This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, November 13, 2009

မန္ဓာတုမင်းအကြောင်းသိချင်တယ်

အမေး။ ။အရှင်ဘုရား….မန္ဓာတုစကြာမင်းအကြောင်း သိချင်ပါတယ်။ အဖြေပေးတော်မူပါဘုရား။
Dr. တင့်ဇင်ဦး
Man sfield, England
အဖြေ။ ။ မန္ဓာတုစကြာမင်းအကြောင်းကို အမေးရှိတော့လည်း အဖြေရှိရမှာပေါ့။ နားလည်အောင် လိုရင်းပဲ ပြောသွားပ့ါမယ်။
မန္ဓာတုစကြာမင်းဆိုတာ ကမ္ဘာဦးက မဟာသမတမင်းရဲ့ မျိုးဆက်များ ဖြစ်ပါတယ်။ မန္ဓာတုမင်းဟာ ရတနာ(၇)ပါး၊ တန်ခိုး(၄)ပါးတို့နဲ့ ပြည့်စုံပြီး စကြာမင်းအဖြစ်နဲ့ မင်းပြုပါတယ်။ သူဟာ လက်ဝဲလက်ကို ခွေပြီး လက်ျာလက်နဲ့ ခတ်လိုက်တာနဲ့ ဒူးဆစ်ပမာဏရှိတဲ့ ရတနာ(၇)ပါးမိုးရွာချတဲ့အထိ ဘုန်းတန်းခိုးကြီးမားလှပါတယ်။

မန္ဓာတုမင်းရဲ့ သက်တမ်း
ပထမအရွယ်ဆိုတဲ့ သူငယ်ဘာဝ အဖေါ်များနဲ့ ကစားခဲ့ရတာက နှစ်ပေါင်း (၈၄၀၀၀)။
ဒုတိယအရွယ်မှာ အိမ်ရှေ့မင်းအဖြစ် နေခဲ့တာက နှစ်ပေါင်း (၈၄၀၀၀)။
တတိယအရွယ်မှာ စကြာဝတေးမင်းအဖြစ် မင်းပြုခဲ့တာက နှစ်ပေါင်း (၈၄၀၀၀)။
မန္ဓာတုစကြာဝတေးမင်းရဲ့ အသက်ပမာဏဟာ အသင်္ချေယ ဖြစ်တယ်လို့ သိရပါတယ်။
စကြာဝတေးမင်းဟာ ကာမမဂုဏ်များကို ခံစားရတာဟာ အားရတယ်လို့မရှိဘဲ စားပြီးရင်စားချင်ဆိုတာလို ကာမတဏှာ အလိုမပြည့်နိုင်တဲ့အတွက် ငြီးငွေ့လာတယ်။ ဒါကြောင့် အမတ်ကြီးများအား “လူ့ပြည်ထက် မွေ့လျော်ဘွယ်ကောင်းတဲ့ နေရာများ ရှိပါသလား” မေးပါတယ်။ အမတ်ကြီးများကလည်း လူ့ပြည်ထက် နတ်ပြည်ဟာ ပိုပြီး မွေ့လျော်ဖွယ်ရှိတယ် ဆိုတဲ့အကြောင်း ပြန်လည်ဖြေကြားပါတယ်။
မန္ဓာတုစကြ၀တေးမင်းဟာ ပရိသတ်များ ခြံရံပြီး စကြာရတနာရဲ့ အကူအညီဖြင့် စတုမဟာရာဇ်နတ်ပြည်ကို သွားခဲ့တယ်။ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးကလည်း မန္ဓာတုစကြာဝတေးမင်းကို ခရီးဦးကြိုဆိုကာ စတုမဟာရာဇ်နတ်ပြည်မှာ မင်းအဖြစ်မင်းပြုနိုင်ပါ ကြောင်း ပြောတဲ့အခါ စကြ၀တေးမင်းလည်း နတ်ပြည်မှာ လူ့ခန္ဓာကိုယ်ဖြင့် မင်းပြုကာ ကာမဂုဏ်ခံစားလာခဲ့ပါတယ်။
ကာလကြာ ရှည်ကြာလာတဲ့အခါ့ တဖန်ငြီး ငွေ့လာပြန်တယ်။ ဒါနဲ့ မင်းကြီးက “စတုမဟာရာဇ်နတ်ပြည်ထက် ပျော်စရာကောင်းတဲ့နေရာ ရှိသေးလား” လို့ နတ်မင်းကြီးများအား မေးပါတယ်။ “ မြတ်သောမင်းကြီး ကျွန်ပ်တို့ဟာ သူတစ်ပါးရဲ့ အလုပ်အကျွေးများသာ ဖြစ်တယ်။ ဒီနတ်ပြည်ထက် တာဝတိံသာနတ်ပြည်ကို ပိုပြီး ပျော်စရာကောင်းပါတယ်” လို့ နတ်မင်းကြီးလေးပါးက ပြန်လည်ဖြေကြားပါတယ်။ သို့နှင့်
တာဝတိံသာနတ်ပြည်သို့ တဖန်သွားပြန်တယ်။ ရောက်တော့ သိကြားမင်းက ခရီးဦးကြိုဆိုပါတယ်။ သိကြားမင်းကလည်း မန္ဓာတုမင်း အား သူပိုင်ဆိုင်တဲ့ တာဝတိံနတ်ပြည်ကို ထက်ဝက်ခွဲပြီး မင်းအဖြစ်ကို ပေးပါတယ်။ ဒီလိုနဲ့ လူအဖြစ်နဲ့ တာဝတိံနတ်ပြည်ရဲ့တစ်ဝက်ကို နတ်မင်း အဖြစ် မင်းပြုပြီး ကာမဂုဏ်တရားများကို လိုသည်ထက်ပိုပြီး ခံစားခဲ့ပါတယ်။
နှစ်ပေါင်း သုံးကုဋေခြောက်သန်းကြာတဲ့အခါမှာ သိကြားမင်းလည်း စုတေမနေ သေလွန်ခဲ့တယ်။ နောက်သိကြားမင်းတစ်ဦး ရောက်လာတယ်။ နောက်သိကြားမင်းလည်း အသက်အတိုင်းနေလို့ စုတေမနေ သေလွန်ခဲ့ပါတယ်။ဒီလိုနဲ့ သိကြားမင်းဆက် (၃၆)ဆက်ဖြစ် တဲ့အခါ မန္ဓာတုမင်းဟာ ကာမတဏှာခံစားမှုများ အတိုင်းထက်အလွန်ဖြစ်လာတယ်။ သိကြားမင်း (၃၆)ယောက်တိုင်တိုင် ထက်ဝက်ကိုမင်းပြုခဲ့ပါတယ်။ နောက်ဆုံးမှာ ကာမတဏှာရဲ့ခိုင်းစေမှုကြောင့် တာဝတိံသာ နတ်ပြည်ရဲ့ ထက်ဝက်ကို ခံစားနေရာက နတ်ပြည် တစ်ခုလုံးကို လိုချင်လာပြန်တယ်၊ ဒါနဲ့ လက်ရှိသိကြားမင်းကို သတ်ပြီး မင်းပြုမယ်ဆိုပြီး ကြံပါတော့တယ်။
ဒါပေမဲ့ သိကြားမင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ကမာတဏှာကြောင့် မင်းကြီးဟာ တဖြေးဖြေး အိုမင်းလာပါတော့တယ်။ လူခန္ဓာကိုယ်ဟာ နတ်ပြည်မှာ မပျက်စီးကောင်းပါ။ မင်းကြီးဟာ နတ်ပြည်ကနေလျှောကျပြီး လူ့ပြည်မှ မင်းဥယျာဉ်ကို ရောက်လာတယ်။ ဥယျာဉ်စောင့်ကလည်း မင်းမျိုးများအား အကြောင်းကြားတဲ့အတွက် မန္ဓာတုမင်းရှိရာ ရောက်လာကြကာ ဥယျာဉ်ထဲ အခင်းတွေခင်းပေးပြီး အနားယူစေပါတယ်။ အဲဒီမှာ မန္ဓာတုမင်းဟာ မထနိုင်တော့ဘဲ အိပ်ရာထဲလှဲတော့တာပဲ။
အခြေအနေကို အကဲခတ်မိတဲ့ မင်းမျိုးများက “နောက်ကာလအတွက် ဘယ်လိုမှာခဲ့ပါလဲ” လို့ မေးတဲ့အခါ မန္ဓာတုမင်းက “ မန္ဓာတုမင်းဟာ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိတဲ့ ကျွန်းကြီးလေးကျွန်းမှာ စကြ်ာဝတေးမင်းအဖြစ် မင်းပြုလာခဲ့တယ်၊ ဒါတင်မကာ စတုမဟာရာဇ်နတ်ပြည်မှာ လူ့ခန္ဓာကိုယ်နဲ့ နတ်မင်းအဖြစ်မင်းပြုခဲ့တယ်။ ဒါ့အပြင် တာဝတိံသာနတ်ပြည်မှာ နတ်မင်းအဖြစ် သိကြားမင်း (၃၆)ယောက်မြောက်တဲ့အထိ မင်းပြုခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ တဏှာအလိုကား မပြည့်နိုင်ဘဲ စုတေမနေ ကွယ်လွန်ခဲ့ရတယ်ဆိုတာကို လူတို့အား ပြောကြားလိုက်ပါ” လို့ ပြောပြီး မန္ဓာတုမင်းကြီးလည်း ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတော့တယ်။ (ဇာ၊ဋ္ဌ၊၂၊ ၂၈၁)

Thursday, November 12, 2009

စိတ်ချင်းမတူတာ ဘာကြောင့်လဲ

အမေး။ ။လူအချင်းချင်း ဘာကြောင့် စိတ်ဓါတ်ချင်း မတူရတာလဲ။ ဘ၀ဆက်တိုင်း စိတ်တွေက အတူတူပဲလား။
ခင်ဖုန်းမြင့်
မြိတ်ကွန်ပျူတာတက္ကသိုလ်
အဖြေ။ ။ လူအချင်းချင်း စိတ်ဓါတ်ချင်းမတူတာဟာ အတိတ်ဘ၀က ကံတရားကြောင့်ရယ်၊ ဒီဘ၀ဖြစ်လာရတဲ့ ပတ်ဝန်းကျင်ကြောင့်ရယ်လို့ ပြောရပါလိမ့်မယ်။ သတ္တ၀ါတွေဟာ အတိတ်ဘ၀ ကံတရားတွေကြောင့် ယခုဘ၀မှာ အမျိုးမျိုးအဖုံဖုံ လာဖြစ်ကြပါတယ်။ လူဘ၀ရလာတဲ့အခါ တံငါနားနီးတော့ တံငါ ဖြစ်ကြရသလို ၊ မုဆိုးနားနီးတော့ မုဆိုးဖြစ်ကြတယ်၊ ကိုယ်ကျင်လည်ရ ဖြစ်ရတဲ့ ပတ်ဝန်းကျင်နဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။

ပတ်ဝန်းကျင်ကြောင့် စိတ်မတူကြတာတော့ ထင်ရှားတဲ့အတွက် မဖ်ါပြတော့ဘူး၊ အတိတ်ကံတရားကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူကြတာတော့ ရှင်းပြရလိမ့်အုံးမယ်။
ဘုရားရှင်လက်တော်က ရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား နည်းအမျိုးမျိုးနဲ့ ပြစ်မှားခဲ့ပါတယ်။ ဒီလိုကြမ်းတမ်းတဲ့အပြု အမူတွေ ဖြစ်လာရတာဟာ အတိတ်ဘ၀ါဘ၀များစွာမှာ ရှင်ဒေ၀ဒတ်လောင်းက ဘုရားအလောင်းတော် ကို အမျိုးမျိုးအဖုံဖုံနဲ့ ပျက်စီးအောင် ပြုလုပ်ခဲ့ဖူးတဲ့ အလေ့အကျင့် ကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။
မြတ်စွာဘုရားလက်ထက်တော်က ပိလိန္ဒ၀စ္ဆ ဆိုတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။ ထိုမထေရ်ဟာ ကျောင်းမှာပဲဖြစ်စေ၊ အရပ်ထဲ ၊ ရွာထဲဖြစ်စေ သူနှင့်ရင်ဆိုင်တွေ့တဲ့ ဆင်းရဲ၊ချမ်းသာ ပုဂ္ဂိုလ်မှန်သမျှ ကို “ဟဲ့..သူယုတ်မာ…..လာလော့၊ ဟဲ့..သူယုတ်မာ…….သွားလော့” (ဧဟိ ၀သလိ……ယာဟိ ၀သလိ) လို့ မြင်သမျှလူတွေကို ပြောဆိုနုတ်ဆက်တော့တာပဲ။ ထိုအကြောင်းကို ကြားရဖန်များတဲ့ ရဟန်းတော်များက မြတ်စွဘုရားအား သွားလျှောက်ပါတယ်။ မြတ်စွာဘုရားက ပိလိန္ဒ၀စ္ဆမထေရ်ကို ခေါ်ပြီး “ချစ်သား….ဒီလို ပြောတယ်ဆိုတာ မှန်ပါသလား” လို့မေးတော်မူသောအခါ မထေရ်က “မှန်ပါတယ်ဘုရား” လို့ လျှောက်ထားပါတယ်။
သို့နှင့် မြတ်စွာဘုရားရှင်က ပိလိန္ဒ၀စ္ဆရဲ့ ရှေးကဖြစ်ခဲ့တဲ့ဘ၀တွေကို ပြန်ပြီး ဆင်ခြင်တဲ့အခါ ထိုမထေရ်ဟာ ဘ၀ငါးရာတိုင်တိုင် ဗြဟ္မဏအမျိုးမှာ ဖြစ်ပြီး “သူယုတ်မာ” ဆိုတဲ့ စကားကို ပြောဆိုခဲ့တဲ့ အတွက်ကြောင့် ယခုဘ၀မှာ ရဟန္တာဖြစ်သော်လည်း လူအများကို ခေါ်ရင် သူယုတ်မာ လို့ ခေါ်လေ့ရှိတာကို သိမြင်တော်မူပါတယ်။ ဒါဟာ အတိတ်က ပြုခဲ့တဲ့ ကံတရားရဲ့ အလေ့အကျင့် အထုံဝါသနာကြောင့် ယုခဘ၀ မှာ သူယုတ်မာ ဆိုတဲ့စကားလုံး ပြောဆိုသုံးနှုန်းခဲ့တာပါ။
ဒီလိုပါပဲ လူတွေဟာ အတိတ်ဘ၀များစွာက ပြုလုပ်ခဲ့တဲ့ အလေ့အကျင့် အထုံဝါသနာအမျိုးမျိုးကြောင့် ယခုဘ၀ လူဖြစ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းမတူတော့ဘဲ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေရပါတယ်။
နောက်တစ်ခုက စိတ်ဟာ ဘ၀ဆက်တိုင်း အတူတူလားဆိုတော့……….မတူပါဘူး၊ ဘ၀ဆက်တိုင်းမပြောနဲ့ တစ်ဘ၀ထဲကိုပဲကြည့် ခဏလေးအတွင်းမှာ ဖြစ်ခဲ့ပြီးတဲ့စိတ်နဲ့ အခုဖြစ်ဆဲစိတ် မတူပါဘူး၊ တော်ကြာ လိုချင်စိတ်၊တော်ကြာ အလိုမကျစိတ်၊တော်ကြာဝမ်းသာစိတ်၊ စတဲ့ စိတ်အမျိုးမျိုးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ် ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Wednesday, November 11, 2009

မိဘများ သုဂတိရောက်နိုင်အောင် ဘယ်လိုလုပ်မလဲ

အမေ။ ။ဘုန်းဘုန်းဘုရား…..သားသမီးက တော်ရင် ထက်မြက်ရင် လိမ္မာရင် မိဘများမှာက သုဂတိဘုံ ရောက်တယ် ဆိုတာ လက်ခံနိုင်ပါသလားဘုရား။ ဖြေကြားပေးစေလိုပါတယ်ဘုရား။
မောင်ဇော်မျိုး
ရန်ကုန်
အဖြေ။ ။ သားသမီးများ တော်တယ်ထက်တယ်ဆိုတာ ဘာလဲ၊ စီးပွားရေးမှာ တော်ထက်တာကိုပြောတာလား၊ စီးပွားရေးမှာ တော်ထက်ရုံမျှနဲ့ သားသမီးချမ်းသာပြီးသူဌေးဖြစ်ရုံမျှနဲ့ မိဘတွေကိုသုဂတိဘုံရောက်အောင် အထောက်အပံ့မပေး နိုင်ပါ။ ဒါပေမဲ့ တစ်ချို့တော်ထက်တဲ့ အကျင့်သီလပြည့်စုံတဲ့ သားသမီးတွေကြောင့် သုဂတိဘုံရောက်ကြရတဲ့ မိဘများလည်း ရှိပါသေးတယ်။

ဘုရားရှင်ဟောကြားထားတဲ့အတိုင်း သားသမီးများက မိဘများကို ကျေးဇူးတကယ်ဆပ်ချင်တယ်ဆိုရင် မိကိုလက်ျာ ဖကိုလက်ဝဲ ပုခုံးပေါ်ထမ်းပြီး နှစ်ပေါင်းတစ်ရာကြာအောင် ပြုစုလုပ်ကျွေးပါသော်လည်း ကျေးဇူးဆပ်တယ်လို့ မခေါ်ပါဘူး။ အသက်ထင်ရှားရှိစဉ် ဒါနကုသိုလ်နဲ့တဲ့ မိဘများကို ဒါနကုသိုလ်ပြုတတ်အောင် ပြုနိုင်အောင် ဖန်တီးပေး စွမ်းဆောင်ပေးမယ်၊ သီလမရှိတဲ့ မိဘများကို သီလစောင့်ထိန်းချင်စိတ် ရှိလာအောင်၊ သီလစောင့်ထိန်းနိုင်အောင် စွမ်းဆောင်ပေးမယ်၊ ဘာဝနာတရားမပွားသေးတဲ့ မိဘများအား ဘာဝနာပွားချင်စိတ်ဖြစ်လာအောင် ပွားများနိုင်အောင် ဖန်တီးပေးမယ် စွမ်းဆောင်ပေးမယ်ဆိုရင်၊ မိဘများကို ကျေးဇူးဆပ်ရာရောက်တယ်။ လို့ ဘုရားရှင်ဟောကြားထားပါတယ်။
ဘုရားရှင် ညွန်ကြားသလို ဒါန၊ သီလ၊ ဘာဝနာ မရှိတဲ့ မိဘများအား ဒါန၊သီလ၊ ဘာဝနာတရားများ အားထုတ်ချင်စိတ်ပေါ်လာပြီး တကယ်လည်း ဒါန သီလ ဘာဝနာတရားများနဲ့ အချိန်ကုန်ကာ သေလွန်သွားမယ်ဆိုပါရင် မိဘများဟာ သုဂတိဘုံသို့ ရောက်နိုင်ပါတယ်။ ဒါဟာ တော်တဲ့ထက်တဲ့ သားသမီးများ လို့ ခေါ်နိုင်ပါတယ်။
သာမာန် စည်းစိမ်ချမ်းသာများ သဘောရှိသုံးဆောင်စေပြီး လိုလေသေးမရှိ ပြုစုရုံမျှနဲ့တော့ မိဘများ သုဂတိဘုံသို့ မရောက်နိုင်ပါ။ တော်တဲ့ထက်တဲ့ သားသမီးများလည်း ဖြစ်မလာနိုင်ပါ။ ကြုံတုန်းပြောပါအုံးမယ်…….သားသမီးများ တော်တယ်ထက်တယ်ဆိုလို့…
လောကမှာ သားသမီး သုံး မျိုး ရှိပါတယ်။ (၁)အတိဇာတ၊ (၂) အနုဇာတ၊ (၃)အ၀ဇာတ တို့ဖြစ်ကြပါတယ်။ မိဘများထက် သီလ၊ သမာဓိ၊ပညာ ပိုလွန်တဲ့ သားသမီးများကို “အတိဇာတ” လို့ခေါ်တယ်။ မိဘနဲ့ သီလ၊သမာဓိ၊ပညာ တန်းတူရှိတဲ့ သားသမီးများကို “အနုဇာတ” လို့ ခေါ်တယ်။ မိဘများထက် သီလ၊ သမာဓိ၊ ပညာ ယုတ်ညံ့တဲ့သူကိုတော့ “ အ၀ဇာတ” လို့ ခေါ်ပါတယ်။ ကိုယ်ဟာ ဘယ်အမျိုးအစားအထဲမှာ ပါ တယ်ဆိုတာ ခွဲခြားသိဖို့ပါ။
သားသမီးတော်ထက်တဲ့အတွက် ဖခင်ကြီး သုဂတိဘုံရောက်သွာရတဲ့အကြောင်းကို သဂြိုလ်ဘာသာဋီကာမှာ ဖတ်ရတဲ့အတိုင်း ဖေါ်ပြ ပေးလိုက်ပါတယ်။
တစ်ခါက သောဏဂိရိ ခေါ်တဲ့ တောင်ပေါ်ကျောင်း တစ်ကျောင်းမှာ ရဟန်းတောတစ်ပါး သီတင်းသုံးတော်မူပါတယ်။ သူ့အမည်က အရှင်သောဏ၊ အာသဝေါကင်းကွာ ရဟန္တာတစ်ပါးဖြစ်တော်မူပါတယ်။ သူ့မှာ ဖခင်အိုကြီး ရဟန်းတစ်ပါးလည်း ရှိပါတယ်။ ဖခင် ရဟန်းကြီးဟာ လူ့ဘ၀တုန်းက မိသားစုအတွက် မုဆိုးအလုပ်နဲ့ အချိန်ကုန်ခဲ့ပါတယ်။ အသက်ကြီးလို့ သာသနာ့ဘောင်ဝင်ပြီး သားတော်ရဟန်းထံမှာ ရဟန်းပြု ပြီးနေပါတယ်။
ဖခင်ရဟန်းကြီး သေခါနီးအချိန်ရောက်တဲ့အခါ တောင်ခြေက ခွေးနက်ကြီးတွေ လာကိုက်နေသယောင် နိမိတ်ထင်နေတဲ့အတွက် “ ဟဲ့..ချောက်ထုတ်ပါသားရဲ့” ဆိုပြီး ဆက်ကာ ဆက်ကာ အော်ဟစ်နေပါတယ်။ ဒီအသံကို သားရဟန်းကြားတော့ “ ဘာဖြစ်တာလဲ ဦးဇင်းကြီး” မေးတော့ “ခွေးကြီးတွေ……ခွေးကြီးတွေ” လို့ ဖခင်ရဟန်းကြီးက ပြန်ပြောပြပါတယ်။ “’ဒါဟာငရဲနိမိတ်တွေပဲ၊ ဒီအတိုင်းသေသွားလို့ကတော့ ငရဲရောက်မှာ သေချာနေပီ၊ ငါလို သားတစ်ယောက်လုံး ရှိနေပါလျှက်နဲ့ ဖခင်ရဟန်းကြီး ဘာ့ကြောင့် ငရဲကျရမှာလဲ” လို့ တွေးကာ ကိုရင်လေးတွေကို ပန်းခူးခိုင်းပြီး စေတီရင်ပြင်တော်မှာ ပန်းမွေ့ရာခင်းစေတော်မူပါတယ်။
ဖခင်ရဟန်းကြီးကိုတော့ ညောင်စောင်းနဲ့အတူ စေတီရင်ပြင်အရှေ့ကို ချထားစေပါတယ်။ အဲဒီအခါ သားရဟန်းက “ ဦးပဇင်းကြီးအတွက် ပန်းပူဇော်ပေးထားပါတယ်၊ ကြည်ညိုပါ” လို့ တိုက်တွန်းလိုက်ပီးတဲ့နောက်ပိုင်း ဖခင်ရဟန်းကြီးဟာ ကြည်ညိုဝမ်းမြောက်ဆဲ ခဏမှာ ခွေးနက်ကြီးတွေ မထင်တော့ဘဲ နတ်သမီးတွေ ထင်လာပါတယ်။ ဒီမှာ ဖခင်ရဟန်းကြီး ပြောလိုက်တာက….
“ဟဲ့….သား ဖယ်ပေးပါ………ဖယ်ပေးပါ….သားရဲ့ မိထွေးတွေ လာနေတယ်” လို့ ယောင်ယမ်းပြောဆိုနေစဉ် စုတိစိတ်ကျပြီး သေဆုံး သွားပါတယ်၊ သေလွန်တဲ့အခါ နတ်ပြည်သို့ ရောက်ရပါတယ်။ ဒါဟာ အတိဇာတ လို့ဆိုတဲ့ သားရဟန်းရဲ့ တော်မှုထက်မှုကြောင့် ဖခင်ရဟန်းကြီး ငရဲကျမဲ့ဆဲဆဲက သီသီလေးလွတ်ကာ နတ်ပြည်သို့ ရောက်ခဲ့ရတဲ့ သာဓကတစ်ခုပါ။ ဒါလောက်ဆိုရင် မေးသူရော စာဖတ်နေသူများပါ သဘောပေါက်လောက်ပီထင်ပါရဲ့……….။

Monday, November 9, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ(၈)

ပါရမီ ကောင်းသူ ဖြစ်ပါသတဲ့
တစ်နေ့ အသက်ငါးဆယ်ကျော်ခန့် လူတစ်ယောက် ကျောင်းသို့ ရောက်ရှိလာပါတယ်။ စာရေးသူထံ လာရောက်ဝတ်ပြုအပြီး
“အရှင်ဘုရား….တပည့်တော် ငယ်ငယ်ကတည်းက အတွေးအခေါ်ပိုင်းဆိုင်ရာမှာ အလွန်ဝါသနာ ပါတယ်ဘုရား။ အခုကြီးလာတဲ့ အခါမှာလည်း အားအားရှိ တွေးခေါ်ပြီးနေပါတော့တယ်ဘုရား။ ဒီလိုတွေးခေါ်တဲ့နေရာမှာ တပည့်တော်က တစ်ခြားဟာထက် ဘာသာရေးနဲ့ပတ်သက်တဲ့ အတွေးတွေကိုပဲ တွေးတာများပါတယ်ဘုရား၊ သဘာဝတရားတွေကို တွေးတော့ နက်နဲတဲ့တရားတွေကိုပဲ တွေးမိလာ ပါတယ်။ ဒီလိုတွေးတဲ့အတွက်လည်း တပည့်တော်ဟာ ပါရမီပါခဲ့သူလို့လည်း ယူဆမိပါတယ်ဘုရား၊ ခက်ခဲနက်နဲတဲ့ တရားတွေကို တွေးနိုင်ပါတယ်ဘုရား။ ဒါကြောင့် မကြာခင်မှာပဲ သဘာဝအမှန်တရား(နိဗ္ဗာန်)ကို လွယ်လွယ်ကူကူ နဲ့ တပည့်တော် မြင်နိုင်မယ်လို့ ယူဆ မိပါ တယ်ဘုရား”။သူ့ကိုယ်သူ ပါရမီရက်ကျက်သူ လို့ ထင်ကာ လာရောက်လျှောက်ထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောချင်တာက………

လောကမှာ ကိုယ်ထင်တိုင်း ဖြစ်မလာတတ်တာ များပါတယ်။ ဖြစ်နိုင်တယ်လို့ ထင်မှတ်ထားတဲ့ အရာတစ်ခုဟာ ဖြစ်ချင်မှ ဖြစ်လာတတ်တာပါ။ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အရာများဟာလည်း မမျှော်လင့်ပဲ ဖြစ်လာတတ်ကြတာလဲ ရှိပါတယ်။
တွေးသင့်သလောက်ပဲ တွေးရပါ့မယ်။ အမြဲတမ်းဖြစ်လာမဲ့အရာတွေကို ကြိုတင်တွေးပြီး အချိန်ကုန်ခံ မနေဖို့ပါ။ ဓမ္မရှုထောင့်ကနေကြည့်ရင်လဲ ဒီလိုပါပဲ၊ ငါဟာ ဒီဘ၀မဂ်ဖိုလ်မရနိုင်တော့ဘူး ဆိုပြီး စိတ်ပျက်အားငယ်တတ်ကြပါတယ်၊ အချို့က ဒီဘ၀တော့ မဂ်ဖိုလ်ရတော့မယ်၊ ငါဟာပါရမီ ပါသူဖြစ်တယ်ဆိုပြီး ကိုယ့်ဟာကို အထင်ကြီးနေတတ်ကြပါတယ်။ ဖြစ်နိုင်တယ်၊မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးအကြံကို အသာထားလို့ လက်ရှိကိုယ်လုပ်ရမဲ့ လုပ်သင့်တဲ့ အလုပ်ကို လက်တွေ့လုပ်လိုက်တာက အကောင်းဆုံးပါ။
ကိုယ့်ကိုယ်ကို အထင်ကြီးနေတာနဲ့ ပတ်သက်ပြီး၊ သီဟိုဠ်သာသနာထွန်းကားစဉ်က သီဟိုဠ်တောင်ဘက်စွန်းမှာ မဟာဂါမ ဆိုတဲ့ ရွာတရွာရှိတယ်။ အခုတာ့ မာဂမ လို့လည်း ခေါ်ကြတယ်။ မာဂမရွာရဲ့ မြောက်ဖက်မှာ တိဿမဟာစေတီ ဆိုတာရှိတယ်၊ ဒီတိဿမဟာစေတီ ရှိတဲ့နေရာမှာ တိဿမဟာဝီရ ဆိုတဲ့ ကျောင်းတစ်ကျေင်းရှိတယ်။ ဒီကျောင်း မဟာသီဝမထေရ် သီတင်းသုံးတော်မူပါတယ်။
ပိဋကတ်သုံးပုံကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်တော်မူပါတယ်။ တစ်နေ့တော့ သူ့ရဲ့ တပည့်ရဟန္တာတစ်ပါးက သူ့ဆရာ ဘယ်အခြေရောက်နေပီလဲ ဆိုတာကို ကြည့်တော့ ပုထုဇဉ်အဖြစ်နဲ့သာ ရှိသေးတာကို မြင်ရပါတယ်။ ဒါနဲ့ တပည့်ရဟန္တာက ဆရာကို တရားအားထုတ်ဖို့အတွက် သတိပေးတဲ့အနေနဲ့ ဆရာ့ထံ လာခဲ့ပါတယ်။
ရောက်တော့ ဆရာ့ထံမှာ စာတက်ချင်တယ်ဆိုတဲ့ အကြောင်းလျှောက်ထားတယ်။ ဆရာက သူ့ စာတက်စာမေးတဲ့ ပုဂ္ဂိုလ်တွေများ လွန်းလို့ စာမတက်ပေးနိုင်ဘူးလို့ ငြင်းလိုက်တယ်။ ဒီမှာ တပည့်ရဟန္တာက “ဒီလိုဆို ကိုယ့်အတွက် တရားအလုပ်အားထုတ်မဲ့အချိန်ရပါအုံးမလား ဘုရား၊ အရှင်ဘုရားဟာ သူတစ်ပါးရဲ့ မှီရာ ပျဉ်ချပ် လို ဖြစ်နေပီ။ တော်ပါပီ အရှင်ဘုရားထံမှ ဘာအနုမောဒနာမှ မနာလိုတော့ပါ” လို့ဆိုကာ ကောင်းကင်ကို ပျံတက်သွားတယ်။
မဟာသီဝမထေရ်က ဒီတပည့်ဟာ သူ့ထံ စာသင်လို့ လာတာမဟုတ်၊ ငါ့ကို သတိပေးရအောင်လာတာပဲ ဆိုပီး ညဖက် နောက်ဆုံးစာလာတက်တဲ့ရဟန်းတစ်ပါးနဲ့အတူ သပိတ်ယူကာ တောထွက်သွားပါတယ်။ တောထဲရောက်တော့ “ ငါလိုပုဂ္ဂိုလ်မျိုး ရဟန္တာဖြစ်ဖို့ မခဲယဉ်းပါဘူး။ ရဟန္တာဖြစ်သို့ ရောက်အောင် အားထုတ်ပြီး နှစ်ရက် သုံးရက်အတွင်း ရောက်အောင် ပြန်လာမယ်” လို့ တွေးထင်ထားပါတယ်။ ဒါပေမဲ့ သူထင်ထားတဲ့ သုံးရက်မပြောနဲ့ သုံးနှစ်ကြာလည်း မရသေးဘူး၊ နောင်နှစ်ပေါင်းသုံးဆယ်ကြာမှ အာသဝေါကင်းကွာ ရဟန္တာဖြစ်သွားပါ တယ်။
ဆိုလိုတာက ကိုယ်ထင်သလို မဖြစ်နိုင်တာလည်းရှိတယ်၊ မထင်မှတ်ထားပေမဲ့ မမျှော်လင့်ဘဲ ဖြစ်လာတတ်တာလည်း ရှိတယ် ဆိုတာပါပဲ။
လောကမှာ အချို့လူတွေဟာ ကိုယ်ထင်ရာကို ကိုယ်လုပ် အဟုတ်ထင်တတ်ကြပါတယ်။ အမှားအမှန်ဆိုတာကို ခွဲခြားဘို့နေနေသာသာ ကိုယ့် လုပ်တာမှ အမှန် လို့ ထင်တတ်ကြပါတယ်။ ဒါဟာလည်း ပုထုဇဉ်တို့ရဲ့ သဘာဝပါ။ သတ္တ၀ါတွေမှာ စရိုက် အမျိုးမျိုး ရှိတတ်ကြပါတယ်။
လူများဟာ မွေးလာကတည်းက တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူ ကွဲပြားကြပါတယ်။ မအေတစ်ယောက်ထဲက ရှေ့နောက်ဆိုသလို လောကကြီးထဲ ရောက်လာတဲ့ အမွှားပူးလေးများတောင်မှ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်း မတူကြပါ။ စာရေးသူရဲ့နှမ အငယ်ဆုံးဝမ်းမှာ ကလေးသုံးယောက် အမွှာပူးမွေးခဲ့တယ်။ ရှေ့ဆက်နောက်ဆက်ဆိုသလို လောကအလယ်သို့ ရောက်လာကြ သူတွေပါ။ ဒါပေမဲ့ သူတို့လေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် စရိုက်ချင်းမတူကြပါဘူး။
ဒါကြောင့်လည်း ဘုရားရှင်က လူတွေမှာ ရာဂစရိတာ ၊ ဒေါသစရိတာ၊ မောဟစရိတာ၊ သဒ္ဓါစရိတာ၊ ဗုဒ္ဓိစရိတာ၊ ၀ိတက္ကစရိတာ၊ စရိုက် ခြောက်မျိုးရှိတယ်လို့ အဘိဓမ္မာမှာ ဟောတော်မူခဲ့ပါတယ်။
အဘိဓမ္မတ္ထသဂြိုလ်မှာပါတဲ့ စရိတ ကို အဋ္ဌကထာကြီးများမှာ ‘စရိယာ’ လို့ ပါရှိပါတယ်။ လူတို့ရဲ့ စရိုက်သဘောကို ဟောရာမှာ စရိယာ လို့ ပါတာက ပိုကောင်းပါတယ်လို့ မဟာဂန္ဓာရုံဆရာတော်က ဝေဖန်ပေးထားပါတယ်။ စရိုက်နဲ့ပတ်သက်ပြီး စာဖတ်သူများ နာလည်အောင် ပြော ရရင် စရိယာ(စရိုက်) ဆိုတာ “ပင်ကိုယ်ရိုးရာ သူတကာ ဖြစ်နေကျထက် လွန်ကဲပိုမိုပြီး အဖြစ်များခြင်းကို ‘စရိယာ’ လို့ ခေါ်ပါတယ်။
ရာဂစရိုက်ရှိသူဟာ ဒေါသ မောဟ ဖြစ်လောက်သော အာရုံမှာ မဖြစ်အောင် ချူပ်တည်းထားနိုင်သော်လည်း ရာဂ ဖြစ်လောက်တဲ့ အာရုံမှာတော့ လုံးဝမချူပ်တည်းနိုင်ပါ။ ထို့အတူပဲ ကျန်တဲ့ စရိုက်မျိုးရှိသူများမှာလည်း ဒီအတိုင်းပါပဲ။ ဒါပေမဲ့ သတ္တ၀ါတစ်ဦးမှာ စရိုက်တစ်ခုစီ ရှိရမယ်လို့ မှတ်ယူလို့မရပါ။ အချို့သူများဟာ ဘယ်စရိုက်မှလည်း အထင်အရှားမရှိ။ အချို့ကတော့ စရိုက် နှစ်မျိုး ၊ သုံးမျိုး ရောနှောပြီး ရှိနေကြတာလည်း ရှိကြပါတယ်။
ဒီနေရာမှာ စရိုက်ရှိသူများရဲ့ အနေအထားကို သိရှိအောင် ပြောပြပါအုံးမယ်။
(၁)ရာဂစရိုက်…
ရာဂစရိုက်ရှိသူဟာ ဣရိယာပုထ်အနေနဲ့ အသွားအလာ အနေအထိုင် ယဉ်ကျေး ပျပ်ဝပ်ကြတယ်။ ကိစ္စအနေနဲ့ တံမြက်လှည်းတာ၊ အ၀တ်လျှော်ဖွတ်တာ၊ အ၀တ်အစား ဆင်ယင်တာ ကျန သေသပ်ပါတယ်။ အစားအစာအနေနဲ့ အချိုအဆိမ့် အမွှေးအကြိုင် နူးညံ့တဲ့ အစားအစာ များကို နှစ်သက်ပါတယ်။ ဒဿနအနေနဲ့ကတော့ အတော်အတန်လှပသာယာတဲ့ ရူပါရုံ၊သဒ္ဒါရုံများနဲ့ တွေ့ရင် မခွါချင်လောက်အောင် ဖြစ်တတ်ပါ တယ်။ သဘာဝ စိတ်အနေအထားကိုပြောရရင်တော့ ပရိယာယ် မာယာများတယ်၊ ကောက်ကျစ်စဉ်းလဲမှု သာဌေယျများတယ်၊မာနကြီးတယ်၊ လောဘရမက်ကြီးတယ်။
(၂) သဒ္ဓါစရိုက်….
ရာဂစရိုက်ရှိသူမှာ ပြခဲ့တဲ့ ဣရိယာပုထ်စတဲ့ အထက် လေးမျိုးစလုံး တူညီပါတယ်။ တရားဖြစ်ပုံ စိတ်အနေအထားကတော့ မာယာစတဲ့ အကုသိုလ်များ ဖြစ်လေ့မရှိဘဲ ကြည်လင် ရွှင်လန်းစွာနဲ့ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိပါတယ်။ ရဟန်းသံဃာကောင်းများကို ကိုးကွယ်ဆည်းကပ်ကာ တရားဒေသနာများ မှတ်သားနာယူလေ့ရှိကြပါတယ်။
(၃) ဒေါသစရိုက်..
ဣရိယာပုထ်အနေနဲ့ နွားရူးစူးထိုး နဖားကြိုးတင်းတဲ့ပုံဟန် လျင်မြန်မြန်ရှူးရှား ခြေဖျားနဲ့နင်းလျက် ရုန့်ရင်းကြမ်းတမ်းတေဲ့ အသွားအလာ အနေအထိုင်ရှိတယ်။ ကိစ္စ လုပ်ငန်းကို ပြုလုပ်တဲ့အခါမှာ တင့်တယ်သန့်ရပ်ခြင်းမရှိ၊ ချဉ် ငန် စပ် ခါး စူးရှတဲ့ အရသာများကိုပဲ နှစ်သက်တတ်တယ်။ မကောင်းတဲ့ အာရုံတွေနဲ့ တွေ့တဲ့အခါ ယမ်းပုံမှာ မီးကျသလို သည်းခံအောင်အည်း ချူပ်တည်းခြင်း ဆိုတာ မရှိ၊ဆဲဆိုငေါက်ငန်းတတ်ပြီး၊ စိတ်လဲတိုတတ်ပါတယ်။ သဘာဝစိတ်အနေအထားက ရန်ငြိုးဖွဲ့တဲ့ အာဃာတတရားတွေ ထားတတ်တယ်။ မနာလို ၀န်တိုမှု ရှိပါတယ်။ သူများဂုဏ်ကို ချေဖျက်လိုစိတ်ရှိတဲ့အတွက် ဂုဏ်တုဂုဏ်ပြိုင်ပြုလုပ်တတ်တယ်။ အပြောဆို ဆုံးမရခက်တတ် ပါတယ်။
(၄)ပညာစရိုက်ရှိသူ…
ပညာစရိုက်ရှိသူများမှာ ဒေါသစရိုက်ရှိသူများရဲ့ ဣရိယာပုထ်စတာတွေနဲ့ တူညီပြီး၊ စိတ်တိုခြင်းစတဲ့ အပြစ်များ မရောနှောဘဲ ဆိုးဆုံးမ လွယ်ကူတယ်။ အစားအသောက်နဲ့ ပတ်သက်ပြီး ကိုယ့်နဲ့ သင့်မသင့်ဆိုတာကို နှိုင်းချင့်ပြီး စားတတ်တယ်။ ကုသိုလ်ကောင်းမှုအစုစုတွေကို ၀ီရိယ သန်သန်ဖြင့် မှန်မှန်ကြီး ပြုလေ့ရှိပါတယ်။
(၅)မောဟစရိုက်…
ဣရိယာပုထ်အနေနဲ့ မယဉ်ကျေး တွေဝေထိုင်းမှိုင်းပြီး၊ ရှုပ်ရှက်ခတ် ပြာယိပြာယာနဲ့ သွားလာတတ်ပါတယ်။ လုပ်ငန်းကိစ္စတွေမှာ ရုပ်ထွေးပေလိမ်လေ့ရှိတယ်။ အစားအသောက်မှာလည်း ဘယ်အရာကိုမှ တိတိပပ နှစ်သက်တာ မရှိ။ကိုယ့်အစွမ်းဖြင့် စုံစမ်းနှိုင်းချိန်ပြီး အဆိုးအကောင်း ကို မဆုံးဖြတ်တတ်။ နေရာတကာမှာ ကိုယ်က နောက်လိုက်ဖြစ်နေတတ်ပါတယ်။ အများကို ဘာဖြစ်တယ်ဆို သူကလဲ ဘာဖြစ် တယ် စတဲ့ သူများပါးစပ်ဖျားမှာ လမ်းဆုံးနေတတ်တယ်။ သတိပညာကင်းတယ်။ ထိုင်းမိုင်းပျင်းရိပြီး၊ ပျံ့လွင့်မှုများနဲ့သာ အချိန်ကုန်တတ်ပါတယ်။
(၆)၀ိတက်စရိုက်…
ဝိတက်စရိုက်ရှိသူများမှာ မောဟစရိုက်ရှိသူများနဲ့ မထူးခြား ၊ အကြံတွေများ စကားတွေ ပေါပြီး၊ ကိစ္စမချောဘဲ မျောနေတာက များပါ တယ်။ ကောင်းသောလုပ်ငန်း၊ ကုသိုလ်လုပ်ငန်းတွေမှာ အစွမ်းအစမရှိ၊ ပျင်းရိပြီး နေတတ်ပါတယ်။ အတွေးများ အကြံများတဲ့ သူတွေနဲ့သာ ပေါင်းဖက်ပြီး၊ တွေးကြံတွေများနေတတ်တဲ့ လူအား လူပိုတွေသာဖြစ်တယ်။ (သဂြိုလ်ဘာသာဋီကာ၊နှာ-၆၃၀)
ဘယ်သူဟာ ဘယ်လိုစရိုက်မျိုးရှိလဲ ဆိုတာ မပြောလိုပါဘူး၊ ကိုယ့်မှာ ဘာစရိုက်မျိုး ရှိတယ်ဆိုတာကို ဘုရှင်ဟောတော်မူတဲ့ စရိုက်ခြောက်မျိုးနဲ့ တိုက်ဆိုင်ကြည့်ရမယ်။ ပြီးမှ ကိုယ့်မှာ ရှိတဲ့စရိုက်နဲ့ လျော်အောင် ဘယ်တရားကို ကျင့်သုံးရမယ်ဆိုတာကို လေ့လာရပါမယ်။
ဒီလို ကျင့်သုံးနိုင်အောင် ဘုရားရှင်ဟောထားတာရှိပါတယ်။
တစ်ခါက ဘုရားရှင်ဟာ ကပိလ၀တ်မြို့နယ် မဟာဝုန်တောအရပ်မှာ သီတင်းသုံး စုဝေးနေခိုက်၊ စကြ်ာဝဠာတစ်သောင်းမှ နတ်ဗြဟ္မ များ ဘုရားရှင်ကို လာရောက်ဖူးမျှော်ကြပါတယ်။ မရေမတွက်နိုင်တဲ့ နတ်ဗြဟ္မာများ လာရောက်ဖူးမျှော်ကြတဲ့ မဟာသမယအခါကြီးမှာ ဘုရားရှင်က နတ်ဗြဟ္မာများ တရားထူးရရေးအတွက် သူတို့နဲ့ သင့်လျော်တဲ့ တရား -၆ သုတ်ကို ဟောကြားတော်မူပါတယ်။
(၁) ရာဂအဖြစ်များသူတို့အတွက် သမ္မာပရိဗ္ဗာဇနီယသုတ်၊(၂) ဒေါသအဖြစ်များသူတို့အတွက် ကလဟ၀ိဝါဒသုတ်။(၃) မောဟအဖြစ်များသူတို့အတွက် မဟာဗျူဟ သုတ်။(၄) ၀ိတက်အဖြစ်များသူတို့အတွက် စူဠဗျူဟ သုတ်။ (၅) သဒ္ဓါအဖြစ်များသူတို့အတွက် တိဝဋက သုတ်။ (၆) ပညာများသူတို့အတွက် ပုရာဘေဒသုတ် တို့ကို အသီးသီးဟောတော်မူခဲ့ပါတယ်။
ဥပမာလေးတစ်ခု အိုင်တီ ခေတ်ကြီးနဲ့ အညီ အင်တာနက်သုံးကြတဲ့ သူများဟာ ကိုယ်လိုချင်တဲ့ အကြောင်းကို ရှာဖွေကြပါတယ်၊ ကျောင်းသားများဆိုရင်လည်း စာမေးပွဲနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်တွေကို ရှာဖွေပြီး စာမေးပွဲဖြေဆိုကြသလို၊ သတင်းနဲ့ပတ်သက်လို့ သိချင်တဲ့ သူများက သတင်းဝက်ဆိုက်တွေကို ရှာဖွေကြည့်ရှုကြတယ်။ ထို့အတူ အိမ်ထောင်ရေး၊ကျန်းမာရေး၊ စီးပွားရေး ၊ ဘာသာရေး စတဲ့ ကဏ္ဍများကို လိုအပ်သလို ဆိုင်ရာဝက်ဆိုက်များမှာ ၀င်ဝင်ရောက်လေ့လာခြင်းဖြင့် ဘ၀တိုးတက်အောင် ပြုလုပ်ကြရပါတယ်။
ဒီလိုပါပဲ အထက်ဖေါ်ပြခဲ့တဲ့ စရိုက်ခြောက်ပါးမှာ ကိုယ်ဟာ ဘယ်စရိုက်ရှိသလဲဆိုတာကို သိပြီး ကိုယ့်စရိုက်နဲ့ ကိုက်ညီမဲ့ တရားတော်များ( စရိုက်ခြောက်ပါးနဲ့သင့်လျော်တဲ့ တရားတော်ခြောက်ပုဒ်)ကို နာယူလေ့လာမှတ်သားရပါမယ်။ နာယူတဲ့အတိုင်းလဲ လိုက်နာကျင့်သုံးအားထုတ်ကြမယ်ဆိုရင် ဘ၀တိုးတက်ပြီး အောင်မြင်မှုပန်းတိုင်သို့ ရောက်ရှိနိင်ပါလိမ့် လို့ ပြောရင်း သတ္တ၀ါမှန်သမျှ တရားတွေ့နိုင်ကြပါစေ…………..

Twitter Delicious Facebook Digg Stumbleupon Favorites More