This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, October 3, 2006

-တရားရှုမှတ်လို့ရတဲ့ လက်င်းအကျိုးကတော့ ငါးမိနစ် ရှုမှတ်နိုင်ရင် ငါးမိနစ်

လောဘာ ဒေါသ ကိလေသာတွေ ကင်းနေပါတယ်။

ဆယ်မိနစ် ရှုမှတ်နိုင်ရင် ဆယ်မိနစ် အကုသိုလ်တွေ ကင်းနေပါတယ်။

-Meditating for five minutes gives us a five-minute respite

from greed (lobha), anger (dosa)etc-the defilements of the soul.

If we can make it a ten-minute task, we are free from

demerits (akusala)for ten minutes.

-အနှစ်ကို အကာ၊ အကာကို အနှစ်ဟု ထင်မြင်ယူဆလျှင် အနှစ်ရှိသော တရားကို မရနိုင်ဘူး။

-If you tend to confuse the yolk and the white, the essence and the

trivialities, you willn never be able to savour the essence

of the Buddha's teachings.

-အနှစ်ကို အနှစ် အကာကို အကာဟုသိမှ အနှစ်ရှိသော တရားကို ရနိုင်မယ်။

-Only if you can distinguish between the essence and

the trivialities, you will be able to grasp the essence of the
Dhamma.

-သတိပဋ္ဌာန်တရား အားမထုတ်လျှင် ဘုရားပွင့်တာ ကိုယ့်အတွက် ပွင့်တာ မဟုတ်ဘူး။

-If one does not practise Satipatthana (four doctrines of mindful meditation),

one does not reap the fruits of the Buddha sasana (Era of dispensation of

Buddha's teachings).

-တရားအားထုတ်လို့ ရုပ်တရား နာမ်တရား

အကြောင်းအကျိုး အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ သဘောမှန်တွေကို သိလို့

ဝိပဿနာဥာဏ်တွေ ဖြစ်မယ်ဆိုရင် ဘုရားပွင့်တာလည်း

ကိုယ့်အတွက် ပွင့်ရာရောက်တယ် ။ လူဖြစ်ရကျိုးလည်းနပ်တယ်။

-Only if one practises vipassana and attain vipassana knowledge and

wisdom through real understanding of the ultimate truths (matter and mind,

cause and effect. impermanence suffering and egoless ness), one reaps

the fruits of Buddha sasana . One also is worthy of being called a human being.

-သူများကြည်ညိုအောင်က လွယ်ပါတယ်။ ကိုယ့်ကိုယ်ကို ကြည်ညိုအောင် လုပ်ဖို့ခက်တယ်။

-It is more difficult to cultivate selfrespect than to make others respect you.

-ကိုယ့်ရဲ့အပြစ် ဖေါ်ပြဆုံးမသော ပညာရှိကို ရွှေအိုးမြုပ်ထား လာပြောကြားသကဲ့သို့

ကျေးဇူတင်ရမယ်။

-A wise person who exposes your weaknesses or mistakes to make you a

betteer person deserves as much gratitude as someone who tellw you about

a buied treasure chest.

-၀ိပဿနာပညာ မပြည့်စုံသေးဘူးဆိုရင် လူဖြစ်ရှုံးတယ်။မဂ်ဖိုလ် နိဗ္ဗာန်ဆိုတာ မမျှော်နဲ့မရနိုင်ဘူး။

-You do not deserve to be a human being if you do not avail yourself of the

vipassana insight. Attainment of the truly peaceful state, Nibbana - the

cessation of samsara-is totally out of the question for such a person.

-အခါးမျိုးစေ့ စိုက်ပျိုးတော့ အခါးသီး သီးလာသလို“အကုသိုလ်” လုပ်တော့

မကောင်းကျိုး ခံစားရတယ်။

-Unwholesome deeds will result in demerits (akusala) just as seeds of

a bitter kind of plant will give off bitter fruits.

-အချိုမျိုးစေ့ စိုက်ပျိုးတော့ အချိုသီး သီးသလို “ကုသိုလ်”လုပ်တော့ ကောင်းကျိုး ခံစားရတယ်။

-Kusala (merits) are the results of wholesome deeds just

as delicious fruits are borne from the right kind of seeds.

-သာသနာအတွက် အကျူိးများ မများ စဉ်းစားပြီးမှ လှူပါ။

-When giving alms and donations, deliberate first whether your

good deed will be of real benefit for the sasna.

-ပန်းတွေ များနေပေမယ့် ပန်တဲ့ လှူတဲ့ ပန်းကမှ ကိုယ့်အတွက် အကျိုးရှိတာ

ကျန်တဲ့ပန်းတွေက စွန့်ပစ်ထားခဲ့ရမှာ။

-Of the myriads of flowers,only those selected for your own use

(to adorn you hair) or to serve as sacred offerings are of benefit.

The rest are discarded and of no use at all.

-ပစ္စည်းတွေ များနေပေမယ့် သုံးတဲ့ လှူတဲ့ ပစ္စည်းကမှကိုယ့်အတွက်

အကျိုှးရှိတာ ကျန်တဲ့ ပစ္စည်းတွေက စွန့်ပစ်ထားခဲ့ရမှာ။

-Of the many and varied things you posess, only those you use or give

away as alms or offerings are of benefit to you. The rest are to be

considered as ofno real value.

-အသက်-70-မှာ သေရမယ် ဆိုကြပါစို့။ ကိုယ့်အတွက် သာသနာ

ကွယ်တော့မှာ နည်းနည်းလိုတော့တယ်။

-If the life-span is agreed uponas '70' years, then, you have only a little time

left before you face the bleak prospect of living outside the circle of shining

light of the sasana.

-စင်္ကြန်လျှောက်လျှင် ခရီးဝေးသွားနိုင်ခြင်း၊ နှစ်သက်ရာ ဣရိယာပုတ်ဖြင့်

ကြာရှည်စွာ တရားမှတ်နိုင်ခြင်း။ အနာရောဂါ ကင်းခြင်း။ အစာကြေခြင်း။

သမာဓိ ကြာရှ ည်စွာတည်ခြင်း။ အကျိုးရှိတယ်။

-The benefits of enjoying walking mode ability to go long distance, ability to

practise mindful meditation at length using this posture; enjoyment of better

health; better digestion; better concentration power.

-၀ိပဿနာ တရားအားထုတ်တဲ့အခါ သဒ္ဓါနှင့်ပညာ ၊ ၀ီရိယနှင့်သမာဓိ

စောင်းကြိုးညှိသလို အညီအမျှ ထားနိုင်မှ တရားရမယ်။

-When doing mindful meditation work, it is crucial to be able to balance faith

(saddha) with wisdom (panna), perseverance (viriya), with concentration power

(samadhi).

-ဘုရားသာ မပွင့်လျှင် တရားသိဖို့ ဝေးရော့၊ ရုပ်နာမ်စသည့် အမည်မျှတောင် မသိနိင်ဘူး။

-Without the enlightenment and insight that Lord Buddha gave to the world, it

is not possible for human beings even to distinguish between mind and matteer,

let alone appreciate spiritual truth.

သြ၀ါဒ

Posted by Picasaကိလေသာငြိမ်းတန်သလောက်ငြိမ်းအောင်

တရားအားထုတ်ရမယ်

တရားအားထုတ်တယ်ဆိုတာ

အိုခြင်း,နာခြင်း,သေခြင်းကင်အောင်

ဆင်းရဲခပ်သိမ်းကင်းအောင်လို့ အားထုတ်ရတာ

အားထုတ်လို့ တရားပြည့်စုံပြီဆိုတော့

စိတ်လည်းပဲ ကောင်းသွားတယ်

တရားမပြည့်စုံရင် စိတ်ကိုက တယ်မကောင်းဘူး

ကိုယ့်အကျိုးတွေကို ကြည့်ပြီး

သူများအကျိုးမဲ့တွေကို ကြံလိုက်,စည်လိုက်

စိတ်ကူးလိုက် ပြောဆိုလိုက်

အဲဒီလို မတော်မသင့်တာတွေကို လုပ်တတ်တယ်

တရားပြည့်စုံရင်တော့ အပြစ်တွေ့ရင်တောင်မှ

သူ့အပြစ်နဲ့ သူပဲဆိုပြီး

သူများအပြစ်ကို မပြောဘဲ လျစ်လျူရှုနိုင်တယ်

သူ့အပြစ်နဲ့သူပဲဆိုပြီး နှလုံးသွင်းထားနိုင်တယ်

သူများတွေ ဒုက္ခရောက်အောင်တော့ မပြောဘူး

အဲဒီတော့ စိတ်တွေလည်းကောင်း

ကိလေသာတွေလည်း ကင်းတန်သလောက် ကင်းသွားတယ်

တော်တော်နေရာကျပါတယ်

မတော်မသင့်တဲ့ အမှုတွေလည်း

အဲဒီတော့ကင်းသွားတာပဲ

ဒါကြောင့် တရားပြည့်စုံအောင်

ရိုရိုသေသေ တရားကို အားထုတ်ကြဖို့

အင်မတန်ကောင်းပါတယ်

တရားမပြည့်စုံသေးတဲ့ ပုဂ္ဂိုလ်ကလည်း တိုးတက်အောင်

အချိန်သလောက်အားထုတ်ရမယ်။

(မဟာစည်ဆရာတော်ဘုရားကြီး၏ သြ၀ါဒတော်မှ)

Monday, October 2, 2006

myeik view point

-သူများအတင်း ပြောမနေနဲ့။ မိမိစိတို ပြုပြင်နေပါ။

-Don't gossip about other's faults.

instead try to improve your mind and yourself.

-ပန်းထိမ်သည် သည် ရွှေ၏ အညစ်အကြေးကို ထုတ်သလို

ပညာရှိသည် အခွင့်ရတိုင်း ကုသိုလ်ပြုပြီး မိမိ၏

ရာဂစသော အညစ်အကြေးးကို ထုတပယ်ရတယ်။

-A goldsmith is concerned with removing impurities inf the gold;

a wise person will remove impurities such as lust from his mind

with every opportunity he gets to do good deeds.

- စေတနာမပါဘဲ အလုပ်လုပ်လျှင်
ဝီရိယအကျိုးပဲ ခံစားရပါမယ်၊

စေတနာပါပါ အလုပ်လုပ်လျှင် စေတနာ အကျိုး ၀ီရိယအကျိုး -2-မျိုးခ့စားရတယ်။

-Deeds not accompanied by good intention will be rewarded by

the amount of effeort and perseverance attending them. deeds attended by

bouth good inten Deeds attended by both good

intention . and effect will be rewarded twofold.

-တရားအားထုတ်တဲ့အခါ
ကျောင်း၊ ဒါယကာ၊လာဘ်၊ဂိုဏ်း ၊ အမှုသစ်၊ ခရီး ၊ ဆွေမျိုး ၊

အနာရောဂါ ၊စာပေရွတ်အံ ၊ တန်ခိုးဖန်ဆင်း ၊ဤဆယ်မျိုး၌ ငဲ့ကွက်တွယ်တယ်နေလျှင်

ဝိပဿနာ သမာဓိ၏ အနောက်အယှက် (ပလိဗောဓ) ဖြစ်တယ်။

-When practicing mindful meditation, avoid attachment to monastery,

lay disciples, offerings,religious sect, new cases, joumeys,relatives,

diseases, learning and supernatural powers.

These ten are barriers to vipassana concentration.

-ရာထူး ၊ စီးပွား ၊လုပ်ငန်း ၊
တိုးတက်အောင်မြင်ချင်လို့ လှူတာ ဒါန ပါရမီ မဖြစ်ဘူး။

-If you give alms with an ulterior motive such as to help you

succeed in job, or business, you will no doubt be rewarded with merit but

not with dana parami the seed of generous giving which is of a higher level of

speritual attainment.

-ဝေယျာဝစ္စ ဆောင်ရွက်လျှင်
ဝေယျာဝစ္စ ကုသိုလ်လည်းရတယ်။

အချင်းချင်း ချစ်ခင်မှု ၊ ရင်းနှီးမှု ၊ ကြည်ညိုလေးစားမှုတွေလည်း ရတယ်။

-Those who take part in religious chores get the merit that such activities are

cntitled to. They also develop affection, respect and companionship with the

others sharing the same work.

-တရားရှုမှတ်တဲ့အခါ အဖော်မလိုပါဘူး။ တစ်ဦးတည်း ရှုမှတ်ရမယ်။

ယောဂီတစ်ရာ၊ တစ်ထောင် ဘယ်လောက်ပဲရှိရှိ

ဘယ်သူနဲ့မှ စကားမပြောဘဲ ကိုယ့်တရားလေး ကိုယ်ရှုမှတ်နေရင်

တစ်ယောက်တည်းနေသည် မည်ပါတယ်။

-Meditation is best done alone. However, even if one is amidst a

hundred or a thousand yogis, if one does one's work of meditating without

conversing with others, then you are still doing it right.

-အကျိုးမရှိတဲ့ တရား အပုဒ်ပေါင်းတစ်ထောင် နာရခြင်းထက်

အကျိုးရှိတဲ့တရား တစ်ပုဒ်နာရတာက မြတ်တယ်။

- One sermon full of essence serves better than a thousand

sermons without any deep meaning in them.

-သင်တို့ ကိုယ်တိုင် အားထုတ်ကြ၊
ဘုရားရှင်က လမ်းမှန်ကို ညွန်ကြားရုံမျှသာ ဖြစ်တယ်။

-Lord Buddha can only show us the Right Path.

It is for each and everyone to practice what He preaches
.

-တရားရှုမှတ်လျှင် ကုသိုလ်လည်းရတယ်။ အကုသိုလ်လည်း ပယ်ပြီးသားဖြစ်တယ်။

-When the mind is occupied with dhamma and vipassana,

merits(kusala) accrue and demerits (akusala) can never trouble us.

-ဘယ်သူမှ မသိလောက်ဘူးဆိုပြီး မကောင်းမှုကို မလုပ်နဲ့။

အကုသိုလ်ကတော့ မကောင်းကျိုးပေးမှာပဲ။

-Don't even think of indulging in sin secretly.

Your actions will never escape the consequences that demerit

(akusala) brings.

-ဆင်ထိန်းက ချွန်းဖြင့် ထိန်းချူပ်သလို လောကီအာရုံတွေနဲ့

ပျော်ချင်တိုင်း ပျော်နေတဲ့ စိတ်ကို သင့်တင့်အောင် နှလုံးသွင်းပြီး

ထိန်းချူပရတယ်။

-Just as the mahout uses an iron hook (goad) to control his

elephant, one should control one's mind, which by nature likes to

indulge in worldly pleasures, by means of right thinking.

-လှူတဲ့အခါ ကိုယ်နှစ်သက်မြတ်နိုးတဲ့ ပစ္စည်းကို လှူမှ ကိုယ့်အတွက်

ပစ္စည်းလေးတွေရတဲ့အခါ ကိုယ်နှစ်သက်မြတ်နိုးတဲ့ ပစ္စည်းလေးတွေရတာ။

-If you will yourself to part with things most dear to you in your acts of

almsgiving, you will be rewarded with the kind of gifts that you can appreciate.

-သာမန်ပုဂ္ဂိုလ်အား အနှစ်တရာပတ်လုံး လစဉ်လစဉ် ငွေတစ်ထောင် လှူဒါန်းခြင်းထက်

ယောဂီပုဂ္ဂိုလ်အား တစ်ကြိမ်တစ်ခါမျှ လှူဒါန်းခြင်းက မြတ်တယ်။

-Giving a thousand kyats monthly for the whole hundred years is not

as beneficial as donating to a yogi (one who practices vipassana seriously)

only once.

-လောကီရေးကို ကြည့်မလှူနဲ့။ လောကုတ္တရာရေးကို ကြည့်လှူ။

-Don't look towards present fulfilment when giving alms.

Your aim should be real fulfilment which can smooth your

path towards Nibbana.

-ထက်မြက်မြင့်မြတ်တဲ့ သဒ္ဓါ ၊ ၀ီရိယ ၊သတိ ၊သမာဓိ ၊ပညာဖြင့်သာလျှင်

အလွန်မြင့်မြတ်သော နိဗ္ဗာန်ကို ရောက်နိုင်ပါတယ်။

ပျော့ညံ့ညံ့ ၀ီရိယမျိုးနဲ့တော့ မရနိုင်ဘူး။

-Only a strong and dedicated level of implicit faith (saddha),

perseverance (viriya), mindfulness (sati), concentration power

(samadhi) and wisdom (panna) will light your way towards the

most auspicious place Nibbana, Half-hearted effort and endeavour

will never get you there.

Sunday, October 1, 2006

-အသိအမြင်မဲ့တဲ့ လူယုတ်မာတွေကို ဆရာကြီးလုပ်ပြီးအကောင်းအဆိုး

အကြောင်းအကျိုးတွေကို
သွားမပြောနဲ့။သွားပြောရင် အပြစ်ပဲရမယ်။

- Never preach to or try to remonstrate

with ignorant or evil people. The detriment will be yours only.

- ကောင်းစွာထားသော စိတ်က မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့

လောကုတ္တရာချမ်းသာပြည့်စုံအောင် လုပ်ပေးနိုင်တယ်။

(စိတ်ကောင်းထားပါ)။

-Have a good heart.It can put you on the path to Nibbana

(supramundane state of true bliss).

-သာသနာတော်နဲ့ တွေ့ကြုံပါလျက် နတ်ကိုးကွယ်မှုနဲ့

ကျေနပ်နေလျှင် သာသနာပ-ကလူနဲ့ ဘာမှမထူးဘူ။

-If you are content with spirit worship

(Nat)in the era of perpetuation of lord

Buddha's teachings (sasna), you are not any

different from a person living in the Dark Ages when Buddha's

teachings were non-existent.

-မစင်ဆိုတာ အများကြီှးရှိမှ မဟုတ်ဘူး။ နည်းနည်းလေးရှိလည်း

မကောင်းတဲ့အနံ့ထွက်တာပဲ။ ဘ၀ဆိုတာလည်း

အများကြီးမှ မဟုတ်ဘူး။ တစ်ဘ၀ဆိုဆိုသလောက်

ဒုက္ခတွေ အများကြီး တွေ့ကြုံခံစားရတယ်။

- Excrement gives off a bad odour,

however small in amount. Life can also

be a series of suffering even in one short

existences.

-ရှေ့မှာချီးမွမ်းပေမဲ့ ကွယ်ရာမှာ အပုပ်ချတဲ့လူကို အဆိပ်အိုးထဲက ပျားရည်လို ရှောင်ကြဉ်လိုက်။

-One who speaks ill of you behind your
back while full of praise face to face is

like honey in a pot of poison. Avoid
such a person.

-နှိမ်နင်းရန် ခဲယဉ်းတဲ့စိတ် လျင်မြန်တဲ့စိတ်

သူရောက်ချင်ရာ ရောက်တဲ့စိတ်ကို ဆုံးမလျင်ကောင်းတယ်။

ဆုံးမလို့ ယဉ်ကျေးလာလျှင်

ဒီစိတ်က ချမ်းသာကို ဆောင်ပေးတတ်တယ်။

-The mind is difficult to conquer. It can

fly swiftly. It roams freely. Once you

conquer your mind,you will realize.

-ဓါတ်လိုက်ပြီး သေမှာ ကြောက်တဲ့သူက

လျှပ်စစ်ဓါတ်အားတွေ လာနေတဲ့ ၀ါယာကြိုးကို မကိုင်ရဲသလိုဘဲ

အပါယ်လေးပါး ဘေးဒုက္ခကို ကြောက်လန့်တဲ့ ပုဂ္ဂိုလ်က

ဘယ်သူမှ မသိလည်း အကုသိုလ်မလုပ်ရဲဘူး။

-A person afraid of being clectrocuted

never touches a live wire; a person with

great fear of the four nether worlds

(apaya) after death never indulges in

evil or impure acts of demerit (akusala).

ကြာမြင့်စွာ ကွဲကွာ၍ ရပ်ဝေးမှ ချမ်းသာစွာ ပြန်လာသူကို မိဘဆွေမျိုးတွေက

ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသလို ကိုယ်ပြုထားတဲ့ ကုသိုလ်တွေက ကိုယ့်ကို

ကြိုဆိုနေကြလိမ့်မယ်။

-Just as a long-lost son returning safely
from afar enjoys the warmth and

welcoming embraces of the joyful
family, your acts of merit will always

be yours to enjoy.

-ပေါက်ဖက်နဲ့
တောင်ဇလပ်ပန်းထုပ်လျှင် ပေါက်ဖက်ပါ မွှေးသလို

ပညာရှိနဲ့ပေါင်းလျှင် အမွှေးနံ့ကြိုင်မယ်။

-A sweet smelling flower gives its
fragrance the leaf used as wrapping

association with a good, wise or moral
person will give one a good reputation.

-မိဘက သားသမီးကို ပစ္စည်းတွေ ပုံပေး၍ လောကီချမ်းသာ ပြည့်စုံအောင် လုပ်ပေးနိုင်တယ်၊

လောကုတ္တရာချမ်းသာ ပြည့်စုံအောင်
လုပ်မပေးနိုင်ဘူး၊

-Parents can shower their children with worldly

riches and possessions (Loki/
Mundane), but not with true

riches and possessions (Lokutara/Supramundane)

which will accompany them through the samsara.

-အနာမရှိသောလက်ဖြင့် အဆိပ်ကို ကိုင်လျှင်
ဘာမှ မဖြစ်ပါဘူး၊

စေတနာမရှိဘဲ ပြုမီလျှင်
အကုသိုလ် မဖြစ်ပါဘူး။

-A hand free from cuts and bruises can handle

poison without any ill
effects;

a wrong committed unintentionally

will not be attended by demerits.

-မကောင်းမှုပြုထားလျှင်
ကောင်းကင်မှာ နေနေ

သမုဒ္ဒရာမှာ နေနေ တောင်ခေါင်းထဲ နေနေ

မကောင်းမှုမှ မလွတ်နိုင်ပါဘူး။

-There is no way one can escape the demerits

of one's misdeeds
whether one is in the sky,

underneath the ocean or inside the deepest mountain cave.

-သေခြင်းတရား-
(သေမင်း)က နှိပ်စက်တော့

ဘယ်ဆွေမျိုးမှ မကယ်နိုင်ဘူး။

-nobody-not even closest relatives can save

you from the clutches
of death.

-ထောင်ကိုမြင်တော့ ရာကိုစွန့်တယ်။
မဂ်ဖိုလ် နိဗ္ဗာန်ချမ်းသာ

လိုချင်တော့ ကာမဂုဏ်ချမ်းသာ စွန့်ရတယ်၊

-One has to sacrifice small amounts of money to

reap better financial results.

Forego the worldly pleasures if you want the fulfilment

and genuine joy of attaining Nibbana.

Twitter Delicious Facebook Digg Stumbleupon Favorites More