This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

Saturday, July 18, 2009

ခရီးသွားမှတ်တမ်း (၁၂)

ယခင်က ဘုရင့်နန်းတော်များကို သစ်နဲ့ တည်ဆောက်ကြတဲ့အတွက် ယခုအခါမှာ နန်းတော်အဆောက်အဦးများ မမြင်ရတော့တာ ဖြစ်ပါတယ်။ နန်းတော်ရဲ့ အတွင်းပိုင်းမှာတော့ သူတို့ကိုးကွယ်တဲ့ မိုးနတ်မင်း ကျောင်းတစ်ခုရှိပါတယ်၊ အဲဒါက ကျောက်နဲ့ထုလုပ်ထားတဲ့အတွက် ယခုတိုင် ထင်ရှားရှိနေဆဲ ဖြစ်တယ်။
ဒီလိုနဲ့ နန်းတော်အတွင်းဆက်လေ့လာတဲ့အခါမှာ ရေကန်ကြီးနှစ်ကန်ကို တွေ့ရပါတယ်။ ကန်ကြီးကိုလည်း ကျောက်သား များဖြင့် ပြုလုပ်ထားတာကို အံ့ဖွယ်တွေ့ရပြီး၊ ဒီရေကန်ကြီးနှစ်ခုအနက် ကြီးတဲ့ ရေကန်က မိဖုရားများ ရေချိုးတဲ့ ရေကန်ဖြစ်တယ်။ ရေကန်ရဲ့ အတွင်းနံရံများမှာ မင်းသမီးပုံများ ထွင်းထုထားတာကို တွေ့ရပါတယ်။ ဒုတိယ ရေကန်ကတော့ နန်းတော်အတွင်းက ကလေးများချိုးတဲ့ ရေကန်လို့ သိရပါတယ်။ သို့နှင့် ၁၀း၃၀နာရီခန့်တွင် အန်ကောမြို့ဟောင်းမှ ပြန်ထွက်လာကြပြီး၊ နေ့လည်စာအတွက် siemreap မြို့ထဲသို့ ကားဖြင့် ပြန်လာကြပါတယ်။ မြို့တွင်းမှ ခမာစားသောက်ဆိုင်(Khmeri Resturant) တစ်ဆိုင်မှာ ရပ်နားပါတယ်။ ထိုစဉ် ဆွမ်းအစ်မ မမြင့်မြင့်သန်းဟာ စာရေးသူတို့ နားနေတဲ့ ဆိုင်သို့ ရောက်လာကာ သူမရဲ့သူဌေးက လှူချင်လို့ပါ ဆိုပြီး၊ အဲဒီဆိုင်မှာ နေ့ဆွမ်း ကပ်ပါတယ်။ siemreap မြို့က ခမာလူမျိုးတွေ ချက်တဲ့ဟင်းဟာ ထိုင်းက ဟင်းလိုပါပဲ ၊ အချို နှင့် အစပ်များတဲ့ ဟင်းတွေပါ။

KILLING FIELDS MEMORIAL IN SIEM REAP
သည်လိုနဲ့ ဆွမ်းစားပြီးတဲ့အခါ siem reap မြို့ထဲ မှ ထင်ရှားတဲ့နေရာ တစ်ခုဖြစ်တဲ့ Killing fields Memorial ကို ရောက်ခဲ့ပါတယ်။
Killing fields memorial ရောက်တော့ အနိဋ္ဌာရုံမြင်ကွင်းတစ်ခု မြင်ခဲ့ရပါတယ်။ဲ ခမာနီစစ်တပ်ခေါင်းဆောင် “ပိုပေါ့” ဟာ သူ့ကို အန်တုပုံကန်မည်လို့ ထင်နေတဲ့တိုင်းပြည်အတွင်းက ထူးချွန်သူ ပညာတတ်သူ ခမာလူဦးရေ ၂ သန်းကျော်ကို သတ်ဖြတ်ခဲ့တယ်။ ယခုအချိန်တိုင်အောင် ပိုပေါ့ ရက်စက်ခဲ့တဲ့ မြင်ကွင်းများကို ဓါတ်ပုံမှတ်တမ်းများအရ မြင်ခဲ့ရုံမက အသတ်ခံခဲ့ရတဲ့ ခမာတို့ရဲ့ အရိုးစုများစွာကိုလည်း မြင်ခဲ့ရတယ်။ ထိုပြသထားတဲ့နေရာကို killing fields memorial လို့ ခေါ်ကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်တဲ့ နေရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။
သို့နှင့် Angkor မြို့ဟောင်းထဲသို့ စာရေးသူတို့ တဖန် ပြန်ဝင်ခဲ့ကြပြန်ပါတယ်။
နေ့ခင်းဖက် နာမည်ကြီးနေတဲ့ Angkor wat ကျောင်းကို လေ့လာကြရာ အချိန်အားဖြင့် ၂ နာရီခန့် ကြာမြင့် ပါတယ်။
လေ့လာပြီးတဲ့အခါ ညနေပိုင်း အန်ကောမြို့ဟောင်း တစ်နေရာတွင် တောင်ပေါ်သို့ ဆင်စီးပြီးတက်ရတဲ့ နေရာတစ်နေခု ရှိပါတယ်။ အဲဒီမှာ Mandalay inn ဟော်တယ်ပိုင်ရှင် ဦးမောင်မောင်က လာရောက်စောင့်နေကာ “အရှင်ဘုရား… တောင်ပေါ်ကို ဆင်စီးပြီးတက်ပါဘုရား၊ ဆင်စီးရင် ဘုန်းကြီးတယ်လို့ အဆိုရှိတယ်လေဘုရား” လို့ဆိုကာ ဦးမောင်မောင်က သုံးယောက်စာအတွက် ဒေါ်လာ ၆၀ ပေးဝယ်ကာ စာရေးသူတို့အား ဆင်စီးလက်မှတ် ၃ စောင်ပေးပါတယ်။ တောင်ပေါ်တွင် အန်ကောဝပ်ပုံစံဖြင့် ဆောက်လုပ်ထားတဲ့ ဘုရားကျောင်းတစ်ကျောင်းကို တွေ့ရတယ်။
ရာသီဥတုကောင်းနေရင် တောင်ပေါ်ကနေ နေ၀င်ဆည်းဆာ (sun set) အလှကား ပြောမပြတတ်အောင် လှပလွန်းလှတယ် လို့ ပြောပါတယ်။ ကမ္ဘာလှည့်ခရီးသည်များဟာ ဆည်းဆာအလှကို ကြည့်ဖို့အတွက် ညနေ ၅ နာရီခန့် အချိန်ကိုက်ပြီး ကားကြီးကားငယ်များ ဖြင့် လာရောက်ကြပြီး၊ တောင်ပေါ်သို့ ဆင်နဲ့ဖြစ်စေ၊ ခြေလျင်နဲ့ဖြစ်စေ၊ တက်ကြပါတယ်။ ဒါကြောင့်လည်း တောင်ခြေရင်းမှာ ညနေဆည်းဆာအချိန် ကမ္ဘာလှည့်ခရီးသည်များ ပျားပန်းခတ်မျှ လာကြတဲ့အတွက် ပွဲတော်တမျှ စည်ကားလှပါတယ်။
စာရေးသူတို့ တောင်ပေါ်သို့ တက်တဲ့အချိန်မှာတော့ ကံဆိုးချင်လို့ပဲလား မပြောတတ်၊ မိုးတိမ်များ မှောင်လာကာ မိုးဖွဲလေးများ ကျနေတဲ့ အတွက် မိုးရွှဲကုန်တော့တယ်။ ဒါနဲ့ တောင်ပေါ်ရောက်တယ်ဆိုရင်ပဲ ချေလျင်နဲ့ အမြန်ပြန်ဆင်းလာခဲ့ပါတယ်။
သို့နှင့် ညနေစောင်းမှာ ဦးမောင်မောင်ကားဖြင့် စာရေးသူတို့ သုံးဦး တည်းခိုရာ ဟော်တယ်သို့ ပြန်ရောက်လာခဲ့ကြပါတယ်။ ညဖက်တွင် ဦးမောင်မောင်နဲ့ တည်းခိုရာ အခန်းအတွင်း စကားလက်ဆုံ ပြောဖြစ်ကြပါတယ်။ မနက်ဖန် Border ဖြတ်ကာ ဘန်ကောက်သို့ သွားရမှဖြစ်တဲ့အတွက် သုံးဦးသား အိပ်ယာဝင်ခဲ့ကြပါတော့တယ်။
ကမ္ဘောဒီးယားကြောင်း တစ်စေ့တစ်စောင်း
ကမ္ဘောဒီးယားနိုင်ငံဟာ အရှေ့တောင် အာရှတွင် ပါဝင်ပါတယ်။ လူဦးရေ ၁၃ သန်းခန့် ရှိပြီး၊ မြို့တော်ကတော့ ဖနွမ်းပင် ဖြစ်တယ်။ နိုင်ငံရဲ့ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ထိုင်းနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် လာအို အရှေ့နှင့် အရှေ့တောင်ဘက်တွင် ထိုင်းနိုင်ငံ တို့ ဖြင့် ထိစပ်လျှက် ရှိပါတယ်။
ကမ္ဘောဒီးယားနိင်ငံရဲ့မြို့တော် ဖနွမ်းပင်ဟာ siem reap မြို့လောက် စီးပွားရေး အချက်အချာမကျပါ။ဘာ့ကြောင့်လဲဆို ရင် siem reap မြို့မှာ The world heri tage လို့ တင်စားပြောရလောက်အောင် ရှေးဟောင်း အမွေအနှစ် အထင်ကရ နေရာတစ်ခုဖြစ်တဲ့ Angkok wat အန်ကောဝပ် ဘုရားကျောင်းကြီး ရှိလို့ပါပဲ။ ကျောင်းကြီးရဲ့လက်ရာများဟာ တကယ်လည်းရှားပါးတဲ့ အရှေ့တိုင်း အနုပညာလက်ရာများဖြစ်တယ်။
ထင်ရှားတဲ့ အန်ကောဝပ်ကြောင့် ကမ္ဘာ့လှည့်ခရီးသည်များ မျက်စိကျခဲ့တဲ့ နေရာတစ်ခုဖြစ်သလို ကမ္ဘာ့အံ့ဖွယ်ထဲမှာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ “ကမ္ဘာ့အံ့ဖွယ်ရဲ့ ဘယ်နှစ်ခုမြောက်မှာဆိုတာ မသိပေမယ့် ဘာသာရေးနှင့် ဆက်နွယ်နေတဲ့ အံ့ဖွယ်ဖြစ်တဲ့အတွက် တစ်ခြားခြားသော ကမ္ဘာ့အံ့ဖွယ်တွေနဲ့ နိုင်းယှဉ်လို့ကို မရနိင်ပါဘူး” လို့ ကမ္ဘောဒီးယားသားဖြစ်သူ ‘ပင့်’ရဲ့ ပြောချက်အရ သိရပါတယ်။
ဒါကြောင့်လည်း ၂၀၀၇ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသည်ပေါင်း ၄ သန်းကျော် ဆွဲဆောင်နိုင်ခဲ့တယ်။ ကမ္ဘာလှည့်ခရီးသည်များကြောင့် siem reap မြို့ဟာ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းများဖြင့် စီးပွားရေး အချက်အချာကျတဲ့ မြို့တစ်မြို့ပါ။ ဒါပေမယ့် ယခုအခါမှာ ကမ္ဘာ့စီးပွားရေးကျဆင်းနေတဲ့အတွက် ကမ္ဘာလှည့်ခရီးသည်များ သွားလာမှု နည်းပါးလာကာ တစ်ချို့ဟော်တယ်တွေဆိုရင် ပိတ်ထားရတဲ့ အဆင့်အထိ ရောက်ခဲ့ တယ်လို့ Mandalay inn ဟော်တယ်ပိုင်ရှင် ဦးမောင်မောင်က ပြောပြပါတယ်။
အန်ကော ဆိုတဲ့ ခမာတို့ရဲ့ တိုင်းပြည်လေးဟာ တစ်ချိန်က လျမ်းလျမ်းတောက် တန်ခိုးကြီးထွားခဲ့ပါတယ်။ ဗီယက်နာမ်နိုင်ငံမှသည် မြန်မာနိုင်ငံအထိ အာဏာစက် ပျံ့နှံ့ခဲ့ဖူးပါတယ်။ မြန်မာနှင့် ကမ္ဘောဒီးယားနှစ်နိုင်ငံဟာ ဝေးကွာကြပေမယ့် ယဉ်ကျေးမှုခြင်း အလွန်နီးစပ်ပါတယ်။ မြန်မာယဉ်ကျေးမှုဟာ မွန်ခမာများဆီက ရခဲ့တယ်လို့ သမိုင်းက ဆိုပါတယ်။
တစ်ချို့သမိုင်းဆရာတို့က မြန်မာယဉ်ကျေးမှုဟာ ထိုင်းနိုင်ငံက ဆင်းသက်လာခဲ့တယ်လို့လည်း ပြောကြပြန်တယ်။ ဖြစ်ပုံမှာ အနော်ရထာမင်း မတိုင်ခင်က မြန်မာနိုင်ငံဟာ ယဉ်ကျေးမှု အလွန်နိမ့်ကျနေပါတယ်။ နောက် အနော်ရထာမင်းစောက မွန်လူမျိုးတို့ရဲ့ တိုင်းပြည် သထုံကို သိမ်းပိုက်ပြီး နောက်ပိုင်းမှ မြန်မာနိုင်ငံယဉ်ကျေးမှု ပိုမို အဆင့်အတန်း မြင့်ကာ ထွန်းကားလာခဲ့ပါတယ်။ ထိုစဉ်က မွန်လူမျိုးတို့ရဲ့ တိုင်းပြည်ဟာ ထိုင်းနိုင်ငံအတွင်းမှာ ရှိတယ်လို့ ယူဆကြပါတယ်။ မွန်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုဟာ ခမာတို့ရဲ့ ယဉ်ကျေးမှုပင် ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနဲ့ ကမ္ဘောဒီးယားဟာ တနည်းနည်းဖြင့် ဆက်သွယ်နေတာအမှန်ပင် ဖြစ်ပါတယ်။
ထိုဆက်သွယ်မှုကို သက်သေခံနိုင်တဲ့ အရာတစ်ခု ပုဂံပြည်မှာယခုတိုင်ရှိပါတယ်။ အဲဒါက ဘုရားကျောင်းတစ်ခုပါပဲ။ ဒီဘုရားကျောင်းကို သထုံနန်းကျဘုရင် မနူဟာမင်းက တည်ခဲ့တာဖြစ်ပြီး၊ယခုအခါ “နန်းဘုရားကျောင်း”လို့ ခေါ်တွင်ပါတယ်။ အုတ်ကျောက်တို့ဖြင့် တည်ဆောက်ထားပြီး ကျောက်ဆစ်လက်ရာများကတော့ အန်ကောဝပ် နဲ့ တစ်ထပ်တည်း တူညီနေတာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ကမ္ဘောဒီးယားတို့ ဆက်သွယ်မှု တစ်ခုရှိပါသေးတယ်။
အဲဒါက မြန်မာတို့ရဲ့ ဗျည်းမှာ ‘က’ မှစကာ ‘အ’ မှာ ဆုံးပါတယ်။ ကမ္ဘောဒီးယားတို့ရဲ့ ဗျည်းကတော့ ‘အ’ မှစကာ ‘က’မှာဆုံးပါတယ်။ အံ့သြစရာတစ်ခုပါပဲ။
အန်ကောဝပ်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဘုရားကျောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကျောင်းကြီးရဲ့ အမြင့်မှာ ၆၅ မီတာ ရှိပါတယ်။ အန်ကောဝပ်ကြီးရဲ့ ပတ်လည်တွင် ကျူံးများ ရှိနေပါတယ်။ ယခုအခါ ထိုကျုံးများမှာ ကြည်လင်တဲ့ ရေများဖြင့် အန်ကောဝပ်ကျောင်းကြီးကို လှပအောင် တန်ဆာဆင်ထားသလို ဖြစ်နေပါတော့တယ်။ အန်ကောဝပ် ဘုရားကျောင်းပတ်လည် ကျုံးများဟာ မန္တလေးနန်းတော်အပြင်က ကျုံးနဲ့စာရင် ငယ်ပါတယ်။
၂၈.၅.၂၀၀၉
ဒီနေ့မနက်စောစောထကာ siem reap မှ Border သို့ သွားမည့် ကားဖြင့် လာခဲ့ကြပါတယ်။ကားခက တစ်ယောက်လျှင် ၉ ဒေါ်လာပေးရပါတယ်။ နေ့လည် ၁၁ နာရီမှာ Border သို့ ရောက်ပါတယ်။ အဲဒီမှာ ကမ္ဘောဒီးယားနယ်စပ်က အထွက် immigration မှာ arrival & Departure ၀ိုက်ကပ်မှာ ဖြည့်စရာများ ဖြည့်ကာ ထိုင်းနိုင်ငံဖက်လာခဲ့ရပါတယ်။ အဲဒီထိုင်းနိုင်ငံ ဖက်မှာလည်း arrival & Departure ၀ိုက်ကပ်များကို ဖြည့်ရပြန်ပါတယ်။ အချိန်က တစ်နာရီကုန်သွားသဖြင့် ၁၂ နာရီထိုးကာ စာရေးသူတို့ နေ့ဆွမ်း ငတ်ခဲ့ရပါတယ်။ နယ်စပ်ဂိတ် (Border) တွင် ရဟန်း မစားရသော ဆွမ်းတစ်နပ် ဖြစ်ခဲ့ရပါတယ် ဆိုတာ ပြောရင်း ခရီးသွားမှတ်တမ်းကို အဆုံးသတ်လိုက်ရပါတယ်။ ။

Tuesday, July 7, 2009

ခရီးသွားမှတ်တမ်း(၁၁)

အန်ကောဝပ် ဓါတ်ပုံများ ဒီနေရာမှာ ကလစ်ပြီးကြည့်နိုင်ပါတယ်။
“အခုအချိန် မှာ တပည့်တော်ရဲ့ အဖေအမေ နှစ်ပါးစလုံး မရှိတော့ဘူးဘုရား… တပည့်တော် အခုလို ပြည်ပမှာ အလုပ်လုပ်ဖြစ်နေတာ ဟာ တပည့်တော် ချမ်းသာချင်လို့ မဟုတ်ပါဘူးဘုရား၊ တပည့်တော်ဘ၀ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပါတယ်။ တပည့်တော် အခု အလုပ်တွေ လုပ်ပြီး အဖေအမေတွေကို ကျွေးချင်တယ်၊မွေးချင်တယ်၊ ဒါပေမဲ့ ကျွေးမွေးခွင့်မရတော့ဘူးဘုရား….ဒါဟာ တပည့်တော်မအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါပဲဘုရား…… တပည့်တော်လည်း ဒီ siemreap မှာ အမြဲတမ်းနေသွားဖို့ စိတ်မကူးပါဘူး။ တပည့်တော်အသက်က အခုဆို လေးဆယ်ထဲ ရောက်နေပြီ ဒီထက်အသက်ကြီးလာတဲ့အခါ မြန်မာပြည်မှာ အကျိုးပြုလုပ်ငန်းတစ်ခုခု လုပ်ချင်ပါတယ် ၊ တပည့်တော် ရှာဖွေထားတဲ့ ပစ္စည်းတွေကို မိဘမဲ့ကလေးတွေအတွက် မြုပ်နှံချင်ပါတယ်၊ တပည့်တော်ကိုယ်တိုင်ကလည်း ဒီကလေးတွေကို လောကီပညာ သင်ပေးချင်ပါတယ် ဘုရား” လို့ သူ့ရဲ့ရှေ့လျှောက် အကောင်အထည်ဖေါ်မယ့် ခရီးလမ်းကြောင်းကို ပြောပါတယ်။
သူမစကားကြားရသောအခါ စိတ်ထားမွန်မြတ်လိုက်လေခြင်း၊ အနာဂါတ်အတွက် လုပ်ရမယ့်အလုပ်ကို မွန်မြတ်စွာ ရွေးချယ်တတ်လေခြင်း ဆိုပြီး သူမအား စိတ်ထဲက ချီးကျူးမိပါတော့တယ်။

ဒါကြောင့်လည်း သူမအတွက် ပစ္စည်းသုံးစွဲနည်းကို ဘုရားဟောတော်မူထားတဲ့အတိုင်း ပြောပေးချင်တဲ့အတွက် ဖေါ်ပြလိုက်ပါတယ်။
ရှာဖွေလို့ ရတဲ့ပစ္စည်းကို လေးပုံပုံရမယ်၊ တစ်ပုံက အရေးပေါ်ရင်သုံးဖို့ စုထားရမယ်၊ တစ်ပုံက လှူဒါန်းတာနဲ့စားဝတ်နေရေးမှာ သုံးပါ။ နှစ်ပုံက ရင်းနှီးမြုပ်နှံရမယ် လို့ ဘုရားရှင် ဟောကြားတော်မူခဲ့ပါတယ်။ ဒီအတိုင်း ကျင့်သုံးရင် အဆင်ပြေပါလိမ့်မယ် လို့ စေတနာဖြင့် ပြောလိုက်ပါရစေ…..။
အနာဂါတ်မျိုးဆက်သစ် ကလေးငယ်များအတွက် ထောက်ပံ့ချင်တယ်ဆိုတဲ့ အတွေးလေးက အလွန်ကောင်းတဲ့ မွန်မြတ်တဲ့ အတွေးဖြစ်သလို တကယ်လုပ်နိင်ရင်တော့ အကောင်းဆုံးပါပဲ၊ ဒါကြောင့်လည်း အကောင်အထည်ဖေါ်နိုင်ပါစေလို့လည်း ပြောလိုပါတယ်။
မမြင့်မြင့်သန်း က သူ့ရဲ့ ဘ၀ခံစားချက်များကို စာရေးသူတို့အား ကားစီးရင်း ပြောပြပါတယ်။ မိမိဘ၀အောင်မြင်တိုးတက်ပြီး ငြိမ်းချမ်းတဲ့ ဘ၀ကို လိုလားတဲ့ မြန်မာအမျိုးသမီးလေး မမြင့်မြင့်သန်း လိုရာဆန္ဒများ ပြည့်ဝပါစေကြောင်း စိတ်ထဲက မေတ္တာပို့ ဆုတောင်းပေး လိုက်ပါတော့တယ်။
Siemreap ,Mandalay inn Hotel ပိုင်ရှင် ဦးမောင်မောင်၏ စေတနာ
SEIMREAP မြို့တွင်း တစ်နေရာမှာ အင်တာနက်ကနေ ကြိုတင် contact လုပ်ထားတဲ့ Mandalay inn hotel မှာ တည်းခိုကြပါတယ်။ ညနေခင်းမှာ မြို့တွင်း နာမည်ကြီး old mark ဆိုတဲ့ ဈေးကြီးကို သွားရောက်လည်ပတ်ကြပါတယ်။ လက်ဆောင် ပေးဖို့အတွက် သော့တွဲလေးတွေ ၀ယ်ခဲ့တယ်၊ တည်းခိုတဲ့နေရာ ပြန်မယ်လုပ်တော့ မိုးရွာချနေတဲ့အတွက် တုတ်တုတ်လေးကို ၁ ဒေါ်လာပေးပြီး စီးခဲ့တယ်။
ညဦးအချိန်မှာ Mandalayinn hotel မှ ပိုင်ရှင်ဖြစ်သူ ဦးမောင်မောင်က စာရေးသူတို့ထံ လာရောက်တွေ့ဆုံကာ စကားပြောဖြစ်တယ်။ ကမ္ဘောဒီးယားရဲ့ ဘာသာရေးအခြေအနေလည်း မေးဖြစ်တယ်။
စာရေးသူ “ ဒကာမောင်မောင် အိမ်သားက မြန်မာပဲလား”
မောင်မောင် “တပည့်တော်အိမ်သားက ကမ္ဘောဒီးယားသူပါဘုရား”
စာရေးသူ “ ကမ္ဘောဒီးယားမှာ ဗုဒ္ဓဘာသာရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
မောင်မောင် “ပြောရင်တော့ တပည့်တော်တို့ နေတဲ့ siem reap မြို့မှာ ဘာသာရေးက အလွန် (weak)ဖြစ်တယ်ဘုရား”
ဦးမောင်မောင် ပြောလို့သာ ဘာသာရေးအားနည်းတယ်လို့ သိရတာပါ။ ဒါကြောင့် ဘာသာရေး တိုးတက်စေရန် ဘယ်ပုံ ပြုလုပ်ရမည်ကို လည်း အကြံပြုခဲ့တယ်။ ကမ္ဘောဒီးယားတွင် အနာဂါတ်မျိုးဆက်သစ်များဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် ကလေးများအား ဗုဒ္ဓယဉ်ကျေးမှုများ ဖြန့်ဝေ ပေးဖို့နှင့် ပဋိပတ္တိပိုင်းမှာလည်း ကျွမ်းကျင်တဲ့ ဆရာတော်များကို ပင့်ဆောင်ပြီး ဆောင်ရွက်ကြဖို့ကိုပါ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
ဦးမောင်မောင်ဟာ အီရက်ထရောနစ်ပစ္စည်းကို အလွန် ၀ါသနာပါသူမို့ စာရေးသူတို့နဲ့ ၀ါသနာတူပါ။ ပြီးတော့ သူကလည်း မြန်မာများနဲ့ စကားမပြောရတာ ကြာ၍လောမသိ ပြောမဆုံးပေါင် တောသုံးတောင် ပါပဲ။ သူ့မှာအသင့်ပါလာတဲ့ memorystick(4G)တစ်ခုကို “အရှင်ဘုရားအတွက် လိုအပ်မှာပါ” ဟုဆိုကာ စာရေးသူအား လှူလိုက်ပါတယ်။ ပြီးတော့ “မနက်ဖန် အရှင်ဘုရားများ အန်ကောဝပ်သွားတဲ့အခါ သုံးဖို့ ဟု ဆိုကာ စာအိပ်ဖြင့် အလှူငွေ (ဒေါ်လာ ၁၀၀ )ကို လည်း လှူဒါန်း တဲ့အပြင် အရုဏ်ဆွမ်း ကိုလည်း လှူဒါန်းပါတယ် ၊ မနက်ဖန် အန်ကောဝပ် သွားလည်တဲ့အခါ တောင်ပေါ်ကနေ SUN SET နေ၀င်ဆည်းဆာ အလှကို မြင်ဖို့အတွက် ဆင်စီးပြီး တောင်ပေါ်တက်ရပါတယ်၊ ဆင်ကိစ္စကိုလည်း သူပဲ စီစဉ်ပါ့မယ် ၊ ညနေကျရင် ဆင်စီးတဲ့ နေရာမှ သူ စောင့်နေပါ့မယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ စကားများ ဖေါင်ဖွဲ့ အောင် ပြောဆိုကြပြီး ည ၁၁ နာရီခန့်မှာ အိပ်ရာဝင်ခဲ့ကြတယ်။

Angkor မြို့ဟောင်းကြီး
27.5.2009
စာရေးသူကတော့ ထုံးစံအတိုင်း မနက် ၄း၃၀ နာရီမှာ အိပ်ရာမှထပြီး ကွန်ပျူတာဖွင့်ကာ လာခဲ့တဲ့ ခရီးလမ်း အတွေ့အကြုံများ ကို အိတ်သွန်ဖာမှောက်ရေးရင်း မိုးစင်စင်လင်းပါတော့တယ်။
နံနက် ၇နာရီ ထိုးတယ်ဆိုရင်ပဲ မမြင့်မြင့်သန်း ရောက်ရှိလာကာ အန်ကောဝပ်ကို လျှောက်လည်ဖို့အတွက် Guide တစ်ယောက်နဲ့ ကားတစ်စီးပါ ရောက်နေပြီဖြစ်ကြောင်း ပြောလာပါတယ်။ သို့နှင့်
ဟော်တယ်အောက်ထပ်ရှိ Restaurant မှာ နံနက်စာ စားပြီးနောက် အန်ကောဝပ်ကို သွားရောက် လည်ပတ်ကြပါတယ်။
Angkor wat
အန်ကောဝပ်မှာ လေ့လာဖို့အတွက် ပါလာတဲ့ guide လေးရဲ့ နာမည်က Pie ‘ပင့်’ လို့ ခေါ်တယ်။ မြန်မာလိုက စိန်လို့ အမည်ရပါသတဲ့။ အန်ကောဝပ်တွင် Gide မရှိလျှင် သွားလာ ဖို့ မလွယ်ပါ။ တစ်ချို့ကတော့ အချိန်ယူပြီးစာအုပ်ဖတ်ကာ Gide မပါဘဲ သွားကြသူတွေလည်း ရှိပါတယ်။ စာရေးသူတို့ကတော့ စာဖတ်ချိန်မရတဲ့အတွက် Gide တစ်ယောက်လိုတယ် ဆိုတဲ့အကြောင်းကို siem reap မှ မမြင့်မြင့်သန်းအား မှာကြားခဲ့ပါတယ်။
သို့နှင့် Gide အတွက် တစ်နေ့လျှင် ဒေါ်လာ ၂၀ ပေးရပါတယ်၊ သွားလာဖို့ ကားကိုတော့ တစ်နေ့လုံးအတွက် ငှားရန်းခ ဒေါ်လာ ၂၀ ပေးရပါတယ်။ Angkor ကိုရောက်တယ်ဆိုရင်ပဲ ဂိတ် ၀င်ကြေး တစ်ယောက်ကို ဒေါ်လာ(၂၀)ပေးရပါတယ်။ အန်ကောမြို့ဟောင်းထဲ သို့ ကားနဲ့ဝင်လာတဲ့အခါ တစ်ချို့ချို့နေရာတွေမှာ လက်မှတ်စစ်ကြတဲ့အတွက် ဒေါ်လ (၂၀)တန်လက်မှတ် ထုတ်ပြရပါတယ်။
Angkor ဆိုတာက ယခင်မြို့ဟောင်းရဲ့ နာမည်ပါ။ အဲဒီမြို့ဟောင်းအတွင်းမှာ ဘုရားကျောင်းကြီးရှိပါတယ်၊ အဲဒီဘုရားကျောင်းကြီးကိုမှ angkorwat လို့ ခေါ်တာပါ။ angkor မြို့ဟောင်းမှာ ဘုရင့်နန်းတော်ဟောင်းကြီး ရှိတယ်။ angkor မြို့ဟောင်းရဲ့ area ဟာ ၉ ကီလိုမီတာရှိတယ်လို့ပြောပါတယ်။

Byon နတ်ဘုရားကျောင်း
ပထမဦးစွာ Byong ဆိုတဲ့ နတ်ဘုရားကျောင်းကြီးကို ရောက်ရှိပါတယ်။ Byong နတ်ဘုရားကျောင်းဟာ အလွန်အံ့သြစရာကောင်းပါတယ်၊ ကျောက်တုံးများကို အင်္ဂတေလုံးဝမပါဘဲ တစ်တုံးအပေါ် တစ်တုံးဆင့်ပြီးတင်ထားတယ်၊ ဒီလို ကျောက်တုန်းတွေ တစ်တုံးပြီးတစ်တုံးဆင့်တင်တဲ့နေရာမှာ တစ်ခုနဲ့ တစ်ခုကို အစပ်ခြင်း စေ့နေဖို့လိုတယ်၊ အဲဒီအတွက် ကျောက်တုံး ရဲ့မျက်နှာပြင်များကို ညီအောင် လုပ်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး၊ အမိုးကိုတော့ အစောင်းတစ်ဖက်ဖြတ်ထားတဲ့ ကျောက်တုံးများဖြင့် တစ်တုံးပေါ် တစ်တုံးဆင့်ပြီးတက်ထားတယ်၊ ယခုတိုင်ပြိုလဲတာ သိပ်မတွေ့ရပါဘူး၊ ထိုအဆောက်အဦးပေါ်မှာ သစ်ပင်များ ပေါက်ရောက်နေတဲ့အတွက် အနည်းငယ် ပျက်စီးနေတာ မြင်ရပါတယ်။ အံ့သြစရာကောင်းတဲ့ ကမ္ဘာ့အံ့ဖွယ်ထဲမှာ အန်ကောဝပ်လည်း တစ်ခုအပါအ၀င်ပေါ့။
အန်ကောမြို့ဟောင်းထဲက တစ်ချို့ယိုယွင်းနေတဲ့ အဆောက်အဦများကို မပြုမပြင်ဘဲ၊ မပျက်စီးအောင် ကာကွယ်ထားကြတာကို တွေ့ရပါတယ်။ ဒီလိုကာကွယ်ရုံ ကာကွယ်ထားတာက ရှေးဟောင်းအမွေအနှစ် အစစ်အမှန်များအဖြစ် တည်ရှိနေအောင်လို့ပဲဖြစ်တယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီးသည်များ သန်းချီပြီး လာရောက်ကြတာကို သိခဲ့ရပါတယ်။
Byong နတ်ဘုရားကျောင်းကြီးဟာ ဟိန္ဒူ တွေပဲ ဦးစီးလုပ်ဆောင်ကြတယ် လို့သိရပါတယ်။ ဒါကြောင့်လည်း Byoug နတ်ဘုရားကျောင်းကြီးမှာ ဟိန္ဒူ အငွေ့အသက်တွေ အများကြီး ကျန်ခဲ့တယ်။ အချို့နေရာတွေမှာဆိုရင် ဟိန္ဒူ သျှီဝနတ်ဘုရားရဲ့ လိင်ပုံသဏ္ဍာန်များကို များစွာတွေ့ရသလို ဟိန္ဒူနတ်ဘုရားရုပ်တုများကိုလည်း မြင်ခဲ့ရတယ်။ ရှင်းရှင်းပြောရင်တော့ ဒီနတ်ဘုရားကျောင်းကြီးဟာ ဟိန္ဒူနတ်ဘုရားကျောင်းကြီး တစ်ခုပါ။ ဒါပေမဲ့ တစ်ချို့နေရာတွေမှာတော့ ဗုဒ္ဓဘုရားရှင်ရဲ့ မျက်နှာတော်ပုံများကို သေသပ်စွာ ထွင်းထုထားပါတယ်။ ဘုရားမျက်နှာတော်ပုံ ထွင်းထုထားတဲ့ ဗိသုကာလက်ရာများဟာ အများအားဖြင့် 3D ပုံစံများ ဖြစ်နေတာကို တွေ့မြင်ရပါတယ်။
ဒါကြောင့်ပဲလားမသိ၊ Siem Reap Angkor Visitors Guide မှာ ဒီ byong ရဲ့ Religion က Buddhism လို့ ရေးထားပါတယ်။ patrom ဘုရင် ဂျာယာဝမန် (၇) လက်ထက် (၁၃)ရာစု စောစောပိုင်းလောက်မှာ byong temple ကို တည်ဆောက်ပြီးစီး ခဲ့တယ်လို့ ဆိုပါတယ်။
အန်ကောမြို့ဟောင်းအတွင်းက သမုတ်သိမ်
သို့နှင့် အံ့သြဖွယ်ရာ တည်ဆောက်ထားတဲ့ နတ်ဘုရားကျောင်းကို လေ့လာပြီးတဲ့အခါ သမုတ်သိမ်တစ်ခုသို့ ရောက်သွားပါတယ်။ အဲဒီသမုတ်သိမ်ရဲ့ ကျောက်ဆစ်ပုံများဟာ ပုဂံခေတ်က လက်ရာနဲ့ အဆင်တူနေပါတယ်။ ဒါ့အပြင် သိမ်နိမိတ်တိုင်များက ကျောက်ပြား နိမိတ်တိုင်များဖြစ်ပြီး၊ ထိုနိမိတ်တိုင်များအနက် တစ်ခုမှာ မြန်မာလို ရေးထားတဲ့ ကမ္ဗည်းကျောက်တစ်ချပ် တွေ့ခဲ့တယ်၊ စာလုံးတွေက မထင်ရှားတော့ပါ၊ ရေးထားတဲ့အထဲက (တပေါင်းလဆန်း ၁၇ ရက်) ဆိုတာလေးကိုတော့ ထင်ထင်ရှားရှားမြင်ရပါတယ်။ မြန်မာစာနဲ့ ရေးထားတဲ့ ကာယကံရှင်ဟာ ဒီသမုတ်သိမ်ကို ပြန်ပြုပြင်တဲ့သူလည်း ဖြစ်ချင်ဖြစ်မယ်၊ ဒီနေရာကို ရောက်လို့ ရေးခဲ့တာလည်း ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘာဘဲဖြစ်ဖြစ် ဒီလိုနေရာမျိုးမှာ စာရေးသူတို့ရဲ့ မြန်မာစာနဲ့ လက်ရာတစ်ခုကို တွေ့ရတာဟာ စိတ်ထဲ ပီတိဖြစ်မိတာတော့ အမှန်ပါပဲ။
သိမ်သမုတ်အတွင်း ထိုင်တော်မူဘုရားကြီးဆိုရင်လည်း ဥာဏ်တော် ဘယ်လောက်ရှိတယ်ဆိုတာ မသိပေမယ့် အနည်းဆုံး ပေ၃၀ အထက်မှာ ရှိတယ်လို့ ယူဆရပါတယ်။ ဒီသမုတ်သိမ်ကြီးဟာ မြန်မာ့တို့ရဲ့ ပုဂံခေတ် လက်ရာများ ဖြစ်နိင်တယ်လို့ ယူဆရတဲ့အပြင် တစ်ချိန်က ဒီနေရာကို ဘုရင့်နောင် ရောက်ခဲ့တယ်လို့ ဂိုက်လေးရဲ့ပြောစကားအရ သိခဲ့ရတယ်။ သမုတ် သိမ်ကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၆၀၀ ခန့်က တည်ဆောက်ခဲ့တယ် လို့ ပြောပါတယ်။
ခမာတို့ရဲ့ ဘုရင့်နန်းတော်
ဒီလိုနဲ့ သမုတ်သိမ်ကို လေ့လာပြီးတဲ့နောက် ဘုရင့်နန်းတော်ကြီးကို ရောက်ပါတယ်။ နန်းတော်ရဲ့မျက်နှာစာဟာ အလွန်ကျယ်ဝန်းပြီး ရှည်လျားလှပါတယ်။ နန်းတော်ကြီးရဲ့ အရှေ့မျက်နှာစာမှာ ဗိုလ်ရှုခံ တစ်ခုရှိပြီး၊ တံတိုင်းရဲ့ အရှေ့နံရံတွေမှာ ဆင်ပုံများ ကို ထွင်းထုထားတာ တွေ့ရပါတယ်။
ယခင်က ထိုဗိုလ်ရှုခံနေရာမှာ ကိစ္စမျိုးစုံကြောင့် တိုင်းတစ်ပါးက ရောက်လာတဲ့ သူတွေဆိုရင် ဒီဗိုလ်ရှုခံကနေတဆင့် ဘုရင်ထံကို အခစား ၀င်ကြရတယ်၊ မျက်နှာစာရဲ့ ညာဖက်မှာတော့ ကြာပွင့်ပုံသဏ္ဍာန်ကြီးတစ်ခုရှိုပြီး၊ ၄င်းနေရာဟာ ဘုရင်များ နတ်ရွာစံရင် မီးသဂြိုလ်တဲ့ နေရာ ဖြစ်ပါသတဲ့။ တဖက်မှာလည်း ဒူးထောက်ထိုင်နေပုံ ထုလုပ်ထားတဲ့ ယာမမင်းနတ်ရုပ်တု တစ်ခုရှိပြီး ယခုတိုင် အမွှေးတိုင်တို့ဖြင့် ပူဇော်ထားဆဲ ပါ။ ဒါတင်မက Siemreap မြို့ထဲက တစ်ချို့နေရာတွေမှာလည်း ယာမမင်းရုပ်တုကို အဆောက်အဦနှင့်ကျကျနနထားပြီး ယခုတိုင် ပူဇော်ထားတာကို တွေ့ရပါတယ်။ ဒါဟာ ဟိန္ဒူတို့ရဲ့ အငွေ့အသက်တွေလို့ ဆိုရမှာပါ။ (ဆက်လက်ရေးသားပါဦးမည်)

Thursday, July 2, 2009

ခရီးသွားမှတ်တမ်း(၁၀)

ပီရန်ကျင်းမြို့ဟာ ရန်ကုန်နဲ့ယှဉ်ကြည့်ရင် သိပ်မကွာလှပါဘူး။ သို့သော် မြန်မာနိုင်ငံမှာ မော်တော်ကား အသစ်စက်စက် တွေကို တော်ရုံနဲ့ မသုံးနိုင်ကြပေမယ့် Vientain မြို့မှာတော့ ကားအသစ်စက်စက်များကို အတော်များများ သုံးနိုင်ကြတာကို တွေ့ရတယ်။ဆက်သွယ်ရေးပိုင်းဆိုရင်လည်း တောရွာအနံ့ ဟန်းဖုန်းလေးတွေ ကိုယ်စီရှိတဲ့အပြင်၊ ဟန်းဖုန်းများ ရောင်းချနေတဲ့ ဆိုင်များကိုလည်း ကျေးလက်ဒေသမှာ တွေ့မြင်ခဲ့ရတယ်။ လျှပ်စစ်မီးဆိုရင်လည်း ၂၄ နာရီ ဘယ်အချိန်ကြည့်ကြည့် မီးလင်းနေတယ်လေ။
Vientain ပီရန်ကျင်းမြို့ဟာ မဲခေါင်မြစ်ရဲ့ မြစ်ကမ်းပေါ်မှာတည်ရှိနေတယ်။
မဲခေါင်တဖက်ကမ်း မှာဆိုရင်တော့ ထိုင်းနယ်ထဲရောက်သွားပါပြီ။ ဒါ့ကြောင့်လည်း စာရေးသူတို့မှာပါလာတဲ့ ထိုင်း GSM ဖုန်းများ conection ရနေပါတော့တယ်။ မဲခေါင်မြစ်ကမ်းနံဘေးမှာဆိုရင်တော့ ပိုပြီး conection ရရှိနေပြီး၊ မြို့ထဲရောက်သွားလို့ကတော့ conection မရတော့ပါ။ စာရေးသူတို့လည်း အမိမြန်မာပြည်နှင့် အဆက်အသွယ်ပြတ်တောက်နေတာကြာပြီဖြစ်တဲ့အတွက် မဲခေါင်မြစ်ကမ်းနားကို လမ်းလျှောက်လာရင်း အလွမ်းပြေ ဖုန်းပြောကြရပါတယ်။ ဒါလည်း ပြည်ပကို ခေတ္တရောက်နေသူတို့အတွက် အရသာတစ်မျိုးပဲပေါ့။

SISAKET MUSEUM
(Vientain)ပီရန်ကျင်းမြို့မှာ သတိထားမိတာကတော့ ကျောင်းတိုက်အတော်များများမှာ ရှေးဟောင်းလက်ရာများ ရှေးမူမပျက်ရှိတဲ့အပြင် Museum ပြတိုက်အဖြစ် ထားရှိတာ တွေ့ရတယ်။ စာရေးသူတို့ တည်းခိုတဲ့ SISAKET ကျောင်းမှာလည်း (SISAKET MUSEUM) စီစကက်ပြတိုက်အဖြစ် အသုံးပြုထားတာ တွေ့ရတယ်။ ထိုစိစကက်ကျောင်းကို (Anouvong) အန်နိုယူဘော်ဘုရင်ရဲ့ တစ်ဦးတည်းအုပ်ချူပ်သည့်ကာလ၊ ၁၈၁၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့တယ်လို့ဆိုပါတယ်။ ယခုအချိန်အထိ SISAKET ဟာ နှစ်ပေါင်း (၁၉၂)နှစ် ကြာခဲ့ပြီဖြစ်တယ်။ ယခင် ဘုရားကျောင်းဆောင်အနေဖြင့် တည်ရှိခဲ့ရာက ယခုမှာ နိုင်ငံခြားဝင်ငွေရအောင် ရှေးပြတိုက်အဖြစ် အသုံးပြုထားတာ တွေ့ရပါတယ်။
SISAKET MUSEUM ထဲမှာ မြန်မာလက်ရာနဲ့ ဆင်တူတဲ့ ဆင်းတုတော်တစ်ဆူကို မေးမြန်းကြည့်ရာ မြန်မာနိုင်ငံမှ ဆင်းတုတော်ဖြစ်ကြောင်း လာအို ဦးဇင်းလေးတစ်ပါး ပြောပြချက်အရ သိရပါတယ်၊ ဒီအထဲမှာ ထိုင်းကယူဆောင်လာတဲ့ ရှေးဟောင်း ဆင်းတုတော် အရေအတွက် လေးရာကျော်အထက်မှာ ရှိတယ်လို့ သိရတယ်။
ဒါဟာ နိုင်ငံခြားသားတွေအတွက် မျက်စိကျစရာ တစ်ခုပါ။ ထို့အတူပဲ မြန်မာနိုင်ငံမှာလည်း သမိုင်းအထောက်အထားပြည့်စုံတဲ့ ရှေးလက်ရာတွေကို ရှေးမူ မပျက်စေဘဲ ဒီအတိုင်းထားနိုင်မယ်ဆိုပါက လာအိုနိင်ငံမှာလိုပဲ The world heri tage city တစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ တွေးမိပါတယ်။
ပီရန်ကျင်းမြို့မှ ဘာသာရေးအခြေအနေ
လာအိုနိုင်ငံမှာ လူဦးရေ ၆ သန်းရှိပြီး ရဟန်းသံဃာတော်များက ၅၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ သံဃာဂိုဏ်းကြီး ကိုးဂိုဏ်းထက်မနည်း ရှိနေပေမယ့် လာအိုနိင်ငံမှာတော့ သံဃာဂိုဏ်းကြီးတစ်ဂိုဏ်းထဲသာရှိပြီး သံဃာ့အစည်းအဝေးဆိုရင်လည်း လာအိုသံဃာအားလုံး တစ်စုတစ်ဝေးတည်း စည်းဝေးကြတယ်လို့ SISAKET စိစကက် အမည်ရှိ လာအိုဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးရဲ့ ပြောပြချက်အရသိရပါတယ်။ သံဃာတော်များ ပညာသင်ဖို့အတွက် တက္ကသိုလ်အဆင့်မရှိသေး၊ ကော့လိပ်အဆင့်သာရှိသေးတယ်လို့ သိရပါတယ်။ တစ်ချို့ ရဟန်းတော်များက အိန္ဒိယ ပညာသင်သွားကြပြီး B A , M A (Buddhism)ဘွဲ့ရရှိကြတဲ့ ရဟန်းတော်များလည်း ရှိကြပါတယ်။

SIEMREAP,CAMBODIA
၂၆.၅.၂၀၀၉
နံနက် မှာ လေယာဉ်ကွင်းထွက်ရမှာမို့ အစောကြီး အိပ်ရာဝင်ခဲ့သော်လည်း တစ်ညလုံး အိပ်မပျော်ခဲ့ပါ၊ ဘာ့ကြောင့်လဲဆိုရင် အလွန်ရောက်ချင်နေတဲ့ Angkor wat ကို မနက်ဖန်မှာ ရောက်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့်လည်းပါပါတယ်။
သို့နှင့်နံနက် ၅း၃၀ နာရီမှာ တုတ်တုတ်လေးဖြစ် Vientain Airpaort သို့ ထွက်ခွာခဲ့ကြပါတယ်။ နံနက်ဆွမ်း ကိုတော့ လေယာဉ်ကွင်းမှာပဲ သုံးဆောင်ကြပါတယ်။ အဲဒီလိုနဲ့စာရေးသူတို့ Lao Air line ဖော်ကာလေယာဉ်နဲ့ နံနက် ၆း၃၀နာရီမှာ စတင်ပျံသန်းပါတယ်။ တစ်နာရီခန့်ကြာသောအခါ PAKSE ပါ့ခ်စီ ဆိုတဲ့မြို့ကို ဆင်းသက်ပါတယ်။ စာရေးသူတို့က ထရန်စစ်နဲ့ လာတာဆိုတော့ ပါခ့်စီမြို့ လေဆိပ်အဆောက်အဦထဲ အရင်ဝင်ပြီး ထရန်စစ်အတွက် Check in လုပ်ရပါတယ်။ ပြီးတော့ ပါ့စ်ပို့မှာ လာအိုနိုင်ငံမှ အထွက်ပြကာ QV 512 လာအို လေယာဉ်ဖြင့်ပင် ကမ္ဘောဒီးယား သို့ ထွက်ခွာခဲ့ပါတယ်။ မကြာမီ စာရေးသူတို့ စီးနင်းလိုက်ပါလာတဲ့ QV 512 လေယာဉ်ကြီးဟာ SIEMREAP သို့ ဆင်းသက်ပါ တော့တယ်။

လေဆိပ်အရောက် မမျှော်လင့်သော ဖြစ်ရပ်တစ်ခု
၂၆.၅.၂၀၀၉
လေဆိပ်ရောက်တယ်ဆိုရင်ပဲ ထုံးစံအတိုင်း၊ Departure Card / Arrival Card များကို ဖြည့်ပြီး၊ Arrival visa အတွက် တစ်ယောက်ကို ဒေါ်လာ ၂၀ ပေးရပါတယ်။ Travelers များ တစ်ခြားနိုင်ငံမှ SIEMRAPE ကို သွားကြမယ်ဆိုပါက SIEMRAPE လေဆိပ်မှာပဲ Arrival visa ကိုယူလို့ရတယ်ဆိုတာ အသိပေးလိုက်ပါတယ်။ ကျန်းမာရေးအတွက်စိတ်ချရအောင်ဟုဆိုကာ (Health Declaration of Travelers Form မှာလည်း ဖြည့်ရပါသေးတယ်။ (ယခုခေတ်ပေါ်ဖြစ်တဲ့ H1 N1 ရောဂါကြောင့် ကျန်းမာရေး ဖွန်ကို ဖြည့်ရတာထင်ပါတယ်)
ဲတစ်ခုတော့ရှိတယ်၊ Bangkok မှ Siem reap ကို သွားမယ်ဆိုပါရင် လေကြောင်းလိုင်းသာမက ကားဖြင့်လည်း သွားလာနိုင်တယ် ဆိုတာကိုလည်း သတင်းကောင်းပါးပါရစေ၊ ဘန်ကောက်မှ ကားဖြင့်သွားလျှင် ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ် (Boder)ကို ဖြတ်ရပါမည်။ Boder ရောက်တဲ့အခါ ထိုင်းနယ်စပ်ဘက်မှ အထွက်ပြပြီး ကမ္ဘောဒီးယားနယ်စပ်ဘက်မှာ arrival visa ယူပြီး တစ်ဖန်ကားဖြင့် Siem Reap သို့ သွားနိုင်ပါတယ်။ အထက်ကစကားပြန်ဆက်ပါ့မယ်။
Siem Reap လေဆိပ်တွင်Formဖြည့်ကာ Immigration countoarကို ဖြတ်ရပါတယ်။ ဘန်ကောက်လေဆိပ်လို လေယာဉ်အ၀င်အထွက်မများတဲ့အတွက် Baggage ရွေးရမယ့်နေရာက တစ်ခု နှစ်ခုလောက်ပဲ ရှိတယ်၊ Immigration countor က လေးခုလောက် ရှိပါတယ်။
မှားစရာအကြောင်းမရှိပါဘူး။ စာရေးသူလည်း ကမ္ဘောဒီးယား အန်ကောဝပ်ကို ရောက်ပြီိဆိုတဲ့ အသိနဲ့ အားခဲထားတာ ရောက်ပီပေါ့ ဆိုပြီး ၀မ်းသာအားရဖြစ်မိတယ် ၊ အဲဒီမှာ အတူပါလာတဲ့ ဦးကုမာရက စာရေးသူတို့အား ဓါတ်ပုံ ရိုက်ပေးပါတယ်။ အပြင်ရောက်တော့ Mandalay inn ဟော်တယ်မှ တာဝန်ရှိသူများက စာရေးသူတို့အား လာရောက်ကြိုနေတာကို တွေ့ရပါတယ်။ စာရေးသူလည်း သတိရ၍ ရုတ်တရက် ကိုယ့်လက်ထဲကြည့်လိုက်ရာ အပြန်လေယာဉ်လက်မှတ်ထည့်ထားတဲ့ အိတ်တစ်အိတ်လုံး ဘယ်နားကျခဲ့မှန်းလဲ မသိတော့ပါဘူး။ သွားပြီဆိုပြီး စိတ်ထဲ ထူပူသွားတော့တာပါပဲ။
ဒီအချိန်မှာ မမျှော်လင့်ပဲ မြန်မာအမျိုးသမီးတစ်ယောက်နဲ့ တွေ့ပါတယ်။ သူမနာမည်က မမြင့်မြင့်သန်း ပါ။ Siem Reap မြို့မှာ Tour oprition Manager အလုပ်ဖြင့် Siem Reap မြို့ကို ရောက်နေခြင်းဖြစ်တယ်။ သို့နှင့် ပျောက်သွားတဲ့ အိတ်အတွက် သူမကိုပဲ အကူအညီ တောင်းရပါတော့တယ်။ သူမက….
“ပျောက်သွားတဲ့ လေယာဉ်လက်မှတ်ကို မပူပါနဲ့ ပြန်ယူလို့ ရပါတယ်၊ ခရီးသွားသူတွေမှာ ဒီလိုမျိုးခဏခဏ ဖြစ်တတ်ပါတယ်” ဆိုပြီး သူမက အားပေးရှာပါတယ်။ သူမက စာရေးသူနဲ့ လေဆိပ်တာဝန်ခံတစ်ယောက်နဲ့ မိတ်ဆက်ပေးကာ အထဲပြန်ဝင်ပြီး ကျကျန်ခဲ့တဲ့ လက်မှတ်အိပ်ကို ရှာဖွေပါတယ်။ မတွေ့ပါဘူး။ သို့နှင့် စာရေးသူလည်း စိတ်ပျက်ပျက်နှင့် လေဆိပ်အပြင်ဖက်သို့်ပြန်ထွက်လာလိုက်တယ် Baggage အနားရောက်တယ်ဆိုရင်ပဲ စာရေးသူရှာနေတဲ့ အပြန်လက်မှတ်အိတ် အ၀ါရောင်လေးက Baggage များကြားမှာ တွေ့လိုက်ရတယ် ၊ အဲဒီအခါကျမှ စာရေးသူလည်း ဟင်း ချနိုင်တော့တယ်။
ဒီလို ပြည်ပခရီးထွက်တဲ့အခါမှာ ကိုယ့်ပါ့စ်ပို့စတာတွေကို မေ့ကျန်ခဲ့တာတို့ ကျပျောက်တာတို့ မဖြစ်အောင် အထူးသတိထားရပါ့မယ်။ ဒါကြောင့် ပြည်ပခရီးသွားလာသူများ ပါ့စ်ပို့နှင့် လေယာဉ်လက်မှတ် စတာတွေကို ပျောက်မသွားအောင် အထူးသတိထားဖို့ ပြောပါရစေ။

SIEMREAP မှ မြန်မာအမျိုးသမီး မမြင့်မြင့်သန်းရဲ့ စေတနာ (ဓါတ်ပုံများ ဒီနေရာမှာ ကြည့်နိုင်ပါတယ်)
ကိစ္စတစ်ခုရှင်းသွားတာနဲ့ မြန်မာအမျိုးသမီးဖြစ်သူ မမြင့်မြင့်သန်းက မြန်မာဘုန်းတော်ကြီးများကို ဆွမ်းမကပ်ရတာ ကြာပြီဖြစ်တဲ့အတွက် စာရေးသူတို့အား “ဆွမ်းကပ်ပါရစေ၊ တပည့်တော် မကြာမီ mandalayinn hotel ကို လိုက်လာခဲ့ပါ့မယ်” လို့ ပြောပါတယ်။ စာရေးသူတို့လည်း Mandalayinn hotel ကို ရောက်ပြီး မကြာခင်မှာ မမြင့်မြင့်သန်း ရောက်ရှိလာကာ ဆွမ်း ကပ်ရန်အတွက် မြို့ထဲ ကြွဖို့ အကြောင်း လာရောက် လျှောက်ထားပါတယ်။
စာရေးသူတို့လည်း သူမနှင့်အတူ ပါလာတဲ့ ကားဖြင့်ူ လိုက်ပါခဲ့တယ်။ ၁၅ မိနစ်ခန့် သွားပြီးတဲ့အခါ Restaurant တစ်ခုရဲ့ရှေ့မှာ ကားရပ်ပြီး ဆိုင်ထဲ ၀င်သွားပါတယ်။ ဆိုင်နာမည်က TONLE CHAK TO MUK ဖြစ်ပါတယ်။ ဗီယက်နာမ် စားသောက်ဆိုင်တစ်ဆိုင်လို့ သိရပါတယ်။
ဒီဆိုင်က ဘူဖေးစနစ် ယူစားစနစ်ဖြစ်ကြောင်းကိုလည်း အတူပါလာသူ ဆွမ်းအစ်မ မမြင့်မြင့်သန်း ပြောပြချက်အရ သိရပါတယ်။ သူမက “တပည့်တော်မှာ ဆွမ်းကပ်ခွင့်မရတာ ကြာပါပီဘုရား၊ ကပ်ခွင့်ပြုပါဘုရား” လို့ဆိုကာ သူမကိုယ်တိုင် ကောင်းနိုးရာရာ ဟင်းတွေကို ယူပေးပြီး ဆွမ်းကပ်ပါတယ်။ ဒီ Restaurant မှာ ကြိုက်သလောက်ယူစား တစ်ဦးအတွက်ကျသင့်ငွေက ၁၂ ဒေါ်လာ ဖြစ်တယ်လို့ သိလိုက်ရပါတယ်။ တစ်ဖန် သူမက……
“တပည့်တော် အရှင်ဘုရားတို့ကို ဆွမ်းကပ်ခွင့်ရတာ ၀မ်းသာလှပါတယ်ဘုရား၊ တပည့်တော်အဖေက ရဟန်းတော် များကို ကိုးကွယ်တဲ့အခါ ပုဂ္ဂိုလ်မရွေးဘဲ သံဃာအမှတ်နဲ့သာ ကိုးကွယ်ဖို့ ဆုံးမထားတဲ့အတွက် တပည့်တော် သံဃာအမှတ်နဲ့ပဲ လှူပါတယ်ဘုရား” လို့ ပြောပါတယ်။ နေ့ဆွမ်းစားပြီးတဲ့နောက် စားသောက်ဆိုင် အပြင်ပြန်ထွက်လာတဲ့အခါ ဆွမ်းဒကာမ မမြင့်မြင့်သန်း နှင့်အတူ စာရေးသူတို့ အမှတ်တရ ဓါတ်ပုံရိုက်ကြပါတယ်။ ပြီးလျှင်….
မြို့ထဲသို့ သူမကားနဲ့ ရှေးဟောင်းကျောင်းတိုက်အချို့နှင့် ကျောင်းတိုက်အတွင်းရှိ အသုဘအလောင်းများအား မီးသဂြိုလ်တဲ့ နေရာတွေကို လိုက်ပြပါတယ်။ မီးသဂြိုလ်တာကတော့ လျှပ်စစ်နဲ့မဟုတ်ပါဘူး၊ ရိုးရိုးထင်းမီးထိုးပြီး မီးသဂြိုလ်ကြတာကို တွေ့ရပါတယ်။
ဒီလိုနဲ့ သွားရင်း တစ်နေရာအရောက်မှာ မမြင့်မြင့်သန်းက သူမဘ၀ခံယူချက်နဲ့ ခံစားချက်များ အတွေ့ အကြုံများကို ပြောပြပါတယ်။
“တပည့်တော်ဟာ အိမ်ထောင်မရှိပါဘူးဘုရား……တစ်ကိုယ်တည်းနေရခြင်းအကြောင်းက တကယ်လို့များ attachment တွေ ရှိလာပြီဆိုရင် ဒါတွေအတွက် တပည့်တော် ကြောင့်ကျစိုက်ရပါတော့မယ်၊ အချိန်ပေးရပါတော့မယ်။ ကိုယ်ပိုင်အချိန်လည်း ကုန်သွားပါလိမ့်မယ်ဘုရား…….အကြောင်းကြောင်းတွေကြောင့် တပည့်တော် အိမ်ထောင် မယူဖြစ်ပဲ တကိုယ်တည်းပဲ နေလာခဲ့တာ အခုဆိုရင် အသက် ၄၀ ထဲဝင်လာပါပြီဘုရား။
တပည့်တော်က အလှူပြုခွင့်ရရင် ပြုတော့တာပဲဘုရား၊ အလှူလုပ်ရတာကိုလည်း ၀ါသနာပါလှပါတယ်ဘုရား၊ ဒါဟာ ငယ်ငယ်လေးထဲက တပည့်တော်ကို အဖေအမေများ ပြောဆို ဆုံးမခဲ့အတွက်ကြောင့်ပါပဲဘုရား၊ တပည့်တော်က ကိုယ်လှူနိုင်တာဆိုရင် ကြုံလို့ အခွင့်ရလို့ လှူရတာပဲဆိုပြီး လှူလိုက်တော့တာပဲ၊ ကိုယ့်အနာဂတ်အရေး မတွေးနေတော့ပါဘူးဘုရား။ ဒါကြောင့်လည်း….
သူငယ်ချင်းများကမေးပါတယ်.. အလှူခံပုဂ္ဂိုလ်များကို ဒီလောက်ပေးကမ်းနေတာ ရှေ့ရေးမတွေးဘူးလား……တဲ့၊ ဒါက နောင်ခါလာ နောင်ခါဈေးပါ၊ သေခြင်းတရားဆိုတာ အချိန်မရွေး အရွယ်မရွေးဘူး၊ ဒါကြောင့် လက်ရှိအချိန်ကို တန်ဖိုးရှိစွာ အသုံးချခြင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်ဘုရား….. (ဆက်လက်ရေးသားပါဦးမည်)

ခရီးသွားမှတ်တမ်း(၉)

ရာစုနှစ်များစွာကတည်းက လာအိုနိင်ငံ၊ လောပရာဘန်မှ တန်တင်(Tam Ting) တန်ဖမ် (Tam Phum) ဂူ လို့ခေါ်ကြတဲ့ ပါ့ခ်ဦးဂူများဟာ ဒေသခံတိုင်းရင်းသားများ ရိုးရာနတ် ပူဇော်ပသကြတဲ့ အထွတ်အမြတ်နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစုနှစ်ပိုင်းလောက်ရောက်တဲ့အခါ် လာအိုမြောက်ပိုင်းမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ နောက်ပိုင်းမှာ ပါ့ခ်ဦးဂူများဟာ ဗုဒ္ဓဘာသာအသွင်ဖြစ်ကာ ဆင်းတုတော်များစွာဖြင့် ပြောင်းလဲလာခဲ့ပါတယ်။
၁၆ ရာစုနှစ် နှစ်လယ်ကာလများအတွင်း လန်းဇင်းဘုရင်များက ဂူ အတွင်း ထောင်ချီရှိတဲ့ ဗုဒ္ဓဆင်းတုတော်များ တည်ရှိရာ ဌာနကို ဘုရားကြည်ညိုပူဇော်ရာ၊ ဘုရားဖူးလည်ပတ်ရန် နေရာအဖြစ် ပြောင်းလဲခဲ့တယ်။ ၁၉၇၅ ခုနှစ်တိုင်အောင် တော်ဝင်ဘုရားဖူး ခရီးစဉ်အဖြစ် နှစ်စဉ် နှစ်တိုင်း ပြုလုပ်လာခဲ့ကြပါတယ်။

ယခုနောက်ပိုင်းတွင် ဘုရင်မျိုးဆက်မရှိတော့သဖြင့် ဘုရင်ရဲ့ ပူဇော်ကိုးကွယ်မှု မရရှိတော့သော်လည်း တန်တင်နှင့် တမ်ဖမ်ဂူများဟာ လာအို ဗုဒ္ဓဘာသာမှာတော့ အရေးကြီးဝတ်ပြု ပူဇော်ရာ ဘာသာရေးဆိုင်ရာ ဌာနတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
ထိုဂူထဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြင်ရပါတယ်။ ရုပ်ပွားတော်ရဲ့ အရေအတွက်များက အလွန်ပဲများပြားလှပါတယ်။ ဟောင်းလွန်းလှတဲ့ ဆင်းတုတော်များဟာ မပြုမပြင် နဂိုအတိုင်းရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်များ ဖြစ်ပါတယ်။ ထိုဆင်းတုတော်များအနက် ထူးဆန်းတဲ့ ရုပ်တုတစ်ခု သွားတွေ့ပါတယ်။ နဂါးခေါင်းနဲ့ မင်းသားတစ်ပါး ထိုင်နေပုံပါ။ နဂါးလုလင်ဆိုတဲ့သဘောလား မသိပါ။
Night Market of Loungprabang
Night Market လို့ဆိုတဲ့ ညဈေးကလည်း အလွန်စည်ကားလှပါတယ်။ ညဈေးဆိုလို့ သီးခြားလုပ်ထားတာ မဟုတ်ပါဘူး။ မြို့ရဲ့ မိန်းလမ်းကြီးပေါ်မှာ တဲထိုးပြီး ရောင်းကြတာပါ။ ညနေ မှောင်ရည်ပျိုးစအချိန်မှ ည(၁၀)နာရီတိုင်အောင် ရောင်းချကြပါတယ်။ ညဈေးတန်းဟာ လက်မှုပစ္စည်းများကို တစုတဝေးထဲ တွေ့နိုင်မယ့် နေရာတစ်ခုပါ။ ရိုးရာ အစားအသောက်များကိုလည်း ရောင်းချနေတာကို တွေ့ရတယ်။ အထည်အလိပ်တွေ၊ အ၀တ်အထည်တွေ ၊ ခြင်းယက်ခြင်းနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ (မြန်မာပြည်မှာတော့ ယွန်းထည်လိုဟာမျိုးပါ) ။
ညဖက်မှာ ညဉ့်ဈေးတန်းကို လည်ပတ်ရတာဟာ အရမ်းပျော်စရာကောင်းပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အသဲစွဲဆိုရင်လဲ မမှားဘူးပေါ့။ ဒါကြောင့်လည်း ထိုညဈေးတန်း( night market)လည်ပတ်ရတဲ့ ပျော်ရွှင်မှုဟာ လောပရာဘန်မြို့ကို အလည်လာရခြင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ အဖြစ်အပျက်တစ်စုံတစ်ရာ ဖြစ်တယ် လို့ အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ခဲ့ရတဲ့အတိုင်း ပျော်စရာကောင်းလှပါတယ်။
၂၃.၅.၂၀၀၉
ညနေခင်းတွင် လောပရာဘန်-ကားဂိတ်ဆင်းပြီး ညကားဖြင့် လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Vientaine ပီရန်ကျင်းမြို့ကို လာခဲ့ပါတယ်။ကားခမှာ လာအိုငွေ 150000KIP မြန်မာငွေ ၂၂၅၀၀ ကျပ်ကြပါတယ်။

မြို့တော် ပီရန်ကျင်း
Vientaine of Laos
ရောက်ခဲ့ပေါ့ မြို့တော်ပီရန်ကျင်း
၂၄.၅.၂၀၀၉
နံနက် ၄ နာရီမှာ Vientaine ပီရန်ကျင်းမြို့ ကားဂိတ်ကို ရောက်ပါတယ်။ ကားဂိတ်မှာ ခရီးသွားသူများ အနည်းငယ်သာရှိပါတယ်။ ဒီနေ့က Sunday ဆိုတော့ ရုံးတွေ ပိတ်ထားတဲ့ အတွက် Travel imformation office ရုံးများလည်း မဖွင့်သေးသလို တည်းခိုဖို့အတွက်လည်း gesthouse က နေ့ ၁၂ နာရီမှ Chack လုပ်ကြမှာဆိုတော့ အကြားကြီး စောင့်ရပေဦးမည် ၊ သို့နှင့် ကားဂိတ်မှာပဲ စာရေးသူတို့ သုံးဦးသား အချိန်ဖြုံးရင်း အရုဏ်တက်တာနဲ့ လဘက်ရည်ဆိုင်မှာ ပီဇာနှင့် လဘက်ရည် ကို အရုဏ်ဆွမ်းအဖြင့် စားကြပါတယ်။
ပါ့တူဆေး ခေါ် ၀ိတိုရီဂိတ်(Patuxay or Victory gate)
မြို့တော် ပီရန်ကျင်းရောက်တော့ လာအိုနိုင်ငံရဲ့အကြောင်း အနည်းငယ်ပြောပါရစေ
နံနက်အလင်းရောင် အားကောင်းလာတာနဲ့ ကားတစ်စီးခေါ်ကာ မြို့ထဲသို့ ထွက်လာခဲ့ပါတယ်။ မြို့ထဲရောက်တော့ တကယ့်နေရာတစ်ခုဖြစ်တဲ့ ပါ့တူဆေး(၀ိတိုရီဂိတ်)အမည်ရှိ ရန်အောင်မြင်တံခါးကြီးကို ကားသမားက လိုက်ပို့ပါတယ်။ ပ့ါတူဆေး(ခေါ်) ၀ိတိုရီဂိတ် ရန်အောင်မြင်တံခါးဟာ လာအိုနိုင်ငံ ရဲ့မြို့တော် ပီရန်ကျင်းမြို့မှာတော့ အထင်ရှားဆုံးနေရာတစ်ခုဖြစ်ပြီး၊ လာအိုနိုင်၊ ပီရန်ကျင်းမြို့ ၊ လန်ဖင်းရိပ်သာလမ်းရဲ့ အရှေ့မြောက်ဘက်အဆုံးမှာ တည်ရှိပါတယ်။
ထိုရန်အောင်မြင်တံခါးမုခ်ဦးကြီးကို ၁၉၆၂ ခုနှစ် (BE 2505) မှာ တည်ဆောက်ပြီးစီးခဲ့ တယ်။ ယခုဆိုရင် နှစ်ပေါင်း ၃၀ ၀န်းကျင်ခန့် ရှိခဲ့ပါပြီ။
တစ်ချိန်က လာအိုနိုင်ငံဟာ ပြင်သစ်နိုင်ငံလက် အောက် ကျရောက်ခဲ့တယ်။ ယခုအချိန်တိုင်အထိ ပီရန်ကျင်းမြို့မှာ ပြင်သစ်ပုံစံအဆောက်အဦများအပြင် အစားသောက်နဲ့ ပတ်သက်ပြီး ပြင်သစ်အစားစာများ ရောင်းချတဲ့ ဆိုင်များ ပေါများပြီး၊ ဌာနဆိုင်ရာများတွင် ပြင်သစ်စာများကို ယခုတိုင် သုံးစွဲနေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ တစ်ချိန်က အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်အခေါ်ဝေါ်တွေကို ယခုထက်တိုင် သုံးစွဲနေတာကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်အငွေ့အသက်များ ရှိနေခဲ့သလိုပါပဲ၊ လာအိုမြို့တော် ပီရန်ကျင်းမြို့ဟာ တစ်ချိန်က ပြင်သစ်လက်အောက်ခံဖြစ်ခဲ့တဲ့အတွက် ပြင်သစ်အငွေ့အသက်များ ယခုတိုင် ကျန်ရှိနေဆဲပါ။
ထို ရန်အောင်မြင်တံခါးမုခ်ဦးကြီးကို လာအိုင်နိုင်ငံက ပြင်သစ်ကို နိုင်လိုက်တဲ့ အထိမ်းအမှတ်နဲ့ အမှတ်တရ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ထို Victory gate ဟာ မုခ်ဦးလို ပုံသဏ္ဍာန်ရှိပြီး အထပ်ပေါင်း ခုနှစ်ထပ် ရှိပါတယ်။ အပေါ်ထပ်သို့ တက်ချင်လျှင်တော့ သတ်မှတ်ထားတဲ့ ၀င်ကြေးပေးပြီး တက်နိုင်ပါတယ်။ သံဃာတော်များကိုတော့ မယူ ပါဘူး။
ယခုအခါမှာ ထို ရန်အောင်မြင်တံခါးမုခ်တည်ရှိရာ နေရာဟာ လာအိုပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များရဲ့ အပမ်းဖြေစရာ လေ့လာစရာအဖြစ် တည်ရှိနေတာကို တွေ့မြင်ရပါတယ်။
သို့နှင့်စာရေးသူတို့လည်း အပေါ်ဆုံးထပ်အထိရောက်အောင် တက်ခဲ့တယ်။ တစ်ချို့အထပ် တွေမှာတော့ ရိုးရာပစ္စည်း၊အမှတ်တရပစ္စည်းတွေကို ရောင်းချနေတဲ့ ဈေးဆိုင် အများအပြား တွေ့ရတယ်။ ခြောက်ထပ်မြောက်ခုနှစ်ထပ်သို့ တက်တဲ့အခါမှာတော့ ကြောင်လိမ်လှေခါးမှ တက်ရပါတယ် ။ အပေါ်ဆုံးထပ်ရောက်တော့ ရှေ့နောက်ဝဲယာ View Point ပီရန်ကျင်းမြို့ရဲ့ အလွန်လှပတဲ့ ရှုခင်းကို မြင်ရတယ် ၊ ပီရန်ကျင်းမြို့ကြီးကို တည်ဆောက်ထားတာဟာ မြို့ပြအနေအထား အလွန်လှပကောင်းမွန်နေတာကို မြင်ရပါတယ်။
ဖာ့သက်ဒ်လျောင်ဘုရား
ထိုမှတဆင့် အရှေ့စူးစူးကို ဆက်သွားတဲ့အခါမှာ Pha Thad Luang ဖာ့သက်ဒ် လျောင် ဘုရားသို့ ရောက်ပါတယ်။ ဒီဘုရားက ပီရန်ကျင်းမှာတော့ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ အပြင်(heritage Museum) ရှေးလက်ရာမပျက် ပြတိုက်အဖြစ် ထားရှိတဲ့အတွက်ကြောင့် ကမ္ဘာ့လှည့်ခရီးသည်များအတွက် အကြိုက်တွေ့စေမဲ့ နေရာတစ်ခုပါ။ ဒီ Museum မှာလည်း Foreignerများအာ်း ၀င်ကြေးကောက်ခံတယ်။ သံဃာတော်များတော့ ထုံးစံ အတိုင်းမယူပါဘူး။

ဟော့ဖရာခီယို (Hophrakeo Museum)
စာရေးသူတို့ တည်းခိုတဲ့ စိစကက် (sisaket) လာအိုဘုန်းတော်ကြီးကျောင်းမှ ဟိုဖက်ခြမ်း လမ်းသို့ ကူးလိုက်တဲ့အခါ ဟော့ဖရာခီယို (Hophrakeo Museum) ကို ရောက်ရှိပါတယ်။
ဒီပြတိုက်ဟာ intrest စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ဘာကြောင့်ဆိုရင် ပြတိုက် အ၀င်ဝမှာထားရှိတဲ့ သစ်သားဆိုင်းဘုတ်ကို ဖတ်လိုက်ရတဲ့ အတွက် ဖြစ်ပါတယ်။ စာရေးထားတာက ဒီလို…..
HOPHRAKEO It was built in 1565 A.D (2108. B. G) by the great king Xaise that hirath the Lao lane xang king dom. The Hophrakeo for the contain of the Emeral Buddha only. Now, the Emeral Buddha was in the foreign abroad since 1779 A.D. Now,the Hophrakeo for the collection of the ancient materials or Hophrakeo Museum.
(ဟော့ပ်ဖရာခီယိုဆိုတဲ့ အဆောက်အဦကို လာအို လန်ဇင်း မင်းဆက် ဇိုင်ဆီမင်းက ၁၅၆၅ ခုနှစ်က မြဘုရားသီတင်းသုံးစံပါယ်တော်မူရန်အတွက် တည်ဆောက်ခဲ့ပါတယ်။ မြဘုရားဟာ ပြည်ပနိုင်ငံမှာ ၁၇၇၉ ခုနှစ်ကတည်းက ယနေ့အထိ သီတင်းသုံးနေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဒီ ဟော့ပ်ဖရာခီယို အဆောက်အဦးကို ပြတိုက်အဖြစ် ထားရှိပါတယ်။)
အထက်အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြဘုရားဆင်းတုတော်ဟာ တစ်ချိန်က လာအိုနိုင်ငံ ပီရန်ကျင်းမြို့၊ ဟော့ပ်ဖရာခီယိုမှာ သီတင်းသုံးတော်မူတယ်။ နောက်ပိုင်းမှာ မြဘုရားအား ထိုင်းနိုင်ငံမှ သိမ်းပိုက်ခဲ့တယ်လို့ ထိုပြတိုက်ရှိ တာဝန်ရှိသူများရဲ့ ပြောပြချက်အရ သိရပါတော့တယ်။(ဆက်လက်ရေးသားပါဦးမည်)

Thursday, June 25, 2009

ခရီးသွားမှတ်တမ်း(၈)

ရောပရာဘန်ရဲ့ဓါတ်ပုံမှတ်တမ်းများကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
လောနိုင်ငံနဲ့ အမိမြန်မာနိင်ငံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုပါရင် မြန်မာနိုင်ငံက ရှေးဟောင်းအမွေအနှစ်များ ပိုမိုများတာ တွေ့ရပါတယ်။ အဲဒီ ရှေးဟောင်းအမွေအနှစ်တွေကို အင်တာနက်ကနေ ကမ္ဘာကို ကြေညာမယ်ဆိုရင် ကမ္ဘာက အသိများ လာမှာပါ။ အဲဒီအခါ နိုင်ငံခြားသားခရီးသည်များ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာကြပြီး နိုင်ငံခြားဝင်ငွေ အများကြီး ရလာနိုင်မယ်လို့ တွေးမိပါတယ် ။
ညဉ့်ဖက် လောပရာဘန်မြို့အတွင်း ချေလျင်သွားခဲ့ကြပြီး ည ၉း၃၀ ခန့် တည်းခိုရာ ဟော်တယ်သို့ ပြန်လာခဲ့ကြတယ်၊ ဒီလိုနဲ့ ညဉ့်နက်လာသောအခါ အတူလိုက်ပါလာတဲ့ သီတင်းသုံးဖေါ်နှစ်ဦးမှာ ခရီးပမ်းတဲ့အတွက် အိပ်ပျော်သွားကြပေမယ့် စာရေးသူမှာတော့ ထုံးစံအတိုင်း တွေ့ကြုံခဲ့သမျှ အတိုးချပြီး စာတွေကို မက်မောစွာ ရေးနေမိပါတော့တယ်၊ ည ၁၁ နာရီခန့်မှ အိပ်ရာဝင်ခဲ့တယ်ဆိုပါတော့။

Morning beautiful of Loungprabang လောပရာဘန်မြို့ရဲ့နံနက်ခင်းအလှ
၂၃.၅.၂၀၀၉
နံနက်၅း၃၀မှာ တည်းခိုရာဟော်တယ်အနီး ဘုန်းတော်ကြီးကျောင်းမှ အုံးမောင်းခေါက်သံ ကြားရသဖြင့် မြန်မာပြည်နှင့် ကွာခြားမှုမရှိလှ။ နံနက် စောစောအိပ်ရာထကြကာ ရေချိုးပြီး နံနက် ၆း၃၀ နာရီခန့်တွင် စာရေးသူတို့ သုံးဦးသား မနက်စာစားရန် မြို့ထဲ ထွက်လာခဲ့ကြတယ်။ လမ်းများက ကတ္တရာလမ်းဖြစ်ပြီး လမ်းခင်းထားတာ အလွန် ကောင်းပါ တယ်။ ဒါ့အပြင် လမ်းပေါ်မှာ အမှိုက်များ လုံးဝမရှိ၊ ကွမ်းတံတွေး ထွေးထားတဲ့နေရာလည်း လုံးဝမရှိပါ။
ဒါတင်မက မဲခေါင်မြစ်အတွင်း မော်တော်စီးလာတုန်းက မော်တော်ပေါ်ကနေ မြစ်ထဲသို့ အမှိုက်ပစ်ချသူ လုံးဝမတွေ့ရပါ။ ကိုယ့်အမှိုက်ကို ကိုယ်စနစ်တကျထားကာ မော်တော်ပေါ်ထားရှိတဲ့ အမှိုက်ပုံးထဲ သွားထည့်ကြတာကို တွေ့ရပါတယ်။ စည်းကမ်းရှိလှတဲ့အတွက် မြို့ကြီးသားများ ပီသပါစေစွ လို့လည်း ချီးကျူးမိပါတယ်။ အမိမြန်မာနိုင်ငံမှာဆိုလျှင် နယ်မြို့များတိုင်းမြို့များကို မဆိုထားနဲ့၊ ရန်ကုန်ရွှေမြို့တော်ကြီးမှာတောင် အမှိုက်ကို အလွယ်ပစ်ချလား ပစ်ချရဲ့၊ လမ်းမပေါ် ကွမ်းတံတွေး ထွေးလား ထွေးရဲ့ လမ်းမကြီးနံဘေးမှာ အန္တရာယ် လွယ်ထားမကောင်းဘူး ဆိုပြီး အကြောင်းပြကာ မရှက်မကြောက် ကျင်ငယ်စွန့်လားစွန့်ရဲ့နဲ့ မြို့ကြီးသားများ စည်းကမ်းရှိပါပေ့။ ပြောရရင်တော့ အတုယူစရာတွေ အများကြီးပါ။ ပြောရင်းနဲ့ စကားတောင်ဘယ်ရောက်မှန်း မသိတော့ ဘူး။
ခုနင်က လောပရာဘန်မြို့တွင်း မနက်မှာ လည်တာနဲ့ပတ်သက်ပြီး ပြန်ပြောပါ့မယ်။
အဲဒီမှာ Loungprabang မြို့လေးရဲ့ နံနက်ခင်းအလှတစ်ခုကို သွားတွေ့ပါတယ်။ ရဟန်းသံဃာတော်များ နံနက်ခင်း ၇ နာရီခန့်မှာ တန်းစီပြီး ဆွမ်းခံကြွတော်မူကြပါတယ်။
လောနိင်ငံမှ ရဟန်းသံဃာတော်များဟာ ထိုင်း၊ကမ္ဘောဒီးယားများသံဃာများနဲ့ ဆင်တူပြီး ၀တ်ဆင်ထားတဲ့ သင်္ကန်း အရောင်အသွေးတူညီကြပါတယ်။
ဒကာ/ဒကာများက ရဟန်းတော်များအား ဆွမ်းလောင်းတဲ့အခါမှာ လမ်းပေါ်မှာပဲ မိန်းမထိုင်(ပေါင်ယာထိုင်)နဲ့အတူ အခင်းမပါ ပြားဝပ်စွာ ထိုင်ပြီး ရိုသေစွာ ဆွမ်းလောင်းလှူကြပါတယ်။ ထူးခြားတာက ဆွမ်းလောင်းတဲ့အခါမှာ ကောက်ညှင်းပေါင်းကို အဆုပ်အဆုပ်လေးလုပ်က သပိတ်ထဲသို့ ညင်သာစွာ ပစ်ထည့်ကြပါတယ်။ အဲဒါကလည်း သပိတ်ကို လက်နဲ့ မထိမစေရန်၊ ရိုသေသည့်သဘောဖြင့် လက်နဲ့ ပစ်ထည့်ခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရပါ့မယ်)။
ထိုဆွမ်းလောင်းမှုနဲ့ပတ်သက်ပြီး မြန်မာ့အမြင်မှာတော့ မရိုမသေဖြစ်နေတယ်လို့ ထင်ရပြီး အမြင်ဆန်းနေပါတော့တယ်။ ဒါပေမဲ့ လောပြည်သူတို့ရဲ့ ဓလေ့အတိုင်း ရိုသေစွာပေးလှူကြတယ်လို့ပဲ မှတ်ယူရပါ့မယ်။
ဆွမ်းလောင်းပြီးတဲ့အခါ တစ်ချို့က အနီးရှိ ဘုရားသိမ်ထဲ သွားကာ သူတို့မှာပါလာတဲ့ ကောက်ညှင်းပေါင်းတွေကို အဆုပ်လေးတွေလုပ်ပြီး ဘုရားမှာ ကပ်လှူကာ ဘုရားဝတ်ပြုပြီး နေအိမ်သို့ ပြန်သွားကြပါတယ်။
ဒီလို နံနက်ခင်းမှာ တန်းစီပြီး ဆွမ်းခံကြွတော်မူလာကြတဲ့ ရဟန်းသံဃာတော်များဟာ လောပရာဘန်ရဲ့ နံနက်ခင်းအလှတစ်ခု လို့တင်စားပြောလိုက်ချင်တယ်။ ဒီလိစိတ်ချမ်းမြေ့စရာုမြင်ကွင်းမျိုးကို စာရေးသူတို့ မြန်မာပြည်မှာလည်း နံနက်တိုင်း တွေ့မြင်နေကျဖြစ်လို့ မဆန်းပေမယ့် ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အမြင်မှာတော့ ဆန်းတယ်လို့ ထင်ရပေမပေါ့။
ဒီလို သံဃာတော်များအား ဆွမ်းလောင်းလှူကြတာဟာ လာအိုပြည်သူတို့ရဲ့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို လာအိုတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုလို့လည်း ဆိုရပါမယ်။ အဲဒါကိုပဲနံနက်ခင်းသံဃာတော်များအား ပေးလှူမှုဟာ အလွန်ယဉ်ကျေးသော အပြုအမူတရပ်ကို ဆောင်ရွက်ပြုမူကြတယ်(Morning Alms Giving Ceremony) လို့ အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်လိုက်ရပါတယ်။
နံနက်စောစော ဒီမြင်ကွင်းကို စာရေးသူကိုယ်တိုင် တွေ့မြင်လိုက်ရတဲ့အတွက် လောနိုင်ငံသူများရဲ့ စေတနာ သဒ္ဓါတရားနှင့် ဘာသာရေး ကိုင်းရှိုင်းမှုကို တွေ့မြင်ခဲ့ရပါတယ်။
(လော်ပရာဘော်ရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်များ)
The world heri tage of Loungprabang
စာရေးသူတို့လည်း နံနက်စာအတွက် ဥရောပစတိုင်ဖြင့် ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်သို့ဝင်ကာ send wiches ကို မှာစားကြပါတယ်။ ဆိုင်ဝန်ထမ်းများက ပေါင်မုန့် များနဲ့ အသားပြား၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊သခွားသီး၊ ချိစ်ပြား၊စတာတွေကို လာရောက်ချပေးပါတယ်။
ပြီးတော့ ဒါး-ဇွန်းများနှင့်အတူ အနက်ရောင် လေးထောင့်ပုဂံပြားလေးတွေကိုလည်း လာရောက်ချပေးပါတယ်။ စာရေးသူတို့လည်း ဗိုက်ဆာဆာနဲ့ စတိုင်လ်နဲ့မဟုတ်ဘဲ တောသားစားနည်းအတိုင်း လက်နဲ့ကိုင်ပြီး တ၀စားပါတော့တယ်။
ဒီမြို့မှာလည်း ရေနွေးကအစ ၀ယ်ရပါတယ်။ အလကား ဘာတစ်ခုမှ မရပါ။ အမိမြန်မာပြည်မှာဆိုလျှင် ရေနွေးကြမ်းကို ၀ယ်သောက်စရာမလိုပဲ အလကားသောက်ရပါတယ်။ အဲဒီမှာ send wiches ကို စားပြီးတဲ့အခါ ရေခဲရေ တ၀သောက်ပြီး ဆိုင်မှ ထွက်ခဲ့ကြပါတော့တယ်။
မဲခေါင်မြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ရင်း ရှေးဟောင်းအမွေအနှစ်များကို လေ့လာလည်ပတ်ဖို့ ကားငှားပါတယ်၊ အဲဒီရက်က ကားငှားရန်းခမှာ(310000)KIP ၊ မြန်မာငွေဆိုရင်တော့ 46500 ကျပ် ပေးရပါတယ်။
ကောင်းစီရေတံခွန်…
လောပရာဘန်မြို့ဝန်းကျင်မှာ ရေတံခွန်များစွာ ရှိတယ်။ ထိုရေတံခွန်များအနက် အကြီးဆုံးနှင့် ထူးခြားထင်ရှားဆုံးက ကောင်းစီရေတံခွန်ပါ။ ဒီရေတံခွန်ဟာ လောဘရာဘန်မြို့ရဲ့ အနောက်တောင်ဘက် ၃၀ ကီလိုမီတာခန့်တွင် တည်ရှိပြီး ကားဖြင့် သွားလာနိုင်ပါတယ်။
စာရေးသူတို့လည်း တစ်နေ့တာငှားရမ်းထားတဲ့ ကားဖြင့် တစ်နာရီကျော်ကျော်ခန့် သွားမိတယ်ဆိုရင်ပဲ ကောင်းစီ ရေတံခွန်ကြီးကို ရောက်ရှိပါတယ်။ ဒီရေတံခွန်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး ရောက်တဲ့ နေရာပဲဖြစ်တယ်။
စာရေးသူတို့ ရောက်သွားတဲ့ အချိန်က နံနက်ဖြစ်တော့ လူအနည်းငယ်ရှင်းနေပါတယ်။ နေ့လည်ဆိုရင်တော့ ရေတံခွန်တွင် လာရောက်အပမ်းဖြေသူ လည်ပတ်သူ လူအရေအတွက် အလွန်များတယ်လို့ သိရပါတယ်။ ရေတံခွန် ရောက်တယ်ဆိုရင် ဦးစွာ ဂိတ်ဝင်ကြေး ပေးရတယ်လို့ ပြောပါတယ်၊ စာရေးသူတို့ကတော့ ရဟန်းတွေမို့လို့ မပေးရပါ။ (လောနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်တယ်)
ဂိတ်အ၀င်ရဲ့ ဘယ်ဖက်ခြမ်းက ကွင်းပြင်မှာ သူတို့ရဲ့ Traditional ရိုးရာပစ္စည်းများ ရောင်းချနေကြတဲ့ ဆိုင်တန်းလေးတွေရှိတယ်။ စာရေးသူတို့လည်း အဲဒီမှာ အမှတ်တရ ပစ္စည်းလေးတွေဝယ်ပြီး ရေတံခွန်ဖက်သို့ ခြေလျင် ဖြင့် ငါးမိနစ်ကျော်ခန့်သွားပြီးတဲ့အခါ ရေတံခွန်ကို ရောက်ပါတယ်။ အလွန်မြင့်မားတဲ့ တောင်ထက်ကနေ ရေများ တစ်ဝုန်းဝုန်မြည်ကာ ကျနေပြီး စီးကျလာတဲ့ရေများဟာ အပြာရောင်ဖြစ်နေတာတွေ့ရပါတယ်။ ရေစီးကျတဲ့အရှိန်ကြောင့် ရေတံခွန်နားမှာ အေးမြတဲ့ အတွေ့ကို ခံစားရတဲ့အတွက် ခန္ဓာကိုယ်လည်း လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။
ဒီလိုနဲ့ ခဏအပမ်းဖြေကာ ရေတံခွန်ဖက်ကနေ လာလမ်းအတိုင်းမပြန်တော့ဘဲ တောလမ်းအတိုင်း ခြေလျင် ပြန်ခဲ့ပါတယ်။ အဲဒီမှာ ၀က်ဝံများ ကောင်ရေ အနည်းဆုံး ၁၀ကောင် ခန့် မွေးထားတာကို မြင်ခဲ့ရပါသေးတယ်။
လောဘရာဘန်မြို့ အမျိုးသားပြတိုက်
(Laungprabang National Museum)
နောက်မြို့ထဲ ပြန်ရောက်လာတဲ့အခါ မြို့ထဲမှာ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ laungprabang,National Museum အမျိုးသားပြတိုက်ကို သွားရောက်လည်ပတ်ကြပါတယ်။ ပြတိုက်အ၀င်ဝရဲ့ ညာဖက်မှာ (Temple architecture) သူတို့နိုင်ငံရဲ့ ဗိသုကာပညာဖြင့် ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်တစ်ခုကို တွေ့ရတယ်၊
အထဲဆက်ဝင်သွားတဲ့အခါ အမျိုးသားပြတိုက်ကြီးကို ရောက်ပါတယ် ဒီအမျိုးသားပြတိုက်ကြီးဟာ ဘုရင်အုပ်ချူပ်တဲ့ ခေတ်က ဘုရင့်နှင့် ဘုရင်မိသားစုများနေထိုင်ရာ ဘုရင်နန်းတော် တစ်ခုပါ။ အဲဒီမှာ ဘုရင်နေတဲ့အခန်း၊ မိဖုရားနေတဲ့အခန်း၊ဘုရင့်သားတော်များ နေတဲ့အခန်း၊ ထမင်းစားခန်း၊ ထီးနန်းသုံးတဲ့ အသုံးအဆောင်များကို ပြသထားတဲ့အပြင်၊ စေတီဘုရားများက ရရှိတဲ့ ၁၄ ရာစုနှစ်က ကြေးနဲ့တစ်မျိုး၊ကျောက်နဲ့တဖုံ ဖလ်နဲ့တသွယ် ပြုလုပ်ထားတဲ့ ဘုရားဆင်းတုတော်များကိုလည်း တွေ့မြင်နိုင်ပါတယ်။နန်းတော်ခေတ်က အသုံးအဆောင်များကိုလည်း မြင်ရတယ်၊ တိုင်းခန်းလှည့်လယ်တဲ့အခါ ထုတဲ့ ကြေးမောင်းကြီးများကိုလည်း ပုံစံတစ်မျိုးဖြင့်မြင်ရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ လာအိုဘုရင်အား လက်ဆောင်အဖြစ်ပေးထားတဲ့ လက်ဆောင်ပစ္စည်းများကိုလည်း ဘယ်နိုင်ငံကပေးတဲ့ လက်ဆောင်ဆိုပြီးစနစ်တကျ သူ့နေရာနဲ့သူ ထားပေးထားပါတယ်။ အဲဒီလက်ဆောင်များအနက် မြန်မာနိုင်ငံမှလည်း ပါဝင်နေတာကို အံ့သြစွာ တွေ့မြင်ခဲ့ရပါတယ်။ (၁၉၆၃)ခုနှစ်မှာ ဦးနေ၀င်းမှ လာအိုဘုရင်အား လက်ဆောင်အဖြစ် ဗုဒ္ဓ၀င်ရုပ်စုံပါ ငွေလင်ဘန်းတစ်ချပ်ကို လက်ဆောင်အဖြစ် ပေးထားပါတယ်။ အမိမြန်မာနိုင်ငံမှ ပေးတဲ့လက်ဆောင်ကို ပြတိုက်မှာ စာနဲ့ တခမ်းတနား ပြသထားတာကို မြင်ရတော့ ပီတိဖြစ်မိသူကတော့ စာရေးသူပါ။
နေ့လည်စာကိုတော့ Loungprabang မြို့ မဲခေါင်းမြစ်ကမ်းနံဘေးက ဆိုင်တစ်ဆိုင်မှာ စားကြပါတယ်။ ဒီနေ့တော့ အထူးအဆန်းလေးတွေစားမယ်ဆိုပြီး မဲခေါင်မြစ်က ထွက်တဲ့ မဲခေါင် ရေညှိနဲ့လုပ်ထားတဲ့ ဟင်းလျာကို မှာယူစားကြတယ်။ ရေညှိကို အပြားလေးလုပ်ကာ နှမ်းဖြူးပြီး ကြော်ထားပါတယ်၊ အဲဒါကို ကောင်းညှင်းနဲ့ ပူးတွဲပြီး အချဉ်နဲ့တို့စားရပါတယ်။ မဲခေါင်မြစ်ကို မျှော်ကြည့်ရင်း မဲခေါင်ရေညှိအပါအ၀င် နေ့လည်စာ စားပြီး၊ ဟော်တယ်မှာ ခေတ္တခဏပြန်နားကြတယ်။
(The world heri tage) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် လို့ သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုက တန်တင်း လို့ခေါ်တဲ့ ပါ့ခ်ဦး လှိုင်ဂူပါ။
နေ့လည် တစ်နာရီခန့ှ်မှာ Tam Ting (Pak Ou Cave) တန်တင်းလို့ခေါ်တဲ့ ပါ့ခ်ဦး ဂူသို့ ကားဖြင့်သွားကြပါတယ်။ Loungprabang နဲ့ Pak Ou Cave ဟာ ၂၅ ကီလိုမီတာ ဝေးပါတယ်။ ဒီပါ့ခ်ဦးဂူဟာ မဲခေါင်မြစ်ရဲ့ မြစ်ကမ်းနံဘေးမှာ တည်ရှိပါတယ်။ ၄င်းနေရာကို Loungprabang မြို့ မှ ကားဖြင့်ဖြစ်စေ၊ ရေလမ်းခရီးမှ မဲခေါင်မြစ်အတိုင်း ဆန်တက်ကာ မော်တော်ဖြင့်ဖြစ်စေ သွားရောက်နိုင်ပါတယ်။(ဆက်လက်ရေးသားပါဦးမည်)

Tuesday, June 23, 2009

ရွှေတြိဂံမှတ်တမ်း

ရွှေတြိဂံဒေသ ထိုင်းနိုင်ငံဘက်မှ မြင်ကွင်း

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း

ရွှေတြိဂံဒေသ မြန်မာဖက်ကမ်း

ရွှေတြိဂံဒေသ လောနိုင်ငံကမ်းဖက် ဈေးအတွင်း မြွေဆေးအရက်

ရွှေတြိဂံဒေသ ထိုင်းနိုင်ငံဖက်မှ ထိုင်တော်မူဘုရားကြီး

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်းက စပိဘုတ်ကလေး

ရွေတြိဂံသား ဘလော့ဂါတစ်ပါး

ထိုင်းနိုင်ငံဖက် ထိုင်တော်မူဘုရားကြီးအတွင်းမှ ကျောက်ဆစ်ရုပ်

Sunday, June 21, 2009

ခရီးသွားမှတ်တမ်း(၇)

မဲခေါင်မြစ်အတွင်း တစ်ညအိပ်နှစ်ရက်ခရီး
၂၁.၅.၂၀၀၉

ဟောင်စီမြို့မှ လော်ပရာဘန်မြို့ကို မဲခေါင်မြစ်အတိုင်း သွားတဲ့အခါမှာ ဘုတ်လေးတွေကို (၂)မျိုးရှိတယ်၊ မြန်တဲ့စပိဘုတ်ကျတော့ ဈေးကြီးပြီး၊ ၆ နာရီခန့်သာစီးရပါတယ်၊ slow boat ကျတော့ ဈေးသက်သာပြီး တစ်ညအိပ်နှစ်ရက်ခရီးရှိပါတယ်၊ မိမိကြိုက်နှစ်သက်ရာ စီးနိုင်ပါတယ်။ (ဓါတ်ပုံများ ဤနေရာ နှင့် ဒီနေရာမှာ ကြည့်ရန်)
နံနက် ၁၁ နာရီ၊ ဟောင်စီဆိပ်ကမ်းမှ မော်တော်ဖြင့် စတင်ထွက်ခွာလာခဲ့ပါတယ်။ စာရေးသူတို့နဲ့အတူ လိုက်ပါလာကြတဲ့ ခရီးသည်များက လူဖြူကြီးပဲများပါတယ်(Tourisim) တိုးရစ်တွေကြီးပါပဲ။ ဒေသခံ လာအိုသူ/သားများက အနည်းငယ်ပါပါတယ်။
လူဖြူတွေကြားထဲမှာ စာရေးသူတို့ သုံးယောက်က ထူးခြားစွာနဲ့ ကာလာတူ နီညိုရင့်သင်္ကန်း(၀တ်ရုံ)များနဲ့ဆိုတော့ မမြင်ဖူးတဲ့ သူတို့မျက်စိထဲမှ အမြင်ဆန်းကာ အံ့သြစွာ ကြည့်ကြပါတယ်။ ဒီအထဲမှာ ဗုဒ္ဓဘာသာ လူဖြူအချို့လည်း ပါဝင်ကြတယ်။
ဥပမာပေးရမယ်ဆိုပါက ကျီးကန်းတွေကြားမှာ ဟင်္သာသုံးကောင် ရောက်နေတယ်လို့ပဲ တင်စားပြောလိုက် ချင်တော့တယ်။

မော်တော်ဘုတ် စထွက်လို့ ၁၁း၃၀ ခန့်မှာ စာရေးသူတို့ သုံးယောက်သား ဟော်တယ်ပိုင်ရှင် လာအိုသူ လှူဒါန်းလိုက်တဲ့ ဆွမ်းကို နေ့ဆွမ်းအဖြစ် ဘုဉ်းပေးကြပါတယ်။
ဟောင်စီမြို့မှ လော်ဖရာဘန်{အင်တာနက်တွင်နာမည်ကြီးနေတဲ့ (world hari tage city) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်} မြို့သို့ မဲခေါင်မြစ်ကြောင်း အတိုင်း စုံဆင်းလာခဲ့တယ်။ ပထမတော့ မြောက်မှ တောင်သို့ စုံဆင်းလာပေမဲ့ နောက်တော့ အနောက်မှ အရှေ့သို့ စုံဆင်းလာပါတယ်၊ ဘာကြောင့်လဲဆိုရင် မဲခေါင်မြစ် ကြီးက ကောက်ကွေ့နေလို့ပါပဲ။ မဲခေါင်မြစ်နဲ့ပတ်သက်ပြီး အနည်းငယ်တင်ပြလိုပါသေးတယ်။
မဲခေါင်မြစ်ဟာ အစအဆုံး အရှည် ၄၈၀၀ ကီလိုမီတာ ရှည်လျားပြီး၊ အရှေ့တောင်အာရှဗဟိုချက်မကို ဖြတ်၍ နိုင်ငံ(၆)ခုကို ဖြတ်သန်း စီးဆင်းလာပါတယ်။ ဒီမြစ်ဟာ တိဘက်ဒေသမှ မြစ်ဖျားခံဆင်းလာပြီး၊ ဗီယက်နမ် မြစ်ဝှမ်းဒေသအထိ စီးဆင်းလာပါတယ်။ လူသန်း ၆၀ခန့် မဲခေါင်မြစ်နှင့်မြစ်လက်တက်များကို အမှီပြုပြီးနေကြရပါတယ်။ အစားအသောက်၊ ရေနှင့်သယ်ယူပို့ဆောင်ရေး ကိစ္စများအတွက် ထိုမြစ်ကို အသုံးပြုနေကြရတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြား မဲခေါင်မြစ်က နယ်နိမိတ်အဖြစ်၂၃၄ ကီလိုမီတာအရှည် ဖြတ်သန်းစီးဆင်းပါတယ်။ လူပေါင်းများစွာ မဲခေါင်မြစ်ကို အမှီပြုပြီး နေရတဲ့အတွက် ဒီမြစ်ဟာ လူသားများအတွက် အလွန်ကျေးဇူးများတဲ့ မြစ်တစ်စင်းဖြစ်တဲ့အတွက် “လူသားများအတွက် မဲခေါင်မြစ်” လို့ တင်စားပြောလိုက်ချင်တော့ တယ်။
ဒါကမဲခေါင်မြစ်အကြောင်း တစ်စိတ်တစ်ဒေသပါ၊ အပြည့်အစုံဖတ်ချင်ရင်တော့ အင်တာနက်မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
သို့နှင့် မဲခေါင်မြစ်ချောင်းအတိုင်း မော်တော်ဖြင့် စုံဆင်းလာရာ တစ်ချို့နေရာတွေမှာ မြစ်ချောင်းအနေအထားက ကျဉ်းကျဉ်းလေးပဲရှိတယ်၊ နံဘေးတစ်ဖက်တစ်ချက်မှာတော့ ကျောက်ဆောင်များ တွေ့ရတယ်။ ကျောက် ဆောင်ပုံသဏ္ဍာန်များမှာ ရေတိုက်စားမှုကြောင့် ပုံစံအမျိုးမျိုးပဲ၊ မော်တော်ဘုတ်စတင် ထွက်ခွာလာတုန်းကတော့ တဖက်ကမ်းက လာအို၊ တဖက်ကမ်းက ထိုင်းပါ။ နောက် မကြာမီမှာပဲ ကမ်းနှစ်ဖက်စလုံး လာအိုနယ်နိမိတ်အတွင်းဖြစ်နေပါပြီ။ အဲဒီအခါမှာ ထိုင်း GSM ဖုန်းအဆက်အသွယ်လည်း ပြတ်တောက်ခဲ့ရပါတယ်။
ဒါကြောင်လည်း အတူပါလာသူ တစ်ဦးက “အခုမှ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာပဲ” လို့ ပြောပါတယ်။
ညနေ ၆ နာရီခန့်မှာ pak bang ဆိုတဲ့ မြို့မှာ တစ်ညတာအနားယူ အိပ်စက်ကြပါတယ်။ ဒီမှာတော့ ဟော်တယ်ခ ထိုင်းဘတ် ၃၀၀ ပေးရပါတယ်။
Pak bang မြို့ရဲ့ရာသီဥတုက အလွန်သာယာတယ် နံနက်ပိုင်းအချိန်မှာ ရာသီဥတု အေးမြ မြ အရသာကို ခံစားရပါတယ်။ ပြင်ဦးလွင်ရဲ့ ရာသီဥတုလိုပဲ၊ pak bang မြို့မှာ ခေတ္တခဏ နေထိုင်ရတယ်ဆိုပေမယ့် ချမ်းချမ်းသာသာနေရတယ်ဆိုပါတော့။
သူတို့ရဲ့ လာအိုငွေဟာ မြန်မာငွေထက် အများကြီးငယ်တယ်ဆိုပေမယ့် အစစအရာရာ ဈေးကြီးလှတယ်။ ရေသန့်တစ်ဘူးကို လာအိုငွေ 3000 KIP ပေးရပါတယ်။ မြန်မာငွေဆိုရင် တော့ ရေသန့်တစ်ဘူးကို ၄၅၀ ခန့်ကျပါတယ်။ ကိုကာကိုလာ တစ်ဘူးကို KIP 10000, (မြန်မာငွေဆိုရင်တော့ ၁၅၀၀ ကျပ်) ပေးပြီးဝယ်သောက်ရပါတယ်။
ညဖက်စာရေးသူတို့ ပင်ပမ်းနွမ်းနယ်လာကြရာ အပမ်းပြေစေရန်အတွက် ဟော်တယ်မှာ Lao Tea ကို မှာသောက်ပါတယ်၊Lao Tea ဆိုလို့ လဘက်ရည်လို့ မထင်လိုက်ပါနဲ့၊ လဘက်ခြောက်နည်းနည်းထည့်ထားတဲ့ မြန်မာအခေါ် ရေနွေးကြမ်းပေါ့။ ရေနွေးကြမ်းတစ်ခွက်ကို 5000 KIP ပေးရတယ်။ မြန်မာငွေဆိုရင်တော့ ၇၅၀ ကျပ်ကြပါတယ်။
ကြားဖူးကြရဲ့လား အရပ်ကတို့ရေ……မဲခေါင်မြစ်ကမ်းနဖူးက pak bang မြို့မှာ ရေနွေးကြမ်းတစ်ခွက်ကို မြန်မာငွေ ၇၅၀ ကျပ်ပေးပြီး ၀ယ်သောက်ခဲ့ရတယ်။ နမြောသော်လည်း မတတ်နိုင် သောက်လိုက်ရတာပါပဲ၊ ညဖက် အိပ်ရာဝင်ကြကာ မနက်စောစောထပြီး ဆိုင်တစ်ဆိုင်မှာ သုံးယောက်သား ထမင်းကြော်စားကြပါတယ်။ ထမင်းကြော်တစ်ပွဲက KIT 15000 ၊ မြန်မာငွေဆိုရင်တော့ ၂၂၅၀ ကျပ်လောက်ကျပါ တယ်။
Loung prabang မြို့ကို မော်တော်ဘုတ်က နံနက် ၉ နာရီမှာ ထွက်ခွာမယ်လို့ စုံစမ်းသိရတဲ့အတွက် ဦးကုမာရနှင့်စာရေးသူတို့ နှစ်ဦးသား နေ့လည်စာအတွက် ကြိုတင်ပြီး ၀ယ်ယူကြပါတယ်။ ထမင်းကြော်က သုံးပွဲ၊ sand wiches အသားညှပ် ပေါင်မုန့် က သုံးခု၊တစ်ခုလျှင် 10000KIP မြန်မာငွေ ၁၅၀၀ ကျပ်ကြပါတယ်။ လာအိုနိုင်ငံမှာ ဈေးဝယ်ရင် ထောင်ဂဏန်းလောက် အနည်းဆုံးပေးရတယ်။
ဟောင်စီ(Houei Xai )မှ လောပရန်ဘန်(Loungprabang)သို့ မော်တော်ဖြင့် တစ်ည အိပ်နှစ်ရက်ခရီးလာရပါတယ်။ ကီလိုမီတာ ၆၀၀ အနည်းဆုံးရှိပါတယ်။
မဲခေါင်မြစ်ကြောင်းတစ်လျှောက် သတိထားမိတာက ကမ်းတစ်ဖက်တစ်ချက်မှာ ကျွန်းပင်များကို ကမ်းခြေတစ်လျှောက် စိုက်ထားတာကို တွေ့ရပါတယ်။ တစ်ချို့တောင်တွေမှာ သစ်ပင်မရှိ မြေသားပြင်ကြီးတွေ့ရတဲ့အတွက် တောင်ယာအလုပ်အကိုင်ကို လုပ်ကိုင်ကြသူများလည်း ရှိတယ်လို့ ယူဆရပါတယ်၊ တစ်ချို့ဆို မဲခေါင်မြစ်အတွင်း လှေလေးကိုယ်စီဖြင့် ပိုက်မျော၊ပိုက်ထောင် လုပ်ကိုင်နေကြ တဲ့အတွက် တံငါအလုပ်ကိုလည်း ဟင်းလျာရဖို့အရေး ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ လာအိုနိုင်ငံသူများဟာ ယိုးဒယားသူများနဲ့ ဆင်ပါတယ်၊ မြန်မာပြည်မှာဆိုရင်တော့ ပအိုဝ်သူလေးများနဲ့ ဆင်တူပါတယ်။ ရေမြေဒေသကလည်း မြန်မာပြည်ရှမ်းပြည်နယ်နဲ့ အဆင်တူပါတယ်။
မဲခေါင်မြစ်တစ်လျှောက်မှာ ကျောက်ဆောင် ကျောက်တုံးများ လွန်စွာပေါများတဲ့ အတွက် မော်တော်စီးရတာ အလွန်အန္တရာယ်များတယ်လို့ ဆိုရမယ်။ ဒါပေမယ့် မော်တော် မောင်းသူများက ကျွမ်းကျင်လှတဲ့ အတွက် စိတ်ချစွာ သွားလာနိုင်ပါတယ်။
တကယ်လို့ မော်တော်နဲ့ မသွားချင်ဘူးဆိုပါရင် ကုန်းလမ်းကနေ ကားဖြင့် သွားမယ်ဆိုလဲ ရပါတယ်လို့ သိရတယ်။ သတိထားရမှာက ကားလမ်းမှာ တောင်တက်တောင်ဆင်း လမ်း အကွေ့တွေ အလွန်များတဲ့အတွက် အန္တရာယ်များတယ် လို့ဆိုပါတယ်။ဒါကြောင့်လည်း စာရေးသူတို့ ဒီမဲခေါင်မြစ်အတိုင်း မော်တော်စီးဖို့ ရွေးချယ်မိတာပါ။
၂၂.၅.၂၀၀၉
ဒီလိုနဲ့ စာရေးသူတို့ စီးလာတဲ့ မော်တော်ဘုတ်ဟာ ညနေ ၆ နာရီလောက်မှာ လောပရာဘန် (loungprabang)သို့ ဆိုက်ကပ်ပါတယ်၊ ဆိပ်ကမ်းရောက်တယ်ဆိုရင်ပဲ ကမ်းနာတွင် လူကြီးလူငယ်လူရွယ်များက စာရွက်လေးတွေကိုင်ပြီး တည်းခိုခမ်းကြော်ညာနေတာကို တွေ့ရပါတယ်။ စာရေးသူတို့လည်း ဟော်တယ်မှာပဲ တည်းကြပါတယ်။ တည်းခတစ်ညကို (၃)ယောက်ခန်း၊ ထိုင်းဘတ်ငွေ ၄၀၀ ကျပါတယ်။
တည်းခိုခန်းရောက်တော့ ရေချိုးလိုက်တဲ့အခါကျတော့မှ တစ်နေ့လုံးပမ်းသမျှ လန်းလာပါ တော့တယ်။
ညဖက်ကျတော့ စာရေးသူနှင့်ဦးကုမာရတို့နှစ်ဦး မြို့ထဲသွားကာ အင်တာနက်ကဖေးဆိုင် ရှာဖွေရာ အဆင်သင့်တွေ့တဲ့အတွင်နှစ်ဦးသား နက်သုံးကြပါတယ်။
ပြီး မြို့ထဲတွင် ညဖက်ဗဟုသုတရအောင် ၉၆၉၃ ကိုသုံးပြီး ခြေလျင်လျှောက်ကြတယ်။ Loungprabang မြို့လေးရဲ့ ညရှုခင်းကတော့ အိမ်အတော်များများမှာ မီးလုံးများစွာတို့ဖြင့် ထွန်းထားတဲ့အတွက် လျှပ်စစ်မီးများ အလွန်သုံးနိုင်တဲ့ မြို့လို့ဆိုရပါမယ်။ ညရှုခင်းမြင်ကွင်းကို စာရေးသူတို့အဖို့ မြင်ရတာ စိတ်ချမ်းသာလှပါတယ်။
ဒီမြို့ကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီး သည်များ အရောက်များကြတယ်။ စာရေးသူတို့ ရောက်တဲ့နေ့ကဆိုလျှင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တစ်ရာကျော်ခန့် ရှိမည် ဟုခန့်မှန်းရပါတယ်။ ဘာ့ကြောင့် နိုင်ငံခြားခရီးသည်များ ဒီနေရာကို အရောက်များရတာလဲ ဆိုရင် ဒီ Loungprabang ရော်ပရာဘန် မြို့မှာ ရှေးဟောင်း အမွေအနှစ်များကို မပြုမပြင်ပဲ ထားရှိတဲ့အတွက် The world heri tage city ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်မြို့တော် ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုခြင်းခံရတယ်။ ဒါကြောင့် ကမ္ဘာလှည့်ခရီးသည်များဟာ ဒီ The world heri tage city ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်မြို့တော်ကို ပွင့်လင်းရာသီမှာ နေ့စဉ်နှင့်အမျှ တစ်ရာကျော်ခန့် ရောက်ရှိနေကြတာကို တွေ့မြင်ရပါတယ်။
ရှေးဟောင်းအမွေအနှစ်ဆိုလို့ လောနိုင်ငံက အင်တာနက်ပေါ်တင်ပြီး ကြော်ညာထားတဲ့အတွက် ကမ္ဘာ့လှည့်ခရီးသည်များ အသိများလာရခြင်းဖြစ်တယ်။
ယခုလည်းစာရေးသူတို့ ဒီနေရာကို သွားရတာကလည်း အင်တာနက်ကနေတစ်ဆင့် website တွေကြည့်ပြီး နယ်စပ်ဖြတ်ပြီး arrival visa ကို အလွယ်တကူရတဲ့အတွက် ဒီလမ်းကြောင်းကနေ သွားကြသလို တစ်ခြား ကမ္ဘာလှည့်ခရိးသည်တွေလည်း အဲလိုပဲ သွားလည်ကြတာ ဖြစ်ပါတယ်။ တကယ်လို့ လောနိုင်ငံ visa ရဖို့အတွက် ဘန်ကောက်ပြန် visa ထုနေရမယ်ဆိုရင်တော့ ဒီလမ်းကြောင်းကနေ သွားဖြစ်ကြမှာ မဟုတ်ပါ။ ဒီလိုပါပဲ ရွှေတြိဂံနယ်မြေ မြန်မာဖက်ကမ်းမှာလည်း Imagration office ရုံးဖွင့်ပြီး arrival visa ပေးနိုင်ခဲ့မည်ဆိုပါက ခရီးသည်များ ရွှေတြိဂံကနေတဆင့် မြန်မာပြည် ထဲဝင်လာနိုင်တယ် လို့ တွေးမိပါတယ်။ဒါဆိုရင် နိုင်ငံခြားငွေ အများကြီးရ ရှိမှာဖြစ်ပါ တယ်။(ဆက်လက်ဖေါ်ပြဦးမည်)

Twitter Delicious Facebook Digg Stumbleupon Favorites More