်။ ဒီသဘောတရားကို ဘယ်နေရာမှာရှိတယ် ဆိုတာ ပြောလို့မရပါဘူး။ ညွန်ကြားလို့လဲမရဘူး။ တည်ရာအရပ်လဲမရှိပါဘူး။
နိဗ္ဗာန်လို့ပြောလိုက်ရင် ဘုံတစ်ခုအနေမျိုးနဲ့မမြင်မိစေနဲ့ ၊ ရောက်စရာဌာနတစ်ခုအနေနဲ့လဲမမြင်မိစေဖို့အရေးကြီးတယ်။ ဘာ့ကြောင့် ဆိုရင် နိဗ္ဗာန်ဟာ သဘောတရားတစ်ခုသာဖြစ်နေလို့ပါပဲ။
နိဗ္ဗာန်ရဲ့သဘောကိုပြောရရင်..
နိဗ္ဗာန်ကို ပုထုဇဉ်တို့ဥာဏ်နဲ့မမြင်နိုင်သော်လဲ ထူးတဲ့မဂ်ဥာဏ်ဖိုလ်ဥာဏ်နဲ့(မဂ်ဖိုလ်ရတာနဲ့တပြိုင်နက်) သိနိုင်မြင်နိုင်လောက်အောင် ထင်ရှားတဲ့သဘောရှိတယ်။
နိဗ္ဗာန်ဟာ ထင်ရှားတဲ့သဘောရှိပေမဲ့ ပကတိမျက်စိနဲ့ ဘယ်လိုနည်းနဲ့မှ မမြင်နိုင်ပါ။ နိဗ္ဗာန်ဟာ ဘယ်လိုချမ်းသာတယ်၊ အေးမြတယ်၊မွန်မြတ်တယ် ဆိုတာကို ထပ်တူပြုဖို့ရာ ဥပမာလဲမရှိပါ။
စိတ်တစ်ခုမှာစတင်ဖြစ်ပေါ်တာရယ် ၊ မပျက်ခင်တည်နေတာရယ်၊ ပျက်သွားတာရယ်ဆိုပြီး သုံးပိုင်းခွဲလို့ရပေမဲ့ နိဗ္ဗာန်မှာတော့ ပိုင်းခြားဖို့အတွက် အပိုင်းဆိုတာမရှိပါ။ ဖြစ် တည် ပျက်ဆိုတာမရှိ၊ အမြဲသစ်လွင်နေတဲ့သဘောရှိပါတယ်(သင်္ဂြိုဟ်ဘာသာဋီကာ၊နှာ၊၆၄၃)
နိဗ္ဗာန်နဲ့စပ်ပြီး ထိုထက်စုံစုံလင်လင်သိချင်တယ်ဆိုရင် မိလိန္ဒပညှာမှာ ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ သရက်သီးတစ်လုံးရဲ့အရသာကို မစားဘဲသိရတာထက် ကိုယ်တိုင်စားပြီးသိရတာက ပိုထိရောက်သလိုပါပဲ၊ နိဗ္ဗာန်အကြောင်းကို ဒီအတိုင်းလေ့လာနေမဲ့အစား၊ ကိုယ်တိုင်ပဲ လေ့လာအားထုတ်ပြီး မဂ်ဖိုလ်ရအောင်ကြိုးစားနိုင်ရင်မယ်ဆိုရင် ပိုပြီးထိရောက်မှာပါ။

ဆရာတော်ကြီးများရဲ့အဆုံးအမသြ၀ါဒ

ဆရာတော်ကြီးများရဲ့အဆုံးအမသြ၀ါဒ

Tuesday, September 28, 2010

လူတို့ရဲ့သီလများ

အမေး။ ။အရှင်ဘုရား…ရှစ်ပါးသီလအဓိပ္ပါယ်ကို သိချင်ပါတယ်ဘုရား။ ပြီးတော့ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ လို့ပါပြီး၊ ရှစ်ပါးသီလကျတော့ ကာမေသုသိက္ခာပုဒ်နေရာမှာ အဗြဟ္မစရိယလို့ ပါနေပါတယ်၊ဒီသိက္ခပုဒ်နှစ်ခုမတူပုံကို သိချင်ပါတယ်ဘုရား။ ကိုးပါးသီလကိုလဲ သိချင်ပါတယ် ဖြေကြားပေးတော်မူပါဘုရား။
သိန်းသိန်းမြင့်
မန္တလေးမြို့

အဖြေ။ ။ လူတို့အတွက်စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့်တရားအကြောင်းကို စုံစုံစေ့စေ့သိသင့်ပါတယ်။ အချို့က သီလသာစောင့်ထိန်းကြတယ် သီလအကြောင်း သေသေချာချာမသိကြဘူး။ ပထမဦးစွာ ငါးပါးသီလကို ပြောပါ့မယ်။
ငါးပါးသီလ
ပါဏာတိပါတ = သူတစ်ပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
လူ့ရဲ့အသက်သာမဟုတ် မိမိမှတစ်ပါး အခြားအသက်ရှိသတ္တ၀ါဟူသမျှကို သူတစ်ပါးအသက် လို့ ဆိုလိုပါတယ်။ဒါကြောင့် အသက်ရှိသတ္တ၀ါမှန်ရင် တိရစ္ဆာန်အမျိုးမျိုး၊ ကြမ်းပိုး၊ သန်းဥ၊ခရု၊ ယောက်သွား၊ကျွဲ၊ နွားစတဲ့သက်ရှိသတ္တ၀ါမှန်သမျှ မသတ်ရပါ။
အဒိန္နာဒါနာ = သူတစ်ပါးမပေးသောဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခာပုဒ်မှ သူတစ်ပါးဆိုရာမှာ မိမိမှတစ်ပါး လူ၊နတ်၊တိရစ္ဆာန်ဟူသမျှကို သူတစ်ပါး လို့မှတ်ရပါမယ်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။ဓားပြတိုက်ယူ ခြင်း။ညာဖြန်းလှည့်ပတ်ယူခြင်း။ ကူးသန်းရောင်းဝယ်ရာမှာ တင်းတောင်း ချိန်ခွင် အလေး ခိုးတာတွေ၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစတဲ့ မရိုးသားမှုမှန်သမျှ ကို အဒိန္နာဒါနချည်း မှန်ရပါမယ်။
အဗြဟ္မစရိယာ = မမြတ်တဲ့မေထုန်အကျင့်မှ ရှောင်ကြဉ်ပါ၏။
မေထုန်အကျင့်နဲ့စပ်ပြီး မေထုန်ဆိုတဲ့မြန်မာစကားကို ပါဠိလို ‘မေထုန’ အချင်းချင်းကိစ္စ လို့အဓိပ္ပါယ်ရပါတယ်။ မိန်းမယောင်္ကျားနှစ်သား ပျော်ပါး ပေါင်သင်း ဆက်ဆံခြင်း မမြတ်တဲ့မေထုန်အကျင့်လို့ ခေါ်ပါတယ်။ ဒီသိက္ခာပုဒ်က မမြတ်တဲ့မေထုန်အကျင့်မှ လုံးဝ ရှောင်ကြဉ်ရပါတယ်။
မုသာဝါဒ = မဟုတ်မမှန်တဲ့စကားဖြင့်လိမ်လည်လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။
မဟုတ်မမှန်တဲ့စကား ဆိုတာက နှုတ်နဲ့ဖြစ်စေ၊ စာရေးလို့ဖြစ်စေ၊ ကိုယ် လက်စတာတွေကို လှုပ်ပြလို့ဖြစ်စေ၊ လိမ်သမျှ ညာဖြန်းသမျှပါဝင်ပါတယ်။
ဒီသိက္ခာပုဒ်နဲ့စပ်လို့ သူတစ်ပါးအကျိုး ပျက်သွားအောင် လိမ်ခြင်းမုသားပြောခြင်းမျိုးသာ အပါယ်ရောက်ကြောင်းဖြစ်ပါတယ်။ ကိုယ့်ဥစ္စာမပေးလိုတဲ့ အတွက် လိမ်လည်တဲ့မုသားမျိုး၊ ပြက်ရယ်ပြောင်လှောင်တဲ့မုသားမျိုး။ သူတစ်ပါးအကျိုးစီးပွားကို မပျက်စေဘဲ မိမိအပြစ်လွတ်အောင်လိမ်ရတဲ့ မုသားမျိုး။ မိဘများက သားသမီးများ ရုပ်ရှင်ပွဲစတာတွေ သွားတဲ့အခါ အပြစ်ဖြစ်မှာကို မြင်တဲ့အတွက် မသွားချင်အောင်လှည့်ပတ်ပြောဆိုရတဲ့ မုသားမျိုးတွေဟာ ပြောလောက်အောင် အပြစ်မကြီးပါ။ ဒါပေမဲ့ သိက္ခာပုဒ်တော့ ပျက်ဖွယ်ရှိပါတယ်။
သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ = မူးယစ်စေတတ်၊မေ့လျော့စေတတ်သော သေရည်အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခာပုဒ်မှာ သုရာ+မေရယ နဲ့စပ်လို့ မူးယစ်စေတတ်တဲ့အရာများနဲ့ စီရင်ထားတဲ့ ထန်းရည်၊ ပေရည်၊ ဓနိရည်စတာကို (သုရာ) သေရည် လို့ခေါ်ပါတယ်။ မူးယစ်အောင် စီရင်ရတဲ့ ပန်းပွင့်ရည်၊စပျစ်ရည်စတာတွေကို (မေရယ)အရက် လို့ခေါ်ပါတယ်။ဒါ့ပြင် ယခုကာလသုံးစွဲနေကြတဲ့ ကဇော်၊ဘိန်း၊ကုတ်ကင်း၊ဆေးခြောက် မာဖီးယားစတာတွေကို ဒီသိက္ခာပုဒ်အရ ယူရပါမယ်။
ဝိကာလဘောဇန= နေ့လွဲတဲ့အခါ စားခြင်းမှ ရှောင်ကြဉ်ပါ၏
နေလွဲဆိုတာက မွန်းတည့် ၁၂ နာရီမှ နံနက်အရုဏ်တက်တဲ့အချိန်အထိ နေလွဲအခါလို့ ဆိုပါတယ်။ ထိုနေလွဲအချိန်အတွင်း အဖျော်ရည်၊ဆေး၊စတုမဓုမှအပ ဟင်း၊ထမင်း၊ဟင်းလျာ၊ကွမ်း၊ဆေး၊ လက်ဖက်၊သစ်သီးဟူသမျှ မစားရတော့ပါ။ ထမင်းဟင်း သရေစာချက်လို့ရတဲ့ သစ်သီးသစ်ရွက်များကိုစားရင် ဒီသိက္ခာပုဒ်ပျက်ပါတယ်။အကြောင်းမရှိဘဲ ဖျော်ရည်၊ စတုမဓု၊ ထန်းလျက်၊ သကြား၊ ချင်းသုပ်၊ကွမ်း၊ဆေးစတာတွေ ကို စားရင် ဒီဝိကာလသိက္ခာပုဒ်ညှိုးပါတယ်။ လုံးလုံးပျက်သွားတာတော့မဟုတ်ပါ။ သစ်ပင်ညှိုးရင် အသီးနည်းသလို ဥပုသ်ညှိုးရင် အကျိုးရနည်း တတ်ပါတယ်။
နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန =အကုသိုလ်များကြောင်းမကောင်းမှုဖြစ်တဲ့ ကခြင်း သီချင်းဆိုခြင်း၊ တီးမှုတ်ခြင်း၊ ဘုရားအဆုံးမတော်နဲ့ဆန့်ကျင် ဘက်ဖြစ်တဲ့ ကြည့်ရှုနားထောင်ခြင်းတွေမှာ ရှောင်ကြဉ်ပါ၏။
ဒီသိက္ခပုဒ်မှာ တမင်ကြည့်တာမဟုတ်ဘဲ အလုပ်ကိစ္စနဲ့သွားရင်းလာရင်း တွေ့မြင်မယ်၊ ကြားမိမယ်ဆိုရင်တော့ သီလမပျက်ပါ။ ဒါပေမဲ့တမင်တကာ မမြင်တာကို မြင်အောင် လှည့်ကြည့်တာကတော့ သိက္ခာပုဒ်ပျက်ပါတယ်။
မာလာ ဂန္ဓ ၀ိလေပန ဓရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ =အကုသိုလ်ဖြစ်ကြောင်းဖြစ်တဲ့ ပန်းပန်ခြင်း၊ နံသာပျစ်တို့နဲ့ နိမ့်ရာအရပ်မှာ ဖို့သိပ်ခြင်း၊ နံသာရည်-နံ့သာမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းတို့ ရှောင်ကြဉ်ပါ၏။
ဒီနံ့သာစတာတွေ လိမ်းကျံရာမှာ အနာရောဂါရှိလို့ဖြစ်စေ၊ ကိုယ်အနံ့မကောင်းလို့ဖြစ်စေ၊ ရောဂါနဲ့ကိုယ်အနံ့တို့ကို ကာကွယ်တဲ့အနေနဲ့သုံးကောင်းပါ တယ်။ ရေမွှေး၊ဆပ်ပြာစတာတွေလဲ ထိုနည်းတူပါပဲ။ အကြောင်းမရှိဘဲ လိမ်းကျံရင်တော့ ဒီသိက္ခာပုဒ်ပျက်ပါတယ်။
ဥစ္စာသယန မဟာသယန = မြင့်တဲ့နေရာ မြတ်တဲ့နေရာမှာ အိပ်ခြင်း နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ၏။
မြင့်တဲ့နေရာဆိုတာက တစ်တောင့်ထွာထက်ရှည်တဲ့ ခုတင် ကုလားထိုင် ထိုင်ခုံများဖြစ်ပါတယ်။ မြတ်တဲ့နေရာဆိုတာက လက်လေးသစ်မကအမွေးရှည်တဲ့ သားမွေးအခင်း၊ ခြင်္သေ့၊ကျားစတဲ့အရုပ်များနဲ့ခမ်းနားဆန်းကြယ်အောင်စီမံထားတဲ့ သားမွေးအခင်း၊ ရွှေချည် ငွေ ချည်တို့နဲ့ချူပ်လုပ်ထားတဲ့ ပိုးအခင်းများ လဲဝါဂွမ်းသွတ်ထားတဲ့မွေ့ရာများဖြစ်တယ်။ ဒါကြောင့်ရိုးရိုးသာမန်ပိုးအခင်း၊ အုန်းဆံသွတ်ထားတဲ့မွေ့ရာ များကိုတော့ သုံးကောင်းပါတယ်။ ဒီမှာပဲ ရှစ်ပါးသီလအကြောင်း ခဏရပ်ကြစို့ရဲ့။
နောက်တစ်ခု ကာမေသုမိစ္ဆာစာရနဲ့ အဗြဟ္မစရိယသိက္ခာပုဒ်နှစ်ခုရဲ့ ခြားနားချက်ကို ပြောရမယ်ဆိုရင်..
ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်အရ မိမိကာမပိုင် လင်ယောင်္ကျား၊ ဇနီးမယားမှတစ်ပါး အခြား ယောင်္ကျားမိန်းမတို့နဲ့ ပေါင်းသင်းဆက်ဆံခြင်းကို မပြုရတာပါ။ မိမိတို့ဇနီးခင်ပွန်းအချင်းချင်း ပေါင်းဖက်ဆက်ဆံလို့ ရပါသေးတယ်။
အဗြဟ္မစရိယသိက္ခာပုဒ်ကတော့ အခြားတစ်ပါးဖြစ်တဲ့မိန်းမယောင်္ကျားများကို မဆိုထားနဲ့၊ မိမိတို့ဇနီးခင်ပွန်း အချင်းချင်း ပေါင်းသင်းဆက်ဆံ ခြင်းကိုတောင်မှ လုံးဝမပြုလုပ်ရ၊ မေထုန်အမှုက လုံးဝရှောင်ကြဉ်ရပါတယ်။ ဒါဟာ ကာမေသုမိစ္ဆာစာရနဲ့အဗြဟ္မစရိယ သိက္ခာပုဒ်နှစ်ခုရဲ့ ထူးခြားချက်ပါပဲ။
ကိုးပါးသီလ
ကိုးပါးသီလဆိုတာ အထက်ကဆိုခဲ့တဲ့ ရှစ်ပါးသီလအပြင် ယထာဗလံ မေတ္တာသဟဂတေနစေတသာ သဗ္ဗာဝန္တံ လောကံ ဖရိတွာ ၀ိဟရာမိ လို့ တစ်ခုထပ်တိုးလိုက်ပါတယ်။ အဓိပ္ပါယ်က “စွမ်းနိုင်သလောက် မေတ္တာစိတ်ဖြင့် သတ္တ၀ါတို့ရှိတဲ့ သတ္တလောကကြီးကို ဖြန့်ပြီးနေပါ့မယ်” လို့ ဆိုပါတယ်။ယခုခေတ်ကာလ အများစောင့်သုံးနေကျတဲ့ ရှစ်ပါးသီလဥပုသ်မှာ မေတ္တာကိုထည့်ရင် ကိုးပါးဖြစ်သွားပါတယ်။ ဒါကိုပဲ န၀င်္ဂဥပုသ် လို့ခေါ်ပါတယ်။ န၀င်္ဂဥပုသ်ကို န၀ကအင်္ဂုတ္ထိုရ်ပါဠိတော်မှာ တိုက်ရိုက်လာပါတယ်။ ဥပုသ်သီလမှာ မေတ္တာထည့်ထားရတဲ့အကြောင်းက ထိုခေတ် က ဥပုသ်သည်တို့ရဲ့ အလိုကျအောင် ထည့်ရခြင်းဖြစ်ဟန်တူပါတယ်။
အမှန်တော့ မေတ္တာဟာ ပါဏာတိပါတစတဲ့သိက္ခာပုဒ်တို့လို သိက္ခာပုဒ်တစ်ခုမဟုတ်ပါ။ ဘာ့ကြောင့်ဆိုရင် ရှစ်ပါးသီလဥပုသ်က တစ်နေ့လုံးရှောင်ကြဉ်နိုင်ပါတယ်။ ဒါပေမဲ့ မေတ္တာနဲ့နေမယ်လို့စောင့်ထိန်းထားတဲ့သူဟာ မေတ္တာနဲ့တစ်နေ့လုံး မနေနိုင်ပါ။ ဒါကြောင့် မေတ္တာဟာ သိက္ခာပုဒ်မဟုတ်ပါ။ မေတ္တာအမွန်းတင်ပြီး စောင့်သုံးတဲ့ဥပုသ်သီလဟာ ရိုးရိုးဥပုသ်ထက် အကျိုးများတဲ့အတွက်ကြောင့် ဘုရားရှင်လက်ထက်က န၀င်္ဂဥပုသ်ကို စောင့်သုံးခဲ့ကြပါတယ်။ (ရတနာ့ဂုဏ်ရည်၊ မဟာဂန္ဓရုံဆရာတော်)

Twitter Delicious Facebook Digg Stumbleupon Favorites More