This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, February 9, 2009

ဘာသာစကားလေ့လာခြင်းဖြင့် ကုသိုလ်ရနိုင်မရနိုင်

အမေး။ ။ ဘာသာစကားတခုခုကို စူးစိုက်လေ့လာနေတဲ့စိတ်ဟာ ကုသိုလ်စိတ်ဖြစ်ပါသလားဘုရား။
ကိုသတ်
ကိုးရီးယား

အဖြေ။ ။ ဘာသာစကားလေ့လာတဲ့နေရာမှာ ကုသိုလ်ရ/မရဆိုတာက မိမိလေ့လာရတဲ့ ရည်ရွယ်ချက်အပေါ်မူတည်တယ်။
ဥပမာ-ဗုဒ္ဓရဲ့ တရားတော်တွေကို ကမ္ဘာပြန့်ဖို့အတွက် သာသနာပြုဖို့အတွက် လေ့လာရင်တော့ ကုသိုလ်ရတယ်။ နောက်တစ်ခုက အများကောင်းကျိုးအတွက် သင်ယူလေ့လာနေရင်လည်း ကုသိုလ်ရတယ်လို့ ဆိုရမှာပေါ့ ။ အဓိကကတော့ ရည်ရွယ်ချက်မှန်ကန်ဖို့ လိုတာပါ။

သိက္ခာထပ်ခြင်းဖြင့် ဘာအကျိုးထူးရပါသလဲ

မေး။ ။ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော် ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများထူးပါသလဲ ဘုရား။ ဖြေကြား စေချင်ပါတယ်။
ဖြူလေး
နေရပ်မရှိ

အဖြေ။ ။သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲ လို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့ လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှု မဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ ခံစားခွင့် ရရှိပါတယ်။
လောကမှာ မွေးနေ့၊သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူး စတဲ့ အကြောင်းအမျိုးမျိုးကပဓာန မကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိက ပဓာန ကျတာပါ။ ဘုရားလက်ထက်က နတ်သမီးလိုချင်တဲ့အတွက် တရားအားထုတ်တဲ့ ညီတော်နန္ဒ တို့ရဲ့ သာဓကဖြစ်ရပ်လည်း ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် မင်္ဂလာဦး၊ နတ်သမီးလိုချင် စတဲ့ အကြောင်းတွေနဲ့စာရင် သိက္ခာထပ်တာက ပိုပြီး အကြောင်း ကောင်းတာပေါ့။ ဒါကြောင့် သိက္ခာထပ်တာဟာ ဒကာအတွက် အကျိုးမယုတ်တဲ့အပြင် ကုသိုလ်အကျိုးများစွာ ရရှိပေမယ့် ဘုန်းကြီးမှာတော့ ဘာအကျိုးမှ ထူးလာမှာ မဟုတ်ဘူး၊ သိက္ခာထပ်တဲ့ ဒါယကကို မေတ္တာပို့ရင်တော့ ကုသိုလ်များ ရမှာပါ။
နောက်ဆက်တွဲအနေနဲ့ ဒါနရဲ့ အကျိုးတရားကို မျှော်ကိုးပြီး အလှူ မလုပ်စေချင်ဘူး။ ဘာ့ကြောင့်လဲ? အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် ရသင့်ရထိုက်တဲ့ အကျိုးတရားများစွာ ဆုံးရှုံးရလို့ ပါပဲ။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အင်းဝခေတ်တုန်းက အုတ်ကျောင်းကြီးကို လှူဒါန်းခဲ့တဲ့ နန်းမတော်မယ်နု ဆိုတာရှိတယ်။ သူလှူခဲ့တဲ့ကျောင်း ဖြစ်တဲ့အတွက် ယခုတိုင် နန်းမတော်မယ်နုအုတ်ကျောင်းရယ် လို့ နာမည်တွင်လျက်ရှိပါတယ်။ နန်းမတော်မယ်နုက အုတ်ကျောင်းကြီးကို ဆရာတော်ဦးဗုဓ်အား လှူဒါန်းပြီး ကိုးကွယ်ခဲ့တယ်။
တစ်နေ့ နန်းမတော်မယ်နုက ဆရာတော်ထံ အဖူးအမျှော် ရောက်ရှိလာတယ်။ သူပြုလုပ်ထားတဲ့ ဘုရားတည်၊ကျောင်းဆောက်စတဲ့ ကုသိုလ်လုပ်ငန်းများကို ဖေါ်ပြပြီး ဒီအလှူရဲ့အကျိုးတရားကို သိချင်ပါတယ်ဆိုတဲ့အကြောင်း ဆရာတော်အား လျှောက်ထားတယ်။ ဒီအခါ ဆရာတော်ဦးဗုဓ်က ဖလားတစ်လုံးထဲကို ရေအပြည့်ဖြည့်ခိုင်းပြီး “ဖလားထဲက ရေတွေကို ဟိုနားက သစ်ပင်ရင်းမှာ အားလုံးလောင်းခဲ့၊ ပြီးရင်ငါ့ ဆီပြန်လာခဲ့” လို့ မိန့်တော်မူပါတယ်၊ ဆရာတော် အမိန့်ရှိတဲ့အတိုင်း မယ်နုက သစ်ပင်ရင်းမှာ ရေသွန်ပြီး ဖလားပြန်ယူလာခဲ့ပါတယ်။ ထိုအခါ ဆရာတော် က “ဖလားထဲမှာ ဘာများပါလာတုန်း ကျောင်းအစ်မ” လို့ မိန့်တော်မူတော့ မယ်နုက “ ဖလားထဲမှာ အကန့်အသန့် ရေလောက်ပဲ ကျန်ပါတယ်ဘုရား” လို့လျှောက်တယ်၊ ဆရာတော်က “ ဒီလိုပါပဲ ကျောင်းအစ်မ ပြုတဲ့ကုသိုလ်က အကျိုးလိုလားပြီး ပြုတဲ့အတွက် ဖလားထဲ ကျန်တဲ့ ရေအကန့်အသန့်လောက်ပဲ အကျိုးရရှိမှာပါ” လို့ မညှာမတာ မိန့်လိုက်တယ်၊ မယ်နုဟာ စိတ်မဆိုးတဲ့အပြင် သဘောပေါက်ပြီး ပိုလို့တောင်ကြည်ညိုသွားပါတယ်။
ဆိုလိုတာက အကျိုးကိုမျှော်ပြီး ကုသိုလ်ပြုရင် အရနည်းတတ်တယ်၊ အကျိုးကို မမျှော်ဘဲ သဒ္ဓါတရားသက်သက်နဲ့ လှူဒါန်းရင် အကျိုးရတာ များတယ် ဆိုတာပါပဲ။

ဗုဒ္ဓအဘိဓမ္မာအရ မသိစိတ်ဆိုတာ ဘာစိတ်မျိုးလဲ

အမေး။ ။ဆိုက်ကိုလော်ဂျစ် စိတ်ပညာရှင်တွေ အဆိုအရ လူတစ်ယောက်မှာ သိစိတ်ဟာ (conscious) မသိစိတ်(subconscious mind)ထက် စွမ်းအားနည်းလှပါတယ်။ လူတစ်ယောက်မှာ သိစိတ်က (၁၀%)ရာခိုင်နှုန်းခန့်သာ ရှိပြီး၊ မသိစိတ်က (၉၀%)ရာခိုင်နှုန်းခန့် ရှိတယ် လို့ ယူဆကြပါတယ် ဘုရား။
လူတစ်ယောက်ဟာ မသိစိတ်ရဲ့စွမ်းအားတွေကို သိစိတ်နှင့် ယဉ်ပါးလာအောင် ပြုလုပ်နိုင်လျှင်(Unify) လုပ်နိုင်လျှင် အဘက်ဘက် အရာရာ ထူးချွန်လာနိုင်တယ်လို့ ကြားဖူးပါတယ်ဘုရား။
တပည့်တော်သိချင်တာက ဗုဒ္ဓ အဘိဓမ္မာမှာ မသိစိတ် ဟာ ဘယ်လိုစိတ်မျိုးလဲ ဆိုတာကို အနီးစပ်ဆုံး တွေးတောလို့ ရနိုင်ပါသလဲ ဘုရား။
ကိုကိုအောင်
ဆန်ဖရန်စစ္စကို

အဖြေ။ ။မသိစိတ်နဲ့ ပတ်သက်ပြီး (ဆိုက်ကိုလော်ဂျစ်) စိတ်ပညာရှင်အချို့က “ဘ၀င်စိတ်” လို့ ယူဆကြတယ်ဆိုတာ သိရပါတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့ အဘိဓမ္မာအရ အနီးစပ်ဆုံး တွေးကြည့်ပါက “ မောဟ” စိတ်ဖြစ်ဖို့များပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် မောဟ စိတ်ဟာ ပုထုဇဉ်လူသားတစ်ယောက်ရဲ့ဘ၀ကို အတော်မျာများ နေရာယူထားလို့ပါပဲ။ မောဟ တရားရဲ့ ဆိုလိုရင်းမှာ အမှန်တိုင်းမသိခြင်း ဖြစ်တယ်။
မောဟတရား နှစ်မျိုးရှိတယ်။ အနုသယမောဟ နှင့် ပရိယုဋ္ဌာနမောဟ တို့ဖြစ်ကြတယ်။ ‘အနုသယ’ ပါဠိက ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းနေခြင်း ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ‘ပရိယုဋ္ဌာန’ ပါဠိက ထကြွခြင်း ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
သတ္တ၀ါတို့ရဲ့သန္တာန်မှာ သိထိုက်တဲ့တရားမှန်သမျှကို မသိအောင် ဖုန်းကွယ်ထားတတ်တဲ့ ဓါတ်သတ္တိတစ်မျိုး ကိန်းအောင်းနေတယ်။ အဲဒီဓါတ်သတ္တိကို ‘အနုသယမောဟ’ လို့ခေါ်တယ်။ သောတာပန်၊သကဒါဂါမ်၊ အနာဂါမ် အရိယာများတောင်မှ အနုသယမောဟကို အဆင့်ဆင့်ပါးလှပ်ရုံသာ ဖြစ်ပြီး အဆင့်လိုက် ကိန်းအောင်းမြဲ ကိန်းအောင်နေခြင်း ဖြစ်တယ်။ ရဟန္တာဖြစ်မှ ပြတ်စဲပါတယ်။
တစ်ဖန် စိတ်နှင့်တွဲဖက်ပြီး မောဟ ဖြစ်လာပြီဆိုရင် အကုသိုလ်စိတ်သာ ဖြစ်ဖို့များပါတယ်။ ထိုအကုသိုလ်စိတ် ဖြစ်ပြီဆိုရင် အမှားအမှန်ကိုလည်း မသိတော့၊ သင့်/မသင့်ဆိုတာကိုလည်း မသိတော့၊ ထိုပရိယုဋ္ဌာနမောဟ ဖုန်းကွယ်မှုကြောင့် ပညာရှိများတောင်မှ ဒုစရိုက်အမှုများ ပြုမိတဲ့ အဖြစ်သို့ ရောက်ရတော့တယ်။ သာဓကတစ်ခု ထုတ်ပြပါ့မယ်။
တစ်ခါတုန်းက ဟရိတ ဆိုတဲ့ ဘုရားအလောင်းရသေ့ဟာ ဟိမ၀န္တာတောမှာ နေထိုင်ပြီး ဈာန်အဘိညာဏ်တွေရရှိပါတယ်။ တစ်နှစ်မှာ ဟိမ၀န္တာမှာ မိုးများတဲ့အတွက် ဗာရာဏသီမြို့သို့ လာခဲ့ပါတယ်။ ဗာရဏာသီပြည့်ရှင်မင်းက ရသေ့အား မြင် မြင်ခြင်း အလွန် ကြည်ညိုတဲ့အတွက် မင်းရဲ့ ဥယျာဉ်တော်မှာ နေထိုင်ဖို့ရာ ပြောပါတယ်။ တစ်နေ့ ဗာရဏာသီမင်းက သူပုန်များအား နှိမ်နှင်းဖို့ တိုင်းစွန် ပြည်ဖျားသို့ ထွက်ခါနီး မိဖုရားအား သူ့ဆရာရသေ့အား ကြွလာရင် ဆွမ်းလောင်းဖို့ မှာကြားပြီး စစ်မြေပြင်ထွက်ခဲ့တယ်။
မိဖုရားကြီးလည်း ဖြီးလိမ်းပြင်ဆင်ကာ ဆရာရသေ့ အလာကို စောင့်မျှော်နေပါတယ်။ ရသေ့ကလည်း အချိန်တန်တော့ ဈာန်အဘိညာဏ်ဖြင့် ကောင်ကင်ခရီးကနေ ကြွလာပြီး မိဖုရားရဲ့တိုက်ခမ်းလေသာ ပြူတင်းကနေ ၀င်ခဲ့ပါတယ်။ အဲဒီမှာ ရသေ့ရဲ့ လျှော်တေ သင်္ကန်း နဲ့ ပွတ်တိုက်တဲ့အသံကို ကြားလိုက်ပါတယ်။ မိဖုရားဟာ လန့်ဖြန့်ပြီး ထိုင်နေရာကနေ မတ်ရပ်လိုက်တဲ့အချိန်မှာ သူ့ရဲ့ခါးအ၀တ် အောက်ကို လျှောကျသွားတယ်။ အဲဒီအခြေအနေကို တွေ့မြင်လိုက်ရသောအခါ ကိန်းဝပ်နေတဲ့ အနုသယမောဟများဟာ စိတ်နှင့်တွဲဖက်ကာ ပရိယုဋ္ဌာနမောဟအသွင် ရောက်ရှိသွားပါတယ်၊ ရသေ့လည်း မောဟရဲ့ ဖုန်းကွယ်မှု ကြောင့် ဘာကိုမှ မမြင်တော့ဘဲ တဏှာလောဘဖြစ်ကာ မိဖုရားနဲ့ ကျုးလွန်ခဲ့ရတဲ့အဖြစ်ကို ရောက်ခဲ့တော့တယ်။ ဒါဟာ လူတစ်ယောက်မှာ အားကြီးတဲ့ မောဟ တရားကြောင့်ဆိုတာ သိသာလှပါတယ်။ဒါကြောင့် လူတစ်ယောက်မှာ ရာနှုန်းအတော်များများ နေရာယူနေတဲ့ မသိစိတ်ဆိုတာ ‘မောဟ’ ဖြစ်နိုင်ကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Thursday, January 29, 2009

အမဲသားရှောင်တာဟာ လောကီအကျိုးရှိ/မရှိ

အမေး။ ။လယ်တီဆရာတော်ဘုရားက လူတွေအား အမဲသားလှူဖို့ တိုက်တွန်းခဲ့တယ်။ အမဲသားရှောင်ပီး မေတ္တာပို့တဲ့အတွက် မြို့တစ်မြို့မှာ ဘီလူးသဘက်စတာတွေကို ဟန့်တားနိုင်တယ်လို့ စာဖတ်ဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက အမဲသားစားတာကို ရှောင်ခြင်းဖြင့် လောကီအကျိုး ရှိ/မရှိဆိုတာကို သိချင်ပါတယ်ဘုရား။ ။
ကိုကိုအောင်
ဆန်ဖရန်စ္စကို

အဖြေ။ ။အမဲသားမစားတာဟာ လောကီအကျိုးရှိတယ် လို့ ပြောရမယ်။ နားလည်အောင်ပြောရရင် အသားမစားခြင်းဖြင့် အစိမ်း၊သရဲ၊သင်းကွဲပြိတ္တာ၊ တစ္ဆေ ၊ မြေဖုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများဘေး၊ ခြသေ့င်္၊ သစ်၊ ကျား၊ စတဲ့ သားရဲဘေးအန္တရာယ်မှကင်းဝေးခြင်း၊ သက်ရှည်ကျန်းမာ ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း သာခြင်းစတဲ့ အကျိုးများရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ကျွဲနွားတို့၏ အသားကို မစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီး ရောဂါကင်း တယ်၊သက်ရှည်ကျန်းမာတယ်လို့ သုတ္တနိပါတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်။
‘ တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။’
ပသူနဉ္စ သမာရမ္ဘာ၊ အဋ္ဌန၀ုတိ မာဂမုံ။’ လို့ဟောတော်မူပါတယ်၊ အဓိပ္ပါယ်က နွားသားကျွဲသားစားသူတို့ မပေါ်မှီ ရှေးအခါက….
(၁) ဣစ္ဆာ- လိုချင်တာမရတဲ့အတွက် စိတ်ပူပန်အနှောက်ယှက် ဖြစ်ရတဲ့ရောဂါ။
(၂) အနသန - စားချိန်မှာ မစားရ၊ အိပ်ချိန်မှာ မအိပ်ရတဲ့အတွက် စိတ်ပူပန်အနှောင့်အယှက်ဖြစ်ရတဲ့ရောဂါ။
(၃) ဇရာ - အိုချိန်ကျတဲ့အခါ အိုရတဲ့ရောဂါ ။
ထိုရောဂါ (၃)မျိုးသာ ပေါ်ပေါက်ခဲ့ပါတယ်။ ထမင်းရှင် ဟင်းရှင်ဖြစ်တဲ့ ကျွဲနွားသတ္တ၀ါတွေကို သတ်ဖြတ်စားသောက်တဲ့ အချိန်ကစပြီး လောကမှာ ကိုးဆယ့်ရှစ်ပါးသော ရောဂါဝေဒနာများ ဖြစ်ပေါ်လာကြပါတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အမဲသားများကို ရှောင်တာဟာ အထက်ဖေါ်ပြပါ လောကီကောင်းကျိုးများ ရနိုင်ပါတယ် လို့ အဖြေပေးလိုက်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More