This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 2, 2009

ခရီးသွားမှတ်တမ်း(၉)

ရာစုနှစ်များစွာကတည်းက လာအိုနိင်ငံ၊ လောပရာဘန်မှ တန်တင်(Tam Ting) တန်ဖမ် (Tam Phum) ဂူ လို့ခေါ်ကြတဲ့ ပါ့ခ်ဦးဂူများဟာ ဒေသခံတိုင်းရင်းသားများ ရိုးရာနတ် ပူဇော်ပသကြတဲ့ အထွတ်အမြတ်နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၄ ရာစုနှစ်ပိုင်းလောက်ရောက်တဲ့အခါ် လာအိုမြောက်ပိုင်းမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည် ကိုးကွယ်ခဲ့တဲ့ နောက်ပိုင်းမှာ ပါ့ခ်ဦးဂူများဟာ ဗုဒ္ဓဘာသာအသွင်ဖြစ်ကာ ဆင်းတုတော်များစွာဖြင့် ပြောင်းလဲလာခဲ့ပါတယ်။
၁၆ ရာစုနှစ် နှစ်လယ်ကာလများအတွင်း လန်းဇင်းဘုရင်များက ဂူ အတွင်း ထောင်ချီရှိတဲ့ ဗုဒ္ဓဆင်းတုတော်များ တည်ရှိရာ ဌာနကို ဘုရားကြည်ညိုပူဇော်ရာ၊ ဘုရားဖူးလည်ပတ်ရန် နေရာအဖြစ် ပြောင်းလဲခဲ့တယ်။ ၁၉၇၅ ခုနှစ်တိုင်အောင် တော်ဝင်ဘုရားဖူး ခရီးစဉ်အဖြစ် နှစ်စဉ် နှစ်တိုင်း ပြုလုပ်လာခဲ့ကြပါတယ်။

ယခုနောက်ပိုင်းတွင် ဘုရင်မျိုးဆက်မရှိတော့သဖြင့် ဘုရင်ရဲ့ ပူဇော်ကိုးကွယ်မှု မရရှိတော့သော်လည်း တန်တင်နှင့် တမ်ဖမ်ဂူများဟာ လာအို ဗုဒ္ဓဘာသာမှာတော့ အရေးကြီးဝတ်ပြု ပူဇော်ရာ ဘာသာရေးဆိုင်ရာ ဌာနတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။
ထိုဂူထဲတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များကို ဖူးမြင်ရပါတယ်။ ရုပ်ပွားတော်ရဲ့ အရေအတွက်များက အလွန်ပဲများပြားလှပါတယ်။ ဟောင်းလွန်းလှတဲ့ ဆင်းတုတော်များဟာ မပြုမပြင် နဂိုအတိုင်းရှိနေတဲ့ ရှေးဟောင်းအမွေအနှစ်များ ဖြစ်ပါတယ်။ ထိုဆင်းတုတော်များအနက် ထူးဆန်းတဲ့ ရုပ်တုတစ်ခု သွားတွေ့ပါတယ်။ နဂါးခေါင်းနဲ့ မင်းသားတစ်ပါး ထိုင်နေပုံပါ။ နဂါးလုလင်ဆိုတဲ့သဘောလား မသိပါ။
Night Market of Loungprabang
Night Market လို့ဆိုတဲ့ ညဈေးကလည်း အလွန်စည်ကားလှပါတယ်။ ညဈေးဆိုလို့ သီးခြားလုပ်ထားတာ မဟုတ်ပါဘူး။ မြို့ရဲ့ မိန်းလမ်းကြီးပေါ်မှာ တဲထိုးပြီး ရောင်းကြတာပါ။ ညနေ မှောင်ရည်ပျိုးစအချိန်မှ ည(၁၀)နာရီတိုင်အောင် ရောင်းချကြပါတယ်။ ညဈေးတန်းဟာ လက်မှုပစ္စည်းများကို တစုတဝေးထဲ တွေ့နိုင်မယ့် နေရာတစ်ခုပါ။ ရိုးရာ အစားအသောက်များကိုလည်း ရောင်းချနေတာကို တွေ့ရတယ်။ အထည်အလိပ်တွေ၊ အ၀တ်အထည်တွေ ၊ ခြင်းယက်ခြင်းနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ (မြန်မာပြည်မှာတော့ ယွန်းထည်လိုဟာမျိုးပါ) ။
ညဖက်မှာ ညဉ့်ဈေးတန်းကို လည်ပတ်ရတာဟာ အရမ်းပျော်စရာကောင်းပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အသဲစွဲဆိုရင်လဲ မမှားဘူးပေါ့။ ဒါကြောင့်လည်း ထိုညဈေးတန်း( night market)လည်ပတ်ရတဲ့ ပျော်ရွှင်မှုဟာ လောပရာဘန်မြို့ကို အလည်လာရခြင်းရဲ့ မမေ့နိုင်စရာကောင်းတဲ့ အဖြစ်အပျက်တစ်စုံတစ်ရာ ဖြစ်တယ် လို့ အင်တာနက်စာမျက်နှာပေါ်မှာ ဖတ်ခဲ့ရတဲ့အတိုင်း ပျော်စရာကောင်းလှပါတယ်။
၂၃.၅.၂၀၀၉
ညနေခင်းတွင် လောပရာဘန်-ကားဂိတ်ဆင်းပြီး ညကားဖြင့် လာအိုနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Vientaine ပီရန်ကျင်းမြို့ကို လာခဲ့ပါတယ်။ကားခမှာ လာအိုငွေ 150000KIP မြန်မာငွေ ၂၂၅၀၀ ကျပ်ကြပါတယ်။

မြို့တော် ပီရန်ကျင်း
Vientaine of Laos
ရောက်ခဲ့ပေါ့ မြို့တော်ပီရန်ကျင်း
၂၄.၅.၂၀၀၉
နံနက် ၄ နာရီမှာ Vientaine ပီရန်ကျင်းမြို့ ကားဂိတ်ကို ရောက်ပါတယ်။ ကားဂိတ်မှာ ခရီးသွားသူများ အနည်းငယ်သာရှိပါတယ်။ ဒီနေ့က Sunday ဆိုတော့ ရုံးတွေ ပိတ်ထားတဲ့ အတွက် Travel imformation office ရုံးများလည်း မဖွင့်သေးသလို တည်းခိုဖို့အတွက်လည်း gesthouse က နေ့ ၁၂ နာရီမှ Chack လုပ်ကြမှာဆိုတော့ အကြားကြီး စောင့်ရပေဦးမည် ၊ သို့နှင့် ကားဂိတ်မှာပဲ စာရေးသူတို့ သုံးဦးသား အချိန်ဖြုံးရင်း အရုဏ်တက်တာနဲ့ လဘက်ရည်ဆိုင်မှာ ပီဇာနှင့် လဘက်ရည် ကို အရုဏ်ဆွမ်းအဖြင့် စားကြပါတယ်။
ပါ့တူဆေး ခေါ် ၀ိတိုရီဂိတ်(Patuxay or Victory gate)
မြို့တော် ပီရန်ကျင်းရောက်တော့ လာအိုနိုင်ငံရဲ့အကြောင်း အနည်းငယ်ပြောပါရစေ
နံနက်အလင်းရောင် အားကောင်းလာတာနဲ့ ကားတစ်စီးခေါ်ကာ မြို့ထဲသို့ ထွက်လာခဲ့ပါတယ်။ မြို့ထဲရောက်တော့ တကယ့်နေရာတစ်ခုဖြစ်တဲ့ ပါ့တူဆေး(၀ိတိုရီဂိတ်)အမည်ရှိ ရန်အောင်မြင်တံခါးကြီးကို ကားသမားက လိုက်ပို့ပါတယ်။ ပ့ါတူဆေး(ခေါ်) ၀ိတိုရီဂိတ် ရန်အောင်မြင်တံခါးဟာ လာအိုနိုင်ငံ ရဲ့မြို့တော် ပီရန်ကျင်းမြို့မှာတော့ အထင်ရှားဆုံးနေရာတစ်ခုဖြစ်ပြီး၊ လာအိုနိုင်၊ ပီရန်ကျင်းမြို့ ၊ လန်ဖင်းရိပ်သာလမ်းရဲ့ အရှေ့မြောက်ဘက်အဆုံးမှာ တည်ရှိပါတယ်။
ထိုရန်အောင်မြင်တံခါးမုခ်ဦးကြီးကို ၁၉၆၂ ခုနှစ် (BE 2505) မှာ တည်ဆောက်ပြီးစီးခဲ့ တယ်။ ယခုဆိုရင် နှစ်ပေါင်း ၃၀ ၀န်းကျင်ခန့် ရှိခဲ့ပါပြီ။
တစ်ချိန်က လာအိုနိုင်ငံဟာ ပြင်သစ်နိုင်ငံလက် အောက် ကျရောက်ခဲ့တယ်။ ယခုအချိန်တိုင်အထိ ပီရန်ကျင်းမြို့မှာ ပြင်သစ်ပုံစံအဆောက်အဦများအပြင် အစားသောက်နဲ့ ပတ်သက်ပြီး ပြင်သစ်အစားစာများ ရောင်းချတဲ့ ဆိုင်များ ပေါများပြီး၊ ဌာနဆိုင်ရာများတွင် ပြင်သစ်စာများကို ယခုတိုင် သုံးစွဲနေကြတာကို တွေ့မြင်ခဲ့ရပါတယ်။ တစ်ချိန်က အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံမှာ အင်္ဂလိပ်အခေါ်ဝေါ်တွေကို ယခုထက်တိုင် သုံးစွဲနေတာကို ကြည့်ခြင်းအားဖြင့် အင်္ဂလိပ်အငွေ့အသက်များ ရှိနေခဲ့သလိုပါပဲ၊ လာအိုမြို့တော် ပီရန်ကျင်းမြို့ဟာ တစ်ချိန်က ပြင်သစ်လက်အောက်ခံဖြစ်ခဲ့တဲ့အတွက် ပြင်သစ်အငွေ့အသက်များ ယခုတိုင် ကျန်ရှိနေဆဲပါ။
ထို ရန်အောင်မြင်တံခါးမုခ်ဦးကြီးကို လာအိုင်နိုင်ငံက ပြင်သစ်ကို နိုင်လိုက်တဲ့ အထိမ်းအမှတ်နဲ့ အမှတ်တရ ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ ထို Victory gate ဟာ မုခ်ဦးလို ပုံသဏ္ဍာန်ရှိပြီး အထပ်ပေါင်း ခုနှစ်ထပ် ရှိပါတယ်။ အပေါ်ထပ်သို့ တက်ချင်လျှင်တော့ သတ်မှတ်ထားတဲ့ ၀င်ကြေးပေးပြီး တက်နိုင်ပါတယ်။ သံဃာတော်များကိုတော့ မယူ ပါဘူး။
ယခုအခါမှာ ထို ရန်အောင်မြင်တံခါးမုခ်တည်ရှိရာ နေရာဟာ လာအိုပြည်သူများနှင့် ကမ္ဘာလှည့်ခရီးသည်များရဲ့ အပမ်းဖြေစရာ လေ့လာစရာအဖြစ် တည်ရှိနေတာကို တွေ့မြင်ရပါတယ်။
သို့နှင့်စာရေးသူတို့လည်း အပေါ်ဆုံးထပ်အထိရောက်အောင် တက်ခဲ့တယ်။ တစ်ချို့အထပ် တွေမှာတော့ ရိုးရာပစ္စည်း၊အမှတ်တရပစ္စည်းတွေကို ရောင်းချနေတဲ့ ဈေးဆိုင် အများအပြား တွေ့ရတယ်။ ခြောက်ထပ်မြောက်ခုနှစ်ထပ်သို့ တက်တဲ့အခါမှာတော့ ကြောင်လိမ်လှေခါးမှ တက်ရပါတယ် ။ အပေါ်ဆုံးထပ်ရောက်တော့ ရှေ့နောက်ဝဲယာ View Point ပီရန်ကျင်းမြို့ရဲ့ အလွန်လှပတဲ့ ရှုခင်းကို မြင်ရတယ် ၊ ပီရန်ကျင်းမြို့ကြီးကို တည်ဆောက်ထားတာဟာ မြို့ပြအနေအထား အလွန်လှပကောင်းမွန်နေတာကို မြင်ရပါတယ်။
ဖာ့သက်ဒ်လျောင်ဘုရား
ထိုမှတဆင့် အရှေ့စူးစူးကို ဆက်သွားတဲ့အခါမှာ Pha Thad Luang ဖာ့သက်ဒ် လျောင် ဘုရားသို့ ရောက်ပါတယ်။ ဒီဘုရားက ပီရန်ကျင်းမှာတော့ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ အပြင်(heritage Museum) ရှေးလက်ရာမပျက် ပြတိုက်အဖြစ် ထားရှိတဲ့အတွက်ကြောင့် ကမ္ဘာ့လှည့်ခရီးသည်များအတွက် အကြိုက်တွေ့စေမဲ့ နေရာတစ်ခုပါ။ ဒီ Museum မှာလည်း Foreignerများအာ်း ၀င်ကြေးကောက်ခံတယ်။ သံဃာတော်များတော့ ထုံးစံ အတိုင်းမယူပါဘူး။

ဟော့ဖရာခီယို (Hophrakeo Museum)
စာရေးသူတို့ တည်းခိုတဲ့ စိစကက် (sisaket) လာအိုဘုန်းတော်ကြီးကျောင်းမှ ဟိုဖက်ခြမ်း လမ်းသို့ ကူးလိုက်တဲ့အခါ ဟော့ဖရာခီယို (Hophrakeo Museum) ကို ရောက်ရှိပါတယ်။
ဒီပြတိုက်ဟာ intrest စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ဘာကြောင့်ဆိုရင် ပြတိုက် အ၀င်ဝမှာထားရှိတဲ့ သစ်သားဆိုင်းဘုတ်ကို ဖတ်လိုက်ရတဲ့ အတွက် ဖြစ်ပါတယ်။ စာရေးထားတာက ဒီလို…..
HOPHRAKEO It was built in 1565 A.D (2108. B. G) by the great king Xaise that hirath the Lao lane xang king dom. The Hophrakeo for the contain of the Emeral Buddha only. Now, the Emeral Buddha was in the foreign abroad since 1779 A.D. Now,the Hophrakeo for the collection of the ancient materials or Hophrakeo Museum.
(ဟော့ပ်ဖရာခီယိုဆိုတဲ့ အဆောက်အဦကို လာအို လန်ဇင်း မင်းဆက် ဇိုင်ဆီမင်းက ၁၅၆၅ ခုနှစ်က မြဘုရားသီတင်းသုံးစံပါယ်တော်မူရန်အတွက် တည်ဆောက်ခဲ့ပါတယ်။ မြဘုရားဟာ ပြည်ပနိုင်ငံမှာ ၁၇၇၉ ခုနှစ်ကတည်းက ယနေ့အထိ သီတင်းသုံးနေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဒီ ဟော့ပ်ဖရာခီယို အဆောက်အဦးကို ပြတိုက်အဖြစ် ထားရှိပါတယ်။)
အထက်အကြောင်းအရာနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြဘုရားဆင်းတုတော်ဟာ တစ်ချိန်က လာအိုနိုင်ငံ ပီရန်ကျင်းမြို့၊ ဟော့ပ်ဖရာခီယိုမှာ သီတင်းသုံးတော်မူတယ်။ နောက်ပိုင်းမှာ မြဘုရားအား ထိုင်းနိုင်ငံမှ သိမ်းပိုက်ခဲ့တယ်လို့ ထိုပြတိုက်ရှိ တာဝန်ရှိသူများရဲ့ ပြောပြချက်အရ သိရပါတော့တယ်။(ဆက်လက်ရေးသားပါဦးမည်)

Wednesday, July 1, 2009

တွေးစရာ

့H1 N1 virus ကြောင့် ကမ္ဘာတ၀ှမ်း ရောဂါဖြစ်နေကြတာဟာ သတင်းများအရ တော်တော်များတယ်လို့ သိရတယ်။
ဒီနေ့ကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးထဲမှာ လူတုပ်ကွေးရောဂါလည်းတစ်ခုပါဝင်နေတယ်။
ဒါပမဲ့ ဘုရားလက်ထက်က လူတုပ်ကွေးရောဂါထက် အဆပေါင်း များစွာ ဆိုးဝါးတဲ့ ရောဂါတစ်မျိုးကို ပိဋကတ်စာပေမှာ စာသင်သားဘ၀ ကဖတ်လိုက်ရပါတယ်။
အဲဒီရောဂါရဲ့ နာမည်က 'ယင်းနာ' ရောဂါ လို့ခေါ်တယ်၊ ဒီရောဂါဖြစ်ပွားနေတဲ့မြို့(သို့)ရွာဆိုရင် အနည်းဆုံး ကိုက်(၃၀)ခန့်အကွာက နေရောဂါဖြစ်နေရင် မြန်မြန်သာ လွတ်ရာကို ရှောင်ပြေးတော့တဲ့ တကယ်လို့ မပြေးဘူးဆိုရင် မိနစ်ပိုင်းအတွင်း ဒီရောဂါအကူးစစ်ခံရကာ သေတော့တာပဲ ။ အလွန်ကြောက်စရာကောင်းတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါကြောင့် တစ်ချို့ဆို ရွာလုံးကျွတ် သေဆုံးရတယ် ပြေးနိုင်သူ အနည်းငယ်သာ လွတ်ကြတယ် လို့ဆိုပါတယ်။
စဉ်းစားကြည့်တယ်။ အခုဖြစ်နေတဲ့ လူတုပ်ကွေးရောဂါဟာ ရှေးတုန်းကဖြစ်ခဲ့တဲ့ ယင်းနာ ရောဂါ လောက်မဆိုးသော်လည်း ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။
ဒီရောဂါဟာ လူစုလူဝးများတဲ့နေရာမှာ ကူးစက်ဖို့ လွယ်ကူတဲ့ ရောဂါတစ်ခုဆိုတော့။ မကြာမီ ၀ါဆိုဖို့လည်း နီးကပ်လာပြီ၊ ၀ါဆိုသင်္ကန်း ကပ်ကြတဲ့အခါ လူတွေကအများကြီး လူတွေမှာတော့ ပါးစပ်ကို အ၀တ်လေးနဲ့ပိတ်ထားရပေမယ့်လို့ ပါးစပ်နဲ့ အလုပ်လုပ်နေတဲ့ တရားဟော ဘုန်းကြီးမှာတော့ ဘယ်လို ပါးစပ်ကို ပိတ်ထားရမလဲ ...............တွေးကြည့်မိတာပါ။

Type the rest of your post here.

Thursday, June 25, 2009

ခရီးသွားမှတ်တမ်း(၈)

ရောပရာဘန်ရဲ့ဓါတ်ပုံမှတ်တမ်းများကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။
လောနိုင်ငံနဲ့ အမိမြန်မာနိင်ငံနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုပါရင် မြန်မာနိုင်ငံက ရှေးဟောင်းအမွေအနှစ်များ ပိုမိုများတာ တွေ့ရပါတယ်။ အဲဒီ ရှေးဟောင်းအမွေအနှစ်တွေကို အင်တာနက်ကနေ ကမ္ဘာကို ကြေညာမယ်ဆိုရင် ကမ္ဘာက အသိများ လာမှာပါ။ အဲဒီအခါ နိုင်ငံခြားသားခရီးသည်များ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာကြပြီး နိုင်ငံခြားဝင်ငွေ အများကြီး ရလာနိုင်မယ်လို့ တွေးမိပါတယ် ။
ညဉ့်ဖက် လောပရာဘန်မြို့အတွင်း ချေလျင်သွားခဲ့ကြပြီး ည ၉း၃၀ ခန့် တည်းခိုရာ ဟော်တယ်သို့ ပြန်လာခဲ့ကြတယ်၊ ဒီလိုနဲ့ ညဉ့်နက်လာသောအခါ အတူလိုက်ပါလာတဲ့ သီတင်းသုံးဖေါ်နှစ်ဦးမှာ ခရီးပမ်းတဲ့အတွက် အိပ်ပျော်သွားကြပေမယ့် စာရေးသူမှာတော့ ထုံးစံအတိုင်း တွေ့ကြုံခဲ့သမျှ အတိုးချပြီး စာတွေကို မက်မောစွာ ရေးနေမိပါတော့တယ်၊ ည ၁၁ နာရီခန့်မှ အိပ်ရာဝင်ခဲ့တယ်ဆိုပါတော့။

Morning beautiful of Loungprabang လောပရာဘန်မြို့ရဲ့နံနက်ခင်းအလှ
၂၃.၅.၂၀၀၉
နံနက်၅း၃၀မှာ တည်းခိုရာဟော်တယ်အနီး ဘုန်းတော်ကြီးကျောင်းမှ အုံးမောင်းခေါက်သံ ကြားရသဖြင့် မြန်မာပြည်နှင့် ကွာခြားမှုမရှိလှ။ နံနက် စောစောအိပ်ရာထကြကာ ရေချိုးပြီး နံနက် ၆း၃၀ နာရီခန့်တွင် စာရေးသူတို့ သုံးဦးသား မနက်စာစားရန် မြို့ထဲ ထွက်လာခဲ့ကြတယ်။ လမ်းများက ကတ္တရာလမ်းဖြစ်ပြီး လမ်းခင်းထားတာ အလွန် ကောင်းပါ တယ်။ ဒါ့အပြင် လမ်းပေါ်မှာ အမှိုက်များ လုံးဝမရှိ၊ ကွမ်းတံတွေး ထွေးထားတဲ့နေရာလည်း လုံးဝမရှိပါ။
ဒါတင်မက မဲခေါင်မြစ်အတွင်း မော်တော်စီးလာတုန်းက မော်တော်ပေါ်ကနေ မြစ်ထဲသို့ အမှိုက်ပစ်ချသူ လုံးဝမတွေ့ရပါ။ ကိုယ့်အမှိုက်ကို ကိုယ်စနစ်တကျထားကာ မော်တော်ပေါ်ထားရှိတဲ့ အမှိုက်ပုံးထဲ သွားထည့်ကြတာကို တွေ့ရပါတယ်။ စည်းကမ်းရှိလှတဲ့အတွက် မြို့ကြီးသားများ ပီသပါစေစွ လို့လည်း ချီးကျူးမိပါတယ်။ အမိမြန်မာနိုင်ငံမှာဆိုလျှင် နယ်မြို့များတိုင်းမြို့များကို မဆိုထားနဲ့၊ ရန်ကုန်ရွှေမြို့တော်ကြီးမှာတောင် အမှိုက်ကို အလွယ်ပစ်ချလား ပစ်ချရဲ့၊ လမ်းမပေါ် ကွမ်းတံတွေး ထွေးလား ထွေးရဲ့ လမ်းမကြီးနံဘေးမှာ အန္တရာယ် လွယ်ထားမကောင်းဘူး ဆိုပြီး အကြောင်းပြကာ မရှက်မကြောက် ကျင်ငယ်စွန့်လားစွန့်ရဲ့နဲ့ မြို့ကြီးသားများ စည်းကမ်းရှိပါပေ့။ ပြောရရင်တော့ အတုယူစရာတွေ အများကြီးပါ။ ပြောရင်းနဲ့ စကားတောင်ဘယ်ရောက်မှန်း မသိတော့ ဘူး။
ခုနင်က လောပရာဘန်မြို့တွင်း မနက်မှာ လည်တာနဲ့ပတ်သက်ပြီး ပြန်ပြောပါ့မယ်။
အဲဒီမှာ Loungprabang မြို့လေးရဲ့ နံနက်ခင်းအလှတစ်ခုကို သွားတွေ့ပါတယ်။ ရဟန်းသံဃာတော်များ နံနက်ခင်း ၇ နာရီခန့်မှာ တန်းစီပြီး ဆွမ်းခံကြွတော်မူကြပါတယ်။
လောနိင်ငံမှ ရဟန်းသံဃာတော်များဟာ ထိုင်း၊ကမ္ဘောဒီးယားများသံဃာများနဲ့ ဆင်တူပြီး ၀တ်ဆင်ထားတဲ့ သင်္ကန်း အရောင်အသွေးတူညီကြပါတယ်။
ဒကာ/ဒကာများက ရဟန်းတော်များအား ဆွမ်းလောင်းတဲ့အခါမှာ လမ်းပေါ်မှာပဲ မိန်းမထိုင်(ပေါင်ယာထိုင်)နဲ့အတူ အခင်းမပါ ပြားဝပ်စွာ ထိုင်ပြီး ရိုသေစွာ ဆွမ်းလောင်းလှူကြပါတယ်။ ထူးခြားတာက ဆွမ်းလောင်းတဲ့အခါမှာ ကောက်ညှင်းပေါင်းကို အဆုပ်အဆုပ်လေးလုပ်က သပိတ်ထဲသို့ ညင်သာစွာ ပစ်ထည့်ကြပါတယ်။ အဲဒါကလည်း သပိတ်ကို လက်နဲ့ မထိမစေရန်၊ ရိုသေသည့်သဘောဖြင့် လက်နဲ့ ပစ်ထည့်ခြင်းသာ ဖြစ်တယ်လို့ မှတ်ယူရပါ့မယ်)။
ထိုဆွမ်းလောင်းမှုနဲ့ပတ်သက်ပြီး မြန်မာ့အမြင်မှာတော့ မရိုမသေဖြစ်နေတယ်လို့ ထင်ရပြီး အမြင်ဆန်းနေပါတော့တယ်။ ဒါပေမဲ့ လောပြည်သူတို့ရဲ့ ဓလေ့အတိုင်း ရိုသေစွာပေးလှူကြတယ်လို့ပဲ မှတ်ယူရပါ့မယ်။
ဆွမ်းလောင်းပြီးတဲ့အခါ တစ်ချို့က အနီးရှိ ဘုရားသိမ်ထဲ သွားကာ သူတို့မှာပါလာတဲ့ ကောက်ညှင်းပေါင်းတွေကို အဆုပ်လေးတွေလုပ်ပြီး ဘုရားမှာ ကပ်လှူကာ ဘုရားဝတ်ပြုပြီး နေအိမ်သို့ ပြန်သွားကြပါတယ်။
ဒီလို နံနက်ခင်းမှာ တန်းစီပြီး ဆွမ်းခံကြွတော်မူလာကြတဲ့ ရဟန်းသံဃာတော်များဟာ လောပရာဘန်ရဲ့ နံနက်ခင်းအလှတစ်ခု လို့တင်စားပြောလိုက်ချင်တယ်။ ဒီလိစိတ်ချမ်းမြေ့စရာုမြင်ကွင်းမျိုးကို စာရေးသူတို့ မြန်မာပြည်မှာလည်း နံနက်တိုင်း တွေ့မြင်နေကျဖြစ်လို့ မဆန်းပေမယ့် ကမ္ဘာလှည့်ခရီးသည်တို့ရဲ့အမြင်မှာတော့ ဆန်းတယ်လို့ ထင်ရပေမပေါ့။
ဒီလို သံဃာတော်များအား ဆွမ်းလောင်းလှူကြတာဟာ လာအိုပြည်သူတို့ရဲ့ အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို လာအိုတို့ရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုလို့လည်း ဆိုရပါမယ်။ အဲဒါကိုပဲနံနက်ခင်းသံဃာတော်များအား ပေးလှူမှုဟာ အလွန်ယဉ်ကျေးသော အပြုအမူတရပ်ကို ဆောင်ရွက်ပြုမူကြတယ်(Morning Alms Giving Ceremony) လို့ အင်တာနက် စာမျက်နှာပေါ်မှာ ဖတ်လိုက်ရပါတယ်။
နံနက်စောစော ဒီမြင်ကွင်းကို စာရေးသူကိုယ်တိုင် တွေ့မြင်လိုက်ရတဲ့အတွက် လောနိုင်ငံသူများရဲ့ စေတနာ သဒ္ဓါတရားနှင့် ဘာသာရေး ကိုင်းရှိုင်းမှုကို တွေ့မြင်ခဲ့ရပါတယ်။
(လော်ပရာဘော်ရဲ့ ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်များ)
The world heri tage of Loungprabang
စာရေးသူတို့လည်း နံနက်စာအတွက် ဥရောပစတိုင်ဖြင့် ဖွင့်ထားတဲ့ ဆိုင်တစ်ဆိုင်သို့ဝင်ကာ send wiches ကို မှာစားကြပါတယ်။ ဆိုင်ဝန်ထမ်းများက ပေါင်မုန့် များနဲ့ အသားပြား၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်၊သခွားသီး၊ ချိစ်ပြား၊စတာတွေကို လာရောက်ချပေးပါတယ်။
ပြီးတော့ ဒါး-ဇွန်းများနှင့်အတူ အနက်ရောင် လေးထောင့်ပုဂံပြားလေးတွေကိုလည်း လာရောက်ချပေးပါတယ်။ စာရေးသူတို့လည်း ဗိုက်ဆာဆာနဲ့ စတိုင်လ်နဲ့မဟုတ်ဘဲ တောသားစားနည်းအတိုင်း လက်နဲ့ကိုင်ပြီး တ၀စားပါတော့တယ်။
ဒီမြို့မှာလည်း ရေနွေးကအစ ၀ယ်ရပါတယ်။ အလကား ဘာတစ်ခုမှ မရပါ။ အမိမြန်မာပြည်မှာဆိုလျှင် ရေနွေးကြမ်းကို ၀ယ်သောက်စရာမလိုပဲ အလကားသောက်ရပါတယ်။ အဲဒီမှာ send wiches ကို စားပြီးတဲ့အခါ ရေခဲရေ တ၀သောက်ပြီး ဆိုင်မှ ထွက်ခဲ့ကြပါတော့တယ်။
မဲခေါင်မြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ရင်း ရှေးဟောင်းအမွေအနှစ်များကို လေ့လာလည်ပတ်ဖို့ ကားငှားပါတယ်၊ အဲဒီရက်က ကားငှားရန်းခမှာ(310000)KIP ၊ မြန်မာငွေဆိုရင်တော့ 46500 ကျပ် ပေးရပါတယ်။
ကောင်းစီရေတံခွန်…
လောပရာဘန်မြို့ဝန်းကျင်မှာ ရေတံခွန်များစွာ ရှိတယ်။ ထိုရေတံခွန်များအနက် အကြီးဆုံးနှင့် ထူးခြားထင်ရှားဆုံးက ကောင်းစီရေတံခွန်ပါ။ ဒီရေတံခွန်ဟာ လောဘရာဘန်မြို့ရဲ့ အနောက်တောင်ဘက် ၃၀ ကီလိုမီတာခန့်တွင် တည်ရှိပြီး ကားဖြင့် သွားလာနိုင်ပါတယ်။
စာရေးသူတို့လည်း တစ်နေ့တာငှားရမ်းထားတဲ့ ကားဖြင့် တစ်နာရီကျော်ကျော်ခန့် သွားမိတယ်ဆိုရင်ပဲ ကောင်းစီ ရေတံခွန်ကြီးကို ရောက်ရှိပါတယ်။ ဒီရေတံခွန်ဟာ ကမ္ဘာလှည့်ခရီးသည်တွေ အများဆုံး ရောက်တဲ့ နေရာပဲဖြစ်တယ်။
စာရေးသူတို့ ရောက်သွားတဲ့ အချိန်က နံနက်ဖြစ်တော့ လူအနည်းငယ်ရှင်းနေပါတယ်။ နေ့လည်ဆိုရင်တော့ ရေတံခွန်တွင် လာရောက်အပမ်းဖြေသူ လည်ပတ်သူ လူအရေအတွက် အလွန်များတယ်လို့ သိရပါတယ်။ ရေတံခွန် ရောက်တယ်ဆိုရင် ဦးစွာ ဂိတ်ဝင်ကြေး ပေးရတယ်လို့ ပြောပါတယ်၊ စာရေးသူတို့ကတော့ ရဟန်းတွေမို့လို့ မပေးရပါ။ (လောနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံများအနက် တစ်နိုင်ငံ ဖြစ်တယ်)
ဂိတ်အ၀င်ရဲ့ ဘယ်ဖက်ခြမ်းက ကွင်းပြင်မှာ သူတို့ရဲ့ Traditional ရိုးရာပစ္စည်းများ ရောင်းချနေကြတဲ့ ဆိုင်တန်းလေးတွေရှိတယ်။ စာရေးသူတို့လည်း အဲဒီမှာ အမှတ်တရ ပစ္စည်းလေးတွေဝယ်ပြီး ရေတံခွန်ဖက်သို့ ခြေလျင် ဖြင့် ငါးမိနစ်ကျော်ခန့်သွားပြီးတဲ့အခါ ရေတံခွန်ကို ရောက်ပါတယ်။ အလွန်မြင့်မားတဲ့ တောင်ထက်ကနေ ရေများ တစ်ဝုန်းဝုန်မြည်ကာ ကျနေပြီး စီးကျလာတဲ့ရေများဟာ အပြာရောင်ဖြစ်နေတာတွေ့ရပါတယ်။ ရေစီးကျတဲ့အရှိန်ကြောင့် ရေတံခွန်နားမှာ အေးမြတဲ့ အတွေ့ကို ခံစားရတဲ့အတွက် ခန္ဓာကိုယ်လည်း လန်းလန်းဆန်းဆန်း ဖြစ်သွားပါတယ်။
ဒီလိုနဲ့ ခဏအပမ်းဖြေကာ ရေတံခွန်ဖက်ကနေ လာလမ်းအတိုင်းမပြန်တော့ဘဲ တောလမ်းအတိုင်း ခြေလျင် ပြန်ခဲ့ပါတယ်။ အဲဒီမှာ ၀က်ဝံများ ကောင်ရေ အနည်းဆုံး ၁၀ကောင် ခန့် မွေးထားတာကို မြင်ခဲ့ရပါသေးတယ်။
လောဘရာဘန်မြို့ အမျိုးသားပြတိုက်
(Laungprabang National Museum)
နောက်မြို့ထဲ ပြန်ရောက်လာတဲ့အခါ မြို့ထဲမှာ ထင်ရှားတဲ့ နေရာတစ်ခုဖြစ်တဲ့ laungprabang,National Museum အမျိုးသားပြတိုက်ကို သွားရောက်လည်ပတ်ကြပါတယ်။ ပြတိုက်အ၀င်ဝရဲ့ ညာဖက်မှာ (Temple architecture) သူတို့နိုင်ငံရဲ့ ဗိသုကာပညာဖြင့် ဆောက်ထားတဲ့ ဘုရားကျောင်းဆောင်တစ်ခုကို တွေ့ရတယ်၊
အထဲဆက်ဝင်သွားတဲ့အခါ အမျိုးသားပြတိုက်ကြီးကို ရောက်ပါတယ် ဒီအမျိုးသားပြတိုက်ကြီးဟာ ဘုရင်အုပ်ချူပ်တဲ့ ခေတ်က ဘုရင့်နှင့် ဘုရင်မိသားစုများနေထိုင်ရာ ဘုရင်နန်းတော် တစ်ခုပါ။ အဲဒီမှာ ဘုရင်နေတဲ့အခန်း၊ မိဖုရားနေတဲ့အခန်း၊ဘုရင့်သားတော်များ နေတဲ့အခန်း၊ ထမင်းစားခန်း၊ ထီးနန်းသုံးတဲ့ အသုံးအဆောင်များကို ပြသထားတဲ့အပြင်၊ စေတီဘုရားများက ရရှိတဲ့ ၁၄ ရာစုနှစ်က ကြေးနဲ့တစ်မျိုး၊ကျောက်နဲ့တဖုံ ဖလ်နဲ့တသွယ် ပြုလုပ်ထားတဲ့ ဘုရားဆင်းတုတော်များကိုလည်း တွေ့မြင်နိုင်ပါတယ်။နန်းတော်ခေတ်က အသုံးအဆောင်များကိုလည်း မြင်ရတယ်၊ တိုင်းခန်းလှည့်လယ်တဲ့အခါ ထုတဲ့ ကြေးမောင်းကြီးများကိုလည်း ပုံစံတစ်မျိုးဖြင့်မြင်ရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ လာအိုဘုရင်အား လက်ဆောင်အဖြစ်ပေးထားတဲ့ လက်ဆောင်ပစ္စည်းများကိုလည်း ဘယ်နိုင်ငံကပေးတဲ့ လက်ဆောင်ဆိုပြီးစနစ်တကျ သူ့နေရာနဲ့သူ ထားပေးထားပါတယ်။ အဲဒီလက်ဆောင်များအနက် မြန်မာနိုင်ငံမှလည်း ပါဝင်နေတာကို အံ့သြစွာ တွေ့မြင်ခဲ့ရပါတယ်။ (၁၉၆၃)ခုနှစ်မှာ ဦးနေ၀င်းမှ လာအိုဘုရင်အား လက်ဆောင်အဖြစ် ဗုဒ္ဓ၀င်ရုပ်စုံပါ ငွေလင်ဘန်းတစ်ချပ်ကို လက်ဆောင်အဖြစ် ပေးထားပါတယ်။ အမိမြန်မာနိုင်ငံမှ ပေးတဲ့လက်ဆောင်ကို ပြတိုက်မှာ စာနဲ့ တခမ်းတနား ပြသထားတာကို မြင်ရတော့ ပီတိဖြစ်မိသူကတော့ စာရေးသူပါ။
နေ့လည်စာကိုတော့ Loungprabang မြို့ မဲခေါင်းမြစ်ကမ်းနံဘေးက ဆိုင်တစ်ဆိုင်မှာ စားကြပါတယ်။ ဒီနေ့တော့ အထူးအဆန်းလေးတွေစားမယ်ဆိုပြီး မဲခေါင်မြစ်က ထွက်တဲ့ မဲခေါင် ရေညှိနဲ့လုပ်ထားတဲ့ ဟင်းလျာကို မှာယူစားကြတယ်။ ရေညှိကို အပြားလေးလုပ်ကာ နှမ်းဖြူးပြီး ကြော်ထားပါတယ်၊ အဲဒါကို ကောင်းညှင်းနဲ့ ပူးတွဲပြီး အချဉ်နဲ့တို့စားရပါတယ်။ မဲခေါင်မြစ်ကို မျှော်ကြည့်ရင်း မဲခေါင်ရေညှိအပါအ၀င် နေ့လည်စာ စားပြီး၊ ဟော်တယ်မှာ ခေတ္တခဏပြန်နားကြတယ်။
(The world heri tage) ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် လို့ သတ်မှတ်ခံထားရတဲ့ နေရာတစ်ခုက တန်တင်း လို့ခေါ်တဲ့ ပါ့ခ်ဦး လှိုင်ဂူပါ။
နေ့လည် တစ်နာရီခန့ှ်မှာ Tam Ting (Pak Ou Cave) တန်တင်းလို့ခေါ်တဲ့ ပါ့ခ်ဦး ဂူသို့ ကားဖြင့်သွားကြပါတယ်။ Loungprabang နဲ့ Pak Ou Cave ဟာ ၂၅ ကီလိုမီတာ ဝေးပါတယ်။ ဒီပါ့ခ်ဦးဂူဟာ မဲခေါင်မြစ်ရဲ့ မြစ်ကမ်းနံဘေးမှာ တည်ရှိပါတယ်။ ၄င်းနေရာကို Loungprabang မြို့ မှ ကားဖြင့်ဖြစ်စေ၊ ရေလမ်းခရီးမှ မဲခေါင်မြစ်အတိုင်း ဆန်တက်ကာ မော်တော်ဖြင့်ဖြစ်စေ သွားရောက်နိုင်ပါတယ်။(ဆက်လက်ရေးသားပါဦးမည်)

Tuesday, June 23, 2009

ရွှေတြိဂံမှတ်တမ်း

ရွှေတြိဂံဒေသ ထိုင်းနိုင်ငံဘက်မှ မြင်ကွင်း

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်း

ရွှေတြိဂံဒေသ မြန်မာဖက်ကမ်း

ရွှေတြိဂံဒေသ လောနိုင်ငံကမ်းဖက် ဈေးအတွင်း မြွေဆေးအရက်

ရွှေတြိဂံဒေသ ထိုင်းနိုင်ငံဖက်မှ ထိုင်တော်မူဘုရားကြီး

ရွှေတြိဂံဒေသ မဲခေါင်မြစ်အတွင်းက စပိဘုတ်ကလေး

ရွေတြိဂံသား ဘလော့ဂါတစ်ပါး

ထိုင်းနိုင်ငံဖက် ထိုင်တော်မူဘုရားကြီးအတွင်းမှ ကျောက်ဆစ်ရုပ်

Twitter Delicious Facebook Digg Stumbleupon Favorites More