This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, June 13, 2008

ဖြစ်ရလေခြင်းရယ်

ဓါတ်ပုံပါသော ရဟန်းတော်ကား နော်ဝေနိုင်ငံတွင် သီတင်းသုံးနေထိုင်သော မြန်မာရဟန်းတော်တစ်ပါးပါ၊
ဒါဖြင့် အမျိုးသမီးနှင့်ဘာပြုလို့များ တွဲဖက်ဓါတ်ပုံအရိုက်ခံရပါလိမ့်.... ဖြစ်ပုံက ဒီလိုပါ........
ထိုမြန်မာရဟန်းတော်သည် ပြင်သစ်နိုင်ငံသို့ ကြွရောက်စဉ် လူအုပ်ကြားထဲ အဆိုပါ ပြင်သစ်အမျီုးသမီးက အတူတွဲဖက်၍ ဓါတ်ပုံရိုက်ချင်ကြောင်း ပြောလာသောအခါ ဘာသာစကား အားနည်းရှာသော ရဟန်းတော် ခမျာ ဘယ်လိုတုံ့ပြန်ပြောဆိုရမည်ကို စဉ်းစားတုန်းပင် ဗြုန်းဆို ပုံပါအတိုင်း ပြင်သစ်အမျိုးသမီးက မြန်မာရဟန်း တော်အား ၀င်ရောက်ပွေ့ဖက်ကာ ဓါတ်ပုံရိုက်ယူသွားခြင်းဖြစ်ပါသည်။
ပြည်ပရောက်ရဟန်းတော်များသည် လက်ဆွဲနုတ်ဆက်လာလျှင် အာပတ်သင့်နိုင်သည့်အတွက် အမျိုးသမီးများနှင့်တွေ့ကြုံလျှင် လက်ဆွဲနှုတ်ဆက်မှုမှ ကင်းနိုင်စေရန် လက်ကို အရှေ့၍ ယှက်ထားခြင်းဖြစ်သည်၊ သို့သော်လည်း ပြင်သစ်အမျိုးသမီးက ယုတ်တရက်ဝင်ရောက်ပွေ့ဖက်လိုက်သောအခါ ရဟန်းတော်သည် မည်သို့ပြုလုပ်ရမည်မသိ ဖြစ်နေစဉ် ရိုက်ထားသော ဓါတ်ပုံဖြစ်နေပေသည်၊

ထိုဓါတ်ပုံတင်ပေးခြင်းသည် ထိုရဟန်းတော်၏ ဂုဏ်သိက္ခာကို ချလိုစိတ်လုံးဝမရှိပါ၊ ဆိုလိုသည်မှာ ပြည်ပရောက် မြန်မာရဟန်းတော်များသည် ဘာသာစကား အားနည်းသောကြောင့် ယခုလိုအဖြစ်မျိုးကြုံရပုံကိ မြန်မာရဟန်း တော်များ သိစေချင်လှပေသည်။

Type the rest of your post here.

တုနှိုင်းမမီ ထွက်ပါတော့မည်

သိပ်မကြာမီမှာ ထွက်ရှိလာတော့မယ့် "တုနှိုင်းမမီ" စာအုပ်ဖုံးကို ကြိုတင်ပီး မိတ်ဆက်ပေးချင်တဲ့အတွက် ပို့စ်တင်ပေးလိုက်ပါတယ်၊ အားလုံး နှစ်သက်မယ်လို့ မယုံမှတ်ရဲသော်လည်း စာအုပ်မျက်နှာဖုံးကို ကြည့်ကာ ပီတိဖြစ်ရသူက စာရေးသူရဲ့ ဖေါ်မပြနိုင်တဲ့ ခံစားမှုတစ်ခုပါ။
အားလုံးကျန်းမာရွှင်လန်းကြပါစေ

အတွေး

လူတစ်ယောက်သည် ဘယ်အချိန်မှာ အရေးအကြီးဆုံး လို့ မေးလာခဲ့ရင်....
လူတစ်ယောက်ရဲ့ အရေးအကြီးဆုံးချိန်ဟာ ဘ၀ နေ၀င်ချိန်ပဲလို့........လေ
ဟုတ်တော့လည်း ဟုတ်မှာပါ၊
ဒါပေမယ့်......
တွေးကြည့်တော့ ဒါထက်အရေးကြီးတဲ့ အချိန်ဟာ တစ်ခြားမဟုတ်
အခုဖြစ်ဆဲ ပစ္စုပ္ပန်အချိန်ဟာ အရေးအကြီးဆုံးပဲလို့ တွေးမိပါတယ်...
ဘာကြောင့်လည်းဆိုရင်.....
အခုဖြစ်ဆဲမှာ ကောင်းတာတွေကြီး ပြုလုပ်၊ပြောဆို၊ကြံစည်ကြမယ်ဆိုရင်
ဖြစ်ဆဲခဏတိုင်းတိုင်း ပစ္စုပ္ပန်တိုင်းမှာ ကောင်းနေမှာပါ...
ဒီလိုကောင်းနေမှလည်း ဘ၀နေ၀င်ချိန်အတွက် အဆင်သင့်ဖြစ်မှာ မဟုတ်လား..
သေသေချာချာ တွေးပီး ........................? လုပ်စရာရှိတာလုပ်ကြဖို့ပါပဲ
စာဖတ်သူများ ကျန်းမာချမ်းသာကြပါစေ

Thursday, May 29, 2008

နှစ်ငါးဆယ်ပြည့် ရွှေရတု ပျားရည်ဆွမ်းလောင်းလှူပွဲကြီး

ကတန်ကျွန်းသည် မြိတ်ကျွန်းပေါင်း (၈၀၀)ခန့်ရှိသည့်အနက် အလျား(၁၈)မိုင်၊ အနံ(၁၂)မိုင် ရှိသည့် အကြီးမားဆုံးသော ကျွန်းဖြစ်သောကြောင့် ထိုကတန်ကျွန်းကို ကျွန်းဘုရင် ဟု ခေါ်ကြသကဲ့သို့ ကျွန်းစု ဟုလည်း ခေါ်ခဲ့ကြပေသည်။ ယခုအခါ ထိုကတန်ကျွန်းကြီးတွင် ရွာပေါင်း (၂၀)ခန့်ရှိပြီး ကတန်ကျွန်းကို မူတည်၍ ကျွန်းစုမြို့နယ်ဟု ခေါ် ကြပါသည်။ ထိုကျွန်းစုမြို့နယ်အတွင်း ထိန်းချောင်းအမည်ရှိ ကျေးရွာတစ်ရွာလည်းရှိပေသည်။ ထိုရွာတွင် အောင်တော်မူသာသနာ့ရိပ်သာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့တွင် ပျားရည်ဆွမ်းလောင်းလှူလာခဲ့ကြရာ (၁၉၅၈)ခုနှစ်မှသည် (၂၀၀၈)ခုနှစ်အထိ နှစ်ငါးဆယ်တိုင်ခဲ့ပြီ ဖြစ်သောကြောင့် ယခုအခါ နှစ်ငါးဆယ် ရွှေရတု အထိမ်းအမှတ်ဖြင့် ပျားရည်ဆွမ်းလောင်းလှူပွဲ ကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ ထိုပွဲတွင် ပျားရည်လာရောက်အလှူခံတော်မူကြသော သံဃာတော်များမှာ (၁၃၀)ပါး အရေအတွက်ရှိပြီး၊ သီလရှင်များမှာ (၄၀)ခန့် ၊ စုစုပေါင်း (၁၇၀)ခန့် ရှိပါသည် ။ ထိုပွဲတွင် ပတ်ဝန်းကျင်မှ ရွာများဖြစ်ကြသော ကတ္တလူရွာ၊ မရမ်းချောင်းရွာ၊မအိုင်ရွာ၊ ပန်းဆွတ်ရွာ၊ ရေခပ်ဆိပ်ရွာ၊ ဆားဖိုရွာ၊ သန္တာကျွန်း(ယခင်ကုလားကျွန်း)၊ကျွန်းစုမြို့တို့မှ စေတနာရှင်များက ပျားရည်ဆွမ်းလာ ရောက်လောင်းလှူကြကြောင်း သိရှိရပါသည်။

Type the rest of your post here.

Twitter Delicious Facebook Digg Stumbleupon Favorites More