This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label သတင်း. Show all posts

Thursday, April 15, 2010

ရန်ကုန်ဗုံးခွဲသတင်း

ရန်ကုန် မြို့ လယ် လူစည်ကားရာ ကန်တော်ကြီးစောင်းတစ်နေရာ၊ x2o ရေကစားမဏ္ဍပ်အနီး ယနေ့ ၁၅-၄-၂၀၁၀ နေ့လွဲ ၃ နာရီက ဗုံး သုံးလုံး ပေါက်ကွဲ သည်၊ လူရှစ်ဦး သေဆုံးပြီး ၊ (၉၄)ဦးဒါဏ်ရာရရှိသွားပါသည် ဟု ယနေ့ည မြန်မာ့တီဗီက သတင်းထုတ်ပြန်ခဲ့ပါသည်။

မြန်မာ့ရိုးရာမြန်မာသင်္ကြန်ကိုပင်မရှောင် အကြမ်းဖက်ဗုံးခွဲကြသည့် အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပါကြောင်း...

Type the rest of your post here.

Wednesday, November 25, 2009

ဖြူးဆရာတော်၏ အန္တိမဈာပန အခမ်းအနား အစီအစဉ်

ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်းဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်
၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ
၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ
၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ
၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ
၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိအချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊
ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာအရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့်ပေါက်မြိုင်ဆရာတော်ဘုရားကြီးတို့မှ
သီလပေးသြဝါဒချီးမြှင့်ပေးကြမည်ဖြစ်ပါသည်။ထို့နောက် သီတဂူဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရမှ ရေစက်သွန်းချ အမျှပေးဝေပြီး နောက်တွင် ဖြူးဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်ကို ဆရာတော်ဘုရားကြီးများနှင့် တပည့်သံဃာများ၊ အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ ဂေါပကအဖွဲ့ဝင်လူကြီးများ၊ တပည့်ဒကာ ဒကာမများနှင့် ဖြူးဆရာတော်ဘုရားကြီး၏ ဆွေတော် မျိုးတော်များမှ အဖွဲ့သုံးဖွဲ့ ခွဲကာ မင်းခမ်းမင်းနားဖြင့် ရေဝေးသုဿန်သို့ ပင့်ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသည်။
ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဈာပနပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ
ဖြူးမဟာစည်သာသနာ့ရိပ်သာ မူလကျောင်းတိုက်သို့ မြို့နယ်သံဃာနာယကအဖွဲ့ဆရာတော်များ၊ တာဝန်ရှိလူကြီးမင်းများ၊ တပည့်သံဃာတော်များနှင့် ဒကာ ဒကာမများမှ ပင့်ဆောင်ကြမည်ဖြစ်ပြီး ရိပ်သာတွင် သုံးညတိုင်တိုင် တရားပွဲများ ဆက်လက်ကျင်းပ
မည်ဖြစ်ပါသည်။ထို့နောက် ဖြူးဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာကို ဖြူးချောင်းတွင် ရေမျှောပူဇော်မည်ဖြစ်ပါ ကြောင်းကို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိနေကြပါသော ဓမ္မမိတ်ဆွေ မြန်မာနိုင်ငံသားများအားလုံးသို့ စေတနာရှေ့ထား၍
အသိပေးကြေညာအပ်ပါသည်။

Monday, November 23, 2009

ဖြူးဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူခြင်း

နိုင်ငံကျော်ဓမ္မကထိက ဦးနရပတိ ဖြူးဆရာတော်ကြီးသည် အာရှတော်ဝင်ဆေးရုံကြီးတွင်၂၄.၁၁.၂၀၀၉ နံနက်(၇)နာရီအချိန် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါပြီ။ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ၃၀.၁၁.၂၀၀၉ ရက်နေ့မှာ မီးသဂြိုလ်မည်ဖြစ်ပါကြောင်း.....

Tuesday, November 17, 2009

အဓမ္မ၀ါဒီများအား သတိပေးခြင်း။

အဓမ္မ၀ါဒလို့ ဆုံးဖြတ်ထားတဲ့ဝါဒများအနက် ဆူးလေးဦးမြင့်သိန်းဝါဒ နှင့် မိုးပြာဂိုဏ်းတို့အား ရဟန်းသံဃာ/ဒကာ/ဒကာမများ ကို ထင်ယောင်မှားဖြစ်အောင် စည်းရုံးလှုပ်ဆော်ခြင်းမပြုကြရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွန်ကြားလွှာအမှတ်(၉၄) မှာ နိုဝင်ဘာလ(၉)ရက်နေ့ ထပ်မံသတိပေးထား ပါကြောင်း။ ။
ဆူးလေဦးမြင့်သိန်းဝါဒဟာ ယခုအခါ ဓမ္မစေတီဦးကောသလ္လ ဖြစ်ပြီး၊ မိုးပြာဂိုဏ်းကတော့ ဦးဥာဏ ဖြစ်တယ်လို့ သိရပါတယ်။

Monday, July 27, 2009

မြိတ်တက္ကသိုလ် ကျောင်းအုပ်ကြီးကို အမှူးထားပြီး၊ ရူပဘေဒဌာနမှ ပါမောက္ခ-ဆရာ/ဆရာမများ၊ ကျောင်းသူ-ကျောင်းသားများရဲ့ ၀ါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

Thursday, July 23, 2009

သန်းခေါင်ယံမှာ နေထွက်ခြင်း

သန်းခေါင်ယံက အမေးအဖြေများ စာအုပ်မှာ ဘာသာရေး အမေးအဖြေများကို သန်းခေါင်ယံကစခဲ့တဲ့အတွက် သန်းခေါင်ယံ အမေးအဖြေများ လို့ နာမည်ပေးရသလို ယခုလည်း သန်းခေါင်ယံမှာ နေမ၀င်ဘဲ နေထွက်ခဲ့တဲ့အတွက်ကြောင့် နေမ၀င်ညများ ဒါမှမဟုတ် သန်းခေါင်ယံ နေ လို့ နာမည်ပေးရမလားပဲ..
ယခုတလော နေကြတ်တာတွေ ကြားနေကြရပါတယ်၊ နေ့အခါ နေကြတ်ကာ နေမသာနိုင်ဘဲ ဖြစ်ကြပေမယ့် တစ်ချို့နေရာတွေမှာ အထူးသဖြင့် ကမ္ဘာ့မြောက်ဖျားဒေသ တစ်ချို့မှာတော့ ညဖက်မှာ လသာရမယ့်အစား လပျောက်လို့ နေသာ ဖြစ်ခဲ့ရတယ်လေ........
သန်းခေါင်ယံအချိန်ကျရောက်ဖို့ နီးလာလေလေ နေလုံးကြီးက တောင်စွယ်နေကွယ်ဖို့ နီးလာလေလေပါ၊ ဒါပေမယ့် ည ၁၁း၃၀ နာရီ လောက်မှာ နေလုံးကြီးဟာ မ၀င်တော့ပဲ အပေါ်ပြန်တက်လာ တယ်လို့ သိလိုက်ရပါတယ်။ အဲဒါကို နိုင်ငံအသီးသီးမှ လူအများ လာရောက်ကာ သန်းခေါင်ယံအချိန်မှာ နေထွက်တာကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ရှုကြတယ်လို့ သတင်းမှာ ကြော်ညာပါ တယ်။
ဒါကြောင့်လည်း (midnight sun) သန်းခေါင်ယံ နေ လို့ ပြောခဲ့ကြတယ်ထင်ပါရဲ့...ဒီလို ထူးဆန်းတဲ့ ဖြစ်ရပ်မျိုးကို နော်ဝေ၊ ဆွီဒင်စတာတွေမှာ တွေ့ရတတ်တယ်လို့ ဖတ်လိုက်ရပါတယ်။
အချိန်ကား နှစ်စဉ် အများအားဖြင့် မေလ (၁၄)ရက်မှ ဂျူလိုင်လ (၂၉)ရက်အထိ ဒီအတောအတွင်းမှာ နေမ၀င်ညများ ဖြစ်လေ့ရှိတယ်လို့ ဒီwebsiteမှာ ဖေါ်ပြထားပါတယ်။ ယခုရက်ပိုင်း အတွင်း ဒီမိုကရက်တစ် TV လိုင်းက ဒီအကြောင်းကို "နေမ၀င်ညများ" ဆိုပြီး အသံလွင့်ပေးနေပါတယ်။ ပိုပြီးလည်း ပြည့်ပြည့်စုံကြားရတာပေါ့၊ ဒါကြောင့် အကြောင်းညီညွတ်ရင် စာဖတ်သူ များ ကြည့်ဖြစ်အောင် ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လောကမှာ နေမ၀င်ညများ ရှိသလို.......
ဘ၀နေ၀င်ချိန်ဆိုတာ မရှိတော့ရင် ကောင်းမှာပဲ......ဘ၀နေ၀င်ချိန်မရှိတော့ရင် အိုနာသေဆိုတာလည်း မလာတော့ဘူးပေါ့.....
ဒါကြောင့် ဘ၀နေ၀င်ချိန် မရှိစေရေးအတွက် အခုကတည်းက ပါရမီကုသိုလ်တွေကို စွမ်းအားရှိသလောက် ပြုနေကြရတာပါ၊ ရာဝင်အိုးကြီးထဲသို့ မိုးစက်တွေ တစ်စက်ချင်း ကျနေတဲ့အတွက် ဘယ်အခါမှ ပြည့်မယ်လို့ မပြောနိုင်ပေမယ့် တစ်နေ့တော့ ပြည့်ရုံတင်မက လျှံတောင်ကျလာဦးမှာပါ။ စာဖတ်သူများလည်း ကိုယ်စွမ်းရှိသလောက် ပါရမီကုသိုလ်တွေကို ဖြည့်ကျင့်ကြဖို့ တိုက်တွန်းပါရစေ........ပါရမီကုသိုလ်တွေဆိုတာ အချိန်မရွေး နေရာမရွေး ပြုလို့ရနိုင်တဲ့အတွက် သတိတရားသာ ထားပြီး ပြုကြဖို့ပါ.....

Tuesday, December 9, 2008

ဗုဒ္ဓ၀င်စား အလိမ်ပေါ်ပြီ

ဗုဒ္ဓလူဝင်စားအကြောင်းကို AFP သတင်းက လာတဲ့အတိုင်း ဖေါ်ပြလိုက်ပါတယ်။
" နှစ်နှစ်နိးပါးမျှ လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သော ဗုဒ္ဓတရားကို ကျင့်ကြံလိုက်နာသည့် သူတော်စင်လေးဟု ထင်ရှားသူ နိပေါလ်နိင်ငံ သားသည် နှစ်နှစ်နီးပါးမျှ လူမြင်ကွင်းမှ ပျောက်ကွယ်နေရာမှ နိုင်ငံတောင်ပိုင်းတွင် ပြန်လည် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ယခုအခါ အသက်(၁၈)နှစ်အရွယ်ရှိပြီဖြစ်သော ရန်ဗဟာဒူဘွန်ဟမ်သည် လပေါင်းများစွာ မစားမသောက် မအိပ်မနေဘဲ တရားကျင့်ကြံနေသည်ဟု ၂၀၀၅ ခုနှစ်ကတည်းက သတင်းထွက်ပေါ်လာခဲ့သည်။
၂၀၀၇ ခုနှစ် မတ်လတွင် မြေအောက်၌ သုံးနှစ်ကြာ တရားကျင့်မည်ဟု ဆိုကာ ပျောက်ကွယ်သွားခဲ့သည်။ ယင်းကာလတွင်နှစ်ကြိမ်မျှ ပေါ်ထွက်လာခဲ့သေးသည်။ ယခုအခါတွင် မြို့တော် ခေတ္တမန္ဒူတောင်ဘက်ရှိ တောတွင်း၌ နေ့စဉ် လာရောက်သူတို့ကို ၄၅ မိနစ်ကြာ လက်ခံတွေ့ဆုံလျှက် ရှိပြီး၊ နိုဝင်ဘာလ (၁၈)ရက်နေ့အထိ လူများနှင့် လက်ခံတွေ့ဆုံသွားမည်ဟုဆိုသည်။
၎င်းနေထိုင်ရာ တောတွင်းသို့ နေ့စဉ်လူထောင်ပေါင်းများစွာ လာရောက်ကြသည်ဟု နယ်ဒေသခံရဲတပ်ဖွဲ့မှ တာဝန်၇ှိသူက ပြောသည်။ သူတော်စင်ကလေးအား စောင့်ကြပ်ကြည့်ရှုသူများထံမှ အလှူငွေ များစွာ လက်ခံရရှိသည်ဟု သိရသည်။ အစားဘဲနေသည်ဟုဆိုသော် လည်း ပြင်သစ်ရုပ်သံ ဂျာနယ်လစ်တစ်ဦးက ထိုသူငယ် အသီးစားနေသည်ကို ရိုက်ကူးနိုင်ခဲ့သလို အေအက်ဖ်ပီ သတင်းထောက်ကလည်း ၄င်းတရားကျင့်ချိန်၌ သွားရောက်စုံစမ်းမိရာ အိပ်ပျော်နေသည်ကို တွေ့ခဲ့ရသည် ဟုဆိုသည်။(Ref: AFP)

Thursday, July 17, 2008

ဝါဆိုသင်္ကန်းကပ်လှူပွဲ

သာသနာတော်သက္ကရာဇ် ၂၅၅၂ ခုနှစ် ၀ါဆိုလပြည့် ၊ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်တစ်ခုဆိုရင် မမှားဘူးပေါ့၊
ဒီနေ့ စာရေးသူတို့ရဲ့ အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာတွင် ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြသော အလှူ့ရှင်များနှင့် ဥပုသ်သည် များ လာရောက်ကာ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကြပါသည်၊ ထိုနေ့ တရားပွဲတွင် အမြတ်ဆုံးဥစ္စာ ရှာမှီးပါ ဆိုသည့် တရားကို ဟောကြားခဲ့ သည်။ ထိုတရားတော်ကို ဖတ်ရှုလိုပါက older posts ထဲမှ (တုနှိုင်းမမီ ၉ )တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။

Wednesday, July 9, 2008

ဝါဆိုသင်္ကန်းကပ်လှူပွဲ

(၅.၇.၂၀၀၈)နေ့ ၊ မြိတ်-တက္ကသိုလ် ရူပဘေဒဌာနမိသားစု၊ပါမောက္ခ၊ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူများ စုပေါင်း၍ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် စာရေးသူ က အလှူရှင်များအား "ကောင်းခြင်းလေးဖြာ"တရားတော်ဖြင့် ဟောကြားချီးမြှင့်ပေးခဲ့ပါသည်။

Type the rest of your post here.

ဝါဆိုသင်္ကန်းကပ်လှူပွဲ

(၅.၇.၂၀၀၈)နေ့ ၊ မြိတ်-တက္ကသိုလ် ရူပဘေဒဌာနမိသားစု၊ပါမောက္ခ၊ဆရာ၊ဆရာမ၊ကျောင်းသား၊ကျောင်းသူများ စုပေါင်း၍ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် စာရေးသူ က အလှူရှင်များအား "ကောင်းခြင်းလေးဖြာ"တရားတော်ဖြင့် ဟောကြားချီးမြှင့်ပေးခဲ့ပါသည်။

Type the rest of your post here.

Thursday, May 29, 2008

နှစ်ငါးဆယ်ပြည့် ရွှေရတု ပျားရည်ဆွမ်းလောင်းလှူပွဲကြီး

ကတန်ကျွန်းသည် မြိတ်ကျွန်းပေါင်း (၈၀၀)ခန့်ရှိသည့်အနက် အလျား(၁၈)မိုင်၊ အနံ(၁၂)မိုင် ရှိသည့် အကြီးမားဆုံးသော ကျွန်းဖြစ်သောကြောင့် ထိုကတန်ကျွန်းကို ကျွန်းဘုရင် ဟု ခေါ်ကြသကဲ့သို့ ကျွန်းစု ဟုလည်း ခေါ်ခဲ့ကြပေသည်။ ယခုအခါ ထိုကတန်ကျွန်းကြီးတွင် ရွာပေါင်း (၂၀)ခန့်ရှိပြီး ကတန်ကျွန်းကို မူတည်၍ ကျွန်းစုမြို့နယ်ဟု ခေါ် ကြပါသည်။ ထိုကျွန်းစုမြို့နယ်အတွင်း ထိန်းချောင်းအမည်ရှိ ကျေးရွာတစ်ရွာလည်းရှိပေသည်။ ထိုရွာတွင် အောင်တော်မူသာသနာ့ရိပ်သာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့တွင် ပျားရည်ဆွမ်းလောင်းလှူလာခဲ့ကြရာ (၁၉၅၈)ခုနှစ်မှသည် (၂၀၀၈)ခုနှစ်အထိ နှစ်ငါးဆယ်တိုင်ခဲ့ပြီ ဖြစ်သောကြောင့် ယခုအခါ နှစ်ငါးဆယ် ရွှေရတု အထိမ်းအမှတ်ဖြင့် ပျားရည်ဆွမ်းလောင်းလှူပွဲ ကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ ထိုပွဲတွင် ပျားရည်လာရောက်အလှူခံတော်မူကြသော သံဃာတော်များမှာ (၁၃၀)ပါး အရေအတွက်ရှိပြီး၊ သီလရှင်များမှာ (၄၀)ခန့် ၊ စုစုပေါင်း (၁၇၀)ခန့် ရှိပါသည် ။ ထိုပွဲတွင် ပတ်ဝန်းကျင်မှ ရွာများဖြစ်ကြသော ကတ္တလူရွာ၊ မရမ်းချောင်းရွာ၊မအိုင်ရွာ၊ ပန်းဆွတ်ရွာ၊ ရေခပ်ဆိပ်ရွာ၊ ဆားဖိုရွာ၊ သန္တာကျွန်း(ယခင်ကုလားကျွန်း)၊ကျွန်းစုမြို့တို့မှ စေတနာရှင်များက ပျားရည်ဆွမ်းလာ ရောက်လောင်းလှူကြကြောင်း သိရှိရပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More