This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, January 3, 2009

ဘုရားရှင်ဟာ အစာအိမ်ကင်ဆာနဲ့ ဆုံးတာလား

အမေး။ ။အရှင်ဘုရား….အနောက်တိုင်းသားတွေရဲ့အယူအဆက ဘုရားရှင်ဟာ အစာအိမ်ကင်ဆာနဲ့ ဆုံးတယ်လို့ ယူဆကြပါတယ်။ ၀မ်းတော်လားတယ်ဆိုတော့လည်း အစာအိမ်နဲ့ နည်းနည်းပတ်သက်တယ်ထင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးတော်မူပါ ဘုရား။
ကိုကိုအောင်
USA

အဖြေ။ ။ အများအမြင်မှာ ဘုရားရှင်ဟာဝမ်းတော်လားတဲ့အတွက် ပရိနိဗ္ဗာန်စံတယ် ထင်ကြတယ်။ အမှန်က ဘုရားရှင်ဟာ ဒီအချိန်ကျ ရင် ၀မ်းတော်မလားလည်း ပရိနိဗ္ဗာန်စံဝင်ရမှာပါ။ ဘာကြောင့်လည်းဆိုရင် ဘုရားရှင်ဟာ ပရိနိဗ္ဗာန် မစံမှီ ဆယ်လလောက်အလိုမှာ ဝေဠုဝရွာမှာ ၀ါကပ်တော်မူစဉ် ပြင်းထန်ပြီး အသက်သေစေနိုင်တဲ့ အနာရောဂါတစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ ဒီဃနိကာယ်၊ မဟာဝဂ်ပါဠိ၊ မဟာ ပရိနိဗ္ဗာနသုတ်မှာ ဖေါ်ပြထားပါတယ်။ (အထေ ခေါ ဘဂ၀တော ၀ဿူပဂတဿ ခရော အာဗာဓော ဥပ္ပဇ္ဇိ, ဗာဠှာ ဝေဒနာ ၀တ္တန္တိ မာရဏန္တိကာ။) ပြင်းထန်တဲ့ဝေဒနာဟာ ဘယ်လိုလဲဆိုတာကို မဟာဝဂ္ဂ မဟာပရိနိဗ္ဗာသုတ် ဋီကာက ဘုရားရှင် ဓါတ်ဖေါက်ပြန်တဲ့ရောဂါ လို့ ပြောပါတယ်။
ဘုရားရှင်ဟာ ဖြစ်ပေါ်လာတဲ့ ဓါတ်ဖေါက်ပြန်ပြီး ပြင်းထန်သော ရောဂါကို အရဟတ္တဖလ သမာပတ်ကိုဝင်စားပါတယ်။ ဒီလို မ၀င်စားမီ “ယခုအနာရောဂါ နောက်ဆယ်လကြာအောင် မဖြစ်ဘဲ တည်နေပါစေသတည်း” လို့ အဓိဋ္ဌာန်တော်မူကာ အရဟတ္တဖလသမာပတ်ကို ၀င်စားပါတယ်။ ဒီသမာပတ်ဝင်စားခြင်းဖြင့် ဖြစ်ပေါ်နေတဲ့ ပြင်းထန်သော ရောဂါကို မဖြစ်အောင် တားထားနိုင်ပါတယ်။
ဒါကြောင့် ဘုရားရှင်ဟာ ၀မ်းတော်လားတဲ့အခါမှာ အဓိဋ္ဌာန်ထားခဲ့တာဟာ ဆယ်လည်းပြည့်ခဲ့ပြီမို့ ယခင်ပြင်းထန်တဲ့ ရောဂါလည်း ပြန်ဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်တော်မူရပါတယ်။ ၀မ်းတော်လားလို့ မဟုတ်သလို အစာအိမ်ကြောင့်ဆိုတာလည်း မမှန်ပါဘူး ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။

Wednesday, December 31, 2008

နှစ်ဟောင်းမှသည် နှစ်သစ်ဆီသို့

အချိန် ည ၇း၃၀,၃၁,၁၂,၂၀၀၈
New year မှာ အမှတ်ရလေးဖြစ်အောင် ဘာအကြောင်းများ ရေးရပါ့မလဲ လို့ စဉ်းစားနေတာနဲ့ new year ကို ရောက်လုနီးနေပါ ပေါ့လား၊ new year ပြီးရင် နှစ်ဟောင်းက အကြောင်းတွေကို မထားချင်သော်လည်း ထားခဲ့ရဦးမှာပေါ့။ ဒါကြောင့် နှစ်မကူးခင် အမှတ်ရတာလေးကို စာရွက်ပေါ် ကလောင်တင် အဲလေ… ယောင်လို့ ကွန်ပျူတာ ကီးဘုတ်ပေါ် လက်တက်လို့ အတွေးဖြင့် ရေးနေမိ ပါတော့တယ်။

ငါ့ဘ၀ဖြတ်သန်းခဲ့ရတာဟာ အခု ၂၀၀၈ ကုန်ရင် ၅၃ ထဲသို့ ချင်းနင်းဝင်ရောက်ခဲ့ပြန်ပြီပေါ့။ စဉ်းစားမိပါတယ်၊ ဒီတစ်နှစ်အတွင်း မှာ သာသနာပြုလုပ်ငန်းနဲ့ပတ်သက်ပြီး အတော်လေးကို လုပ်နိုင်ခဲ့တယ်လို့ ဆိုရမယ်။ ပထမအဦးဆုံးက တုနှိုင်းမမီ လုံးချင်းစာအုပ်တစ်အုပ်လည်း ထုတ်နိုင်ခဲ့လို့ ၀မ်းသာရတယ်။ ထိုတုနှိုင်းမမီစာအုပ်အတွက် စာမူများ ရေးဖြစ်အောင် တိုက်တွန်းနိုးဆော် ပေးသူက တော့ ဆရာလေး မဓမ္မစာရီပါပဲ၊ ဆရာလေးကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ အဲဒါနဲ့ စာမူ တစ်ပုဒ်ပြီးတိုင်း အင်တာနက် စာမျက်နှာပေါ်မှာ ပို့စ်တင်ခဲ့တာ ချည်းပါပဲ၊ ရည်ရွယ်ချက်က ဒီစာမူများကို စာအုပ်အဖြစ်ထုတ်တဲ့အခါ လူများဖတ်ရသလိုပဲ အွန်လိုင်းပေါ်တက်နေကြတဲ့ အခြေအနေအရ ပြည်ပရောက်နေကြတဲ့ မြန်မာများကို ဖတ်စေချင်လိုပါ်။ အချိန်တန်တော့လည်း “တုနှိုင်းမမီ’’ လုံးချင်းစာအုပ် တစ်အုပ်ကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပါတယ်။ ဘ၀အတွက် တုနှိုင်းမမီ ဆိုတဲ့ မှတ် တိုင်လေးတစ်ခုအဖြစ် ထားနိုင်ခဲ့တာကိုလည်း ၀မ်းမြောက်ကြည်နူးခဲ့ရတာပါ၊ ရင်ထဲဖော်မပြနိင်လောက်အောင်ပါပဲ။
စာအုပ်ထွက်တယ်ဆိုရင်ပဲ စာအုပ်ထွက်ကြောင်းကို အွန်လိုင်းပေါ်မှာ ကြွားရတာလည်း အမောပါပဲ။ ဒီလိုကြွားရင်းနဲ့ အနောက်နိင်ငံမှာ နေတဲ့ မြန်မာအမျိုးသမီးတစ်ဦးက စာအုပ် အုပ်ရေ (၆၀)အတွက် ငွေလှူဒါန်းချင်ပါကြောင်း ပြောလာတဲ့အတွက်လည်း ၀မ်းမြောက်ရပြန်ပါတယ်။
စာရေးတဲ့အခါ အကြံဥာဏ်ကောင်းတွေ ပေးတဲ့ ကဗျာဆရာ ညိုမင်းဟန်၊ စာရေးဆရာ ၀င်းမြအောင်(မြိတ်)၊ စာရေးဆရာမ မြတ်နိုးရှင်း တို့ကိုလည်း ကျေးဇူးတင်မဆုံးသလို တစ်ခြားကျေးဇူးတင် ထိုက်တဲ့ သူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း။ ဒီနှစ်အဖို့မှာ (ပင့်ဂိုးလ်ပြောသလို) စန်း များထနေသလားလို့ တွေးမိပါရဲ့ ၊
စာရေးသူဟာ ၂၀၀၆ ကတည်းက အွန်လိုင်းပေါ်ရောက်ခဲ့တာလေ၊ ၂၀၀၈ နှစ်ကုန်ဆိုရင် ၂ နှစ်ကျော်ခဲ့ပြီလို့ ဆိုရမှာပေါ့။ ဒီအွန်လိုင်းပေါ်မှာပဲ မိတ်ကောင်းဆွေကောင်းများစွာနဲ့ တွေ့ရတယ်။ တစ်နေ့ မထင်မှတ်တဲ့သူ လုံးဝကို မသိတဲ့ သူ တစ်ယောက် မဖိတ်ခေါ်ဘဲနဲ့ စာရေးသူရဲ့ မေးလ်ထဲသို့ ၀င်ရောက်လာတယ်လေ။ သူ့နာမည်က ‘ မြကြာဖြူ’ လို့ခေါ်ပါတယ်။ သူဟာ ဘာသာရေး သာသနာရေးကို အလွန်စိတ်ဝင်စားသူဖြစ်ပြီး ရဟန်းသံဃာတော်များကိုလည်း အလွန်ကြည်ညိုတတ်သူ ဖြစ်တယ်။ ဒါနဲ့ နောက်ပိုင်း ဘာသာရေးနဲ့ပတ်သက်ပြီး ပြဿနာ အမေးပုစ္ဆာများ မေးချင်ပါတယ် ၊ မေးလို့ရပါ့မလား လို့ သူမက မေးလာတယ်။ စာရေးသူဟာ စာပေကျမ်းဂန် မနှံ့စပ်တဲ့အတွက် သိတာဆိုရင် အဖြေပေးပါ့မယ် မသိတာဆိုရင်တော့ မဖြေနိုင်ဘူး လို့ ပြောခဲ့တယ်။ ဒါနဲ့ နောက်ပိုင်းမှာ ခေတ်မီတဲ့ အမေးပုစ္ဆာများကို မေးလာပါတော့တယ်။ သူတစ်ပါး မမေးဖူးသေးတဲ့ ပြဿနာမျိုးကိုလည်း မေးတတ်တယ်။ အမေးပြဿနာအတွက် အဖြေကို ရှာဖွေတဲ့နေရာမှာ စာအုပ်အမျိုးမျိုးကို ဖတ်ရတယ်လေ။ ဒီတော့ စာပေကို အများကြီး ဖတ်ဖြစ်တာပေါ့။ အဲဒါလည်း သူမရဲ့ အမေးပုစ္ဆာ ကျေးဇူးကြောင့်ဆိုရင် မမှားဘူးပေါ့။
ဒီလိုနဲ့ မေးလာတဲ့ ပြဿနာများကိုလည်း သေချာစွာ ပြန်လည် အဖြေပေးခဲ့ပါတယ်။ ဒီလိုအမေးအဖြေတွေ များလာတဲ့အခါကျတော့ စာမူလည်းဖြစ်သွားတာပေါ့၊ ဒါကြောင့် သူမကို အထူးကျေးဇူးတင်ရသလို သူမနဲ့လည်း အတော်လေး ရင်းနှီးခဲ့ရပါတယ်။ အခုဆိုရင် သူမကျေးဇူးကြောင့် သန်းခေါင်ယံ အမေးအဖြေများ ဆိုတဲ့ အမည်နဲ့ စာအုပ်တစ်အုပ်ထုတ်ဖို့ စီစဉ်နေတယ် ဆိုတာ သူမ သိစေချင်လိုက်တာ။ အဲဒီ သန်းခေါင်ယံ အမေးအဖြေများ ဆိုတဲ့ အမည်ကလည်း သူမကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတာပါ။
ညတစ်ည ကျန်းမာရေး သိပ်မကောင်းတဲ့အတွက် အိပ်ယာစောစောဝင်ခဲ့တယ် အိပ်ပျော်နေစဉ် သန်းခေါင်ယံလောက်မှာ ဖုန်းလာတယ်လေ။ ဒီတုန်းက နေမကောင်းဘူး၊ ခေါင်းမထူနိုင်အောင် မူးနေတာပါ။ ဒါနဲ့ ဖုန်းကိုင်လိုက်တော့ တပည့်တော်မ မြကြာဖြူပါ…တဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး မေးစာရာလေးတွေရှိလို့ ဆို့ပီး မေးပါလေရော၊ နေမကောင်းသော်လည်း သူတစ်ပါးကို ကူညီဖို့ ဘာသာရေးခေါင်းဆောင်များရဲ့ တာဝန်တစ်ရပ်ပါ။ ဒါကြောင့်လည်း သူမ မေးတဲ့ ပုစ္ဆာများကို တိတိကျကျသိအောင် ပြန်လည် အဖြေပေးပါ့မယ် လို့ ၀န်ခံခဲ့ရပါတယ်။
အဲဒီကနေ သန်းခေါင်ယံက စခဲ့တဲ့ အမေးအဖြေလေးမို့လို့ “ သန်းခေါင်ယံ အမေးအဖြေများ” ဆိုပြီး နာမည် မှည့်ရခြင်းဖြစ်ပါတယ်။ ဒီစာအုပ်အတွက်ပြည်ပမှ လှူဒါန်းကြတဲ့ စေတနာရှင်များနှင့် စာမူအတွက် ကုန်ကြမ်းများစွာရရှိအောင် အမေးများစွာကို မေးပေးတဲ့ မြကြာဖြူ တို့အား ကျေးဇူးတင်ရှိပါတယ်။ နှစ်သစ်နှင့်အတူ ပျော်ရွှင်သော ဘ၀ခရီးတစ်ခု ကို လျှောက်လမ်းနိင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်ပါ။
သူမကနေ အမေးအဖြေစခဲ့ရာကနေ အခုအချိန်ထိ နိုင်ငံတကာက မေးလာတဲ့ အမေးပုစ္ဆာတွေကို ဖြေနေရဆဲပါ၊ယခင်က စာရေးသူရဲ့ဝဘ်ဆိုက်မှာ လူနည်းနည်းဖြင့် ခြောက်သွေ့နေခဲ့ရာက ယခုဆိုရင် လာရောက်လည်ပတ် မေးမြန်းကြတဲ့ လူများဖြင့် စည်ကား လို့နေပါပြီ။ အဲဒါလည်း သာသနာပြုနည်း တစ်မျိုးပါပဲ၊ မှန်ပါတယ်၊သာသနာပြုတယ်ဆိုတာ လူတိုင်းမပြုနိုင်သလို ပြုတိုင်းလည်း မအောင်မြင်ပါဘူး။ ဒီနှစ်မှာ ၀မ်းသာစရာတစ်ခုက MBAA, 2008 ဆုအတွက် ဘာသာရေးကဏ္ဍမှာ အွန်လိုင်းပေါ် မဲအရွေးခံဖို့အတွက် အကောင်းဆုံး ဘာသာရေးဆိုက် (၆)ဆိုက်ကို ရွေးချယ်ခဲ့တယ် ။အဲဒီမှာ မမျှော်လင့်ဘဲ စာရေးသူရဲ့ A Light of Dhamma ဆိုတဲ့ ၀ဘ်ဆိုက်တစ်ခုလည်း ပါဝင်ခဲ့တယ်လေ။ အကောင်းဆုံးဆုရဖို့ရာ မမျှော်လင့်ရဲသော်လည်း မဲအတွက်ရွေးချယ်ခံရတာကိုက ကိုယ့်အောင်မြင်မှုအတွက် ၀မ်းမြောက်ကြည်နူးခဲ့တာပါ။
တကယ်တော့ စာရေးသူမှာ အစကတည်းက ဆုတွေအများကြီး ရရှိထားပြီးပါပြီ။ ကိုယ်ရတဲ့ဆုက တန်ဖိုးမဖြတ်နိုင်တဲ့ “ကုသိုလ်” ဆုပါ။ စိတ်သာရှင်စော ဘုရားဟော ဆိုတဲ့အတိုင်း ကုသိုလ်စိတ်ဖြင့် ပို့စ်တင်နေသမျှကာလပတ်လုံး ကုသိုလ်ဆုကို အမြဲတမ်း ရနေတယ် ဆိုတာကို တွေးရင်း ၀မ်းမြောက်မိပါတယ်။ အွန်လိုင်းပေါ်တက်ကြတဲ့ သူများလည်း ဗဟုသုတအပြင် ကုသိုလ်ရအောင်လည်း စွမ်းဆောင်ကြမယ်ဆိုရင် အလွန်ကောင်းမှာဘဲ လို့ ပေါ့။
အဲဒီအချိန်မှာမှ မခေါ်ဘဲနဲ့ရောက်လာခဲ့ပြီး မနှင်ဘဲနဲ့ ပြန်လည်ထွက်ခွာသွားတဲ့ ကျေးဇူးရှင် မြကြာဖြူ ဆိုတဲ့ သူမတစ်ယောက် ဘာသတင်းမှ မကြား ရတော့ပါ။ အဲဒီအတွက် စိတ်မကောင်းဖြစ်ရပါတယ်။ မတွေ့ရပေမယ့် နှစ်သစ်နှင့်အတူ ကျန်းမာချမ်းသာ ပါစေကြောင်း၊ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း။ အားလုံးချစ်ပရိသတ်အတွက်….နှစ်သစ်လက်ဆောင်အနေဖြင့် အတွေးလေးတစ်ခုကို မျှဝေချင်တယ်။
“ ကျောင်းသူကျောင်းသားများဟာ အပတ်စဉ်၊လစဉ်၊ စာမေးပွဲဖြေဆိုနေကြရပါတယ်၊ ဒါ့အပြင် တစ်နှစ်ကုန်ဆုံးတဲ့အခါမှာလည်း အရေးကြီးဆုံးဖြစ်တဲ့ အတန်းတင် စာမေးပွဲကြီးကိုလည်း စိတ်လှုပ်ရှားစွာ ဖြေဆိုကြရပါတယ်။
ထို့အတူ………ဘ၀ကျောင်းတက်နေကြတဲ့ လူများဟာလည်း နေ့တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်၊စက္ကန့်တိုင်းမှာ ဘ၀စာမေးပွဲကို ဖြေဆိုနေကြရတယ် ဆိုတာကို သိစေချင်တယ်။ ဘ၀စာမေးပွဲကို နာရီ စက္ကန့်မလပ် ဖြေဆိုနိုင်ပါမှလည်း ဘ၀နေ၀င်ခါနီး တကယ့်အရေးကြီးတဲ့ ဘ၀အတန်းတင်စာမေးပွဲကြီးကို အောင်မြင်စွာ ဖြေဆိုနိုင်ကြမှာပါ။
ဒီလို ဖြေဆိုနိုင်အောင် ဘာများပြင်ဆင်ရပါ့မလဲဆိုရင် ….ငါဟာ နာရီတိုင်း စက္ကန့်တိုင်းမှာ ဘ၀စာမေးပွဲကို ဖြေဆိုနေရတာပါလား ဆိုတာကို သိပြီး သတိနဲ့နေဖို့ပါပဲ။ အဲဒါဆို ဘ၀အတန်းတင် စာမေးပွဲအတွက် သေချာနိုင်ကောင်းပါရဲ့…..လို့ ပြောရင်း………၂၀၀၉ ခုနှစ်-နှစ် သစ်ဆီသို့…………..
ပျော်ရွှင်မှုအပေါင်းနဲ ခညောင်းကြပါစေ

Sunday, December 28, 2008

MBAA 2008 အတွက် VOTE

MBAA 2008 အတွက် ဒီမှာ VOTE နိုင်ပါကြောင်း

Type the rest of your post here.

ဓမ္မက္ခန္ဓာ-၈၄၀၀၀

အမေး။ ။ဘုန်းဘုန်းဘုရား….တပည့်တော် မရှင်းတာလေးတစ်ခုရှိလို့ မေးလျှောက်ပါရစေ။ မြတ်စွာဘုရားရှင် ဟောကြားတော်မူတဲ့ ဓမ္မက္ခန္ဓာပေါင်း(၈၄၀၀၀)ရှိတယ် လို့ ကြားဖူးပါတယ်။ ဘယ်အရာတွေကို ဓမ္မက္ခန္ဓာတွေ လို့ ခေါ်ခြင်းဖြစ်ပါသလဲဘုရား။ ဒီဓမ္မက္ခန္ဓာတစ်ခုစီ ဟာ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်စွမ်း ရှိပါသလားဘုရား။
ကျော်ဇင်လတ်(သုခရိပ်)
MePhi Universit, Mosscow

အဖြေ။ ။မောင်ကျော်ဇင်လတ်ရေ….ဘယ်အရာတွေကို ဓမ္မက္ခန္ဓာ လို့ခေါ်တာလဲ ဆိုရင် ဥပမာ ခန္ဓငါးပါးဆိုတာ အစုငါးပါးပါ။ ရူပက္ခန္ဓာ၊ဝေဒနက္ခန္ဓာ၊သညက္ခန္ဓာ၊သင်္ခါရက္ခန္ဓာ၊၀ိညာဏက္ခန္ဓာ = ရုပ်အစု ဝေဒနာအစု သညာအစု သင်္ခါရအစု ၀ိညာဏအစု ဆိုပြီး သူ့အစုလိုက်အစုလိုက်ရှိသလို တရားအစုတစ်ခုကို ဓမ္မက္ခန္ဓာတစ်ခု ဖြစ်တယ်။ မင်္ဂလသုတ်ထဲမှာ အသေ၀နာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ။ ဆိုတဲ့ တရားတော်မှာ အသေ၀နာစ ဗာလာနံ = လူမိုက်ကို မပေါင်းရ ဆိုတာ ၀ါကျတစ်ကြောင်းပါ။ ဒီဝါကျတစ်ကြောင်းကိုပဲ ဓမ္မက္ခန္ဓာ တစ်ခု လို့ ခေါ်ပါတယ်။ ထို့အတူ ပဏ္ဍိတာနဉ္စ သေ၀နံ = ပညာရှိကို ပေါင်းသင်းရမယ် ဆိုတာလည်း ဓမ္မက္ခန္ဓာတစ်ခု လို့ ခေါ်ပါတယ်။ ဒါက သာမန်လူများ နားလည်အောင် အဖြေပေးရတာပါ။
ရှင်/ရဟန်းများအတွက် ဖြေရမယ်ဆိုရင်….
(ဧကာနုသန္ဓိကံ သုတ္တံ ဧကော ဓမ္မက္ခန္ဓော (ပေယျာလ) ဧ၀ံ ဓမ္မက္ခန္ဓ၀သေန စတုရာသီတိသဟဿာတိဝိဓံ ) ၀ိနည်းပါရာဇိကဏ်အဋ္ဌကထာမှာလာပါတယ်။
အဓိပ္ပါယ်က……သုတ္တန်မှာ အဆက်အစပ်စကား (အနုသန္ဓေ)တစ်ခုရှိတဲ့ သုတ်ဟာ ဓမ္မက္ခန္ဓာ တစ်ခု လို့ခေါ်တယ်။ အနုသန္ဓေများတဲ့ သုတ်မှာ အနုသေန္ဓေရဲ့အစွမ်းဖြင့် ဓမ္မက္ခန္ဓာအရေအတွက်ကို သိရပါမယ်။ ဂါထာဗန္ဓတို့မှာ အမေးပုစ္ဆာတစ်ခုသည် ဓမ္မက္ခန္ဓာ တစ်ခု ဖြစ်သလို အဖြေတစ်ခုဟာလည်း ဓမ္မက္ခန္ဓာတစ်ခု ဖြစ်တယ်။ အဘိဓမ္မာမှာ တိက် ဒုက် တို့ကို ဝေဖန်ထားခြင်းနှင့် တစ်ခုသောစိတ်အစုကို ဝေဖန်ထားတာတွေဟာ ဓမ္မက္ခန္ဓာတစ်ခု လို့ ခေါ်ပါတယ်။ ၀ိနည်းမှာ ၀တ္ထုကိုဖြစ်စေ၊ ခေါင်းစဉ် မာတိကာ ဖြစ်စေ၊ပုဒ်ကိုဝေဖန်ထားတဲ့ ပဒဘာဇနီကိုဖြစ်စေ၊ အကြားတွင် သင့်သောအာပတ် ဆိုတဲ့ အန္တရာပတ္တိကို ဖြစ်စေ၊ အာပတ်သင့်တဲ့ အလှည့်အကြိမ်ပေါင်းဆိုတဲ့ အာပတ္တိဝါရကို ဖြစ်စေ၊ အနာပတ္တိဝါရကိုဖြစ်စေ တိက်ကို ပိုင်းခြားခြင်းကိုဖြစ်စေ၊ ဒီအရာတွေမှာ တစ်ခုခုသော အစုကို ဓမ္မက္ခန္ဓာ တစ်ခုလို့ ခေါ်ဆိုရပါတယ်။
နောက်တစ်ခုက…..တရားတော်မှန်သမျှဟာ သစ္စာတရားမှ လွတ်တဲ့ တရားမရှိ လို့ ဟောတော်မူထားတဲ့အတွက် ဓမ္မက္ခန္ဓာ တစ်ခုဟာ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်ပါကြောင်း အဖြေပေးလိုက်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More