This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 6, 2010

ဘုရားအထက်ကနေရင် ငရဲကျနိုင်ပါသလား

အမေး။ ။အရှင်ဘုရားရဲ့ စာအုပ်ဖတ်ရတဲ့အတွက် တပည့်တော်တို့လူငယ်တွေမှာ ကိုယ့်ဘာသာရေးထဲေ၀၀ါးနေတဲ့အချက်တွေကို ရှင်းရှင်းလင်း လင်း သိမြင်ရပါတယ်။ တပည့်တော်တစ်ခုမေးလျှောက်ပါရစေဘုရား။ သက်တမ်းရှည်တဲ့ကကုသန်စတဲ့ဘုရားရှင်များဟာ ဓါတ်တော်သီးခြား မကျဘဲ ရုပ်ကလာပ်တော်ကျန်ရစ်ပြီး အဲဒီရုပ်ကလာပ်တော်များကို စေတီတည်ထားတယ်၊ ကမ္ဘမြေကြီးအတွင်းမှာ ယခုတိုင် တည်ရှိနေပါတယ်လို့ ဖတ်ရသိရပါတယ်ဘုရား။ ဒါနဲ့စပ်လို့ ဂေါတမဘုရားရှင် ဆန်တော်ပယ်စဉ်က ဆံတော်ကို သိကြားမင်းက ကလပ်နဲ့ခံပြီး နတ်ပြည်မှာ စေတီတည် သလို မြင့်မြတ်တဲ့ဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တော်များရှိရာ စေတီများကို ဘာ့ကြောင့်နတ်ပြည်မှာမတည်ဘဲ မြေကြီးထဲထားရတာလဲဘုရား။ ဘုရားရင်ပြင်တော်ပေါ်ကိုတောင် ဖိနပ်စီးပြီး တက်လို့မှမရတာ။ ဒီအတိုင်းဆို တပည့်တော်တို့ ငရဲမကျနိုင်ဘူးလားဘုရား။
မေသက်လှိုင်
လာရှိုး

အဖြေ။ ။ရှေးဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တည်ရှိရာ စေတီကို မေသက်လှိုင်ပြောသလို မြေကြီးထဲ ထားတာ မဟုတ်ပါဘူး။ စေတီတည်စဉ်အခါ တုန်းက မြေကြီးပေါ်မှာပါပဲ ။ ယနေ့ခေတ် စေတီတော်များ မြေကြီးပေါ်မှာ တည်ကြသလို တည်ခဲ့တာပါပဲ။ ဘုရားရှင်တစ်ဆူနဲ့တစ်ဆူကြားမှာ ကမ္ဘာမြေကြီး တစ်ယူဇနာ တစ်ယူဇနာတက်လာကြောင်းကို သံယုတ်ပါဠိတော် အနမတဂ္ဂသုတ်မှာ ဝေပုလ္လတောင်ရဲ့အနိမ့်အမြင့်ကို စံထိုးပြီး သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာမြေကြီးဟာ ပမာဏများစွာ ထူလာတာပါပဲ။ ကဿပဘုရားရှင်လက်ထက်က တည်ခဲ့တဲ့စေတီတော်ဟာ ယခုဂေါတမဘုရားရှင်လက်ထက်မှာ မြေကြီးအောက်ရောက်နေလောက်ပါပြီ။ ဘုရားတစ်ဆူနဲ့တစ်ဆူကြားကို ထားဦးတော့ နှစ်ပေါင်းသုံးလေးရာက အဆောက်အဦးများ ယခုအခါ မြေအောက်မှ တူးဖေါ်တွေ့ရှိနေပါတယ်။
ဒါဖြင့် ဘုရားရှင်စေတီက အောက်ကဖြစ်နေပြီး လူတွေက အပေါ်ကနေ ဖိနပ်စီးပြီး လုပ်ချင်ရာလုပ်နေကြတော့ ငရဲကြီး-မကြီးဆိုတာနဲ့ ပတ်သက်ပြီးပြောပါ့မယ်။
ယနေ့ခေတ် လူတွေနေကြတဲ့ကွန်ဒိုတိုက်တွေဟာ အထပ်ပေါင်းများစွာရှိပြီး အတော်မြင့်မားတဲ့ မိုးထိတိုက်တွေဖြစ်ပါတယ်။ဒီတိုက်တွေ ရဲ့အောက်ဆုံးမြေညီထပ်မှာနေထိုင်ကြတဲ့မိသားစုမှာ ဘုရားအဆောင်ရှိမှာပဲ။ အပေါ်ကအထပ်များမှာလဲ လူတွေနေတာပါပဲ၊ ဒါဖြင့်ရင် မြေညီထပ်မှာ ဘုရားအဆောင်ရှိတဲ့အတွက် အပေါ်ထပ်မှာနေတဲ့လူများ ဘယ်လိုနေမလဲ။ နောက်တစ်ခု ယနေ့ခေတ်မြေကြီးပေါ်မှာ တည်ထားတဲ့ စေတီတော်တွေ များစွာရှိပါတယ်။ လူတွေက ထိုစေတီထက်မြင့်တဲ့ နေရာတိုက်တွေမှာ နေကြပါတယ်။ ဘယ်လိုလုပ်ကြမလဲ…။
အမှန်က သူ့နေရာနဲ့သူပါ။ အပေါ်တိုက်ခန်းမှာနေတဲ့သူက သူ့အိမ်နဲ့သူ အောက်ကဘုရားအဆောင်ကို မရိုသေလို့ နေတာမဟုတ်ပါဘူး။ အဓိကကတော့စိတ်ပါပဲ “စိတ်သာရှင်စော ဘုရားဟော” ဆိုတဲ့အတိုင်း ဒီနေရာမှာ စိတ်နဲ့လဲသက်ဆိုင်နေပါတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုတာလို အစွဲကြောင့်လဲ ဖြစ်တတ်ပါတယ်။ သတိထားရပါမယ်။
ဆိုကြပါစို့..မြို့တစ်မြို့မှ တစ်မြို့သို့ လေယာဉ်ပျံနဲ့ကောင်းကင်ပေါ်က သွားတဲ့အခါ အောက်မှာ အချို့နေရာတွေမှ စေတီတော်တွေကို မလွဲသာလို့ ဖြတ်ကျော်ပျံသန်းရတာတွေရှိပါတယ်။ အဲဒီအခါ လေယာဉ်ပေါ် လိုက်ပါတဲ့သူများဟာ ဘုရားကို မရိုသေလို့မဟုတ်ပါဘူး။ ဒါဆိုရင်အပြစ်မရှိပါဘူး။ ဘုရားရှင်ကို မရိုမသေတဲ့အနေနဲ့ အပေါ်ကနေရင်တော့ အပြစ်ရှိတာပေါ့။ ‘အထက်ကနေလို့ ငရဲကြီးမယ်’ဆိုတဲ့ ပူပန်မှုဟာ နေရာတိုင်းမှာ မဖြစ်သင့်ပါဘူး။ တစ်ခါတစ်ရံ လွန်ကဲတဲ့ ပူပန်မှုတွေဖြစ်ရင် မကောင်းပါဘူး။ ဒါကို ပါဠိလို 'အတိကုက္ကုစ္စ' လို့ ခေါ်ပါတယ်။ အတိကုက္ကုစ္စဖြစ်ပုံ ပစ္စုပ္ပန်အကြောင်းတစ်ခု ပြောချင်ပါသေးတယ်။
တစ်ခါက မြို့တစ်မြို့မှာ ဇနီးမောင်နှံနှစ်ဦးရှိပါတယ်။ စီးပွားဥစ္စာများလဲ အသင့်အတင့်ရှိလို့ လူလတ်တန်းစားအထဲပါဝင် တယ်လို့ဆိုရမယ်။ သူတို့ဟာ ယခုအချိန်အထိ ရွှေတိဂုံဘုရားကို မရောက်ဖူးဘူးတဲ့။ သူတို့မှာ သွားနိုင်တဲ့ ငွေကြေးဥစ္စာအသင့်အတင့် ရှိနေပါရက်နဲ့ ဘာပြုလို့များ မသွားရတာလဲ ဆိုတာကို စုံစမ်းကြည့်ပါတယ်၊သူတို့ဟာ ရန်ကုန်ကို လေယာဉ်ပျံနဲ့ကောင်းကင်ကနေသွားရင် အောက်မှာရှိတဲ့စေတီ ပုထိုးတွေကို ဖြတ်သန်းသွားရမှာမို့ အပြစ်ကြီးမှာ ကြောက်လှတဲ့အတွက် ရန်ကုန်ကို သွားနိုင်ပါရက်နဲ့ မသွားခဲ့ပါဘူးတဲ့။ အသက်(၈၀)ကျော်နေပါပြီ၊ ယခုအချိန်ထိ မသွားဖြစ်သေးပါဘူး။ ဒါဟာ အတိကုက္ကုစ္စ -လွန်ကဲတဲ့ပူပန်မှုပါ။ ဒီလိုသာပူပန်နေမယ်ဆိုရင် ကမ္ဘာမြေကြီးအတွင်း နေရမဲ့နေရာ အလွန်ကျဉ်းမြောင်းသွားပါလိမ့်မယ်။ မဖြစ်သင့်ဘူးလို့ ယူဆမိပါတယ်။
လိုရင်းပြောရရင် စိတ်သာအဓိက လို့ ပြောချင်ပါတယ်။

Thursday, December 17, 2009

အွန်လိုင်းပေါ်က အမေးအဖြေများစာအုပ်

အွန်လိုင်းပေါ်က အမေးအဖြေများ(၁)စာအုပ်ထွက်ပါပြီ။ ဆိုင်ပေါ်ရောက်တာ တစ်ပါတ်တောင်မပြည့်သေးပါဘူး။ စာဖတ်ပရိသတ်က "အွန်လိုင်း ပေါ်က မေးအဖြေများ(၁)ကို လိုချင်လို့ ဘယ်မှာရနိုင်လဲဆိုတာ သိချင်ပါတယ်၊ ခေတ်လူငယ်တွေအတွက် အထူးလိုအပ်တဲ့ စာအုပ် တစ်အုပ်ဖြစ်နေတာကို တွေ့ရပါတယ်ဘုရား" လို့ ၀မ်းသာအားရ ဖုန်းဆက်လာတယ်။ စာဖတ်ပရိသတ်က လက်ခံလာကြတဲ့အတွက်လည်း ၀မ်းမြောက်ပီိတိဖြစ်ရသူက စာရေးသူပါ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး........
့ဒီဝက်ဘ်ဆိုက်မှာ တင်ပြီးရောင်းနေတာလဲ တွေ့လိုက်ရပါတယ်။

Type the rest of your post here.

Friday, December 4, 2009

ခရီးသွားခြင်း

စာဖတ်ပရိသတ်များ.............
ခေတ္တခရီးသွားစရာ ရှိတဲ့အတွက် ဒီနေ့ကစ ဘလော့ရေးသားတာကို ခေတ္တရပ်နားပါရစေ..... တကယ်လို့ ခရီးအတွင်း အင်တာနက် အဆင်ပြေမှု ရှိရင် ပို့စ်တင်နိုင်ပါလိမ့်မယ်။ မကြာမီ ပြန်လည်ရေးနိုင်ပါလိမ့်မယ်။ သိချင်သော ဘာသာရေး အမေးပြဿနာများကို venkawwida@gmail.com သို့ မေးလ်းပို့ထားကြပါရန်.................အားလုံး ကျန်းမာချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေ

Sunday, November 29, 2009

ဟန်ဆောင်လင်မယား

အမေး။ ။ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင် လက်ထပ်ပြီး နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။ ဟန်ဆောင် လက်ထပ်တယ်ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာ ဥပဒေအရတော့ လုပ်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါ ဟန်ဆောင်လက်ထပ် ထားတဲ့သူနဲ့ အတူ နေထိုင်ခြင်း မရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း ယောင်္ကျားအသစ်ထပ်ယူသလို၊ ယောင်္ကျားကလည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။ သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက် နှင့် ကာမေသုကိုလည် အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့ အမေးအဖြေကဏ္ဍမှာ စောင့်မျှော်နေပါမယ်ဘုရား။ ။
လှိုင်းအိမ်
ထိုင်ဝမ်

အဖြေ။ ။ ကာမေသုနဲ့ပတ်သက်ပြီး ဆရာတော်များလည်း ဖြေကြားတော်မူခဲ့ကြပြီးခဲ့ပြီ။ ဒါပေမဲ့ အမေးရှိက အဖြေရှိရမယ်ဆိုတာလိုပဲ။ ပထမ ကာမေသုအကြောင်းကို သဘောပေါက်ရုံ ပြောပေးပါ့မယ်။
ကာမေသု ဆိုတာ ယောင်္ကျားတွေအတွက် (အဂမနီယ၀တ္ထု)မသွားလာအပ်တဲ့ မိန်းမများအား ကျုးလွန်မိရင် ကာမေသုမိစ္ဆာစာရ ဖြစ်ကြပါတယ်။ မသွားလာထိုက်တဲ့ မိန်းမ (၂၀)ရှိတယ်။ မိန်းမ(၂၀)ကို ဒီနေရာမှာ မဖေါ်ပြရင်လည်း အဖြေက မပြည့်စုံပါဘူး၊ ဒါကြောင့် အကျဉ်းမျှ ဖေါ်ပြလိုက်ပါတယ်။ (၁)အမိစောင့်ရှောက်တဲ့မိန်းမ၊(၂)အဘစောင့်ရှောက်တဲ့မိန်းမ၊(၃)အမိအဘစောင့်ရှောက်တဲ့မိန်းမ၊ (၄)မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅)အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။ ထိုမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်တယ်။
(၉)စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ ။ ထိုမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်တယ်။
ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုသော်လည်း သူ့ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာစာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။
အခုဒီပြဿနာမှာ ပြည်ပသွားဖို့ရာ လွယ်ကူအောင် ဥပဒေလမ်းကြောင်းအရ ဟန်ဆောင် လင်မယားအဖြစ် လက်မှတ် ထိုးထားတာလောက်ပဲ ရှိတာပါ။ သူတို့နှစ်ဦးကလည်း အချင်းချင်း လင်မယားအဖြစ် မသတ်မှတ်ကြပါဘူး။ ပြည်ပသွားခွင့်ရအောင် လင်မယားအဖြစ် ဟန်ဆောင်ထားတာပဲ ရှိတဲ့အတွက် နှစ်ဦးစလုံးဟာ လွတ်လပ်တဲ့ သူများ ဖြစ်ကြတယ်။ ပြည်ပရောက်တဲ့အခါ ကိုယ်ချစ်ကြိုက်တဲ့သူနဲ့ တရားဝင် လက်ထပ်ကြပြီး သားမှတ်မှတ်၊ မယားမှတ်မှတ်ပေါင်းသင်းကြရင်တော့ ကာမေသုမိစ္ဆာစာရ မထိုက်ပါဘူး
နောက်ဆုံး ကာမေသုမိစ္ဆာစာရ ထိုက်တဲ့ အင်္ဂါများကို သိထားရင် ကိုယ်ပြုလုပ်လိုက်တဲ့ အခြေအနေအပေါ် ကာမေသု ထိုက်/မထိုက် ဆိုတာ ခွဲခြား တတ်လာမှာပါ။ အင်္ဂါများကတော့……….
(၁)မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။ (၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။ (၃) လုံ့လ ပြုခြင်း။ (၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း လို့ အင်္ဂါလေးမျိုး ရှိပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး လို့ ပဲ ဖြေကြားပေးလိုက်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More