This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, February 26, 2008

မန္တလေး၊ရတနာပုံဈေးကြီး မီးဘေးသင့်

မန္တလေး၊ ရတနာပုံဈေးကြီး မီးဘေးသင့်ခဲ့ရပြီ ၊ ထိုသတင်းကို ဒီမှာ ကြည့်နိုင်ပါသည်

သာသနာတော်သည် အရွတ်သာသနာမဟုတ်ပါ

မတ်ဗုဒ္ဓ ဆုံးမဟောကြားတော်မူခဲ့သော တရားတော်များ မူရင်းအတိုင်း မကွယ်ပျောက်စေရန် ပထမသင်္ဂါယနာမှသည် ဆဋ္ဌသင်္ဂါယနာအထိ ထေရ်အရှင်တို့ အသက်ပေး၍ လက်ဆင့်ကမ်းထိန်းသိမ်းတော်မူခဲ့ကြသော သုတ်,၀ိနည်း, အဘိဓမ္မာ တရားတော်ဆိုင်ရာများကို ထေရ၀ါဒ သာသနာ ဟု ခေါ်ဆိုကြပါသည်။

ထေရ၀ါဒ သာသနာတော်ကြီးသည် ယခုအခါ နေ၊လကဲ့သို့ ထွန်းပြောင်နေပါလျှက် ထေရ၀ါဒသာသနာကို ကာကွယ်ရန်ဟု အသံကောင်းဟစ်ကာ ဥုံ၊သြောင်းစသည့်အမန်းအမှုတ်၊အရွတ်အဖတ်၊ ဓါတ်ရိုက်ဓါတ်ဆင်၊ဗေဒင်၊ယတြာ၊ဓါတ်ကျသည်ဆိုကာ ဘုရားတည်ခြင်းစသည့် သာသနာနှင့်မဆိုင်သည့် လုပ်ရပ်များသည် သာသနာတွင်းသို့ ၀င်ရောက်ပူးသတ်လျှက်ရှိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းပေါ်တွင် G-talk ဖြင့်သော်လည်းကောင်း၊ G-mail ဖြင့်လည်းကောင်း၊ massage ပို့၍ မေးမြန်းကြပါသည်။ တစ်ချို့ဆိုလျှင် ထေရ၀ါဒသာသနာကို ကာကွယ်ရန်ဟုဆိုကာ မမှန်ကန်သောနည်းတို့ဖြင့် မည်သို့ပြုလုပ်ရမည်၊ မည်သို့ ရွတ်ဆိုရမည်ဟု တိုက်တွန်းထားသည့် massages များလည်း စာရေးသူထံသို့ ရောက်ရှိလာတတ်ပါသေးသည်။
တစ်နေ့ စာရေးသူ၏ E-mail ကို check လုပ်ကြည့်ရာ E-mail, inbox တွင် ထေရ၀ါဒသာသနာ တည်ရှိဖို့ ဘာ့ကြောင့် အရေးကြီးသနည်း ဟူသော title ဖြင့် မေးလ်တစ်စောင် ၀င်ရောက်လာသည်ကို သိလိုက်ရပါသည်။ ထိုမေးလ်တွင်- အဆိုတော်နီနီဝင်းရွှေ သီဆိုထားသည့် သြောင်း နမော တေ ဗုဒ္ဓါနုဘာဝေန စသည့် စာကြောင်းကို ည(၉)နာရီတွင် ကိုးခေါက်ရွတ်ပြီး၊ ကြေးစည်(၉)ချက်တည်း၍ လည်းကောင်း၊ ည(၁၁)နာရီတွင် (၁၁)ခေါက်ရွတ်ပြီး ကြေးစည်(၁၁)ချက်တီးလျှင် သာသနာဖျက်တွေကို နတ် နဂါး ဂဠုန် စသည်တို့က တိုက်ဖျက်လိမ့်မည်ဖြစ်ကြောင်း ရေးသားထားပါသည်။ သူတို့ ရည်ရွယ်ချက်က “ထေရ၀ါဒသာသနာတော်ကို ကာကွယ်ရန်” ဟူ၍ ဖြစ်သည်။
အမှန်စင်စစ် ဥုံ သြောင်း ခံပြီး ရွတ်ဆိုကာမျှဖြင့် ထေရ၀ါဒသာသနာကို မကာကွယ်နိုင်ပါချေ၊ အဘယ်ကြောင့်နည်းဟူမူ -
(၄၅)၀ါပတ်လုံး မြတ်ဗုဒ္ဓဟောတော်မူခဲ့သော ပိဋကတ်သုံးသွယ်၊နိကာယ်ငါးရပ်တွင် ဥုံ ၊ သြောင်း ဆိုသည့် စာလုံးများကို လုံ့ဝ မတွေ့ခဲ့ရပါ။ ထိုစကားလုံးတို့သည် ဗြဟ္မဏ၀ါဒမှဆင်းသက်လာခဲ့သည့်အရာများဖြစ်ဟန်တူပါသည်။
ထိုတိုက်တွန်းစာပါသည့် E-mailကို Forward လုပ်ကာ ပို့ထားသည်ဖြစ်၍ စာရေးသူနည်းတူ လက်ခံရရှိသောသူများလည်း အများအပြားရှိကြပေမည်။ ထိုသို့ရရှိထားပါက ဥာဏ်ဖြင့် ချင့်၍ယုံကြည်ကြပါရန် သတိပေးလိုက်ရပါသည်။ ထိုမေးလ်၌ ဆိုခဲ့ပြီးသည်အတိုင်း ည(၉)နာရီတွင် (၉)ခေါက်ရွတ်ပြီး ကြေးစည်(၉)ချက်တီး၊ ည(၁၁)နာရီတွင် (၁၁)ခေါက်ရွတ်ပြီး ကြေးစည်(၁၁)ချက်တီးပါက ထေရ၀ါဒသာသနာကို ကာကွယ်နိုင်မည် ဟူသတတ်။ အမှန်စင်စစ် ထေရ၀ါဒသာသနာကို လုံးဝ မကာကွယ်နိင်သည့်အပြင် မည်သည့်အရာမျှလည်း ဖြစ်လာလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်နည်းဟူမူ ဘုရားသာသနာတော်ကြီးသည် အရွတ်သာသနာမဟုတ်၊ အကျင့် သာသနာဖြစ်သောကြောင့် ဖြစ်ပါသည်။ ထေရ၀ါဒစကားလုံးကို တွင်တွင်ကြီး သုံးစွဲကာ သာသနာပြုဆိုသူများသည် မမြင်ရသော အထက်ဆရာကြီးဆိုသူများ၏ အမိန့်အာဏာ ဟုဆိုကာ အရွတ်အဖတ်တို့ဖြင့် လမ်းဆုံးနေကြသည်မှာ စိတ်ပျက်ဖွယ်ရာကောင်းလှပါသည်။ ထေရ၀ါဒ သာသနာတော်ကြီးကို ကာကွယ်ပေးပါမည် ဟု သူခိုးက လူလိုဟစ်ကာ သာသနာတော်ကြီးကို ဖျက်လိုဖျက်ဆီးပြုလုပ်နေကြပါသည်။
တစ်ခါက စာရေးသူတို့မြို့တွင် လောကီအစီအရင်ဘက် ဗေဒင်၊ယတြာချေရာတွင် နာမည်ကြီးသော ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ဖူးသည်။ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး စသည်များ တိုးတက်ကောင်းမွန်စေရေးအတွက် ထိုဆရာတော်၏ လမ်းညွန်ချက်ဖြင့် ဖြတ်လမ်းမှ ဖြေရှင်းလိုကြသောသူများသည် မြတ်ဘုရား၏ တရားတော်များကို ခုတုံးလုပ်ကာ လွဲမှားသောနည်းဖြင့် အသုံးချနေကြသည်မှာ သာသနာတော်အတွက် စိတ်ပျက်ဖွယ်ရာကောင်းလှပါသည်။ ဤ၌ သိသာရန် တင်ပြလိုပေသေးသည်။
တစ်နေ့သ၌ လူတစ်ယောက်သည် ကျောင်းထိုင်ဆရာတော်ကြီးထံသို့ လာရောက်ကာ သူတို့အိမ်၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာ ပြုလုပ်ချင်သည့်အတွက် သံဃာတော် ငါးပါး ကြွရောက်ပါရန် လျှောက်ထားပါသည်။ ထိုပင့်လျှောက်ချက်ကို ဆရာတော်ကြီးက လက်ခံခဲ့သဖြင့် လက်ထောက်ဘုန်းကြီးနှင့်တကွ သံဃာတော် (၅)ပါး ထိုအိမ်သို့ သွားရောက်ခဲ့ရသည်။ အိမ်သို့ရောက် သည်နှင့် ဘုရားဆောင်အရှေ့ထိုင်ပြီး ဘုရားရှိခိုးရန်ဘုရားအဆောင်ကို ဖူးမျှော်သောအခါ သာသနာပြင်ပမှ ပုဂ္ဂိုလ်များ၊ တစ်ခြားဘာသာမှ ပုဂ္ဂိုလ်များသည် ဘုရားနှင့်တန်းတူ ပိုင်စိုးပိုင်နင်း နေရာဝင်ယူထားသည်ကို တွေ့ခဲ့ရပါသည်။
ဘုရားအဆောင်ပေါ်တွင် အန်းကုန်း ၊ကွမ်ရင် ၊ ဒူးထောင် ပေါင်ကား ဘိုးမင်းခေါင် ရုပ်ပွား၊ ဗိုက်ပူနံကားး ဖိုးတည်ဘွား၊ ဘိုးဘိုးအောင်စသည့် ရုပ်တုအမျိုးစုံတို့သည် ဘုရားနှင့် တန်းတူနေရာ၌ နေရာယူထားကြသောကြောင့် မည်သည့်ရုပ်တုကို ရှိခိုးရမှန်းမသိ ဖြစ်နေပါသည်။ ထိုရုပ်တုများကို ဘုရားနှင့် တန်းတူ အခွင့်အရေးပေးထားသည့်အတွက် အိမ်ရှင်များ ဘာသာရေးတွင် သဘောတော်ကောင်းလှသည်ဟု ခန့်မှန်းရပါသည်။ ထို့ပြင် ထိုအိမ်ရှင်၏ သဒ္ဓါတရား မည်မျှရှိသည်ကို ဖေါ်ညွန်းထားသကဲ့သို့ လည်း ဖြစ်နေပေသည်။
ဤသို့ဖြင့် သီလယူအပြီးတွင် ပရိတ်တရားချီးမြှင့်ရန် စတင်သောအခါ အိမ်ရှင်က ရွတ်ရမည့် မန္တာန်များနှင့် အစဉ်အတိုင်းရွတ်ရမည့် မန္တာန်များကို သံဃာတော်များအား သင်ကြားပါလေတော့သည်။ သံဃာတော်များ ထိုကဲ့သို့ ရွတ်ဆိုရမည်ကို မည်သူက လမ်းညွန်ထားပါသနည်းဟု စာရေးသူက မေးလိုက်သောအခါ ( )မြို့က ဆရာတော်ကြီးတစ်ပါး၏ လမ်းညွန်ချက် ဖြစ်ပါသည်ဘုရား၊ သူလမ်းညွန်သည့်အတိုင်း ပြုလုပ်လျှင် အောင်မြင်သည်က များပါသည်ဘုရား ဟု ပြန်လည်လျှောက် ထားလာပါသည်။ အော်…….အံ့သြဖွယ်ကောင်းလေစွ၊ လေးသင်္ချေနှင့်ကမ္ဘတစ်သိန်း ပါရမီတွေပြုတော်မူခဲ့သည့် မြတ်ဗုဒ္ဓ၏ တရားတော်များကို ဤမျှဖြင့် တန်ဖိုးဖြတ်လိုက်သည်မှာ ၀မ်းနည်းဖွယ်ကောင်းလေစွ။
ဤသို့ဖြင့် ထိုနာမည်ကြီးဆရာတော်ကြီး၏ လမ်းညွန်ချက်အတိုင်း--
ရှေးဦးစွာ ပရိတ်မရွတ်မီ လက်၌ စိပ်ပုတီးကိုင်ထားရပါသည်။ ပဋ္ဌာန်း(၂၄)ပစ္စည်း တစ်ခေါက်လျှင် ပုတီးတစ်လုံးချ၊ ပုတီးက (၁၀၈)လုံးဆိုတော့ (၂၄)ပစ္စည်း အကြိမ်ပေါင်း (၁၀၈)ကြိမ် ရွတ်ဆိုပေးရပါမည်…..တဲ့ ။ ထိုမျှနှင့်မပြီးသေး….
သမ္ဗုဒ္ဓေ (၂၄)ခေါက်ကို ပုတီးတစ်လုံးနှုန်းနှင့် (၁၀၈) ကြိမ်ရွတ်ဆိုရပါမည် ၊ ထို့ပြင် မေတ္တာသုတ် တစ်ခေါက်ရွတ်ဆိုပြီးလျှင် ပုတီးတစ်လုံးချ ၊ မေတ္တာသုတ်ပေါင်း( ၁၀၈)ကြိမ် ရွတ်ဆိုပေးရဦးပါမည်၊ မင်္ဂလာသုတ်လည်း ထိုနည်းတူ ရွတ်ဆိုပေးရဦးပါမည်။ ထိုစဉ်က ပါးစပ်မှ အမြုပ်ထွက်မတတ် ရွတ်ဆိုခဲ့ရသည်ကို မြင်ယောင် မိပါသည်။ ထိုသို့ ရွတ်ဆိုနေကြစဉ် အိမ်ရှင်များက သံဃာတော်များ၏ မျက်မှောက်၌ နေရကောင်းမှန်းမသိ ၊ သူတို့နှင့် မဆိုင်သလို အိမ်အောက်ထပ်သို့ တစ်ယောက်မကျန် ဆင်းသွားကြလေတော့သည်။
သံဃာတော်များသည် သူတို့ခိုင်းသည့်အတိုင်း ရွတ်ဖတ်ပေးတော်မူနေကြလျှင် သူတို့၏ မဟာကိစ္စကြီး အောင်မြင်နိုင်သည်ဟု ထင်မြင်ယူဆထား၍လားမသိ၊ သံဃာတော်များ ရွတ်ဆိုနေကြသည်ကို လုံးဝနာယူခြင်းမရှိပေ။ အမှန်စင်စစ် ထိုရွတ်ဖတ်ပူဇော်မှုကို လေးစားစွာနာယူမှသာလျှင် ကုသိုလ်ရနိုင်ပါသည်။ သံဃာတော်များ ရွတ်ဖတ်ရုံမျှဖြင့် သူတို့တွင် ကုသိုလ်မရနိုင်သည့်အပြင် ကောင်းသောကံများလည်း ဖန်တီးပေးနိုင်မည်မဟုတ်ချေ။
ထိုနေ့က သူတို့ပြောသော အစီအစဉ်အတိုင်း ရွတ်ဆိုပြီးဆုံးသော်လည်း သံဃာတော်များထံသို့ လာရောက်ခြင်းမရှိကြတော့ပေ။ ပြန်ခါနီးကျမှ လာရောက်နှုတ်ဆက်ကြလေတော့သည်။ ထိုသို့ရွတ်ဆိုရသည်မှာ တစ်ရက်လည်းမဟုတ် သုံးရက်တိုင်တိုင်ပင်ဖြစ်သည်။ နံနက်(၄)နာရီအချိန်တွင် ထိုအိမ်သို့ သံဃာတော်များ ကြွကြရသည်၊ အိမ်သို့ရောက်သည်နှင့် သူတို့၏လမ်းညွန်ချက် မဟာဗျူဟာအတိုင်း စတင်ကာ ရွတ်ဆိုရပါသည်။ အရုဏ်တက်လျှင် အာရုံဆွမ်း ဆက်ကပ်ပါသည်၊ ပြီးလျှင် သူတို့ခိုင်းသည့်အတိုင်းထပ်မံ၍ ရွတ်ကြရပေဦးမည်။ ယင်းသို့ဖြစ်ရခြင်းသည် မည်သည့်အကြောင်းကြောင့်ပါနည်း။ စုံစမ်းသော အခါ အဆိုပါနာမည်ကြီး ဆရာတော်ကြီး၏ လမ်းညွန်ချက်ဖြင့် ထိုဆရာတော်ပြောသည့်အတိုင်း ပြုလုပ်ပေးလျှင် ဆုံးရှုံးတော့မည့် (၃၀၀)ကျော်တန် တိုက်ခန်းလည်း ပြန်လည်ရရှိမည်ဖြစ်သောကြောင့်တည်း။ ရှုံးဆုံးတော့မည့် တိုက်ခန်းကို ပြန်လည်ရလိုမှုကြောင့် သံဃာတော်များကို သူတို့ မညှာမတာ ခိုင်းစားနေကြသည် ၊ ဟု ပြောလျှင် ထိုသူများ ကျေနပ်နိုင်မည် မဟုတ်ချေ။ အမှန်စင်စစ် သူတို့သည် ရတနာသုံးပါးကို ကြည်ညိုသယောင်ယောင်နှင့် သံဃာတော်များကို ခိုင်းစားနေကြခြင်းဖြစ်သည်။ မိမိရလိုမှုတစ်ခုတည်းကိုသာရှေးရှုပြီး ဘုရားမျက်နှာကိုမျှမထောက် အရှက်မရှိ သာသနာကို ခုတုံးလုပ်နေကြခြင်းဖြစ်ပါသည်။ နောက်စုံစမ်းကြည့်သောအခါ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ထိုမြို့တွင် အလွန်ပေါများစွာရှိနေသည် ဟု သိရပါသည်။ သီလရှင်များကိုပင်လျှင် အလွတ်မပေးကြ ဟု သိရပါသည်။ အကြောင်းသိသော ရဟန်းတော်များ ၊ သီလရှင်များသည် ထိုကဲ့သို့ ပင့်လျှောက်လာလျှင် နောက်နောင် လုံးဝ မလိုက်ကြတော့ချေ။ စာရေးသူတို့အဖွဲ့သည် ကျောင်းမှဆရာတော်ကြီးအား မလွန်ဆန်နိင်သည့်အပြင် ထိုကိစ္စမျိုးကို လုံးဝမသိသောကြောင့် တစ်ကြိမ်တည်းသာ လိုက်သွားရပါသည်။ ယခုအခါ ထိုဆရာတော်ကြီးသည် ပျံလွန်တော်မူပြီ ဖြစ်သောကြောင့် ရဟန်းတော်များ/သီလရှင်များ ထိုအရွတ် အဖတ်ဒုက္ခမှ ကင်းဝေးခဲ့ကြရသည်မှာ ၀မ်းမြောက်ဖွယ် ကောင်းလေစွ။
ဤနေရာတွင် မြတ်ဘုရားသာသနာတော်ကို အရွတ်သာသနာဟု မှတ်ထင်နေ၍လောမသိပေ၊ အမှန်စင်စစ် မြတ်ဘုရားသာသနာတော်သည် အရွတ်သာသနာချည်း မဟုတ်သည့်အပြင် သိရှိရုံမျှဖြင့်လည်း ပန်းတိုင်သို့ မရောက်နိင်ပေ၊ ယနေ့ တစ်ချို့နေရာများတွင် သိရုံမျှဖြင့် တရားရနိုင်သည်ဟု ပြောဆိုဝါဒဖြန့်နေကြသည်ကို သတိထားကြစေလိုပါသည်။ ပန်းတိုင်ရောက်ရှိရန် သီလ ၊ သမာဓိ ၊ ပညာ ၊ မဂ္ဂင် (၈)ပါးအကျင့်လိုအပ်ပါသည်။ သိရုံမျှနှင့်ရနိုင်မည်ဆိုလျှင် သီလ၊သမာဓိ၊ပညာ အကျင့်တရားများကို မြတ်ဘုရား ဟောခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်မြတ်စွာဘုရားပွင့်တော်မူလာခြင်းသည် အရွတ်ချည်းအတွက် မဟုတ်တန်ရာ၊ မဂ္ဂင်(၈)တန် အကျင့်လမ်းမှန်ကို ညွန်ပြတော်မူရန်အတွက်သာ ပွင့်တော်မူလာရခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်နည်းဟူမူ၊ မြတ်ဘုရားမပွင့်သော သာသနာပအချိန်တွင် ဒါန ၊ သီလ၊ သမထ ဘာဝနာများ ရှိခဲ့ပါသော်လည်း မြတ်ဘုရားပွင့်တော်မူသောအခါတွင် သတိပဋ္ဌာန် ၀ိပဿနာအကျင့်တရား ပေါ်ပေါက်လာရသောကြောင့်ဖြစ်ပါသည်။
အလျင်းသင့်၍ ဖေါ်ပြလိုပါသေးသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးတွင် ရဟန်းသံဃာတော်များသည် မြတ်ဘုရားအား နောက်ဆုံး အန္တိမပူဇာသဘင် ကျင်းပနိုင်ရန်အတွက် သံဃာတော်အားလုံးကို ပင့်ဖိတ်၍ အစည်းအဝေးပွဲကြီး ကျင်းပကြပါသည်။ ထိုသံဃာတော်များတွင် ရဟန်းတော်(၃)ပါးသည် အစည်းအဝေးခေါ်ရာသို့ ကြွတော်မမူကြချေ၊ သံဃာတော်များသည် ထိုအကြောင်းကို မြတ်ဘုရားအား သွားရောက်လျှောက်ထားကြသောအခါ သိတော်မူလျှက် ရဟန်းတော်များအားလုံးကို သိစေချင်သောကြောင့် ထိုရဟန်းတော် ၃ ပါးကို ခေါ်တော်မူပြီး ‘ ချစ်သားတို့…ရဟန်းတော်များ ပြောတာမှန်ရဲ့လား….’ ဟုမြတ်ဘုရားက မေးတော်မူရာ ‘ မှန်ပါတယ်ဘုရား….တပည့်တော်များ အစည်းအဝေးမလာကြရခြင်းအကြောင်းက ပရိနိဗ္ဗာန်မပြုမီ မြတ်ဘုရားအား မဂ်ဖိုလ်ဖြင့် အမြတ်ဆုံးပူဇော်ကြမယ်လို့ တိုင်ပင်ပြီး တောထဲမှာ မဂ်ဖိုလ်အတွက် ကြိုးစားတရားအားထုတ်နေကြပါတယ်ဘုရား’ ဟု ရဟန်းတော်သုံးပါးက ပြန်လည် လျှောက်ထားကြပါသည်။ ထိုအခါ မြတ်ဘုရားက ‘ သာဓု……သာဓု……သာဓု’ ဟု တရားအားထုတ်နေသော ရဟန်း ၃ ပါးအား ချီးမွမ်းတော်မူလေသည်။ ထိုဖြစ်ရပ်ဖြင့် အကျင့်လမ်းစဉ်မှန်ကန်စွာ ကျင့်သုံးနိုင်ရေးသည် မြတ်ဘုရား၏ အလိုတော်ဖြစ်သည်မှာ ထင်ရှားလှပါသည်။
အချူပ်ဆိုရသော် အရွတ်အဖတ်စသော လိုရင်းမရောက်သည့် လုပ်ရပ်များကို ရပ်တန်းကရပ်ကြပြီး ထေရ၀ါဒနှင့်ကိုက်ညီသော သာသနာပြုလုပ်ငန်းများကို နည်းလမ်းတကျ ပြုလုပ်ကြခြင်းဖြင့် ထေရ၀ါဒသာသနာတော်ကြီးကို ကာကွယ်ကြရန်သာဖြစ်ပါသည်။ ထိုကြောင့် တန်ဖိုးမဖြတ်နိုင်သော ထေရ၀ါဒသာသနာတော်ကို လွဲမှားသောနည်းများဖြင့် မဖျက်ဆီးမိစေကြစေရန် တိုက်တွန်းရေးသားလိုက်ရပါတော့သတည်း

Sunday, February 24, 2008

ငွေရတုနှင့်ဗိမာန်တော် ရေစက်ချပွဲ

Type your summary here.

Type the rest of your post here.

ငွေရတုနှင့်ဗိမာန်တော် ရေစက်ချပွဲ

Type your summary here.

Type the rest of your post here.

Tuesday, February 19, 2008

ငွေရတုနှင့်ဗိမာန်တော် ရေစက်ချပွဲ

မြိတ်မြို့-အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာ၊ ဓမ္မ၀ိဟာရဗိမာန်တော်တွင် လှူဒါန်းသူများနှင့် ငွေရတုအတွက်လှူဒါန်းထားကြသော အွန်လိုင်းပေါ်မှ အလှူရှင်များသို့-
(၂၄.၂.၂၀၀၈) တနင်္ဂနွေနေ့နံနက် (၉)နာရီတွင် ဗိမာန်တော်ရေစက်ချပွဲ အခမ်းအနားစတင်ကာ
ရေစက်ချ အမျှပေးဝေမည်ဖြစ်ပါကြောင်း၊ အွန်လိုင်းပေါ်မှ ဗိမာန်တော်အလှူရှင်များအား
အသိပေးအပ်ပါသည်။
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ
ဦးကောဝိဒ(မြိတ်)

Type the rest of your post here.

Twitter Delicious Facebook Digg Stumbleupon Favorites More