This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, April 26, 2008

သာရဘွင်ကျောက်တောင်

ဇာတိရပ်ရွာသို့ အလယ်တစ်ခေါက် ရောက်ခဲ့စဉ်က သာရဘွင်ကျောက်တောင်ဘုရားတွင် အမှတ်တရ-

Type your summary here.

Type the rest of your post here.

ဦးတည်ချက်တူခြင်း

သာသနာတော်ကြီးသည် သာမန်ကြည့်မည်ဆိုလျှင် မည်သို့မျှ ထူးခြားမည် မဟုတ်သော်လည်း အင်္ဂုတ္တရနိကယ် အဋ္ဌကနိပါတ်တွင် မြတ်စွာဘုရားက သာသနာအံဖွယ် ရှစ်ပါး ရှိကြောင်းကို ဟောကြားခဲ့သည်ကို ဖတ်ရသောအခါ သာသနာတော်ကြီး အံ့ဖွယ်အတိပြီးနေသည်ကို သိရသည့်အတွက် ကြည်နူးပီတိဖြစ်ရသကဲ့သို့ မေးလာသူကို ကျွမ်းကျင်ပြောင်မြောက်စွာ ပြန်လည် ဖြေကြား တော်မူခဲ့သည့် မြတ်စွာဘုရား၏ ဥာဏ်တော်ကိုလည်း အလွန့်လွန်ကြည်ညိုသဒ္ဓါပွားခဲ့ရပါသည်။
အခါတစ်ပါး မြတ်စွာဘုရားသည် နဠေရုအမည်ရှိ တမာပင်ရင်းတွင် သီတင်းသုံးနေခိုက် မဟာရာဒ အမည်ရှိ အသူရိန်က မြတ်စွာဘုရားအား “မြတ်စွာဘုရား……….အရှင်ဘုရားရဲ့ တပည့်သာဝကတွေဟာ အဘယ့်ကြောင့် သာသနာတော်မှာ ပျော်မွေ့နေနိင် ကြတာလဲဘုရား” ဟု လျှောက်ထားသောအခါ မြတ်စွာဘုရားက “မဟာရာဒ……မဟာသမုဒ္ဒရာကြီးဟာ အံ့ဖွယ်ရာ ရှစ်မျိုး ရှိနေသော ကြောင့် အသူရာတွေ ပျော်မွေ့နေကြသလို သာသနာတော်ကြီးမှာ လည်း အံ့ဖွယ်ရှစ်မျိုး ရှိနေတဲ့အတွက် ငါဘုရားရဲ့တပည့်သာဝက တွေ သာသနာမှာ ပျော်မွေ့နိုင်ကြတာဖြစ်တယ်” ဟု မိန့်တော်မူကာ သာသနာရဲ့အံ့ဖွယ်ရှစ်ပါးနှင့်မဟာသမုဒ္ဒရာရဲ့အံ့ဖွယ်ရှစ်ပါးကို နှိုင်းယှဉ်ခဲ့ပါသည်။
ထိုအံ့ဖွယ်ရှစ်ပါးအနက်က အံ့ဖွယ်တစ်ပါးက
ပင်လယ်၊မြစ်၊ချောင်း၊အင်း၊အိုင်များမှ စီးဆင်းလာသော ရေများသည် အရသာမျိုးစုံသော်လည်း သမုဒ္ဓရာထဲ ရောက်လျှင် ငံသောအရသာ တစ်မျိုးတည်းသာဖြစ်တော့သည်၊ ထို့အတူ သာသနာတော်တွင်း မြတ်ဗုဒ္ဓဟောတော်မူထားခဲ့သော ပိဋကတ်သုံပုံ နိကာယ်ငါးရပ်၊ ဓမ္မခန္ဓာပေါင်း ရှစ်သောင်းလေးထောင်စသည်တို့၏ ပန်းတိုင်အရသာသည် “ ၀ိမုတ္တိရသ” တစ်ခုပဲဖြစ်ပါသည်။ သတိပဋ္ဌာန်၊မဂ္ဂင်စသည် အမည်မျိုးစုံကွဲနေပေမယ့် သူတို့ရဲ့နောက်ဆုံးပန်းတိုင်ဟာ ၀ိမုတ္တိအရသာ တစ်ခုပဲဖြစ်နေသည်မှာ အံ့သြစရာ ကောင်းလှပါသည်။ ယခုခေတ်တွင် မိုးကုတ်၊မဟာစည်၊ကသစ်ဝင် စတဲ့ နည်းမျိုးစုံသော်လည်း ဦးတည်ချက် ပန်းတိုင်ကား ၀ိမုတ္တရသပဲ ဖြစ်သည်။ ထိုအကြောင်းကို အောက်ပါ အပြည့်အစုံ ဆိုသည့် စာတန်းလေးကို ကလစ်ခေါက်ကာ ဆက်လက်ဖတ်ရှုကြစေလိုပါကြောင်း။

သတိပဋ္ဌာန်တရားတော်အတိုင်း အားထုတ်နေကြပါတယ်ဆိုရင် အားထုတ်နည်းအားလုံး မှန်သည်ချည်း ဖြစ်ပါတယ်။ အမည် အားဖြင့် မိုးကုတ်နည်း၊ စွန်းလွန်းနည်း၊ မဟာစည်နည်း၊ ဆရာသက်နည်း၊သံအင်းဂူနည်း စသဖြင့် အမည်တပ်ပြီး ပြောနေပေမယ့် အားလုံးသည် ဗုဒ္ဓနည်းသာ ဖြစ်ပါတယ်။ ၀ိပဿနာတရားမှန်ရင် သတိပဋ္ဌာန်တရားလေးပါး ဘောင်ထဲမှာ ၀င်ရပါမယ်။ အဲဒီဘောင်ထဲ မ၀င်ရင် ၀ိပဿနာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း သိထားရပါမယ်။ အဲဒီဘောင်ထဲ ၀င်တာမှန်ရင် ရုပ်နာမ်ဖြစ်ပျက်ရှုတဲ့ဆီကို ဦးတည်သွားရမည်သာ ဖြစ်ပါတယ်။ ဘယ်နည်းကို ယူပြီး အားထုတ်သည်ဖြစ်စေ ရုပ်နာမ်ဖြစ်ပျက်ရှုတာကို မရောက်မချင်း သမထပဲ ဖြစ်နေပါမယ်။
တရားအားထုတ်နေကြတဲ့ ယောဂီများအတွင်း မိမိတို့နည်းကကောင်းတယ်၊ သူတို့နည်းကျတော့ ဘယ်လိုဖြစ်တယ်၊ စသဖြင့် မပြောအပ်ဘူး လို့ဆိုချင်ပါတယ်။ တရားစခန်းချင်းမတူတဲ့ ယောဂီနှစ်ဦး တရားအားထုတ်နည်း ဆွေးနွေးခိုင်းရင် သင့်မြတ်ကြဖို့ အတော်နည်းမယ် ထင်ပါတယ်။ နည်းချင်းမတူလို့ဖြစ်စေ၊ အဲဒီနည်းနှင့်မိမိအားထုတ်လို့ အဆင်မပြေလို့ဖြစ်စေ ဘယ်နည်းကိုမျှ မဝေဖန် ထိုက်ပါဘူးလို့ ပြောလိုပါတယ်။ တရားစခန်းမတူတဲ့ မိတ်ဆွေနှစ်ဦး နည်းချင်းပြိုင်ပြောလို့ အပေါက်အစ မတည့်ကြတာကို ကြုံရဖူးပါတယ်။
တပည့်မကောင်း ဆရာ့ခေါင်းဆိုတဲ့ စကားရှိပါတယ်။ ဆရားများက တပည့်ယောဂီများကို မိမိဌာနရဲ့နည်းကိုသာပြပြီး အားထုတ်စေတာ နည်းလမ်းကျပါတယ်။သို့သော် သတိပဋ္ဌာန်တရားလေးပါးစလုံးရဲ့ အကြမ်းဖျင်း အဓိပ္ပါယ်ကိုလည်း ကြုံရင်ကြုံသလို ရှင်းပြပေးရင် တပည့်များ သိရှိကြလို့ အမြင်ကျယ်လာမှာ ဖြစ်ပါတယ်။ အခြားသောကမ္မဋ္ဌာန်းဌာနက နည်းတွေလည်း ဗုဒ္ဓနည်းတွေပဲလို့ သိကြမယ်ဆိုရင် ယောဂီအချင်းချင်းတွေ့ကြလည်း တာဝန်မဲ့ ပြောတော့မှာ မဟုတ်ပါဘူး။ တရားအားထုတ်နေသူများ ဦးတည်ချက်ခြင်း တူကြတာမို့ တရားဆွေးနွေးလို့ မရဘူးဆိုတာလည်း မရှိအပ်ပါဘူး။
ဝိပဿနာတရားအားထုတ်ခြင်းသည် ကာယ၊ဝေဒနာ၊စိတ္တ၊ဓမ္မတို့အပေါ် ဖြစ်ပျက်ရှုနေရမည်ဆိုတဲ့ သတိပဋ္ဌာန်ဘာဝနာတရား တော် ညွန်ကြားချက်နဲ့ ကိုက်ညီနေရင် မှန်သည်သာ ဖြစ်ပါတယ်။ ငါတို့က ကာယနုပဿနာဖြစ်တယ်၊သူတို့က ဝေဒနာနုပဿနာဖြစ် တယ်၊ မတူဘူးလို့ ကြံကြံဖန်ဖန် ပြောလိုကြပါတယ်။
သတိပဋ္ဌာန်တရားလေးပါးကို ယောဂီလေးယောက်က တစ်ယေက် တစ်ပါးစီ ကျင့်နေကြလို့ အားထုတ်နည်းချင်း မတူဘူးလို့ ငြင်းနေကြရင် အဲဒီလေးယောက်ကို ညွန်ကြားတဲ့ အသီးသီးသော ဆရာများက မရှင်းပြကြလို့သာ ဖြစ်ပါမယ်။ အပြောအားဖြင့် ကာယ၊ ဝေဒနာ၊စိတ္တ၊ဓမ္မလို့ အမည်ကွဲပြီး မတူတာတော့ မှန်ပါတယ်။ဒါပေမယ့် ဘယ်နည်းပေါ်မှာမဆို ဖြစ်ပျက်ရှုရမယ်ဆိုတဲ့ ဦးတည်ချက် အတူ တူသာဖြစ်ကြောင်း သတိပြုကြရပါမယ်။ နည်းမတူခြင်းကို ပြောတာထက် မိမိနည်းနဲ့မိမိအားထုတ်လို့ ဥာဏ်အမြင်တိုးတက်လာမှု ရှိမရှိကို မိမိဘာသာ ဆန်းစစ်သင့်ကြောင်း အကြံပြုလိုပါတယ်။
ယောဂီမျးကို သတိပဋ္ဌာန်လေးပါး အကျင့်တရားနဲ့ ပတ်သက်လို့ ကြိုတင် ရှင်းပြပေးထားရင် ဒီအချည်းအနှီးကိစ္စ ဖြစ်မလာနိုင် ဘူးလို့ ယူဆမိပါတယ်။ ဆရာလုပ်သူသည် မိမိဌာနနည်းအပြင် အခြားသော ဌာနနည်းများကိုလည်း လေ့လာသိရှိထားသင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားစခန်းက ယောဂီများ မိမိစခန်းကို အကြောင်းသင့်လို့ ရောက်လာပြီး သူတို့အားထုတ်ခဲ့တဲ့ နည်းနဲ့ မိမိနည်းကို နှိုင်းယှဉ်မေးလာရင် ဆရာတစ်ဦးအနေနဲ့ မရှင်းပြတတ်ရင် မသင့်ဘူးလို့ ထင်ပါတယ်။
မိတ်ဆွေတစ်ဦး တရားစခန်းတစ်ခုမှာပဲ ပုံမှန်အားထုတ်နေရာက အကြောင်းသင့်တာနဲ့ နည်းမတူတဲ့ တရားစခန်းတစ်ခုကို ၀င်လိုက်ပါတယ်။ မိတ်ဆွေက နည်းမတူကြတာကို မသိလို့မေးတဲ့အခါ သူတို့က သူတို့နည်းနဲ့ အားထုတ်တာပါ ၊ ဒီမှာတော့ ဒီနည်းပဲ အားထုတ်တယ် လို့ ခပ်တိုတိုပဲဖြေလို့ ထပ်မမေးရဲတော့ကြောင်း ပြောပြပါတယ်။
ကမ္မဋ္ဌာန်းဌာန ဘယ်လောက်ပဲ များနေပါစေ၊ ၀ိပဿနာတရားအားထုတ်မယ်ဆိုရင် သတိပဋ္ဌာန်လေးပါး အတွင်းကသာ တရားပြကြရပါတယ်။ ဒါကို သဘောပေါင်ရင် ကျင့်နည်းချင်း မတူဘူးလို့ ပြောနေဖို့ မရှိကြောင်း သဘောပေါက်ထားကြရပါမယ်။ တရားအားထုတ်တော့မယ်ဆိုရင် အစပျိုးပုံချင်း တူချင်မှ တူပါမယ်။ ဒါပေမယ့် ၀ိပဿနာဘာဝနာအလုပ်ကို လုပ်ပြီဆိုရင်တော့ ရုပ်နာမ် ဖြစ်ပျက် ရှုရတာချင်း အတူတူဖြစ်ရပါမယ်။ ဒါကို သဘောပေါက်ထားတဲ့ ၀ိပဿနာသမားများဖြစ်ရင် ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ဆုံဆုံ၊ တရားနဲ့ပတ်သက်တဲ့ ဘယ်စကားတွေပဲပြောပြော ပြောလို့ ဆွေးနွေးညှိနှိုင်းလို့ ရနိုင်ရပါမယ်။
တရားအားထုတ်ရာမှာ သမာဓိအတွက် စတည်ရပါတယ်၊ ၀မ်းဗိုက်မှာ ထားတာလည်း ရှိပါတယ်၊ နှာသီးဖျားမှာထားတာရှိ သလို ရင်ခေါင်းမှာလည်း ထားချင်ထားပါမယ်။ ဘယ်မှာပဲထားထား ဖြစ်ပျက်ရှုရမှာက အဓိကဖြစ်ပါတယ်၊ ဒီသဘောတရားကို ယောဂီများသိထားကြဖို့ လိုပါတယ်။ ၀ိပဿနာတရားအားထုတ်နေသူအချင်းချင်း နည်းပြိုင်ငြင်းနေတုန်းပဲဆိုရင် အဲဒီနှစ်ဦးစလုံးဟာ ရုပ် နာမ်ဖြစ်ပျက်ကို ရှုရတဲ့ သတိပဋ္ဌာန်ဘာဝနာအဆင့်ကို မရောက်သေးတဲ့ တရားမူကြိုတန်းမှာပဲ ရှိနေသေးကြောင်း သိရပါမယ်။
ဓမ္မမိတ်ဆွေတစ်ယောက်နှင့်တွေ့လို့ သတိပဋ္ဌာန်လေးပါးနဲ့ ပတ်သက်လို့ ဆရာလုပ်သူက ယောဂီများကို အခါအားလျော်စွာ ရှင်းပြသင့်ကြောင်းနဲ့ အခြားကမ္မဋ္ဌာန်းဌာနရဲ့ နည်းများကိုပါ လေ့လာသိရှိထားသင့်ကြောင်း ပြောမိပါတယ်။ မိတ်ဆွေက နည်းမတူလို့ပဲ ကမ္မဋ္ဌာန်းဌာနများ သီးခြားရှိနေကြတာဖြစ်ကြောင်း၊ ဆရာလုပ်တာနဲ့ ရှိသမျှ ကမ္မဋ္ဌာန်းဌာနတွေရဲ့ နည်းတွေကိုလိုက်ပြီး အားထုတ်ကြည့် ရမှာလား လို့ပြန်ပြောပါတယ်။
ရုပ်နာမ်ဖြစ်ပျက်မြင်လို့ ဆရာလုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ တစ်ခြားကမ္မဋ္ဌာန်းဌာနတွေဆီကို သွားပြီး လက်တွေ့ဖြစ်ပျက်မြင်အောင် ထပ်ရှုကြည့်စရာ မလိုကြောင်း အခြားဌာနများရဲ့နည်းများကို လေ့လာကြည့်လိုက်တာနဲ့ မိမိသိထားတဲ့ ဖြစ်ပျက်ဆီကို ဘယ်လိုရောက် လာနိုင်တယ်ဆိုတာ မသိနိုင်ဘူးလားလို့ မိတ်ဆွေရင်းဖြစ်နေလို့ အားမနာဘဲ ပြန်ပြောလိုက်ပါတယ်။
ဖြစ်ပျက်
ရုပ်၊ဝေဒနာ၊စိတ်၊ဓမ္မ ဘယ်ဟာကိုပဲ ရှုရှု သတိပဋ္ဌာန်တရားတော်အရ ဖြစ်ပျက်ကိုပဲ မြင်အောင်ရှုရမယ်ဆိုတာ သဘောပေါက် ရင် သတိပဋ္ဌာန်ဘာဝနာပါဠိတော်ကို တစ်ခုချင်း ပြန်ကြည့်ကြပါမယ်။ ဘာတစ်ခုကိုပဲရှုရှု၊ ဖြစ်တာကို ရှုပြီး နေရမယ်၊ ပျက်တာကို ရှုပြီးနေရမယ်။ ဖြစ်ပျက်ကို ရှုပြီးနေရမယ်လို့ ပါဠိတော်က ညွန်ကြားထားပါတယ်။ မိမိအတွက် ထင်ရှားတာက ရှုရမယ်လို့ ယူဆရပါတယ်။ ဖြစ်ပျက်ကို တန်းပြီး ရှုရမယ်လို့ ပြောမထားကြောင်း သတိပြုမိပါတယ်။
ပုထုဇဉ်အနေနဲ့ တရားစပြီး အားထုတ်တဲ့အခါ ဖြစ်ပျက်ကိုတန်းပြီး မမြင်နိုင်သေးပါဘူး၊ သတိပဋ္ဌာန်လေးပါးအနက် တစ်ခုခုကို ရှုနေစဉ် အဘိဇ္ဈာဒေါမနဿစိတ် တစ်ခုခုပေါ်ရင်၊ အဲဒါကို ၀ီရိယသမ္ပဇဉ် သတိနဲ့ပယ်နေရမယ်ဆိုတဲ့ အလုပ်နဲ့ ၀ိပဿနာအကျင့်ကို စခိုင်းပါတယ်၊ ပုထုဇဉ်ဆိုတာ လောဘစိတ်ဖြစ်နေလည်း သိတာမဟုတ်ဘူး၊ ဒေါသစိတ်ဖြစ်နေလည်း မသိပါဘူး၊ လောဘစတ်၊ဒေါသ စိတ်ဖြစ်ရင် သတိ၊၀ီရိယ၊သမ္ပဇဉ် အကူအညီနဲ့ သိသိပြီး ပယ်တတ်အောင် သတိပဋ္ဌာန်တရားနဲ့ အစပျိုးခြင်းဖြင့် ပုထုဇဉ်တို့ရဲ့ဘ၀ ပေါက်လွတ်ပဲစား ထားခဲ့တဲ့စိတ်မှာ သတိဝီရိယသမ္ပဇဉ်ဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ပိုင်းဆိုင်ရာ ဖွဲစည်းမှုတွေနဲ့ ရင်းနှီးလာမှာ ဖြစ်ပါတယ်။
ပထမတော့ အဘိဇ္စာဒေါမနဿစိတ် ဖြစ်လာရင် သိအောင် သတိထားနေရာက အလေ့အကျင့် များလာတဲ့အခါ အဲဒီစိတ်နှစ်ခု သာမကဘဲ အခြားသိစိတ်အမျိုးမျိုးကိုပါ သတိထားလာမိပါ ဖြစ်ပါတယ်။ ဒီမှာသိနေခြင်းဖြင့် ဖြစ်တာကို ရှုပြီး နေရမယ်ဆိုတဲ့ သတိပဋ္ဌာန် ဘာဝနာပါဠိတော်လာ ပထမအချက်နဲ့ကိုယ်ညီနေတာ တွေ့ရပါမယ်။ သိစိတ်တစ်ခုပြီးတစ်ခု ဖြစ်လာနေတာကို သိနေရာက တစ်ချိန်ချိန် မှာ စောစောက ပေါ်တဲ့သိစိတ် ဘယ်ရောက်သွားပါလိမ့် ၊ ဘာဖြစ်သွားပါလိမ့် စပ်စုပြီး ဆင်ခြင်ကြည့်တဲ့အခါ ပျောက်သွာား၊ ပျက်သွား တာကို သိလာမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ သတိပဋ္ဌာန်ဘာဝနာ ပါဠိတော်လာ ဒုတိယအချက်နဲ့ ကိုက်ညီနေတာကို တွေ့ရပါမယ်။
ဖြစ်ပေါ်လာတာကို ရှုမယ်၊ ပျက်သွားတာကို ရှုမယ်၊ ဖြစ်ပေါ်လာတဲ့ စိတ်တွေပဲ ထင်ရှားနေရင် ဖြစ်တာကိုရှုပါ၊ ပျက်သွားတဲ့ စိတ် ထင်ရှားနေရင် ပျက်တာကိုပဲ ရှုနေပါမယ်။ သိစိတ်တစ်ခုရဲ့ ဖြစ်ပေါ်လာပြီး ပျက်သွားတာထင်ရှားရင် အဲဒီသိစိတ်ရဲ့ ဖြစ်ပေါ် ပျောက်ပျက်မှုကို ရှုနေပါမယ်။ ဒါဆိုရင် သတိပဋ္ဌာန်ဘာဝနာပါဠိတော်လာ ညွန်ကြားထားတဲ့ အစီအစဉ်အတိုင်း ဆက်သွယ်မယ်ဆိုရင် ဆက်လက်အားထုတ်ဖို့အတွက် အခက်အခဲမရှိနိုင်ကြောင်း တင်ပြလိုပါတယ်။
တရားအားထုတ်ခါစ ယောဂီတစ်ဦးကို ဖြစ်တယ်ဆိုတာ ဘာကိုပြောတာလဲ၊ ပျက်တယ်ဆိုတာ ဘာကိုပြောတာလဲဆိုတာ မသိသေးဘဲ ရုပ်နာမ်ဖြစ်ပျက်ရှုဆိုတာကို တိုက်ရိုက်တရားပေးလိုက်ရင် အလုပ်လုပ်ရတာ ခက်မယ်ထင်ပါတယ်။ မသိနိုင်သေးတာကို ရှေးက ကြောင်းပေးလို့ လိုက်လုပ်နေတာဖြစ်လို့ သိပြီး အားထုတ်တာလောက် အရာမရောက်နိုင်ဘူးလို့ ယူဆရပါတယ်။
(မောင်ကံထူးရဲ့ဆောင်းပါးကို ကူးယူဖေါ်ပြပါသည်)

Tuesday, April 22, 2008

တုနှိုင်းမမီ(၉)

ပစ္စည်းဥစ္စာတို့သည် လူသားတို့အား ကောင်းကျိုးကို ဖြစ်စေတတ်သကဲ့သို့ ဆိုးကျိုးကိုလည်း ဖြစ်စေတတ်ပါသည်။ ပစ္စည်းဥစ္စာ ကြောင့် လူသားအချင်းချင်း ယုံကြည်မှု အတိုင်းအတာတစ်ခုအထိ ရရှိကာ လူမှုရေးတွင် အဆင်ပြေစေသည့် ကောင်းကျိုးကိုလည်း ဖြစ်စေတတ်သကဲ့သို့ လူသားအချင်းချင်း ယုံကြည်မှုခေါင်းပါးကာ လူမှုရေးအဆင်မပြေမှုကိုလည်း ဖြစ်စေတတ်ပါသေးသည်။
ထိုအတူ ပကတိပစ္စည်းတို့သည် လူသားများအား ကျန်းမာရေးကောင်းအောင် အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်နိုင်ကြ သည်။ ယခုခေတ် popular ဖြစ်နေသော အသဲ `စီ´ ပိုးရောဂါသည် ကုရာနတ္ထိ ဆိုပေမယ့် ယခု ပြည်ပနိုင်ငံများတွင် သိန်းပေါင်း ရာချီ၍ အကုန်အကျခံကာ ဆေးကုသမှုကြောင့် ပျောက်လုနီးပါးဖြစ်ကာ စိတ်ချမ်းသာစွာ ဘ၀တွင် ဆက်လက် ရပ်တည်နေနိုင် ကြသည်မှာလည်း ပစ္စည်းဥစ္စာ၏ ကောင်းကျိုးဟု ဆိုရပေမည်။ သို့သော်လည်း ပစ္စည်းဥစ္စာကြောင့် အသက်ဆုံးရှုံးရသည်လည်း ရှိခဲ့ပေသည်။ လူသားအချင်းချင်း အိမ်ထောင်ရေးအဆင်မပြေမှုကိုလည်း ဖြစ်စေတတ် သည့်အပြင် အိမ်ထောင်ရေး အဆင်ပြေမှုကိုလည်း ဖြစ်စေတတ်ပါသည်။ တစ်ခါတစ်ရံ လူသားများအား အသက်အန္တရာယ်ကို ပြုတတ်သည့်အပြင် ကိုယ့်ကိုယ်ကို သတ်သေကာ အဆုံးစီရင်သွားသည်ကိုလည်း စိတ်မကောင်းစွာ ကြားရမြင်ရပါသေးသည်။

မည်သို့ဆိုစေ ပကတိဥစ္စာပစ္စည်းသည် လူသားတို့ကို ဆိုးကျိုးနှင့် ကောင်းကျိုး တစ်ခုတစ်ခုတော့ ပေးပေမည်။ ဆိုးကျိုးကို မည်သူမျှ ခံစားချင်ကြမည် မဟုတ်ပေ။ ကောင်းကျိုးရလာပြန်တော့လည်း တစ်ဘ၀အတွက်သာ ခံစားကြရသည့်အပြင် စိုးရိမ်ပူပန်မှု ငိုကြွေးမှု စိတ်ဆင်းရဲမှု မကင်းသည့် ခံစားမှုဖြင့် ခံစားကြရသည်က များလှပါသည်။
လောကတွင် ဥစ္စာပစ္စည်းနှင့် စပ်လျဉ်း၍ လူသားတို့အတွက် ကောင်းကျိုးရရှိသကဲ့သို့ ဆိုးကျိုးလည်းရရှိသည်မှာ သဘာဝနိယာမ တစ်ခုဖြစ်သော်လည်း ဆိုးကျိုးလုံးဝမရှိ ကောင်းကျိုးချည်း သက်သက်သာ ပေးနိုင်သည့် တန်ဖိုးရှိ ဥစ္စာများလည်း လောက တွင် ရှိနေသည်မှာ လူသားများအတွက် ၀မ်းမြောက်စရာကောင်းလှပါသည်။ ထိုတန်ဖိုးရှိဥစ္စာကား တန်ဖိုးရှိရုံမျှ မဟုတ်၊ တန်ဖိုးမဖြတ်နိုင်သော တုနှိုင်းမမီဥစ္စာများ ဖြစ်ပါသည်။
ထိုဥစ္စာများသည် ယခုအသက်ရှင်ဆဲပစ္စုပ္ပန်ဘ၀သာမက နောင်တစ်မလွန်ဘ၀ထိတိုင်အောင် ကောင်းကျိုးပေးနိုင်သည့်အပြင် ဘ၀သံသရာ နောက်ဆုံးအထိတိုင်အောင်လည်း (supporting) အထောင့်အပံ့ များစွာ ပေးနိုင်သောကြောင့် တုနှိုင်းမမီဥစ္စာများဟု တင်စား ရေးသာလိုက်ရပါသည်။
ထိုတုနှိုင်းမမီ ဥစ္စာပစ္စည်းများကို လူကြီး လူငယ် လူရွယ်အသီးသီး မည်သူမဆို လက်ဝယ်ရရှိသူများသည် တည်ငြိမ်အေးချမ်း သာယာရွှင်လန်းသည့် ဘ၀တစ်ခုကို ဖန်တီးနိုင်ပါသည်။ တုနှိုင်းမမီ ဥစ္စာများရရှိနိုင်ရန် စာဖတ်သူများအား လမ်းညွန်မှုပြုရပါလျှင် ထိုတုနှိုင်းမမီဥစ္စာသည် (၇)မျိုးရှိ၏။
ထို (၇)မျိုးအနက် ပထမဦးစွာ ဖေါ်ပြလိုသည့် ဥစ္စာကား “ယုံကြည်မှု” ဟူသော ဥစ္စာဖြစ်ပါသည်။ ယုံကြည်မှု ဟူသည် ယုံကြည်မှု၊ လက်ခံမှုတို့ကို ဆိုလိုပါသည်။ ရတနာသုံးပါးကို လက်ခံလျှင် ရတနာသုံးပါးအပေါ် ကြည်ညိုသော စိတ်လေးသည် တဖြေးတဖြေး ကြည်လင်လာပါသည်။ ထို့ကြောင့်လည်း သဒ္ဓါတရားကို ယုံကြည်သည် ဟု အဓိပ္ပါယ်ဖွင့်ဆိုကြဟန်တူပေသည်။ သဒ္ဓါတရား သည် လက်နှင့်တူသည်ဟု မြတ်ဗုဒ္ဓ ဟောတော်မူခဲ့ပါသည်။ လက် ရှိလျှင် မည်သည့်အရာကိုမဆို ယူနိုင်သကဲ့သို့ ပုညကြိယာဝတ္ထု(၁၀)ပါး(ဒါန.သီလ.ဘ၀နာ)အနက် မည်သည့်ကုသိုလ်ကိုမဆို ရယူနိုင်သည်မှာ သဒ္ဓါတရား ပါ။
ပုညကြိယာဝတ္ထု(၁၀)ပါးတွင် ဒါန၊သီလ၊ဘ၀နာ ကိုတော့ နားလည်လွယ်၍ မရေးတော့ပြီ၊ အပစာယန ဆိုသည်မှာ ကြီးသူကို ငယ်သူက ရိုသေခြင်းကို ခေါ်ပါသည်။ ထိုသို့ ကြီးသူကို ရိုသေမှုပြုခြင်းသည်။ မိမိ၌ရှိသော မာန်မာနကိုလည်း ချိုးနှိမ်ပြီးသားဖြစ်သလို စိတ်ထားနူးညံ့လာကာ မေတ္တာစိတ်ဖြင့် ပြုနိုင်၊ပြောနိုင်၊တွေးတောနိုင်လာသည့်အပြင် မိမိစိတ်ကို ချမ်းသာသည့်ဖက်သို့ ပို့ဆောင်ပေးနေ သည်မှာ ယုံမှားဖွယ်မရှိပေ။ နောက်တစ်ခုက ဝေယျာဝစ္စ- ရတနာ(၃)ပါးနဲ့စပ်တဲ့ လုပ်အားပေးကုသိုလ်မျိုးပါ။ ဘုရားကျောင်းကန်သွား၍ လုပ်အားပေးကုသိုလ်ယူလျှင် တစ်ခြားအချိန်နှင့်မတူ စိတ်ရွှင်လန်းပြီး ချမ်းသာနေပေသည်။ ထို့အတူ လောက လူသားအများကောင်းကျိုး အတွက် ရည်ရွယ်ကာ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခြင်းသည်လည်း ကုသိုလ်ရလှပေသည်။ နောက်တစ်ခုက ပတ္တိဒါန- မိမိကုသိုလ်ကို လူနတ်ဗြဟ္မာများအား အမျှအတမ်းပေးဝေခြင်းသည်လည်း စိတ်ချမ်းသာလှသည်ဖြစ်၍ ကုသိုလ်ရသည့်အပြင် တစ်ပါးသူက အမျှအတမ်းပေးလာလျှင်လည်း ၀မ်းမြောက်စွာ သာဓု ခေါ်ရခြင်းသည်လည်း စိတ်ချမ်းသာမှုတစ်မျိုးမို့ ကုသိုလ်ရလှပေသည်။ တစ်ခါတစ်ရံ တရားနာကြားရခြင်းဖြင့်လည်း စိတ်ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်းဖြစ်ကာ ဓမ္မဿဝနကုသိုလ်ရနိုင်ပေသည်။ မိမိတတ်သည့် တရားတော်များကို တစ်ဖက်လူအား စေတနာဖြင့် ဟောပြောပြသပေး၍ တစ်ဖက်သား နားလည်လျှင် စိတ်ချမ်းသာရသည့် ဓမ္မဒေသနာကုသိုလ်တစ်မျိုးဖြစ်သည်။ အယူဝါဒပိုင်းဆိုရာတွင် အယူအမြင်စင်ကြယ်မှသာလျှင် လမ်းကြောင်းမှန်ကန်သည့် အတွက်ကုသိုလ်ရနိုင်ပေသည်။ အယူအမြင်စင်ကြယ်ရေးနှင့် ပတ်သက်၍ ရေးသားလျှင် ကျယ်ဝန်းလှပါသည်။ ဤ၌ စာဖတ်သူများ နားလည်သဘောပေါက်ရုံ တင်ပြရလျှင် လူသားတို့အတွက် ကိုးကွယ်အားထားရာသည် ရတနာသုံးပါးမှတစ်ပါး အခြားမရှိပေ၊ အဘယ့်ကြောင့်နည်း လူသားတိုင်း မရင်ဆိုင်ချင်သော်လည်း ရင်ဆိုင်နေရသည့် အိုဘေး၊နာဘေး၊သေဘေးအန္တရာယ်များမှ လွတ်ကင်းနိုင် လွတ်ကင်းရန် လမ်းညွန်ပေးနိုင်သည့်အရာမှာ ရတနာသုံးပါးပင် ဖြစ်ပါသည်။ ဘိုးတော်၊မယ်တော်၊ကွမ်ရင်၊ အမ်းကုန်း၊ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် ၊ နတ်သူငယ်၊ အတွင်း(၃၇)မင်း၊ အပြင်(၃၇)မင်းစသည့် ပုဂ္ဂိုလ်များသည် လူသားများအား ဆိုခဲ့ပြီးသည့် အန္တရာယ်များမှ လွတ်အောင် မပြုလုပ်ပေးနိုင်သကဲ့သို့ လမ်းညွန်မှုကိုလည်း မပေးစွမ်းနိုင်ပေ။ ထို့ကြောင့် မိမိအား အန္တရာယ်ပေါင်စုံမှ လမ်းညွန်ကယ်တင် ပေးနိုင်သည့်အရာမှာ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးပဲဖြစ်သည်ဟု အယူအမြင်စင်ကြယ်လျှင် လမ်းကြောင်းမှန်သည့်အတွက် အခြေခံ ကုသိုလ်များနှင့် မဂ်ကုသိုလ် ဖိုလ်ကုသိုလ်အထိရနိုင်ပါသည်။ ဤကား သဒ္ဓါ ဟူသည့် လက်ဖြင့် ကုသိုလ်များ ရနိုင်ပုံဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်ဆီက သက်တော်ထင်ရှား မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ညသန်းခေါင်ယံအချိန်တွင် နတ်သားတစ်ပါးက မြတ်ဘုရားအား “အရှင်ဘုရား….လောကတွင် အကောင်းဆုံးသော တုနှိုင်းမမီ အရင်းအနှီးဥစ္စာ ဆိုတာ ဘာပါလဲ ဘုရား” ဟု မေးသောအခါ မြတ်ဘုရားက “ ဒကာနတ်သား……..လောကတွင် အကောင်းဆုံး တုနှိုင်းမမီ အရင်းအနှီးဥစ္စာကား အခြားမဟုတ် ရတနာသုံးတန် ကံ,ကံ၏အကျိုးကို မြတ်နိုးယုံကြည်လက်ခံသည်ဟူသော သဒ္ဓါ ဆိုတဲ့ ဥစ္စာ သာဖြစ်တယ်” ဟု သဂါထာဝဂ္ဂသံယုတ်ပါဠိတော် ၀ိတ္တသုတ်၌ မြတ်စွာဘုရားဟောတော်မူခဲ့ပါသည်။ လောကတွင် ရွှေ ငွေဥစ္စာတို့သည် သူနဲ့ အရင်းအနှီးပြုလျှင် ရွှေငွေစသော ဥစ္စာများသာ ရလာပါမည်။ သဒ္ဓါတရားကို အရင်းအနှီးပြုလျှင် သဒ္ဓါအရင်းခံဖြင့် ဒါန သီလ ဘ၀နာတရားများပြုလုပ်၍ ကုသိုလ်တရားများရရှိကာ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတို့ကိုလည်း ရနိုင်ပေသည်။ နတ်ပြည် (၆)ထပ် ဗြဟ္မာရပ်သို့လည်း ရောက်နိုင်၏။ နောက်ဆုံး၌ နိဗ္ဗာန်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပေ၏၊ထို့ကြောင့် တုနှိုင်းမမီ ရင်းအနှီးဥစ္စာတို့ တွင် သဒ္ဓါတည်းဟူသော ဥစ္စာသည် တုနှိုင်းမမီ ဥစ္စာတစ်ခုဖြစ်ပေသည်။
သဒ္ဓါယ တရတိ သြဃံ- သြဃလေးဖြာ ဘ၀သံသရာဟိုဖက်ကမ်းသို့ ရောက်ရှိအောင် ကူးမြောက်ချင်ပါသည်ဆိုလျှင် ယုံကြည်မှု သဒ္ဓါတရားဖြင့် ကူးမြောက်နိုင်ပါသည်၊ ထို့ကြောင့်သဒ္ဓါတရားသည် လူနတ်နိဗ္ဗာန် သုံးတန် ချမ်းသာကို ရောက်ရှိနိုင်သည့် အတွက် သတ္တ၀ါများအား ထိုသဒ္ဓါတရားသည် အလွန်အရေးပါသည့် မရှိမဖြစ် လိုအပ်သော တုနှိုင်းမမီ ဥစ္စာတစ်ခုဟု ရေးသားရခြင်းဖြစ်ပေသည်။
တစ်ဖန် ရှေးတုန်းက စင်္ကြာမင်းများ ခရီးထွက်လျှင် သောက်ရေကို မယူဆောင်ကြပေ။ လမ်းခရီးတွင် စင်္ကြာမင်းက ရေသောက်ချင်သည်ဆိုလျှင် အနီးရှိရေအိုင်မှ ရေကို ခတ်ယူပြီးသောအခါ စင်္ကြာမင်းကြီးတွင် ပါလာသော ပတ္တမြားရတနာဖြင့် စိမ်လိုက်သောအခါ နောက်ကျုနေသောရေများ အနည်ထိုင်ကာ ရေကောင်းရေသန့်များကို ရရှိပါသည်။ ထိုပတ္တမြားရတနာရှိလျှင် ယခုခေတ် ရေသန့်စက် လုပ်သူများအတွက် အထူးအဆင်ပြေပေလိမ့်မည်။ ထို့အတူ နောက်ကျုနေသာစိတ်ကိုလည်း သဒ္ဓါတရားဖြင့် ကြည်လင် အောင်လုပ်ပေးနိုင်သည်။
စိတ်သည် လိုချင်ဖွယ်ရာအာရုံများနှင့် တွေ့လျှင် လိုချင်မှု(ကာမဆန္ဒ)များဖြစ်ပေါ်သကဲ့သို့ လိုချင်တာမရလျှင် နှလုံးမသာယာမှု(ဗျာပါဒ)များ ဖြစ်ပေါ်သည်။ ထိုသို့ဖြစ်ပေါ်လျှင် စိတ်သည် နောက်ကျုပြီး ကုသလိုလ်တရားများ မဖြစ်နိုင်တော့ပေ။ ကုသိုလ်တရား ဖြစ်အောင် တားဆီးပိတ်ဆို့တတ်သည့်အတွက် ကာမဆန္ဒစသည့်တရားများကို နိဝရဏတရား များဟု ခေါ်သည်။ ထိုတရားများဖြစ်ပေါ်၍ နောက်ကျုသောစိတ်ဖြစ်နေစဉ် သဒ္ဓါတရားဝင်လာလျှင် စိတ်ဟာ ကြည်လင်လာပါတော့သည်။ ရံဖန်ရံခါ စိတ်ဟာ ဒါနမပြုချင်၊ သီလမဆောက်တည်ချင်၊ ဘ၀နာတစ်မျိုးမျိုးလည်း မပွားများချင်ဘဲ တွန့်ဆုတ်နေတတ်သည့် အခါလည်း ရှိပေသည်။ ရံဖန်ရံခါ စိတ်ပျံ့လွင့် မှုများ ပူပန်မှုများ ယုံမှားသံသယများလည်း ဖြစ်လာတတ်သည်။ ထိုမကောင်းသည့်တရားများ ပပျောက်လိုလျှင် သဒ္ဓါတရားဖြင့် အစားထိုးပေးရပါသည်။ သဒ္ဓါ၏ စွမ်းအားကြောင့် မကောင်းသည့်စိတ်များ ပပျောက်ကာ ကုသိုလ်ဖက်သို့ လည်ကာ စိတ်ကြည်လင်လန်း ဆန်းလာပါတော့သည်။ သဒ္ဓါတည်းဟူသော ပတ္တမြားရတနာဖြင့် နိဝရဏတရားများဖြင့် နောက်ကျုနေသော စိတ်ကို ကြည်လင်သန့်ရှင်းအောင်လုပ်ပေး နိုင်သည်။
နတ်ပြည်တွင် နတ်သားနတ်သမီးများသည် ကုသိုလ်အထောင့်အပံ့ဖြင့် ဥပပတ်ပဋိသန္ဓေဖြင့် Automatic (၁၆)နှစ်ရွယ် ရုတ်တရက်ဖြစ်ပေါ်လာရပါသည်။ နတ်ပြည်၌စတင် ဖြစ်ပေါ်ကတည်းက သူတို့၏ ကိုယ်တွင် နတ်ဝတ်တန်ဆာများ တစ်ပါတည်းပါလာကာ ဘယ်တော့မှ လျှော်ဖွတ်ရသည်ဟု မရှိဘဲ အမြဲတမ်းသစ်လွင်တောက်ပနေပေသည် ၊ သူတို့၏ခန္ဓာကိုယ်သည် ရေချိုးပေးစရာမလို အမြဲတမ်း သန့်ရှင်းမြဲ သန့်ရှင်းနေပါတော့သည်။ အသက်အတိုင်းနေ၍ နတ်ပြည်မှ စုတေခါနီးလျှင် ဂျိုင်းကြားမှ ထူးဆန်းစွာ ချွေးများ ထွက်လာသည်။ နတ်ဝတ်တန်ဆာများသည်လည်း တဖြေးဖြေး ညိုးနွမ်းလာတော့သည်။ ထိုအချိန်တွင် နတ်ပြည်ရှိ အဖေါ်နတ်များက စုတေတော့မည့် နတ်ကို နန္ဒ၀န်ဥယျာဉ်သို့ ခေါ်သွားကာ အားပေးစကားပြောကြားပြီး အရေးကြီးသော စကားသုံးခွန်းကို မှာကြားကြလေ သည်။ စကားသုံးခွန်းမှာ (၁) အမောင်နတ်သား……..ဘာမှ စိတ်မပျက်နေပါနှင့် ဒီက စုတေရင် အကောင်းဆုံးနေရာဘုံကို ရောက်အောင် သွားပါ။ (၂) ထိုနေရာသို့ ရောက်ရင် အကောင်းဆုံးလာဘ်ကို ရယူပါ။ (၃) ရလာသော လာဘ်ကို မပျောက်မပျက်အောင် ထိမ်းသိမ်းပါ ဟူ၍ ဖြစ်ပါသည်။ ထိုစကားသုံးခွန်း၏ အဓိပ္ပါယ်မှာ အကောင်းဆုံးဘုံဌာနကို ရောက်အောင်သွားပါ ဟူသည် လူ့ပြည်ကို ရောက်အောင်သွား ဟု ပြောခြင်းဖြစ်သည်။ အကောင်းဆုံးလာဘ်ကို ရအောင်ယူခဲ့ပါ ဟူသည် သဒ္ဓါတရားကို ရအောင်ယူ ဟုပြောခြင်းဖြစ် သည်။ ရရှိလာသော ထိုလာဘ်ကို မပျောက်ပျက်အောင် ထိမ်းသိမ်းပါဟု နတ်တို့မှာတမ်းစကားသည် ရရှိလာသော ထိုသဒ္ဓါတရားကို မိမိသဏ္ဍာန်တွင် မပျောက်ပျက်သွားပါစေနှင့် ဟုပြောခြင်းဖြစ်ပါသည်။
ဤတွင်သဒ္ဓါတရားသည် လောကီသဒ္ဓါ နှင့်လောကုတ္တရာသဒ္ဓါ ဟု နှစ်မျိုးနှစ်စား ရှိပေသည်။ ပုထုဇဉ်တို့၏ သဏ္ဍာန်၌ ရှိသော သဒ္ဓါတရားသည် ခိုင်မြဲမှု မရှိလှသောကြောင့် လောကီသဒ္ဓါတရားဟုခေါ်ဆိုပါသည်။ အောက်ထစ်ဆုံး အရိယာသောတာပန်တို့၌ ရှိသော သဒ္ဓါတရားသည် ခိုင်မြဲမှု ရှိသောသောကြောင့် လောကုတ္တရာသဒ္ဓါဟုခေါ်ဆိုရပါသည်။ မြတ်ဘုရားလက်ထက်တော်က သောတာပန် အရိယာဖြစ်ပြီးသော မာဂဏ္ဍီပုဏ္ဏေးမသည် သူ၏ခင်ပွန်းသည်က ရတနာသုံးပါးယုံကြည်မှုနှင့်စပ်လျဉ်း၍ အသက်ကို ရန်ရှာသော် အသက်သာအသေခံမည်၊ ရတနာသုံးပါးယုံကြည်မှုသဒ္ဓါတရားကိုတော့ လုံးဝအပျက်မခံခဲ့ပေ။ တဖန် သောတာပန်တည်ပြီးခါစ သုပ္ပဗုဒ္ဓနူနာအား သိကြားမင်းက ပစ္စည်းဥစ္စာဖြင့် ဖြားယောင်းပါသော်လည်း ပစ္စည်းဥစ္စာမရှိ၍ သေချင်သေပါစေ၊ ရတနာသုံးပါးယုံကြည်မှု ကို လုံးဝအပျက်မခံခဲ့ပေ။ ဤသည်မှာ ခိုင်မြဲသောလောကုတ္တရာသဒ္ဓါတရားမျိုးဖြစ်သည်။ နတ်သား၏ မှာတမ်းစကားအရ ထိုလောကုတ္တရာသဒ္ဓါတရားမျိုးကို ဆိုလိုကြောင်း သိသာထင်ရှားပါပြီ။
ဤသို့ဖြင့် ထိုသဒ္ဓါတရားသည် လူ၊နတ်၊ဗြဟ္မာ သတ္တ၀ါအားလုံးအတွက် အလွန်အရေး ပါလှကြောင်း သိသာထင်ရှားလှပေသည်။ ထို့ကြောင့် စာဖတ်သူများသည် မိမိ၌ မရှိသေးသော သဒ္ဓါတရားကို ရရှိအောင် စွမ်းဆောင်၍ ရရှိပြီးသော သဒ္ဓါတရားကိုလည်း ကိုယ့်သဏ္ဍာန်ကနှေ မပျောက်ပျက်သွားအောင် ထိမ်းသိမ်းထားရန် အထူးအရေးကြီးလှကြောင်း ရေးသားလိုက်ရပါတော့သတည်း။ ။
စိတ်နေသန့်ရှင်း၊ ဘေးရန်ကင်း၊ လွန်မင်းချမ်းသာကြပါစေ
23.4.2008, 6:46 AM

တုနှိုင်းမမီ(၈)

ဆဋ္ဌမမြောက်စံအိမ်တော်ကြီး
ဆဋ္ဌမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေးမှာ ရှာမှီးမှုမှ ကင်းစင်ခြင်းဖြစ်ပါသည်။
ရှာမှီးခြင်းဟူသည်
ကာမေသနာ-ကာမဂုဏ်ကို ရှာမှီးခြင်း၊
ဘဝေသနာ-ဘ၀ကို ရှာမှီးခြင်း၊
ဗြဟ္မစရိယေသနာ-မြတ်သောအကျင့်ကို ရှာမှီးခြင်း တို့ဖြစ်ပါသည်။

ကာမေသနာ-ကာမဂုဏ်ကို ရှာမှီးခြင်း၊
ပုထုဇဉ်လူသားများမှာ ထိုရှာမှီးမှုဖြင့် မကင်းကြသေးချေ။ ကောင်းသောအာရုံကို မြင်ရလျှင် နှစ်သက်သာယာကာ နောက်တစ်ကြိမ် မြင်ရန်အတွက် အားထုတ်ခြင်းဖြင့် ကာမဂုဏ်ကို ရှာမီးနေကြပေသည်။ ကောင်းသောအသံ၊ ကောင်းသောအနံ့၊ ကောင်းသောအရသာ၊ ကောင်းသောအထိအတွေ့များကိုလည်း ရှာမှီးကြပါသည်။ မိုးလင်းမှသည် နေ၀င်သည်အထိ ကိုယ့်ဝမ်းစာရေးနှင့် မိသားစုဝမ်းစာရေးအတွက် မနားမနေ ရှာဖွေကြရ သကဲ့သို့ အ၀တ်အထည် အသုံးအဆောင်များဖြင့် လူတန်းစေ့နေနိုင်ရန် ရှာဖွေကြရသည်၊ နေထိုင်ရန် တိုက်တာအဆောက်အဦးများအတွက်လည်း မနားမနေ များစွာရှာဖွေကြရသည့်အပြင် ကြည့်ချင်စရာများကိုလည်း နေ့စဉ်နဲ့အမျှ ရှာမှီးကြရသည်၊ နားထောင်ချင်စရာ ကောင်းသော အသံများကိုလည်း ရှာဖွေပြီး နားထောင်ကြပါသည်။
တစ်ခါတစ်ရံ ပျင်းရိ ငြိးငွေ့လာပြီဆိုလျှင် သာယာနာပျော်ဘွယ်ရှိသော သီချင်းလေးကို နားထောင်လိုက်ရသည့်အတွက် သူ၏ စိတ်ထဲတွင် စိုစိုပြေပြေ ဖြစ်လာသည် ဟု လူတစ်ယောက်က ပြောခဲ့ဖူးပါသည်။ ကာမဘုံသားများသည် ကာမဂုဏ်များကို ရှာမှီးနေရလျှင် ကျေ နပ်ကြသည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ ကုန်းပေါ်ရောက်လျှင် မနေတတ်သည့် `ဲငါး´သကဲ့သို့ ပုထုဇဉ်လူသားတို့၏ စိတ်သည်လည်း ကာမဂုဏ်အာရုံနှင့် ကင်းလျှင်မနေတတ်ပေ။ ကာမဂုဏ်အာရုံတွင် နစ်မျောပြီး နေတတ်ကြသည်။ ခြင်္သေ့၊ကျားစသည့် အသားစားသတ္တ၀ါ တို့သည် အငြီအဟောက်ကို ကြိုက်နှစ်သက်ကြသကဲ့သို့ ကာမဘုံသား ပုထုဇဉ်များသည်လည်း ကိလေသာအငြီအဟောက်ကိုသာ နှစ်သက်ကြပြီး ထိုကိလေသာအငြီအဟောက်မှ မရုန်းထွက်ချင်ကြပေ။ ကောင်းသောအနံ့များရအောင်လည်း ရှာမီးတတ်သည်၊ မိမိခန္ဓာကိုယ်တွင် ကောင်းသောရနံ့များရရှိနေစေရန် ရေမွေးပုလင်းများကို ဈေးကြီးပေးပြီး ရှာဖွေဝယ်ယူကြရပေသည်။ သူတစ်ပါးထံမှလည်း ကောင်းသောအနံ့ကို ရှုရှိုက်ချင်ကြပေသည်။ အရသာကောင်းသည့် အစားအစာများကို စားနိုင်ရန်လည်း နေ့စဉ်နှင့်အမျှ ငွေကြေးကို ပင်ပင်ပမ်းပမ်း ရှာဖွေနေကြရသည်။ လူသားတို့၏ အရှက်လုံရန် နူးညံ့သော အ၀တ်အထည်များကို ရှာမှီးကြရသည်၊ ထိုသို့ ရှာမှီး၍ ၀တ်ကြသော်လည်း ယခုခေတ်တွင် အ၀တ်အထည် ၀တ်ကြရာ၌ ခေတ်ရေစီးကြောင်းကို အသားပေးကာ အရှက်လုံရုံမျှဝတ်ဆင်ကြသည်ကို ပဓာနမထားဘဲ အပေါ်ကဆိုလျှင် လည်ဟိုက်၊ နောက်ကျောကဆိုလျှင် ကျောပြင်ကြီးမြင်ရပြီး၊ အောက်ကဆိုလျှင် အရှေ့ကွဲ နံဘေးကွဲ အနောက်ကွဲ မလုံတလုံဝတ်နေကြသည်မှာ မြန်မာတို့၏ အမြင်နှင့်ကြည့်လျှင် ယိုသူမရှက် မြင်သူပင် ရှက်စရာကောင်းလှပါသည်။ ထိုမလုံတလုံ အ၀တ်အထည်များကိုပင် ၀တ်နိုင်ရန် ငွေကို ရှာမှီးကြရသည်မှာ နားရသည်ဟူ၍ မရှိပေ။ အားလုံးအတွက် လိုအပ်သည့် ငွေကို ရှာမှီးနေကြသည်မှာလည်း တရားသောနည်းလမ်းဖြင့် ရှာဖွေကြရသကဲ့သို့ မတရားသောနည်းလမ်းဖြင့်လည်း အချို့မှာ နေ့စဉ် ရှာဖွေနေကြရသည်။ နေ့စဉ်နှင့်အမျှ ရှာဖွေနေကြရာဝယ် ရေ၊မီးမင်းဆိုး၊သူခိုး၊အမွေခံသားသမီးဆိုး တို့နှင့် သဘာဝဘေးအန္တရာယ်မျိုးစုံစသည့် ပြင်ပ အန္တရာယ်နှင့်လည်း ရင်ဆိုင်ကြရသကဲ့သို့ ဥစ္စာရလာလျှင် လိုချင်နှစ်သက်သာယာသည့် လောဘ၊ တွက်ချေမကိုက်လျှင် ထင်သည့်အတိုင်းမဖြစ်လာလျှင် နှလုံးမသာယာသည့် ဒေါသ စသော ကိလေသာ အတွင်းအန္တရာယ်တွေနှင့် နေ့စဉ်ရင်ဆိုင်နေကြရသော် လူသားတို့၏ ရောင့်ရဲတင်းတိမ်မှုမရှိသည့်အတွက် အမြဲတမ်း ပင်ပင်ပမ်းပမ်း ရှာဖွေနေကြရသည် ထိုကြောင့် ဗုဒ္ဓရှင်တော်မြတ်က-
“ဦနော လောကော အတိတ္တော တဏှာဒါသော” ပုထုဇဉ်လူသားများသည် မည်သည့်အခါမျှ ပြည့်စုံသည်ဟု မရှိခဲ့ပေ၊ အမြဲတမ်း တစ်ခုမဟုတ် တစ်ခုတော့ လိုနေသည်ချည်းပင်၊ ကာမဂုဏ်နဲ့ပတ်သက်လာလျှင် ရောင့်ရဲတင်းတိမ်မှုလည်း မရှိသောကြောင့် ထိုသူများကို တဏှာ့ကျွန်တွေ ဟု မိန့်တော်မူခဲ့ပေသေးသည် မဟုတ်ပါလော။
အရိယာတို့သည် ကာမဂုဏ်အာရုံကို မည်သည့်အခါမျှ ရှာမှီးခြင်းမရှိသကဲ့သို့ ပုထုဇဉ်များသည်လည်း တရားရှုမှတ်မှု စွမ်းရည်မြင့်မားလာလျှင် ကာမအာရုံကို ရှားမှီးမှုသည် တစ်ခဏမျှ၊ တစ်အောင့်ကြာမျှ ကင်းစင်လျှက် အရိယာနှင့်တူအောင် ကျင့်သုံးနေသည် မည်ပါပေ၏။
ဘဝေသနာ- ဘ၀ကို ရှာမှီးခြင်း၊
ဘ၀ကို ရှားမှီးခြင်းဟူသည် ပုထုဇဉ်များတွင် လူဘ၀၊နတ်ဘ၀၊ဗြဟ္မာဘ၀ချမ်းသာများကို တောင့်တကာ ထိုထိုဘ၀ချမ်းသာ များကို ရရှိဖို့အတွက် ရည်ရွယ်ကာ ဒါနကုသိုလ်လုပ်ငန်းများ ပြုလုပ်ခြင်းသည်လည်း ၀ဋ္ဋနိဿိတ ၀ဋ်ကိုမှီ၍ ဖြစ်သာဒါနကုသိုလ်ဖြစ်ပြီး ထိုဒါနမျိုးဖြင့် ဘ၀ချမ်းသာများကို ရှာမီးကာပြုလုပ်နေကြပေသည်။ အရိယာတို့တွင် သောတာပန်၊သကဒါဂါမ်၊ အနာဂါမ် တိုင်အောင် ဘ၀ကို ရှာမီးကြသေး သည်၊ အရိယာရဟန္တာဖြစ်လျှင်တော့ ဘ၀ကို ရှာမှီးခြင်း မရှိတော့ပေ။ တရားရှုမှတ်ခြင်းဖြင့် တဏှာ နည်းအောင် ကင်းအောင် ပါးအောင် ကျင့်နေသည့်အတွက် ဘ၀အသစ်တစ်ဖန် ဖြစ်အောင် ကျင့်နေသည်နှင့်တူနေပေသည်။ ထို့ကြောင့် တရားရှုမှတ်ခြင်းသည် ဘ၀ကို ရှာမှီးမှုမှ အခိုက်အတန့် ကင်းနေသည်ဟု ဆိုရပေမည်။
ဗြဟ္မစရိယေသနာ- မြတ်သောအကျင့်ကို ရှာမှီးခြင်း၊
မြတ်သောအကျင့်ကို ရှာမီးခြင်းဟူသည် မြတ်ဗုဒ္ဓသာသနာတော်မှအပ တစ်ခြားသော အကျင့်များကို မြတ်သောအကျင့်ဟု ထင်ယောင်ထင်မှားဖြစ်ကာ ရှာမှီးကြခြင်းဖြစ်သည်၊ မိမိတို့ ကိုးကွယ်နေသည့် မြတ်ဗုဒ္ဓသာသနာတော်က မဂ္ဂင်(၈)ပါးအကျင့်ကို ကျင့်သုံးမှုမရှိသည့်အပြင် မိမိကိုယ်၌ကလည်း ထိုမဂ္ဂင်(၈)ပါး အကျင့်တရားများကို မေ့လျော့ကာ ဟိုအကျင့်က ကောင်းနိုးနိုး ဒီအကျင့်က ကောင်းနိုးနိုးဖြင့် မြတ်သည်ထင်သော အကျင့်များကို ရှာမှီးနေကြသည်။
မြတ်သောအကျင့်နှင့်စပ်လျဉ်း၍် လူတို့၏ ၀န်းကျင်တွင် popular ဖြစ်နေသော အကျင့်တစ်ချို့ကို ဖေါ်ပြလိုပါသည်။ သဲဆွမ်းစားသောအကျင့်၊ မီးလွတ်စားသောအကျင့်၊ သက်သတ်လွတ်အကျင့် စသောအကျင့်များသည် သာသနာပြင်ပတွင် popular ဖြစ်သော အကျင့်များဟု ဆိုနိုင်ပေသည်။ သဲဆွမ်းစားသည့် အကျင့်သည် အကျိုးမရှိသည့်အပြင် အသက်အန္တရာယ်လည်း နီးကပ်လှပေသည်။ မီးလွတ်စားသောအကျင့်သည်လည်း မြတ်ဗုဒ္ဓ၏ စကားတော်ကို အဓိပ္ပါယ်လွဲမှားစွာ မှတ်ယူပြီး ကျင့်နေသော အကျင့်တစ်ခုဖြစ်ဟန်တူသည်။ ဤနေရာ၌ ဓမ္မပဒအဋ္ဌကထာလာ အကြောင်းအရာတစ်ခုကို တင်ပြချင်ပါသည်။
တစ်ခါက တူဝရီးနှစ်ဦး ရှိ၏၊ ဦးလေးဖြစ်သူ ရဟန်းက အာသဝေါကင်းကွာ ရဟန္တာဖြစ်ပြီး၊ တူဖြစ်သူရဟန်းမှာ ပုထုဇဉ်အဖြစ်နှင့် ပင် ရှိနေသေးသည်။ တစ်နေ့သောအခါ ဦးလေးရဟန်းက ဆွမ်းခံရာမှ ပြန်လာသော တူရဟန်းအား “ ငါ့ရှင် မောင်ပဉ္ဇင်း……ဒကာ/ဒကာမများ လှူ လိုက်တဲ့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တဲ့နေရာမှာ လျှာပူမလောင်စေနဲ့နော်” ဟု အမိန့်ရှိသောအခါ တူရဟန်းက “ဆွမ်းစားတဲ့အခါ လျှာပူမလောင်စေဘဲ စားရမယ်လို့ဆိုတယ်၊ ခံလာတဲ့ဆွမ်းက အေးလို့်နေပြီ၊ ဒါဟာ ပကတိမီးတော့ မဟုတ်တန်ရာ အေးတဲ့ဆွမ်းပဲဖြစ်စေ၊ပူတဲ့ဆွမ်းဘဲဖြစ်စေ၊ စားတဲ့အခါ ဆွမ်းအပေါ် တွယ်တာနှစ်သက်သာယာတဲ့ လောဘစတဲ့ ကိလေသာမီး အပူလောင်ခံပြီး မစားနဲ့လို့ ဆိုတာဖြစ်လိမ့်မယ်” ဟု သင့်လျော်စွာ နှလုံးသွင်းပြီး ဆွမ်းစားဆဲတွင် သတိကပ်၍ တရားရှုမှတ်ရာ ဆွမ်းစားပြီးသောအခါ ထို တူဖြစ်သည့်ရဟန်းလေးသည် အာသဝေါကင်းကွာ ရဟန္တာ ဖြစ်တော်မူခဲ့ရပါသည်။ ထိုဖြစ်ရပ်မှန်ဖြင့် ပကတိမီး မလောင်စေရန် စားရသည် မဟုတ်ဘဲ၊ ကိလေသာမီးအပူ မလောင်စေရန်အတွက် စားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ပကတိမီးလွတ်စားခြင်းသည် စင်စစ် အကျင့်မြတ်တစ်ခု မဟုတ်သည်ကို သတိချပ်သင့်ပေသည်။
နောက်အကျင့်တစ်ခုက သက်သတ်လွတ်အကျင့်ပါ၊ လူတို့သည် ထိုအကျင့်ကိုလည်း အကျင့်မြတ်တစ်ခုဟု အထင်မှားနေကြသည် စင်စစ် ထိုသက်သတ်လွတ်အကျင့်သည် မြတ်ဘုရားလက်ထက်တော်က ဒေ၀ဒတ်က မြတ်ဘုရားထံ တောင်းခဲ့သော အကြောင်းအရာ များအနက် သက်သတ်လွတ်စားခြင်းတစ်ခုလည်း ပါဝင်သည်။ ထိုအကျင့်ကို မြတ်ဘုရား ခွင့်ပြုတော်မမူခဲ့ပေ။ ဆိုလိုသည်မှာ ပုထုဇဉ်လူသားများသည် သာသနာတွင်း မဂ္ဂင်(၈)ပါးအကျင့်ကို ကိုယ်တိုင်မကျင့်သုံးဘဲ အထင်သေးကာ သာသနာပြင်ပမှ ထူးဆန်းသည်ဟု ထင်မှတ်သော အကျင့်တွေကို မြတ်သောအကျင့်ပဲဟု မှတ်ထင်ကာ မြတ်သောအကျင့်ကို ရှာမီးနေကြခြင်းပင်ဖြစ်သည်။
အရိယာသူတော်စင်များတွင် မဂ္ဂင်(၈)ပါး အကျင့်တရားသည်သာ နိဗ္ဗာန်သို့ ရောက်ရှိကြသောကြောင့် မဂ္ဂင်(၈)ပါးအကျင့်မှတစ်ပါး တစ်ခြားအကျင့်များကို ရှာမီးခြင်းမရှိတော့ပေ။ အကျင့်နှင့်ပတ်သက်၍ ယောင်ဝါးဝါးမရှိ ပြတ်သားစွာ ဆုံးဖြတ်နိုင်ကြပေသည်။ ပုထုဇဉ်ပင်ဖြစ် သော်လည်း မဂ္ဂင်(၈)ပါးအကျင့်ဖြင့် ဖြစ်ပေါ်ရာ ဖြစ်ပေါ်ရာကို သတိကပ်၍ ရှုမှတ်နေမည်ဆိုပါလျှင် ရှုမှတ်ဆဲ၌ ရှာမီးမှုမှ ကင်းစင်ပြီး တည်ငြိမ် အေးချမ်းနေပေမည်။ ထို့ကြောင့် ကိုယ့်ဘ၀ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်စေရန် ပုထုဇဉ်လူသားများအတွက် အရေးတကြီးလိုအပ်သော အရာတစ်ခုမှာ `သတိ´တရားပင်ဖြစ်ပါသည်။ သတိတရားထားနိုင်လေလေ ကိလေသာငြိမ်းလေလေ ကိလေသာငြိမ်းလေလေ ကာမဂုဏ်ရှာမှီးမှုမှ ကင်းလေလေ ထိုရှာမှီးမှု ကင်းလေလေ ဆဋ္ဌမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီးတွင် အိမ်ငှါးဘ၀ဖြင့် နေနိုင်လေလေ ဖြစ်ပေလိမ့်မည်။ ထိုအိမ်ငှါးဘ၀မှတဆင့် တဖြေးဖြေး ရင့်ကျက်ပြီး အရိယာရဟန္တာဖြစ်လျှင် အိမ်ပိုင်ဘ၀သို့ လုံးဝရောက်ရှိသွားပေလိမ့်မည်။
သတ္တမမြောက် စံအိမ်တော်ကြီး
အနာဝိလသင်္ကပ္ပေါ
သတ္တမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေးမှာ နောက်ကျုသော အကြံအစည်မှုမှ ကင်းစင်ခြင်း ဖြစ်သည်။
မကောင်းသော အကြံအစည်ဟု သတ်မှတ်ခံရသော အကြံအစည်များမှာ-
ကာမ၀ိတက်
နှစ်သစ်ဖွယ်ရာ အာရုံကို မြင်ရသည်ဖြစ်စေ ၊ မမြင်ရသည်ဖြစ်စေ၊ “ ဒီမြင်ကွင်းမျိုး နောက်တစ်ခါ မြင်နိုင်အောင် ဘယ်လိုများ လုပ်ရမလဲ” ဟု တွေးတောကြံစည်ခြင်းမျိုးကို ဆိုလိုပေသည်။ ထို့အတူ ကောင်းသည့်အသံ၊ ကောင်းသည့်အနံ့၊ကောင်းသည့် အရသာ၊ ကောင်းသည့် အထိအတွေ့မှန်သမျှကို ရအောင် တွေးတောနေခြင်းကို ကာမ၀ိတက် ဟုခေါ်ပါသည်။
ဗျာပါဒ၀ိတက်
လူတစ်ယောက်ကို “သူဒုက္ခရသွားအောင် ငါ ဘယ်လိုလုပ်ရရင် ကောင်းမလဲ” ဟု သူတစ်ပါးအား သေကျေပျက်စီး သွားအောင် ကြံစည်တွေးတောခြင်းမျိုးကို ဗျာပါဒ၀ိတက် ဟုခေါ်ပါသည်။
ဝိဟိံသာဝိတက်
“သူ့ကို ဘယ်လို ညှင်းဆဲလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ” ဟု သူတစ်ပါးအားညှင်းဆဲရန် ကြံစည်နေခြင်းမျိုးကို ၀ိဟိံသ၀ိတက် ဟုခေါ်ပါသည်။ ထိုမကောင်းသောအကြံအစည် ဟူသမျှသည် အရိယာသူတော်ကောင်းများတွင် မရှိတော့ပေမယ့် ပုထုဇဉ်များတွင် ရာနှုန်း အပြည့် ရှိနေပါသေးသည်။ ထိုမကောင်းသောအကြံအစည်များကို ‘သတိ’ တရားထားကာ တွေးလျှင် “တွေးတယ်၊ တွေးတယ်” ဟုရှုမှတ်ပြီး ပယ်ဖျောက်သွားမည်ဆိုလျှင် အကြံအစည်များ တဒင်္ဂမျှ ပယ်ဖျောက်နေသည့်အတွက် ပုထုဇဉ်ပင် ဖြစ်စေကာမူ တုနှိုင်းမမီ အရိယာတို့၏ စံအိမ်တော်ကြီးတွင် ခေတ္တနေထိုင်နိုင်ကြကာ အရိယာနှင့်တူအောင် ကျင့်နေသည်မည် ပါပေသည်။
အဋ္ဌမမြောက် စံအိမ်တော်ကြီး
ပဿဒ္ဓ ကာယသင်္ခါရော
ကာယသင်္ခါရော ဟူသည် ထွက်သက်ဝင်သက်ကို ဆိုလိုပါသည်။
ဝင်သက်ထွက်သက် ငြိမ်းနေခြင်းသည်လည်း အဋ္ဌမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေးတစ်ခုဖြစ်ပေသည်။
ထွက်သက်ဝင်သက် ငြိမ်းသည်ဟု ဆိုရာဝယ် ၀ိပဿနာတရားအားထုတ်၍ ၀ိပဿနာနှင့်ယှဉ်သော စတုတ္ထဈာန်ရရှိနေသူများသည် ထွက်သက် ၀င်သက် မရှိဘဲ ငြိမ်းအေးနေသည့်သဘောကို ဆိုလိုပေသည်။
န၀မမြောက် စံအိမ်တော်ကြီး
သုဝိမုတ္တစိတ္တော
အရိယာပုဂ္ဂိုလ်များတွင် လောဘ၊ဒေါသ၊မောဟ ကိလေသာများမှ ကောင်းစွာလွတ်သော စိတ်ရှိနေခြင်းသည် န၀မမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်အသွေး တစ်မျိုးပါပေ။ တရားရှုမှတ်ရာဝယ် ရှေ့အမှတ်နဲ့ နောက်အမှတ်တို့ ဆက်စပ်မိအောင် ရှုမှတ်နိုင်လျှင် စိတ်ဟာလည်း အခြေခံ အဆင့်ဖြစ်သည့် စိတ်တည်ငြိမ်မှုများ ဖြစ်ပေါ်လာသည်။ ရှုမှတ်မှုစင်ကြယ်သောကြောင့် စိတ်ဖြူစင်လာသည့် သဘောပင်ဖြစ်သည်။ ထိုမှတစ်ဆင့် ဆက်လက်ရှုမှတ်လျှင် စိတ်တည်ငြိမ်မှုအားကောင်းလာကာ တစ်ခဏမျှ မရှုမှတ်ပေမယ့် စိတ်သည် လောဘစသည့်ကိလေသာမှ ကင်းနေပါသည်။ ထိုသို့ ကိလေသာများသည် တဒင်္ဂ (တစ်ခဏမျှ) ၀ိခမ္ဘဏ (တစ်အောင့်ကြာမျှ) ကင်းနေခြင်းသည် ပုထုဇဉ်ပင်ဖြစ်စေကာမူ န၀မမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၌ နေထိုင်နိုင်ကြကာ အရိယာနဲ့တူအောင် ကျင့်နေသည်မည်ပါပေသည်။
ဒသမမြောက် စံအိမ်တော်ကြီး
သုဝိမုတ္တပညော
အရိယာပုဂ္ဂိုလ်များသည် သူတို့၏ စိတ်တွင် လောဘစသော ကိလေသာများ လုံးဝမရှိ ၊ ကိလေသာမှ လွတ်နေသည်ဟု သိသော ပညာသည် ဒသမမြောက် တုနှိုင်းမမီ စံအိမ်တော်ကြီး၏ အရည်သွေးပင်ဖြစ်ပေသည်။
အချူပ်ဆိုရသော် တုနှိုင်းမမီ စံအိမ်တော်ကြီး (၁၀)မျိုးတွင် အရိယာပုဂ္ဂိုလ်များ နေထိုင်တော်မူနိုင်ကြသကဲ့သို့ ပုထုဇဉ်များ သည်လည်း တရားရှုမှတ်မှု စွမ်းရည်မြင့်မားလာလျှင် ထိုတုနှိုင်းမမီ စံအိမ်တော်ကြီးများ၌ ခေတ္တနေထိုင်နိင်ကြသကဲ့သို့ အရိယာနှင့်တူအောင် လည်း ကျင့်သုံးနေခြင်းဖြစ်သည်ကို စာဖတ်သူများ သိစေချင်ပါသည်။ ထိုသို့သိမြင်ပြီး ကြိုးစား၍ တရားရှုမှတ်လျှက် တရားအားထုတ်မှုစွမ်းရည်များ တိုးတက်မြင့်မှားလာကာ အခွင့်သာခိုက် တကယ့်ကိုယ်ပိုင်ဖြစ်သော တုနှိုင်းမမီ စံအိမ်တော်ကြီးတွင် စိတ်ချလက်ချ နေထိုင်နိုင်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတော့သတည်း။
စိတ်နေသန့်ရှင်း၊ ဘေးရန်ကင်း၊ လွန်မင်းချမ်းသာကြပါစေ
၂၀.၄.၂၀၀၈ တနင်္ဂနွေနေ့၊ 8:13, PM

Twitter Delicious Facebook Digg Stumbleupon Favorites More