This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 30, 2007

blogger အသစ်တစ်ယောက်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
ဒီမှာလည်း နောက်တစ်ယောက် blogger တစ်ဦးကို ကူညီကြပါဦး၊

blogger အသစ်တစ်ယောက်ကို ၀ိုင်းဝန်းကူညီပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
ဒီမှာလည်း နောက်တစ်ယောက် blogger တစ်ဦးကို ကူညီကြပါဦး၊

အားလုံးဖတ်ရအောငဇာဂနာ ရဲ့ဆိုဒ်လေးကို ညွန်ပြပေးထားပါတယ်

အားလုံးဖတ်ရအောငဇာဂနာ ရဲ့ဆိုဒ်လေးကို ညွန်ပြပေးထားပါတယ်

Friday, October 26, 2007

တွေးမိပါတယ်

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လမ်းမှာ လူတွေ၊ဆိုင်ကယ်၊တွေကလည်း ပျားပန်းခတ်မျှ ရှုတ်ထွေးနေတာပါပဲ ၊ ဖေါက်လိုက်တဲ့ ဗျောက်အိုး၊မီးပန်းတွေက လည်း နားငြီးလောက်အောင်ကိုပဲ။ အမှန်တကယ်ဆိုရင် ဒီသီတင်းကျွတ်လပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် နေ့ထူး နေ့မြတ်ကြီးတစ်ခုပါ။ မြတ်စွာဘုရားဟာ တာဝတိံသာမှာ မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလ အဘိဓမ္မာတရားဟောကြား ပြီး လူ့တို့ဌာနေသို့ ပြန်ကြွတော်မူလာတဲ့ နေ့ပါ။ ဗုဒ္ဓဘာသာဝင်များ ကုသိုလ်ယူရမယ့် နေ့တစ်နေ့ဆိုရင်လည်း မမှားပါဘူး၊ အခုတော့ တစ်ချို့သော လူငယ်များက သီတင်းကျွတ်ပြီဆိုပြီး အပျော်လွန်ကာ ဖောက်လိုက်တဲ့ဗျောက်အိုးအသံတွေက စစ်မြေပြင် ရောက်နေသလား အောက်မေ့ရတယ်။ မြတ်ဗုဒ္ဓ အဘိဓမ္မာဟောကြားပြီးလို့ လူ့ပြည်ပြန်ဆင်းလာတဲ့အထိမ်းအမှတ်နဲ့ မြတ်ဘုရားအား ဆီးမီးပူဇော်လာကြရာကနေ သီတင်းကျွတ်မီးထွန်းပွဲဆိုတာ ဖြစ်ပေါ်လာသလားပဲပေါ့။

စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)

Wednesday, October 24, 2007

နတ်ပြည်ဗြဟ္မာ့ပြည်ရှိ/မရှိပြဿနာ

ဒီအကြောင်း မေးထားတာတော့ကြာပါပြီ ယခင်ဖြေထားတာက ပြည့်စုံမှုမရှိဘူးဆိုလို့ စွမ်းနိုင်သလောက်ပြန်လည် ဖြေကြားပေးလိုက်ပါတယ်။
ဘာသာရေးဆိုင်ရာ အမေးပြဿနာများကို ဖြေကြားရာတွင် -
(၁) တိုက်ရိုက် ဖြေကြားခြင်း။
(၂) ဥပမာဖြင့် ဖြေကြားခြင်း။ ဟု နှစ်မျိုးရှိသည်ဟု ယူဆမိပါသည်။
သုံးဆယ့်တစ်ဘုံသည် သာမန်လူသားတို့ မမြင်နိုင်သောအရာ ဖြစ်နေသောကြောင့် ဥပမာ ဖြင့် ဖြေကြားရမည့် နံပတ်(၂) အမျိုးအစား ဖြစ်နေပါသည်။ ထို့ကြောင့် ဥပမာနှင့်တကွ စွမ်းနိုင်သလောက် ပြန်လည်ဖြေကြားပေးလိုက်ရပါသည်။
လူ့ပြည်၊ နတ်ပြည်၊ဗြဟ္မာ့ပြည်၊ အပါယ်လေးဘုံသည် ဗုဒ္ဓဘာသာဝင်များအတွက် လက်ခံယုံကြည်သောကြောင့် ပြဿနာ မရှိသော်လည်း ဘာသာခြားများ၊ ဘာသာမဲ့များက သူတို့ မမြင်နိုင်သော အရာဖြစ်သောကြောင့် လက်ခံယုံကြည်မှု မရှိသည်မှာ အဆန်းမဟုတ်ပါချေ။

ဥပမာ-
အမေမွေးကတည်းက မျက်စိနှစ်ကွင်းအလင်းမရသောသူများအား ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ အရာဝတ္ထုများကို ညွန်ပြသော်လည်း မသိမြင်နိုင်ချေ။
မသိမြင်သောကြောင့် မယုံကြည်နိုင်ဟု ပြောဆိုယူဆလျှင် ထိုအယူအဆသည် မှားသော အယူအဆသာဖြစ်ချေမည်။အဘယ့်ကြောင့်ဆိုသော် မိမိမမြင်သော်လည်း တကယ်ရှိသော အရာဝတ္ထုများကို မျက်စိမြင်သော(အမြင်အားကောင်းသော) လူအများက သိမြင်နေခြင်းကြောင့် ဖြစ်ပါသည်။
ထို့အတူ အ၀ိဇ္ဇာအမှောင်ဖုံးနေသောပုထုဇဉ်လူသားများသည် နတ်ပြည်၊ဗြဟ္မာ့ပြည်စသည်များကို သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ ထိုသို့ မမြင်နိုင်သောကြောင့် မရှိနိုင်ဘူး၊ဟု ထင်မြင်ယူဆလျှင် မှားသော အယူအဆသာဖြစ်ချေမည်။ အဘယ်ကြောင့်ဆိုသော် ဘုရား ၊ ရဟန္တာ ၊ အရိယာ ဈာန်အဘိဥာဉ်ရရှိပြီးသော သူများသည်သာ ၀ိဇ္ဇာတည်းဟူသော ဥာဏ်မျက်လုံးဖြင့် ထိုထိုဘုံများကို မြင်နိုင်သောကြောင့် ဖြစ်ပါသည်။ ဟု ဖြေကြားလိုက်ပါသည်။ သို့သော်လည်း အဖြေကို ပို၍ ပြည့်စုံအောင် ကျယ်ကျယ်ပြန့်ပြန့် ဖြေကြားပေးစေလိုကြောင်း၊ online ပေါ်ကနေ မေတ္တာရပ်ခံ လာသောကြောင့် ထပ်မံဖြည့်စွက်၍ အဖြေပေးလိုက်ရပြန်ပါသည်။
ဥပမာ- ၂-
စင်္ကာပူနိင်ငံသို့ မရောက်ဖူးသော လူတစ်ယောက်သည် စင်္ကာပူနိုင်ငံကို မရောက်ဖူးသော်လည်း ထိုနိုင်ငံသည်ံ မရှိနိုင်၊ ဟု ထင်မြင်ယူဆလျှင်ကား မှားသော အယူအဆသာဖြစ်ချေမည်။ အဘယ်ကြောင့်ဆိုသော် မိမိ မရောက်ဖူးသော်လည်း ထိုစင်္ကာပူနိုင်ငံသို့ ရောက်ဖူးသူများ ရှိနေသောကြောင့်ဖြစ်ပါသည်။
ဥပမာ-၃-
သင်္ဘောဖြင့် ပင်လယ်ခရီးသွားရာဝယ် အလွန်ဝေးသော တစ်နေရာ၌ သင်္ဘောတစ်စီး ခုတ်မောင်းနေ၏ ။ ထိုအခြင်းအရာကို သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ အဝေးကြည့်မှန်ဘီလူးအားဖြင့် အကူအညီယူ၍ ကြည့်မှသာလျှင် သဘောင်္ခုတ်မောင်းနေသည်ကို တွေ့မြင်ရ၏ ဆိုလိုသည်မှာ သာမန်မျက်စိဖြင့် မမြင်ယုံမျှနှင့် မရှိဘူးဟု ထင်မြင်ယူဆ၍ မရနိုင်ပါချေ။ အဘယ်ကြောင့်ဆိုသော် အဝေးကြည့်မှန်ဘီလူးအားဖြင့် အသုံးပြုသော အခါ မြင်ရခြင်းကြောင့် ဖြစ်ပါသည်။
ဥပမာ-၄-
လူသားတို့၏ ခန္ဓာကိုယ်၌ သာမန် မျက်စိဖြင့် မမြင်နိုင်သော virus (ဗိုင်းရပ်စ်)ပိုးများ ကိုမြင်တွေ့လိုသော် အဆပေါင်းများစွာ ချဲ့၍ ကြည့်ရသော တယ်လီစကုတ် (ခေါ်) မှန်ဘီလူးဖြင့် ကြည့်လျှင် မြင်တွေ့နိုင်ပါသည်။
ဥပမာ-၅-
တစ်ခါက ရေထဲ၌ ငါးနှင့် လိပ်တို့ နေထိုင်ကြ၏ ၊ တစ်နေ့သောအခါ လိပ်သည် ကုန်းပေါ်သို့ တက်ရောက်ကာ ဟိုဟိုဒီဒီသွားခြင်း ဖြင့် သစ်ပင်၊ တော၊ တောင် ၊ပန်းမာလ် အခြားတိရစ္ဆာန်များကို တွေ့မြင်ခဲ့ရသည်။ ထိုလိပ်သည် သူတွေ့မြင်ခဲ့ရသည်များကို ရေထဲရှိ ငါး,အား ပြောကြားပါသော်လည်း ငါး,သည် ထိုအရာများကို မမြင်နိုင်သောကြောင့် “ မဖြစ်နိုင်” ဟုဆိုကာ မယုံကြည်နိုင်ဖြစ်နေရလေသည်။ ကုန်းပေါ်၌ သစ်ပင်၊ရေ၊မြေ၊တော၊ တောင်၊ များ ရှိခြင်းအကြောင်းကို ကုန်းပေါ်သို့ ရောက်ဖူးသော သူများသာ သိမြင်၍ ယုံကြည်နိုင်ကြ သည်။
ဥပမာ-၆-
လောက၌ စိတ်တည်ငြိမ်ကြောင်း ကျင့်စဉ်တရားများကို လိုက်နာကျင့်သုံးကြခြင်းဖြင့် စိတ်တည်ငြိမ်မှုကို ရရှိကြသည်။ ထိုသို့ စိတ်တည်ငြိမ်မှုရရှိသောကြောင့် စိတ်ချမ်းသာကြရသည်။ ထိုကဲ့သို့ စိတ်ချမ်းသာသောသူများသည် သူတို့၏ စိတ်ချမ်းသာကြောင်းအကျင့်တရားများကို မည်မျှပင် ဟောပြောစေကာမူ၊ ၎င်းကျင့်စဉ်ကို ကိုယ်တိုင်လက်တွေ့မကျင့်ဖူး သောသူများက လက်မခံနိုင်ပါချေ။ ထိုသို့ လက်မခံနိုင်ခြင်းသည် မှားသောထင်မြင်ယူဆ ချက်သာ ဖြစ်ချေမည်။ အဘယ်ကြောင့်နည်း ထိုလက်တွေ့ကျင့်စဉ်များကို ကျင့်သုံး၍ စိတ်တည်ငြိမ်ကာ စိတ်ချမ်းမြေ့မှုအရသာကို လက်တွေ့ခံစားရသော သူများစွာ ရှိနေသောကြောင့် ဖြစ်ပါသည်။
ဥပမာ-၇-
တစ်ခါက ဆရာတစ်ယောက်သည် စာသင်ခန်းထဲတွင် သင်ပုန်း၏အနောက်ဖက်၌ “နိဗ္ဗာန်”ဟုစာလုံး ရေးထားပြီး၊ “တပည့်တို့ နိဗ္ဗာန်ကို မြင်ကြရဲ့လား” ဟု မေးရာ တပည့်များက “ မမြင်ပါဘူးဆရာကြီး” ဟု အားလုံးပြန်ဖြေကြသည်။ ဆရာက “တပည့်တို့ ဒီအတိုင်းနေရုံနဲ့ နိဗ္ဗာန် မမြင်နိုင်ဘူး၊ ဒီလမ်းအတိုင်းသင်ပုန်းရှိရာ လျှောက်လာ ပြီး သင်ပုန်းအနောက်သို့ ရောက်လျှင် ရေးထားသော နိဗ္ဗာန်ကို မြင်ရလိမ့် မယ်” ဟု ပြောခဲ့သည်။ ထို့အတူ နတ်ပြည်စသော ဘုံဌာနများသည် ဒီအတိုင်းနေရုံမျှနှင့် မြင်နိုင်သူ ရှားလှပါသည်။ အမှန်စင်စစ် မြင်နိုင်သော လမ်းကို အဆုံးတိုင်အောင် လျှောက်လမ်းနိုင်မှာသာလျှင် နတ်ပြည်စသည် သိမြင်နိုင်ပါသည်။
ဥပမာ-၈-
ဆက်လက်၍ ပြောလိုသည်မှာ- ရုပ်ရှင်မင်းသားဦးကျော်ဟိန်းက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးဝိစိတ္တသာရာဘိဝံသ (အသက်ထင်ရှားရှိစဉ်က)အား မေးလျှောက်ဖူး၏။ “ အရှင်ဘုရား…နိဗ္ဗာန်ဆိုတာ အမှန်တကယ်ရှိသလားဘုရား” ဟု မေးသောအခါ ဆရာတော်ကြီးက မျက်နှာတော်တင်းသွားပြီး “ ဘာလဲ မင်းက ဗုဒ္ဓဘာသာကို စော်ကားတာလား” “ မဟုတ်ပါဘူးဘုရား” “ တပည့် တော် တကယ်သိချင်လို့ပါဘုရား” ၊ “ အေး မင်းမှာ နိဗ္ဗာန်ရောက်နိုင်တဲ့ လမ်းစဉ်ကို ကျင့်သုံးမှုမရှိဘဲနဲ့ နိဗ္ဗာန် ဘယ်မှာရှိတယ်ဆိုတာ ဘယ်လောက်ပြောပြော သိနိုင်မှာ မဟုတ်ဘူး၊ သိချင်ရင် ကျင့်ရတယ်”၊ ဟူ၍ ဖြစ်၏ ။
ဆရာတော်ကြီး၏ အဖြေလိုပါပဲ၊ နတ်ပြည် ဘယ်နေရာ၌ ရှိသည်ကို၊ သိချင်တယ်ဆိုရင် ပေးကမ်းစွန့်ကျဲမှု၊ကိုယ်ကျင့်တရား၊ အဖန်ဖန်အထပ်ထပ် အားထုတ်မှု (ဒါန၊သီလ၊ဘာဝနာ) များကို ကျင့်သုံးလျှင် မည်သည့်နေရာ၌ နတ်ပြည်ရှိသည်ဟုသိနိုင်သည့်အပြင်၊ သမထဘာဝနာပွား၍ သမထဈာန်ရရှိပြီး ၄င်းဈာန်များ မဆိတ်သုဉ်းခဲ့လျှင် ဗြဟ္မာ့ပြည်အထိ သိနိုင်ရောက်နိုင်ပါသည်။ ထိုရောက်နိုင်ကြောင်း အကျင့်တွေကို လိုက်နာကျင့်သုံးမှု မရှိဘဲ နတ်ပြည်စသည် မရှိနိင် ဟု ထင်မြင်မယူဆသင့်ပါ။
တကယ်သိချင် တကယ်လုပ် အဟုတ်သိနိုင်ရောက်နိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတော့သတည်း။
စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း၊ လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)

Twitter Delicious Facebook Digg Stumbleupon Favorites More