This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 28, 2010

ဒီလိုသင်တန်းမျိုးရှိသင့်ပါသတဲ့

ညနေခင်း ဒကာမနှစ်ဦး ကျောင်းသို့ရောက်ရှိလာပြီး “အရှင်ဘုရား…..ယဉ်ကျေးမှုသင်တန်းနဲ့ပတ်သက်ပြီး စုံစမ်းချင်လို့ ရောက်လာတာ ပါဘုရား၊ သင်တန်းကျင်းပတဲ့ပုံစံလေးသိချင်လို့ အမိန့်ရှိပါအုံးဘုရား” လို့ မေးလာတဲ့အတွက် သင်တန်းနဲ့ပတ်သက်ပြီး စီစဉ်ထားပုံကို ပြောဖြစ်ခဲ့ပါတယ်။

“သင်တန်းက (၁၀)ရက်တိတိပါ၊ သင်တန်းသို့ ရောက်လာတဲ့ကလေးများဟာ ယောင်္ကျားလေးဆိုရင် သာမဏေ၀တ်ရပြီး၊ မိန်းကလေး ဆိုရင် သီလရှင်ဝတ်ရပါတယ်။ တစ်ချို့သီလရှင်မ၀တ်လိုတဲ့ မိန်းကလေးများကိုတော့ ယောဂီအ၀တ် ၀တ်ကြရပါတယ်။ သင်တန်းသားများဟာ သင်တန်းစတဲ့အချိန်ကနေ သင်တန်းပြီးဆုံးချိန်အထိ ကျောင်းမှာပဲ နေရမှာပါ။ တစ်နေ့တာရဲ့ အချိန်ဇယားက မနက် ၄-နာရီအိပ်ယာထ၊ ၄း၃၀နာရီမှာ ဓမ္မာရုံသွားပြီး ဆရာတော်ထံမှ သီလအပြင် သြ၀ါဒပါ ခံယူရပါမယ်။ မနက် ၅း၃၀နာရီမှာ ဆွမ်းစားကြရမှာဖြစ်တယ်။ ဆွမ်းစားပီးတဲ့အခါ ၆း၃၀နာရီမှာ သန့်ရှင်းရေးလုပ်ရပါ့မယ်။ ၇နာရီမှ ၈နာရီအထိ စာသင်ကြရမှာဖြစ်တယ်။ ၈ နာရီမှ ၉ နာရီအထိ စာကျက်ကြရပါမယ်။ ၉ နာရီမှ ၁၀နာရီအထိရေချိုးကြရပါမယ်။ မနက် ၁၀း၃၀-နာရီမှာတော့ နေ့လည်စာ စားကြရပါမယ်။ နေ့လည် နားပြီး ၁၂း၃၀-နာရီမှ ၂ နာရီအထိ သင်တန်းသားများ ဟောပြောဆွေးနွေးပွဲကျင်းပမှာဖြစ်ပါတယ်။ ၂-နာရီမှ ၃-နာရီအထိ စာကျက်ကြရမှာဖြစ်တယ်။ ၃ -နာရီမှ ၄ -နာရီအထိ စာသင်ကြရမယ်။ ၄ -နာရီမှ ၅-နာရီအထိရေချိုးပြီး ၅နာရီမှ ၅း၃၀-နာရီအထိ ဧည့်တွေ့ချိန်ဖြစ်ပါတယ်။ ညနေ ၆-နာရီမှာ ဘုရားဝတ်တက်ကြရပြီး၊ ညတရားနာကြရမှာဖြစ်တယ်” လို့
တစ်နေ့တာအစီအစဉ်ကို ပြောပြလိုက်ပါတယ်။ ထိုဒကာမများက “အရှင်ဘုရားတို့ရဲ့သင်တန်းအစီအစဉ် ကောင်းလိုက်တာဘုရား၊ ဒီသင်တန်းပုံစံမျိုးတပည့်တော်တို့ မြို့မှာဖြစ်သင့်နေတာ ကြာပါပြီဘုရား၊ ယခုလိုအရှင်ဘုရားတို့က ဦးစီးဆောင်ရွက်ပြီး ကျင်းပပေးတာဟာ အနာဂါတ်ကလေးတွေအတွက် ၀မ်းမြောက်စရာကောင်းလှပါတယ်ဘုရား၊ တပည့်တော်တို့သားလေးလဲ ဒီသင်တန်းမှာ ထားချင်ပါတယ်ဘုရား၊ တပည့်တော်တို့သားကလေးဟာ ယခုအချိန်မှာ ဘာသာရေးနဲ့ပတ်သက်ပြီး ဘာမှနားမလည်ပါဘုရား။ စာသင်ကျောင်းမှာ သားကလေးရဲ့ အတန်းပိုင်ဆရာမက ဘာသာခြားဖြစ်နေတဲ့အတွက် ဘုရားရှိခိုးတာ မပြုလုပ်ကြရပါဘုရား။ ဒါကြောင့် ဘာသာရေးနဲ့ပတ်သက်ပြီး ကလေးများအတွက် အနာဂါတ်မျှော်လင့်ချက် ကင်းမဲ့နေသလိုပါပဲဘုရား” လို့ လျှောက်ထားလာတော့…
စာရေးသူအတွက် ဗုဒ္ဓဘာသာကလေးများဖြစ်ပါလျှက်နဲ့ ဘာသာခြားအတန်းပိုင်ဆရာများကြောင့် ဘာသာရေးမှာ အားနည်းလာရတာ ကို စိတ်မကောင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုသိတတ်တဲ့ မိဘများကြောင့်လဲ အားတက်ရပြန်ပါတယ်။ ပြောချင်တာက မိဘများဟာ ဘာသာရေးနဲ့ ပတ်သက်ပြီး သွေးအေးမနေကြဖို့ ၊ လစ်လျူမပြုထားကြဖို့ တိုက်တွန်းလိုပါတယ်။
တစ်ဖန် ၂၀၀၉ ခုနှစ်က သင်တန်းအတွေ့အကြုံရလဒ်တစ်ခုကို ဒကာမများအား ပြောဖြစ်ပါသေးတယ်။ မနက်သင်တန်းတုန်းက တစ်နေ့ ညနေမှာ သင်တန်းသားတစ်ဦးရဲ့မိခင်ဟာ စာရေးသူနဲ့စကားပြောနေစဉ် ကိုရင်က သူ့မိခင်အနီးရောက်လာပါတယ်။ မိခင်က “ကိုရင် ဘာလိုရှိပါသလဲဘုရား” လို့မေးတော့ ကိုရင်က “ကိုရင် ဘာမှ မလိုပါဘူး။ ကိုရင်တို့သင်တန်းပြီးလို့ အိမ်ပြန်တဲ့အခါ အိမ်မှာ ချိတ်ဆွဲထားတဲ့ အုံးသီးဆွဲကို ဖြုတ်လိုက်ကြရအောင်လား” လို့ သားဖြစ်သူကိုရင်ထံမှ မမျှော်လင့်တဲ့စကားကို ကြားလိုက်ရတော့ မိခင်ခမျာ အံ့အားသင့်စွာနဲ့ “ကိုရင်…အိမ်ပြန်ရင်ကိုရင့်အလိုကျ အုံးသီးဆွဲကြီးကို ဖြုတ်ပေးပါ့မယ်” လို့ ကိုရင်ကိုပြန်ပြောလိုက်ပါတယ်။
အိမ်ပြန်ရောက်လို့ လူကြီးများက အုံးသီးဆွဲကို ဖြုတ်လိုက်တာပဲဖြစ်စေ၊မဖြုတ်တာပဲဖြစ်စေ၊ အရေးမကြီးတော့ သင်တန်းသားကိုရင်ကလေးရဲ့ သဏ္ဍန်မှာတော့ အုံးသီးဆွဲဆိုတာ ကိုးကွယ်စရာမလို၊ ဘုရားတရားသံဃာ ရတနာသုံးပါးသာ ကိုးကွယ်ရာဆိုတဲ့ ကိုးကွယ်မှုအစစ်အမှန်ကို ကလေးများရဲ့နှလုံးသားထဲ စိုက်ထူပေးလိုက်ရတဲ့အတွက် အတိုင်းမသိပီတိဖြာခဲ့ရသူက ဘာသာရေးဥယဉ်မှုးဖြစ်တဲ့ စာရေးသူ ရယ်ပါ………. ဒီအကြောင်းကို ရောက်လာတဲ့ဒကာမနှစ်ဦးအား ပြောလိုက်တဲ့အခါ…
“အရှင်ဘုရား…ကြားရတာ ၀မ်းသာစရာကောင်းလိုက်တာဘုရား၊ တပည့်တော်မတို့သားကိုလဲ နောက်ကျသွားတဲ့ အတွက် ဒီနှစ်သင် တန်းမှာ မတက်ရပေမဲ့ နောင်နှစ်သင်တန်းအတွက် ကြိုတင်စာရင်းလာပေးပါ့မယ်ဘုရား။ ဒီသင်တန်းမျိုး မြန်မာပြည်မှာ အများကြီးဖြစ်သင့်နေပါပြီ ဘုရား” လို့ အားတက်သရော ပြောကြပါတယ်။
ဒီလိုပါပဲ..ကလေးတွေရဲ့ အနာဂါတ်မျော်လင့်ချက်ရောင်ခြည်ဟာ မိဘတိုင်းမှာ တာဝန်ရှိနေပါတယ်။ ယခုအခါစာရေးသူတို့မြို့မှာ စာရေးသူတို့ ကျောင်းအပါအ၀င် အခြားအခြားဘုန်းတော်ကြီးကျောင်းများမှာလဲ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းများ ကျင်းပလာကြတာကို တွေ့ရတဲ့အတွက် သာသနာအတွက်ဝမ်းမြောက်ရပါတယ်။
ထိုနေ့က သင်တန်းသားဦးရေစာရင်းပြည့်သွားပြီဖြစ်တဲ့အတွက် လက်မခံလိုက်ရပေမဲ့ ထိုဒကာမများကတော့ စိတ်မပျက်ဘဲ နောင်နှစ်မှာ သူတို့ကလေးအတွက် ကြိုတင်စာရင်းပေးသွင်းမှာဖြစ်တဲ့အကြောင်းနဲ့ သင်္ကန်း၊သီလရှင်ဝတ်စုံစတဲ့ အခုသင်တန်းလိုအပ်ချက် အတွက်ကိုလဲ မကြာခင်လာရောက်လှူဒါန်းမှာဖြစ်တဲ့အကြောင်း ပြောကာ ပြန်သွားကြပါတယ်။
အချူပ်ဆိုရရင် သာသနာဆိုတာ စာရေးသူတို့ တစ်ဦးတစ်ယောက်နဲ့ သာသနာပြုလို့မရပါ၊ ဒကာများပါ အားတက်သရော ၀ိုင်းဝန်းသာသနာပြုကြမယ်ဆိုပါရင် သာသနာထွန်းကားနေမှာအမှန်ပင်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်……….။

Saturday, February 27, 2010

ပတ်ဝန်းကျင်က မြတ်ဓမ္မ

ဝိပါက်ကြမ္မာ မလွတ်သာ
ဝင်လုလုအားဖျော့တဲ့နေရောင်ခြည်နဲ့အတူ မိုးကောင်းကင်ပြာကြီးကို ကြည့်လိုက်တဲ့အခါ ငှက်များ အုပ်စုဖွဲ့ပြီး အစာရှာရာမှ အိပ်တန်းရှိရာ နေရာသိုက်မြုံကို ပျံသန်းနေကြတယ်။ ဒါကိုကြည့်ပြီး အတွေးနယ်ချဲ့မိပါတယ်။ သတ္တ၀ါများဟာ ဘ၀ကံဇာတ်ဆရာအလိုကျ ဘ၀တွေအမျိုးမျိုးအဖုံဖုံဖြစ်နေကြရသလို ရရှိလာတဲ့ဘ၀တွေမှာလဲ အဖြူအမဲ ကောင်း-မကောင်းဆိုတဲ့ အလုပ်တွေကို ကိုယ်တိုင်ပဲ စီမံဖန်တီးနေကြတာပါပဲလား။
ဒါကြောင့်လဲ ဘုရားရှင်က အဘိဏှသုတ်မှာ ကံသာ ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံကပေးတဲ့အမွေကိုပဲ ခံယူကြရတယ်။ ကံဆိုတဲ့ အကြောင်းပဲရှိတယ်။ ကံဆိုတဲ့ ဆွေမျိုးပဲရှိတယ်။ ဘ၀မှာအမှတ်မထင်ပြုလုပ်လိုက်တဲ့ အလုပ်တွေက ကောင်းတာ လဲရှိမယ်၊မကောင်းတာလဲရှိ မယ်။ ထိုကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ်တွေရဲ့ အမွေခံဟာ တစ်ခြားမဟုတ် မိမိကိုယ်သာ ဖြစ်ရတော့တယ်၊ ဒါကို နေ့စဉ်မပြတ် ဆင်ခြင် ပွားများသင့်တယ် လို့ ဟောကြားတော်မူခဲ့တယ်။

အတွေးနယ်ချဲ့နေစဉ် စာရေးသူထံသို့ ဒကာတစ်ဦးရောက်ရှိလာပါတယ်။ သူက “အရှင်ဘုရား….ဗုဒ္ဓယဉ်ကျေးမှုသင်တန်းအတွက် ကိုရင်သင်္ကန်း၊သီလရှင်ဝတ်စုံနဲ့ ဖျော်ရည်အတွက် အလှူငွေထည့်ချင်လို့ပါဘုရား” လို့ ပြောရင်း သင်တန်းအတွက်လိုအပ်တဲ့ အထောက် အပံ့ကို လာရောက်လှူဒါန်းပါတယ်။ သူ့နာမယ်က မောင်မျိုးလွင် လို့ခေါ်ပါတယ်။ အရင်တုန်းက သူဟာ ကျောင်းကို မကြာမကြာ ရောက်လာတတ်ပါ တယ်။ ပြီးခဲ့တဲ့နှစ်ကဆို လုံးလုံးမရောက်လာခဲ့ပါ။ ဒါနဲ့စာရေးသူက “မောင်မျိုးလွင်…..မရောက်တာကြာပေါ့နော်၊ အခုမှပဲရောက်လာတော့တယ်၊ အဆင်ပြေကြရဲ့လား” မေးရာ သူက “ တပည့်တော်မရောက်ဖြစ်တာ တစ်ခြားကြောင့်မဟုတ်ဘူးဘုရား၊ တပည့်တော်မှာ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက အလုပ်ထဲမှာ မျက်စိခိုက်မိပြီး မျက်စိဒါဏ်ရာရခဲ့ရာက မျက်စိတစ်ဖက်ကွယ်ခဲ့ရပါတယ်ဘုရား” ။ မှန်ပါတယ်၊ မောင်မျိုးလွင်မျက်စိတစ်ဖက်ပျက် နေတာကိုအခုမှပဲ သတိထားကြည့်မိပါတယ်။ ဖြစ်မှဖြစ်ရလေဒကာရယ်… ကံတရားရဲ့ အလှည့်အပြောင်းလေးတွေဟာ တစ်ခါတစ်ရံ အံ့သြစရာ ထိတ်လန့်စရာကောင်းလှပါတယ်။ “လှံထမ်းလာတာမြင်တယ်၊ ကံထမ်းလာတာမမြင်ဘူး” ဆိုတဲ့ စကားအတိုင်း ဒီလိုဖြစ်မယ်လို့ အစကသိခဲ့ မယ်ဆိုရင် ဒီလိုဘယ်လုပ်ဖြစ်တော့မလဲ။
သို့နှင့်မောင်မျိုးလွင်ဟာ မျက်စိကွယ်ခဲ့ရတာနဲ့ပတ်သက်ပြီး “ဒီအကြောင်းကို အရှင်ဘုရားအားလျှောက်ချင်ပါသေးတယ်” ဆိုပြီး သူ့ဘ၀ဇာတ်ကြောင်း တစ်စိတ်တစ်ဒေသကို လျှောက်ထားလာပါတယ်။
တပည့်တော် ငယ်ငယ်တုန်းက ရွာမှာ သူငယ်ချင်းများနဲ့အတူ ငါးမျှားကိုင်းထောင်လေ့ရှိပါတယ်။ ငါးတွေလဲမရမဟုတ်ရခဲ့တယ်။ ရလာတဲ့ ငါးကလေးတွေကို အိမ်အပြန်ဆောင်ယူဖို့ လွယ်ကူအောင်ဆိုပြီး ပါလာတဲ့နှီးပြားလေးတွေနဲ့အတူ မသေမရှင်ဖြစ်နေတဲ့ငါးလေး တွေရဲ့ပသိကိုထိုးသီပြီး ယူဆောင်လေ့ရှိပါတယ်။
တစ်နေ့ ငါးလေးတစ်ကောင်ကို လုပ်နေကြထုံးစံအတိုင်း ၀ါးနှီးပြားလေးနဲ့ ပသိကနေထိုးလိုက်ရာ ပါးစပ်သို့မရောက်ဘဲ မျက်လုံးမှ ဖေါက်ထွက်သွားပါတယ်။ ဒါနဲ့တပည့်တော်လဲ ကြောက်လန့်ပြီး ထွက်လာတဲ့မျက်စိကို ပြန်သိပ်ပေးခဲ့တယ်။ ဒီတုန်းက ကလေးအရွယ်ဆိုတော့ ဘာမှနားမလည်ခဲ့ပါ။
သတိရပါသေးတယ်။ ဒီတုန်းက ငါးမျှားဖို့ရာ ငါးစာအတွက် ကင်းခြေလေးတွေကို လက်ခြေတုတ်ပြီး ငါးမျှားချိတ်မှာထိုးသီခဲ့ရတဲ့အကြိမ် ပေါင်းလဲ မနည်းတော့ပါဘူး။ ငယ်ငယ်ကဆိုတော့ ကြောက်ရမှန်းလဲမသိ၊ ပျော်ပျော်ပါးပါးပဲ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ပါ တယ်။ အရွယ်ရောက်လို့ အသက်(၁၈)နှစ်ဝန်းကျင်လောက်ရောက်တဲ့အခါ ငယ်ငယ်ကလုပ်ခဲ့တဲ့ အလုပ်တွေကို မကြာမကြာ ပြန်သတိရပါတယ်။ ကြိုးစားဖျောက်ပေမဲ့ မရခဲ့ဘူး။ မသေမရှင်ဖြစ်နေတဲ့ငါးလေးကို ၀ါးနှီးပြားလေးနဲ့ ငါးလေးရဲ့ ‘ပသိ’ ကနေထိုးလိုက်လို့ မျက်စိကိုဖေါက် ထွက်သွားတဲ့ မြင်ကွင်းအာရုံက အဆိုးဆုံးပဲ၊ မကြာမကြာလဲ ပြန်သတိရနေမိတယ်။
နေမြင့်လေ အရူးရင့်လေ ဆိုတာလိုပဲ ငယ်စဉ်က မသိလို့ပြုခဲ့မိတဲ့ မကောင်းမှုဟာ အသက်အရွယ်ရလာလေလေ ပိုပြီး သတိရလေလေ ပိုပြီးမြင်ယောင်လေလေ ဖြစ်လာပါတယ်။ ဒီလို မကြာမကြာသတိရပြီး မြင်ယောင်နေလို့လားမသိပါ။ မကြာခင် ထိုမကောင်းမှုရဲ့ အကျိုးပေး အလှည့်အကြိမ်က တပည့်တော်ထံကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရောက်လာခဲ့ပါတော့တယ်။
တပည့်တော်တို့အလုပ်က အင်ဂျင်စက်ပိုင်းမှာ နော်လ်ဇယ်ဆီပေးမှု (ပရက်ရှာ) လုပ်ပေးရတဲ့လုပ်ငန်းဆိုတော့ အင်ဂျင်စက်နဲ့ အများကြီး ဆက်စပ်နေပါတယ်။ တစ်နေ့တော့ စက်အင်ဂျင်တစ်လုံးကို ကြည့်ပေးရာကနေ အင်ဂျင်ရဲ့အမြန်နှုံးကို တိုးလိုက်ရာ အမြန်နှုံး များသွားလို့ထင်ပါတယ်။ အင်ဂျင်စက်ခေါင်းမှာ တတ်ဆင်ထားတဲ့ လေပန်ကာ အစတစ်ခုပြုတ်ထွက်လာပြီး ရေတိုင်ကီသွားမှန်ပါတယ်။ ရေတိုင်ကီကနေ တပည့်တော်ဆီရောက်လာကာ မျက်စိကို ထိခိုက်သွားပါတယ်။ တပည့်တော်လဲ ပူတာခံစားလိုက်ရတဲ့ခဏ လက်နဲ့ မျက်စိကိုပိတ်ထားမိပါတယ်။ အစကတော့ မျက်ခုံးကအရေပြားလန်ထွက်လို့ပဲ သွေးထွက်တာလားလို့ ထင်မိတယ်။ ဒါနဲ့ အုပ်ထားတဲ့လက်ကို မရဲတရဲဖွင့်ကာ အနီးရှိ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကို ကြည့်ခိုင်းရာ မျက်စိထိခိုက်သွားကြောင်း ပြောလာပါတယ်။
နာလိုက်တဲ့ဝေဒနာကလဲ ပြောမပြတတ်အောင်ပါပဲ။ မျက်စိထိခိုက်စဉ်က ကိုယ့်လက်နဲ့ပြန်ပီး မျက်စိကို ကုတ်မိမှာစိုးလို့ လက်ကို အနောက်ထားပီး ကြိုးနဲ့စည်းထားလိုက်ရတယ် အဲဒါလဲ တစ်လကျော်ကျော်လောက် ခံလိုက်ရပါတယ်။
ဒီမှာတပည့်တော်သွားသတိရမိတာကတော့ အခုလို ငါမျက်စိကွယ်ရတာဟာ ငယ်ငယ်တုန်းက ငါးရဲ့မျက်စိကို ငါးနှီးပြားနဲ့ထိုးခဲ့မိလို့ အခုလို ငါရဲ့မျက်စိတစ်ဘက် ကွယ်ရတာပဲလို့ ချက်ခြင်း သိလာပါတော့တယ်။ နောက်ပီး လက်ကို မျက်စိမကုတ်မိအောင် လက်နောက်ပြန်ပြီး ကြိုးတုတ်ခံထားရတာကလဲ ငါးမျှားစာအဖြင့် ကင်းခြေလေးတွေကို ကြိုးနဲ့တုတ်ခဲ့တဲ့ မကောင်းမှုဖြစ်မှာပဲဆိုတာကို တပည့်တော်စိတ်ထဲ အလိုလိုသိလာပါတယ်ဘုရား။ တပည့်တော်ရဲ့မကောင်းမှုက တပည့်တော်ပြန်ခံရတာပါဘုရား” လို့ မောင်မျိုးလွင်က စာရေးသူအား သူ့ရဲ့ဖြစ်ရပ်မှန်ကို ပြောပြခဲ့ပါတယ်။
ဒီလိုပါပဲ ၀ိပါက်ကြမ္မာ မလွတ်သာ ဆိုတဲ့အတိုင်း သတ္တ၀ါတိုင်း မိမိပြုလုပ်တဲ့ကံတရားတွေကို ဒီဘ၀မခံရသေးလဲ နောင်ဘ၀တစ်ခုခုမှာ ခံစားကြရအုံးမှာပါ။ အရိယာမဖြစ်သေးသမျှ ဘ၀သံသရာမှာ ကောင်းတစ်ခါ ဆိုးတလှည့် နဲ့ လည်ပတ်သွားလာနေကြရတာပါ။
မကောင်းမှုမှန်သမျှကို မသိလို့ပြုလုပ်ခဲ့မိတယ်ဆိုပေမဲ့ သူက မျက်နှာသာပေးမှာမဟုတ်ဘူး။ မကောင်းမှုဆိုတာ သိလို့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ပြုလုပ်တဲ့သူအတွက် အကျိုးပေးချိန်ရောက်လာရင် တစ်နေ့မှာတော့ ခံလာရစမြဲပါပဲ။ မကောင်းမှု အကျိုးပေးချိန်အလှည့်ကျ ရောက်လာရင် သူဌေးသား၊ဆင်းရဲသား၊ ယောင်္ကျား၊မိန်းမ၊ကလေး ဘယ်သူဘယ်ဝါရယ်လို့ မျက်နှာလိုက်မှာမဟုတ်ဘူး။ ဒါကြောင့်လဲ ကံပေးတဲ့အမွေကို သတ္တ၀ါတိုင်း ခံယူကြရတယ်လို့ ဘုရားရှင် ဟောတော်မူခဲ့တာပေါ့။
မောင်မျိုးလွင်ပြောတဲ့စကားကြားရတော့ စာရေးသူတို့လဲ ငယ်ငယ်က အမှတ်တရပြုမိခဲ့တဲ့ မကောင်းမှုတစ်ခုကို သတိရမိပါတယ်။ သတိရမိတယ်ဆိုတာထက် မကြာမကြာ သတိရနေမိတယ်ဆိုရင် ပိုမှန်ကန်မယ်ထင်တယ်။
စာရေးသူငယ်စဉ်ဘ၀ အသက်၂၂နှစ်အရွယ်ခန့်က ပျင်းပျင်းရှိတာနဲ့ ပလစတိအိပ်လေးအတွင်း ယင်ကောင်ကလေးတွေကို ဖမ်းထည့်ပါတယ်။ အိတ်အပေါက်ဝကို လက်နဲ့ပိတ်ထားပြီး ဆေးလိပ်အခိုးတွေကို ပလစတိအိပ်ထဲ မှုတ်ထည့်လိုက်တယ်၊ ယင်ကောင်လေးတွေ ဟာ လေကလဲမရှိတဲ့အပြင် အခိုးတွေနဲ့ ပြည့်နေတဲ့ ပလစတိအိပ်လေးအတွင်း ကြာရှည်စွာ အသက်မရှင်နိုင်ဘဲ မွန်းကြပ်ပြီး သေကျေကြရပါ တယ်။ မေ့နေတဲ့ယင်ကောင်ဆိုရင်တော့ ခဏနေ ပျံသွားပါတယ်။
လုပ်ခဲ့တုန်းကတော့ ဘာရယ်လို့မဟုတ် ပျင်းလို့ဆော့ကစားတဲ့သဘောပါ။ ဒါပေမဲ့ ပြုခဲ့မိတဲ့ မကောင်းမှုအပေါ် ယခုထက်တိုင် မေ့ပျောက်လို့မရတဲ့အပြင် ကြာလေလေ မြင်ကွင်းအာရုံကပိုထင်ရှားလာလေလေ အမှတ်ရမိလာလေလေဖြစ်လာပါတယ်။ “မောင်မျိုးလွင်ပြော သလိုပဲ ငါလဲ လေမရှိတဲ့အခမ်းထဲ ဒါမှမဟုတ် ရေထဲမှာ အသက်ရှုကြပ်ပြီး တစ်ခုခုဖြစ်မလားဆိုတာ တွေးမိနေရုံမှတစ်ပါး ဘာမှ မတတ်နိုင်တာ့ ပါ။
စာရေးသူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကနေ ရင်ကြပ်ပန်းနာ ရောဂါရခဲ့ပါတယ်။ ယခုလဲ မကြာမကြာ ရင်ကြပ်ပန်းနာ (အသက်ရှုကြပ်တဲ့)ရောဂါ ခံစားရပါတယ်။ ဒီလိုခံစားရတဲ့အခါမျိုးမှာ ငယ်ငယ်က ယင်ကောင်လေးတွေကို အသက်ရှူကြပ် အောင်လုပ်ခဲ့မိတဲ့ မကောင်းမှုကို ပြန်လည်အမှတ်ရမိတာဟာ အကြိမ်ကြိမ်ပါပဲ၊ အမှတ်ရတိုင်းလဲ စိတ်မချမ်းမသာ ဖြစ်ခဲ့ရပါတယ်။
ဒီလိုပါပဲ လူအများဟာ ဘ၀တစ်လျှောက် ပြုလုပ်ခဲ့တဲ့ ကိုယ်အလုပ် နှုတ်အပြော စိတ်အကြံတွေမှာ ကောင်းတာလည်းရှိ၊ မကောင်းတာ လဲရှိခဲ့ကြတာပါ။ ကောင်းတာပြုလုပ်ခဲ့တာက ဘာမှပြောစရာမလိုပေမဲ့ မကောင်းတာပြုလုပ်ခဲ့တာတွေကတော့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်လည်ခံကြရမှာပါ၊ ပုထုဇဉ်ကိုမဆိုနဲ့ဦး၊လက်ျာတော်ရံ အဂ္ဂသာဝကဖြစ်တဲ့ အရှင်မဟာမောဂ္ဂလာန်တောင်မှ နောက်ဆုံး ပရိနိဗ္ဗာန်ပြုခါနီး အချိန်အထိ အတိတ်က သူပြုခဲ့တဲ့မကောင်းမှုကို နောက်ဆုံး ခံလိုက်ရပါသေးတယ်။
ကိုယ်ပြုခဲ့တဲ့မကောင်းမှုအတွက် အကျိုးပြန်ခံစားရမှာကို တွေးပြီး ပူပန်နေရုံနဲ့ ကိစ္စမပြီးသေးဘူး၊ ဒါဖြင့်ရင် ကိုယ်ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေကို မခံရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို တွေးကြည့်မယ်။ ယခင်ကလဲဒါနဲ့ပတ်သက်ပြီး ရေးထားပါသေးတယ်။
ကိုယ်ပြုခဲ့တဲ့မကောင်းမှုကြောင့် သေရင်အပါယ်ကျတော့မှာဘဲ ဆိုပြီး တွေးပူကာ ပူပန်မှု ကုက္ကုစ္စတွေဖြစ်နေမယ်ဆိုရင် ဒီပူပန်မှုကြောင့် အပါယ်ကို ကျရောက်သွားနိုင်ပါတယ်။ ပြုမိခဲ့တဲ့မကောင်းမှုကံကို နောင်မပြုမိအောင်ရှောင်မယ်၊ ပြုခဲ့တဲ့မကောင်းမှုကိုလဲ မေ့ထားလိုက်မယ်။ ကုသိုလ်ကောင်းမှုကိုပဲ ကြိုးစားအားထုတ်မယ်ဆိုရင် ကြာလာတဲ့အခါ ပြုမိခဲ့တဲ့မကောင်းမှုကံတောင်မှ ပပျောက်သွားနိုင်တယ် ရယ်လို့ ဂါမဏိသံယုတ်မှာ ဟောတော်မူထားတာကို ၀မ်းမြောက်ဖွယ်ရာတွေ့ရှိရပါတယ်။ မကောင်းမှုဆိုလို့ ပဉ္စနန္တရိယကံကလွဲပြီး အခြားမကောင်းမှုတွေကို ပြောလိုတာပါ။
ဒါကြောင့်စာဖတ်သူများ ပြုလုပ်သင့်တာက ကိုယ်ပြုခဲ့တဲ့မကောင်းမှုတွေကို ဆက်လက်မပြုလုပ်တော့ဘဲ မေ့ထားရပါမယ်။ ကောင်းမှုကို မကြာခဏပြုလုပ်သွားမယ်ဆိုရင် ကြာလာတဲ့အခါ အကုသိုလ်တွေပပျောက်သွားနိုင်ပါတယ် ဒါက မကောင်းမှုပြုခဲ့မိသူများအတွက် အားဆေးတစ်ခွက်ပါလို့ ပြောရင်း……….မကောင်းမှုဟူသမျှမှ ရှောင်ကြဉ်နိုင်ကြပါစေ……………….

Wednesday, February 24, 2010

ရိုးရိုးကျင့် မြှင့်မြှင့်ကြံ

တစ်နေ့ ဒကာကြီး ဦးတင့်က “ရှင်ဘုရား….. http://myautoosayadaw.com ဒီဝဘက်ဆိုက်မှာ ဖတ်ကြည့်ပါအုံးဘုရား” လို့အွန်လိုင်း ပေါ် ကနေတစ်ဆင့် စာရေးသူအား ပြောလာပါတယ်။ သူညွန်းတဲ့အတိုင်း ……….ဆရာတော်အကြောင်းရေးသားထားတဲ့ ၀က်ဘ် ဆိုက် တစ်ခုပေါ်သို့ ရောက်သွားပါတယ်။
ဖတ်ကြည့်တဲ့အခါ ထိုဆရာတော်ရဲ့ တရားအတွေ့အကြုံတွေကို ရေးတင်ထားခြင်းဖြစ်ပါတယ်။ ဒီိလိုတရားအတွေ့အကြုံတွေ ရေးတင်ထားတာဟာရုတ်တရက် အပေါ်ယံကြည့်ရင် ပညာအားနည်းပြီး သဒ္ဓါတရားအားကောင်းသူတို့အတွက်တော့ ကြောင်က ငါးကြော်ကို ကြိုက်သလိုမျိုး အကြိုက်တွေ့နေကြမှာပါ။ တရားအတွေ့အကြုံဆိုတာ သီတင်းသုံးဖေါ်အချင်းချင်း တရားဆွေးနွေးရမဲ့အရာပါ။ ဒီလို ကမ္ဘာ ကို ၀က်ဆိုက်ကနေ ဒီလိုကြေညာဖို့ မလိုပါဘူး။

ပြီးလျှင် ချောင်တစ်ခုမှာ (၂၀၁)ကြိမ်မြောက် သိက္ခာထပ်ခဲ့တယ်ဆိုတာလဲပါတယ်။ ဒါဖြင့်ရင် ထိုဆရာတော်က အရေးကြီးတဲ့ အလုပ်တစ်ခုအနေနဲ့ သိမ်ထပ်တာကို သေသေချာချာ ရေးမှတ်ထားဟန်တူပါတယ်။ ဒါကလဲ ကိုယ့်ရှိတဲ့ ဘုန်းကံကို ကြွားရာရောက်နေသလားလို့ပါ။ မနာလိုလို့ ပြောခြင်းမဟုတ်ပါ။
တရားအားထုတ်တဲ့အတွေ့အကြုံများကို ယခုလိုဝဘ်ဆိုက်ပေါ်တင်ရေးတယ်ဆိုတာ မီဒီယာအားကောင်းလှတယ်လို့ ယူဆမိပါတယ်။ ယခုလို လူတကာတို့မမြင်နိုင်တဲ့အရာတွေမြင်ရ၊ ကြားရတယ်ဆိုပြီး၊ ကိုယ့်ဂုဏ်ကို ဖေါ်ကြူးထားပါတယ်။ဒါဟာ စာဖတ်သူများအတွက် သဒ္ဓါတရား ဖြစ်စရာတစ်ခုမှ မတွေ့ရပါဘူး။ အထင်ကြီးစရာပဲရှိပါတယ်။ “လူများဟာဂုဏ်ရှိသူကိုသာမြင်တတ်ကြတယ်” ဆိုတဲ့အတိုင်း လူအထင် ကြီးအောင် လုပ်ရာရောက်နေလားမသိတော့ပါ။
ဒီလို အထင်ကြီးအောင် ဖေါ်ကျူးထားတဲ့အတွက် လူတွေအထင်ကြီးပြီး ထိုဆရာတော်ဆီ လူတွေ ရောက်လာမှာ တော့သေချာသ လောက်ပါပဲ။ တကယ်တွေးကြည့်ရင် လူတွေလာအောင်လုပ်တဲ့နည်းလို့ ဆိုရပါ့မယ်။
သူတော်ကောင်းကြီးများဟာ လူသူနည်းပြီး ကာယ၀ိဝေကဖြစ်တာကို နှစ်သက်တော်မူကြပါတယ်။ ဒါကြောင့်လဲ ဓမ္မပဒအဋ္ဌကထာ မဟာကာဠ၀တ္ထုမှာ သုဿာန်ဓူတင်ဆောက်တည်သူများ လိုက်နာရမဲ့စည်းကမ်းချက်များကို ဘုရားရှင်ဟောတော်မူထားပါတယ်။ စည်းကမ်းများ အနက် သုဿာန်သွားတဲ့အခါ သက်ကြီးခေါင်းချအချိန်မှ ရွာကနေ သုဿာန်သွားရပါ့မယ်၊ ၊ရွာသူတို့ မနိုးခင် ကျောင်းပြန်ရောက် ရမယ်ဆိုတာ ပါတယ်။ ဒါဟာ လူမသိစေချင်တာ ပေါ်လွင်နေပါတယ်။ တကယ်လို့ လူအများသိလိုက်မယ်ဆိုရင်တော့ သုဿာန်ဓူတင်ဆောက်တည်တဲ့ရဟန်း ထံသို့ လူအများလာရောက်ကြည်ညိုကြမယ်၊ ဖူးမျှော်ကြမယ်။ ဒါဆိုရင် သူတော်ကောင်းများအတွက် အလုပ်ပျက်အကိုင်ပျက်ဖြစ်နေမှာပါ။
တစ်ခါကစာရေးသူတို့ရွာဘက် အနောက်စူးစူးမှာ ကျောက်တောင်တစ်ခုရှိပါတယ်။ ဒီကျောက်တောင်မှာ ဆရာတော်တစ်ပါးတရားအား ထုတ်နေတယ်ဆိုပြီး လူတွေ သွားလိုက်ကြတာ။ နောက်တော့ လူတွေက ဖူးမျှော်ရုံတင်မဟုတ်တော့ ဆွမ်းကျွေးပွဲ တွေပါလုပ် လာကြတာကို ကြားရပါတယ်။ အော် …ဆရာတော်ခမျာ တရားအားထုတ်မှုပျက်တော့မှာပဲ။
နောက်သိရတာက သူသီတင်းသုံးတဲ့မြို့ကနေ တောတွင်းကျောက်တောင်အတစ်ခုသို့ တောထွက်လာတဲ့အခါမှာ နောက်ပါ အခြွေအရံများလဲ ပါလာတယ်လို့ သိရပါတယ်။ ဒီနေရာကို တရားအားထုတ်သွားမယ်ဆိုတဲ့ သတင်းကလဲ တစ်ခဏ ချင်းပြန့်ထွက်သွားပါတယ်။ ဒါဟာ တောမထွက်ခင် ကြေညာအားကောင်းလို့ ဖြစ်ပါတယ်။ ယခုခေတ်ကလဲ မီဒီယာခေတ်ဆိုတော့……။
ဒါနဲ့ပတ်သက်ပြီး အချို့လူများက “အရှင်ဘုရား… ကျောက်တောင်မှာ ဆရာတော်တစ်ပါး တရားအားထုတ်နေတယ်တဲ့ဘုရား၊လူတွေ ကလဲ ကားကြီးကားငယ်အသွယ်သွယ်နဲ့ ဖူးမျှော်လာနေကြပါတယ်ဘုရား” လို့ စာရေးသူအား ပြောကြပါတယ်။
စာရေးသူက “ ဒကာတို့…………ဘုန်းကြီးတို့ ဟိုးအရင်က ဘုရားစေတီများတည်ထားတဲ့ ကျောက်တောင်တစ်ခုမှာ ဒီလိုပဲ တရားအား ထုတ်ခဲ့ဖူးပါတယ်။ အနား ဘယ်သူမှ မလာပါဘူး။ အခုလိုမျိုး လူလဲမစည်ပါဘူး။ ဘယ်လာမလဲ…….ဘုန်းကြီးတို့က တရားအား ထုတ်သွားမယ်ဆိုပြီး မကြေညာခဲ့ဘူး။ လူတစ်ယောက်ကိုတော့ ပြောခဲ့တယ်။ ဆွမ်းချက်ကပ်ဖို့၊ ဒါပေမဲ့ထိုဒကာကို ဘယ်သူ့ကိုမှ မပြောဖို့ အကြောင်းတော့ နှုတ်ပိတ်ခဲ့ရသေးတယ်။
တစ်ခါက ဘုန်းကြီးတစ်ပါး အဲလိုပါပဲ တောထွက်တော်မူခဲ့ပါတယ်။ နောက်တော့ အခြွေအရံမောင်းမိဿံများနဲ့ အတူ ထိုဆရာတော်ရဲ့ ပရိက္ခရာနေရာမှာ စလောင်းတို့ တီဗီတို့ပါ အပါယူပြီး တောထွက်ရာကနေ သီတင်းသုံးရာကျောင်းသို့ ပြန်ကြွတော်မူလာတယ်ဆိုတာကို ဓမ္မရံသီ မဂ္ဂဇင်းတစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ယခုခေတ်တောထွက်နည်းတွေကတော့ မီဒီယာအားကောင်းကောင်းနဲ့ ထွက်ရင်တော့ ကိုယ့်အတွက် တွက်ချေကိုက်လှတယ်လို့ ဆိုရမှာပါ။
လိုရင်းပြောရရင်တော့ မူလတန်း ဖတ်စာအုပ်မှာ “ရိုးရိုးကျင့် မြှင့်မြှင့်ကြံ” ဆိုတာလို အဆန်းမထွင်ဘဲ ရိုးရိုလေးပဲကျင့်ကြပြီး မြှင့်မြှင့်ကြံနိုင်ကြတဲ့သူများဖြစ်ကြပါစေလို့ ပြောရင်း……

Sunday, February 21, 2010

ကိုးန၀င်းနဲ့ ၀ိပဿနာ ဘာကွာလဲ

အမေး။ ။အရှင်ဘုရား….အခု ကိုးန၀င်းအဓိဌာန် ၀င်တာ နှစ်ခေါက် မြှောက် ပီ ဘုရား။ဒီလိုအဓိဋ္ဌာန်ဝင်တာဟာ ကိုယ်ကျိုးမျှော်ပြီး လုပ်တာဖြစ်တဲ့ အတွက် နားသင့်တယ်လို့ ၀ိပဿနာပဲအားထုတ်ပါ လို့ ဓမ္မမိတ်ဆွေတစ်ဦးက အကြံပေးလာပါတယ်။ တပည့်တော် သိချင် တာက အဓိဋ္ဌာန်ဝင်တာနဲ့ ၀ိပဿနာအားထုတ်တာတို့ ကွာခြားပုံကို သိလိုပါတယ်ဘုရား။
မမြသွေး
အင်းလေး

အဖြေ။ ။’အဓိဋ္ဌာန်’ ဆိုတဲ့စကားဟာ ဗုဒ္ဓဘာသာဝင်များအဖို့ ရင်းနှီးတဲ့စကားတစ်ခုပါ။ ဘုရားအလောင်းတော်ပါရမီဖြည့်တော်မူခဲ့တဲ့ ပါရမီ(၁၀)ပါး ထဲမှာ အဓိဋ္ဌာနပါရမီ ဆိုတာရှိပါတယ်။ အဓိဋ္ဌာန်ဆိုတာက အလုပ်တစ်ခုကို လုပ်မယ်လို့ စိတ်နဲ့ဆုံးဖြတ်ပြီး အလုပ်ပြီးဆုံးတဲ့အထိ ပြုလုပ်သွားတာ ကို ခေါ်တာပါ။ အခုလဲ မမြသွေးရဲ့ ကိုးန၀င်းဖြစ်အောင် ပုတီးစိတ်မယ်လို့ စိတ်က ဆုံးဖြတ်ထားတဲ့အတိုင်း ရက်ပြီးဆုံးအောင် ပုတီးစိတ်လိုက်တာ အဓိဋ္ဌာန် လို့တော့ခေါ်ပါတယ်။ ဒါပေမဲ့ ကိုးန၀င်းပုတီးစိပ်တာဟာ အဓိဋ္ဌာန်ပါရမီနဲ့တော့ လုံးဝမဆိုင်ပါဘူး။
ကိုးန၀င်းပုတီးစိတ်တယ်ဆိုတာ ကိုယ့်အကျိုးအတွက် လုပ်တယ်ဆိုတာ မေးခွန်းထဲပါနေတယ်။ လူတစ်ယောက်အတွက် ဘ၀မှာလိုအပ်ချက်များစွာ ရှိကြပါတယ်။ ဒီလိုအပ်ချက်တွေကို ကိုးန၀င်းပုတီးစိပ်ပြီး ဖြေရှင်းမယ်ဆိုရင် ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေပါ တယ်။ အမှန်က ဘ၀လိုအပ်ချက်တွေ ပြီးပြည့်စုံဖို့အတွက် ဒါန၊သီလ၊ဘာဝနာတို့ကိုပဲ ပြုလုပ်ရမှာပါ။ ဘ၀မှာ စိတ်က တောင့်တလိုက်တိုင်းပြီးပြည့် စုံချင်ပါတယ်ဆိုရင် ကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလ တရားကို စောင့်ထိန်းကြရမယ်။ သီလမြဲနေတဲ့ပုဂ္ဂိုလ်ဟာ စိတ်ကတောင့်တတိုင်း အကုန်ပြည့်စုံတယ်လို့ ဘုရားရှင်ဟောတော်မူထားတာရှိပါတယ်။ ဒါကြောင့်သီလအခြေခံပြီး ကျန်တဲ့ ဒါနကုသိုလ်ဘာဝနာကုသိုလ်များကို ပြုလုပ် အားထုတ်ဖို့ပဲလိုတာပါ။
ကိုးန၀င်းပုတီးစိပ်တာနဲ့ ၀ိပဿနာပွားတာ ဘာကွာသလဲဆိုရင် ကိုးန၀င်းပုတီးစိပ်တာဟာ လောကီမျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေ ပါတယ်။ ၀ိပဿနာပွားတာက လောကီအကျီုးမျှော်လင့်ချက်လုံးဝမပါရှိတဲ့ပြင် ကိလေသာမရှိ(ကိလေသာများဆိတ်သုဉ်း)တဲ့ဆီသို့ ဦးတည်ပြီး အားထုတ်တာပါ။ ဒီနှစ်ခုယှဉ်လိုက်ရင် အရှေ့နဲ့အနောက် တောင်နဲ့မြောက်ဆိုသလို မဆုံနိုင်တဲ့ ဆန့်ကျင်ဘက် ဆုံမှတ်များဖြစ်တယ်လို့ပြောပါရစေ။

Twitter Delicious Facebook Digg Stumbleupon Favorites More