This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 9, 2008

ဘ၀လမ်းကြောင်း လျှောက်လှမ်းတတ်ကြပါစေ

ဘာလိုလိုနဲ့ ရန်ကုန်မြေချေချခဲ့သည်မှာ ယခု ၂၀၀၇ခုနှစ်ရဲ့ ဆည်းဆာကို ကျော်ဖြတ်ကာ ၂၀၀၈ခုနှစ်ရဲ့ ရောင်နီသည်လည်း ပေါ်ထွက်လို့လာရပါသည်။ ထို့အတူ စာရေးသူတို့၏ ရိပ်သာ(၂၅)နှစ် ငွေရတုအထိမ်းအမှတ်စာအုပ် ပြီးမြောက်လာတော့မည်ကို တွေးကာ ပီတိဖြစ်မိပါသည်။ အကြောင်းအားလျော်စွာ အများအကျိုးအတွက် သာသနာပြုလာသည့်တစ်လျှောက် လောကဓံတရားကို ကြံ့ကြံ့ခံနိုင်ရန် သီးခံခြင်းတရားဖြင့် မေတ္တာကို ရှေ့တန်းတင်ကာ လျှောက်လမ်းလာခဲ့သည်မှာ ၂၅ နှစ်သို့ပင် တိုင်ခဲ့ချေပြီ ။
(၂၅)နှစ်မှသည် အနောက်ဖက်ဆီသို့ ပြန်၍ စောင်းငှဲ့ကြည့်လိုက်လျှင်

ဘ၀တွင် ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုဒဏ်ကိုလည်း ကြံ့ကြံ့ခံခဲ့ရသကဲ့သို့ အောင်မြင်မှုသည်လည်း အတိုင်းအတာ တစ်ခုအထိတော့ ရခဲ့ပါတယ်လို့ ဆိုရပေလိမ့်မည်။ တွေးမိသည်မှာ ဖြတ်သန်းလာခဲ့သည့်ဘ၀ခရီးတစ်လျှောက် ချီးမွန်းခံရသကဲ့သို့ အကဲ့ရဲ့လည်းခံခဲ့ရပါသည်။ အချွေအရံကလည်း တစ်ခါတစ်ရံ တစ်ယောက်တည်းဆိုရပေမယ့်လည်း အချွေအရံသင်းပင်းနဲ့လည်း နေခဲ့ရပါသည်။ တစ်ခါတစ်ရံ အဆင်းရဲပင်ပမ်းခံခဲ့ရသကဲ့သို့ ချမ်းသာသုခကို ရရှိခဲ့သည့်အခါလည်း ရှိပေသေးသည်။ အချိန်တွေ ကြာညောင်းလာသည့်အမျှ ဘ၀၏ အတွေ့အကြုံလည်း အတော်အတန်ရရှိခဲ့ပါသည်။ လောကဓံတရားကြောင့် ပုထုဇဉ်ပီပီ ၀မ်းနည်း၊ ၀မ်းသာဖြစ်ခဲ့ရသည့်အကြိမ်အရေအတွက်လည်း မနည်းတော့ပေ။ ဘ၀တွင် ဖိအားပေးမှုများရှိလာခဲ့လျှင်လည်း လွဲမှားသောနည်းဖြင့် ထွက်ပေါက်ရှာခဲ့သည့်အခါလည်း ရှိသကဲ့သို့ ဆရာသမား၏ လမ်းညွန်မှုဖြင့် မှန်ကန်သောနည်းနှင့် ထွက်ပေါက်ရှာခဲ့ရသည်လည်း ရှိပါသည်။ မည်သို့ဆိုစေ လူတိုင်းသည် ဖြတ်သန်းလာခဲ့ရသည့်ဘ၀တစ်လျှောက် အဆိုး၊ အကောင်း ၊ ဆင်းရဲ ၊ ချမ်းသာ၊ ချီးမွန်း ၊ ကဲ့ရဲ့စသည်တို့ဖြင့် ပင်လယ်လိုင်းလုံးကြီးပေါ်တွင်ရှိနေသော လှေကလေးကဲ့သို့ နိမ့်တုံမြင့်တုံ ဖြင့် ဘ၀တစ်လျှောက် ကျော်ဖြတ်လာခဲ့ရပါသည်။
ဘ၀၏ အတိတ်ဆီသို့ မျှော်မှန်းကြည့်ရင်း အတွေးပုံရိပ်ထင်လာမိသည်မှာ-
သကျသာကီနွယ်ဖွား ဗုဒ္ဓ၏ သားတော်များဖြစ်သော ရဟန်းသံဃာတော်များသည် နတ်လူအပေါင်းအား ချမ်းသာ စိမ့်သောငှါ ကိုယ်ကျိုးမဖက် အများအတွက် ဆောင်ရွက်တော်မူလာကြသည်မှာ ယခုမှမဟုတ် ၊ ရှေးပဝေသဏီလက်ထက် ကပင်ဖြစ်သည်။
“သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဟူသည့် ဆောင်ပုဒ်အရ သူများအကျိုးကို ဆောင်ရွက်ပေးလျှင် ကိုယ့်အကျိုး အောင်မြင်သည့်အခါလည်းရှိသကဲ့သို့ ဆန့်ကျင်ဖက်ဖြစ်သွားရသည့်အခါလည်း ရှိပေသေးသည်။ ဆန့်ကျင်ဖက် ဖြစ်ရခြင်းအကြောင်းကား---
တစ်ခါက “ အရှင်ဘုရား…. စာရေးဆရာလည်းဖြစ်၊ တရားဟောဓမ္မကထိကလည်းဖြစ်တဲ့ ဆရာတော်တစ်ပါးကို တပည့်တော် ပင့်ထားပါတယ်ဘုရား၊ သူလာရင် အရှင်ဘုရားကျောင်းမှာပဲ တည်းခိုခွင့်ပြုပါဘုရား” ဟု လျှောက်ထားလာသော စကားကို မပယ်ရှားလိုသည်ကတစ်ကြောင်း၊ ထိုပုဂ္ဂိုလ်ကို တွေ့မြင်လိုသည်က တစ်ကြောင်း အကြောင်းကြောင်းကြောင့် လက်ခံလိုက်ပါသည်။
ထိုဓမ္မကထိက ဆရာတော် ကြွလာသောအခါ မိမိထက်အသက်ငယ်သော်လည်း လွပ်လပ်စွာ သီတင်းသုံးနေထိုင် နိုင်အောင် တစ်ပါးနေတိုက်ကျောင်းလေး၌ ရေမီးအစုံ၊ ကုဋီ ၊ရေချိုးခန်းစသည့် အပြည့်အစုံလိုလေသေးမရှိအောင် စီမံပေးထားပါသည်။ ထိုအာဂန္တုကရဟန်းသည် မိမိကျောင်း၌ သီတင်းသုံးလာသည်မှာ တစ်လခန့် ရှိလာသည်နှင့်အမျှ ထိုရဟန်း၏ ကြိုးစားမှုကြောင့် သူ့အားလက်ခံသော ပရိသတ်ကလည်း အလွန်ကို ပေါများလာလေသည်။
နောက်ပိုင်း ပရိသတ်များလာသောအခါ တစ်နေ့ သူ၏တပည့်တစ်ဦးက “ အရှင်ဘုရား…….( )နေ့၊ အရှင်ဘုရားကျောင်းမှာ ဆွမ်းကျွေးချင်လို့ပါဘုရား၊ အလှူရှင်က အရှင်ဘုရားကျောင်း၌ တည်းခိုနေသော ဓမ္မကထိကဆရာတော်ရဲ့ တပည့်တစ်ဦးပါဘုရား၊” ဟု လျှောက်ထားသောစကားကြောင့် စာရေးသူက “ ကောင်းတာပေါ့ ..ဒကာ..၊” ဟုပြန်လည်ပြောလိုက်ပါသည်။ ဆက်လက်၍ ထိုသူက “ အရှင်ဘုရား…. အလှူပြုလုပ်တဲ့နေ့မှာ လာရောက်ကြတဲ့ ဧည့်သည် တွေကို ( )ကထုတ်တဲ့စာအုပ်ကို လှူချင်တဲ့အတွက် လှူခွင့်ပြုပါဘုရား….” ဟု ပြောသောကြောင့် စာရေးသူက “တကာ…….. ( )အဖွဲ့ချူပ်က တရားစာအုပ်ဖြစ်ပေမယ့် မြတ်စွာဘုရားဟောတဲ့ တရားပါပဲ၊ ဒါကြောင့် မြတ်ဘုရားတရားတော်ရေးထားတဲ့ စာအုပ်ကို လှူဒါန်းတာဟာ လှူသာလှူပါ ၊ လှူခွင့်ပြုပါတယ်” ဟုစာရေးသူက ကြည်ဖြူစွာဖြင့် ကောင်းမှုပွဲနှင့် စာအုပ်ကို အလှူရှင်အား ကျေကျေနပ်နပ် ခွင့်ပြုခဲ့ပါတယ်။
ကောင်းမှုပွဲပြီးသောအခါ ထိုအာဂန္တုရဟန်း၏ အသိုင်းအ၀ိုင်းမှ လူတစ်ယောက်သည် အလှူပွဲ၌ လာသမျှလူများအား ဓမ္မဒါနပြုလုပ်သော စာအုပ်များအနက်တစ်အုပ်ကို လာရောက်ဆက်ကပ်ပါသည်။ စာအုပ်၏ မျက်နှာဖုံးပါစာတမ်းကို ဖတ်ကြည့်လိုက်သောအခါ (………………………………….)ယောဂီများအတွက်သာ ဟု ရေးထားပါ သည်။ ( )နည်းကို ကျင့်သုံးကြသော ယောဂီများအတွက်သာ ဟု သတ်မှတ်ချက်ပေးထားဟန်တူပါသည်။
အမှန်စင်စစ် မြတ်ဘုရားတရားတော်သည် အဖွဲ့တစ်ဖွဲ့ ၊ လူတစ်စု အတွက်သာ သတ်မှတ်ထားသည် မဟုတ်ချေ ။ တရုတ် ၊ ကုလား ၊ ပုဏ္ဏား ၊မူဆလင် ၊ ခရစ်ယန် လူမျိုးမရွေး ၊ဘာသာမရွေး အသုံးပြုနိုင်သည့် အားလုံးနှင့်သင့်ဆိုင်သော (universal) တရားတော်ဖြစ်ပါသည် ဟု အလှူဒကာတို့အား အသိတရားရစေရန် ပြောကြားပေးလိုက်ရပေသည်။
ထို့ပြင် သူတို့အထဲမှ လူတစ်ယောက်က လျှောက်ပြန်ပါသည် “ အရှင်ဘုရား……….အခု ပြုလုပ်တဲ့ ကောင်းမှုပွဲဟာ အရှင်ဘုရားရဲ့ ဘုဉ်းကံကြောင့် ဖြစ်လာတာမဟုတ်ဘူးနော်၊ ( )ဆရာတော်ရဲ့ဘုဉ်းကံကြောင့်ဖြစ်လာတာပါ” ဟု ကျေုာင်း၌ တစ်လကြာ တည်းခိုနေသည့် သူတို့ကြည်ညိုသော ဓမ္မကထိက ဆရာတော်ကို ဤစကားဖြင့် ချီးမြှောက်ပါလေတော့သည်။ ကြားလိုက်ရသည့် စကားသံကြောင့် စိတ်ထဲတွင် တစ်မျိုးဖြစ်သွားပါသည်။ မိမိကျောင်းကန်၌ အလှူပွဲဖြစ်မြောက်အောင်လည်း ရေ ၊ မီး ၊ ထင်း ၊ စသည့်အမျိုးစုံကို ကျေနပ်စွာ အကူအညီပေးပါလျှက်နဲ့ “အရှင်ဘုရား ဘုဉ်းကံကြောင့် မဟုတ်ဘူးနော်” ဟု ပြောထွက်ပါသေးသည်။ ထိုစကားနဲ့ပတ်သက်၍ စိတ်ထဲ မကောင်းသော်လည်း ပြန်လည်ချေပခြင်းမပြုခဲ့ပါချေ။ ဤနေရာ၌ ဆရာနှင့်ဒကာ ပြိုင်ပြီး ရန်စကားပြောဆိုရလျှင် မကောင်းသောကြောင့် ထိုပြဿနာ ပြေလည်ပါစေတော့ရယ်လို့ ရည်ရွယ်ပြီး “ ဟုတ်ပါတယ်ဒကာ…….ဒီကောင်းမှုဟာ ဘုန်းကြီး ဘုဉ်းကံကြောင့်ဖြစ်လာတာ မဟုတ်ပါဘူး” ဟု ပြဿနာပြီးဆုံးစေရန် သူတို့ဖြစ်စေချင်သည့်အတိုင်း ပြောပေးလိုက်ရပါသည်၊ ထိုဘုဉ်းကံကို ငါ့ဘုဉ်းကံဟုနာမည်တတ်ချင်၍ မဟုတ်ပါ၊ တတ်လည်းမတတ်ချင်ပါ ၊ ပထမကတည်းက သူ့အကျိုးကိုလိုလား၍သာ ကျောင်း၌ လက်ခံခဲ့သည် မဟုတ်ပါလော။ ပြဿနာသည် ထိုမျှနှင့်မပြီးသေး ထိုအာဂန္တုကဆရာတော်သည် ပရိသတ်အခြံအရံများလာသောအခါ ရောက်ခါစက အခြေအနေနှင့် လုံးဝမတူတော့ပေ။ အဘယ့်ကြောင့်နည်းဟူမူ ယခင်က ဆွမ်းစားကျောင်း၌ ကျောင်းသံဃာများနှင့် အတူတူ ဘုဉ်းပေးနေရာမှ သူ့ကို သီတင်းသုံးတည်းခိုခွင့်ပေးထားသော ကျောင်းလေးတွင် သီးသန့်ခွဲထွက်၍ ဆွမ်းဘုဉ်းပေးသည့်အဆင့်သို့ ရောက်ရှိလာပါသည်၊ ကျောင်းရှိသံဃာတော်များနှင့်မည်သို့မျှ ပြဿနာမဖြစ်၊ အကြောင်းမရှိဘဲ ခွဲထွက်၍ ဆွမ်းဘုဉ်းပေးခြင်း သည်၊ ကျောင်းနေသံဃာတော်များ၌ အနေခက်လှသည်ကို ထိုအာဂန္တုကဆရာတော် သိပါလေစ၊ ရိပ်သာအတွင်း တရားကျင့်သုံးနေသော ယောဂီများရှိနေသည်ကို သိပါလျှက်နှင့် ထိုအာဂန္တုကဆရာတော် အပြင်သို့ထွက်သည့်အခါ၌ဖြစ်စေ၊ အပြင်မှ ပြန်လာသည်ဖြစ်စေ ကားဟွန်းသံဆူညံနေလေတော့သည်၊ ထိုအကြောင်းကို ထိုဆရာတော်က ကြိုတင်၍ ပြောပြထားမည်ဆိုလျှင် ထိုသို့ဖြစ်လာမည်မဟုတ်ပါချေ။ သူတို့ကျောင်း၌ သည်လိုပုံစံ ကျင့်သုံးမည်ဆိုလျှင် မည်သို့ခံစားရမည်နည်း၊ ကိုယ်ချင်းစာတရားထားနိုင်မည်ဆိုလျှင် ကောင်းလေစွ။ ရိပ်သာတွင်နေစဉ်အတွင်း ထိုဆရာတော်၏ အကျိုးကို လိုလားစွာဖြင့် တာဝန်ယူပင့်ဆောင်ပေးခ၊ဲ့ တရားပွဲများ ဖြစ်မြောက်အောင် စီမံပေးခဲ့သော ဒကာနှင့်လည်း အဆင်မပြေဖြစ်ကာ လမ်းခွဲခဲ့ရပါသည်။
သို့ဖြင့် တစ်လမှ နှစ်လ စသည်ကြာလာသောအခါ ထိုဆရာတော်သည်လည်း ကျောင်းမှ ပြန်လည်ထွက်ခွာသွားပါလေတော့သည်။ နောက်တစ်နှစ်လောက်ကြာသောအခါ တရားပွဲမှရသော ဓမ္မပူဇာဖြင့် စာရေးသူတို့ နေထိုင်ရာ မြို့လေး၏ အပြင်ဖက်၌ မြေကွက်ဝယ်ကာ ကျောင်းဆောက်လုပ်ပီး သီတင်းသုံးနေလာခဲ့ရာ ယခုအခါ အောင်မြင်ထင်ရှား ကျော်ကြားသောကျောင်းတစ်ကျောင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ ၀မ်းမြောက်စရာကောင်းလှပါသည်။
တစ်နေ့သောအခါ စာရေးသူထံသို့ ကျောင်းအစ်မ ရောက်ရှိလာကာ -
“ အရှင်ဘုရား …….ဒီစာအုပ်ဖတ်ကြည့်ပါဦး ဘုရား၊”
“ ဘာတွေများထူးခြားတာပါလို့တုန်း ကျောင်းအစ်မကြီး၊”
“ အရှင်ဘုရား ဖတ်ကြည့်ရင်သိပါလိမ့်မယ်” ဟု ပြောသောအခါ ထိုစာအုပ်၏ မျက်နှာဖုန်းကို ကြည့်လိုက်သည်ဆိုလျှင် အထက်ပါဆိုခဲ့သည့် အာဂန္တုဆရာတော်ရေးသားသော စာအုပ်ဖြစ်နေလေသည်။ ထိုစာအုပ်ကို ဖတ်ကြည့်လေရာ တစ်နေရာ တွင် စာရေးသူတို့၏ ကျောင်းမှ ဆရာတော်ကို တစ်စိတ်တစ်ဒေသ ပုတ်ခတ်ထားသည်ကို တွေ့ရှိရပါသည်။
ကျောင်းမှာ အကြားကြီးတည်းခိုသည့်အပြင် စာရေးသူ၏ ကျေးဇူးကိုမှ မထောက် ကျောင်းရှိ ပုဂ္ဂိုလ်များကို စော်ကားသွားသည်မှာ ရစရာမရှိအောင်ပင်၊ တရားဟောသည့်အနေမျိုးဆိုလျှင် တော်ပါသေးရဲ့ ယခုတော့ လုံးချင်းစာအုပ်ထဲတွင် ရေးသားစော်ကားထားရာ တိုင်းသိပြည်သိ ကျော်ကြားသွားပါတော့သည်။ “ဘုရားပီးညမ်းဖြစ်” ဟူသည့်လမ်းစဉ်ကို ကျင့်သုံးနေသည်ထင်ရသည်။ အရိပ်နေနေ ၊ အခက်ချိုးချိုး ဆိုသည်မှာ သည်လိုမျိုးကို ဆိုလိုသည်ထင်ပါသည်။ မိမိအိမ်၌ မွေးထားသော တိရစ္ဆာန်လေးတောင်မှာ ကျေးဇူးမကန်းသည့်အပြင် သခင်ကိုပြန်၍ အသက်ပေးပြီး စောင့်ရှောက်တတ်ပါသေးသည်။ ယခုတော့ စကောလောက်မှ စောက်မနက်၊ အသိခေါက်ခက် အ၀င်နက်သော အနေအထားဖြစ်နေပါသည်။
အချူပ်ဆိုရသော် သူများအကျိုးဆောင် ၊ ကိုယ့်အကျိုးအောင်မည် မှန်သော်လည်း တစ်ခါတစ်ရံ ကိုယ့်အကျိုး မအောင်သည့်အပြင် ပို၍ဆုတ်ယုတ်သွားသောအခါမျိုးလည်း ရှိပေသေးသည်။ ထိုကဲ့သို့ မထင်မှတ်သော အခြေအနေနှင့် ကြုံလာသည့်အခါ မည်သို့မျှ ခံစားမှုမဖြစ်စေဘဲ သည်းခံမှုအပြည့်ဖြင့် “မည်သူတရားပျက်ပျက် ၊ ကိုယ်မပျက်စေနှင့်” ဟူသည့်အတိုင်း မှန်ကန်သော ဘ၀လမ်းကြောင်းကို လျှောက်လမ်းနိင်ပါစေဟု ရွှေဟင်္သာဆရာတော်ဘုရားကြီး၏ သြ၀ါဒလင်္ကာလေးကို ဖေါ်ပြကာဖြင့် နိဂုံးချူပ်လိုက်ရပါတော့သတည်း။ ။
အများအကျိုး ရွက်သည်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့။ ။

ကျေးဇူးတင်စွာဖြင့်
စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ

Friday, January 4, 2008

10 in 1 လာပါပြီ

ကလင် ကလင် ကလင် ဖုန်းမြည်သံကြောင့် ဖုန်းကိုင်လိုက်သောအခါ “ အရှင်ဘုရား…..တပည့်တော်တိုက်မှာ ထုတ်ဝေသူတစ်ယောက် ရောက်နေပါတယ်ဘုရား၊ အရှင်ဘုရားမှာ ရေးပီးသားဆောင်းပါးရှိရင် ပို့ပေးစေချင်ပါတယ်ဘုရား…၊ အရှင်ဘုရားနောက်ရေးမယ့် ဆောင်းပါးတွေမှာ ကလောင်နာမည် ပြောင်းရတော့မယ်ဘုရား၊ ယခုလက်ရှိ ကလောင်အမည်နဲ့ ရေးရင် ထည့်ပေးမှာ မဟုတ်ဘူး ဘုရား…၊ အရှင်ဘုရားနာမည်က အခု နာမည်ကြီးနေတဲ့ ဓမ္မကထိက ဆရာတော်ရဲ့ ဘွဲ့တော်နဲ့ တူနေလို့ပါဘုရား….၊” အော်…တို့များ နာမည်ကြီးချင်တော့………ကြံဖန်ပြီးနာမည်ကြီးတယ်နော်၊ ဘာကြောင့်လည်းဆိုရင် နာမည်က “ ကောဝိဒ” ဖြစ်နေလို့ပါတဲ့ဗျ……….။
လောကမှာ လူတူတာလည်းမရှားသကဲ့သို့ နာမည်တူတာလည်း ပေါများလှသည်။ နာမည်တူရုံမျှနဲ့ ထိုနာမည်မသုံးရ ဟု ဆိုလျှင် နာမည်တူသောသူများ အခက်တွေ့ရချေတော့မည်။ အခုနာမည်ကြီးဆရာတော်တွေက ငါးပါးဆိုတော့ ------
5 in 1 လုပ်လို့မရနိုင်ချေ။ 6 in 1 လုပ်မှာရနိုင်မည်။ ထိုထက်သေချာတာက 10 in 1 လောက်ဆို ပိုသေချာမည်ထင်သည်။ ဒါကြောင့် ယနေ့ကစပြီး နာမည်ကို 10 in 1 နာမည်ဆယ်မျိုးမှည့်ကာ ထိုဆယ်မျိုးအနက်က ကင်းလွတ်ခွင့်ရတဲ့ နာမည်တစ်လုံးကို အမျိုးမျိုးပြောင်းသုံးခြင်းဖြင့် အန္တရာယ်အကင်းဆုံးနှင့် စိတ်အချရဆုံးဖြစ်ကြောင်း နာမည်ရှိကြသောသူများ အား မောင်းခတ်ကာ သတိပေးနိုးဆော်လိုက်ရပါတော့သတည်း။

Type the rest of your post here.

လောကအလှဖန်တီးနိင်ကြပါစေ

Photobucket

တိရစ္ဆာန်စွမ်းအားဖြင့် လျှပ်စစ်အားထုတ်လုပ်နိုင်ကြောင်း ဂျာနယ်ကြီးတစ်စောင်တွင် သတင်းတစ်ပုဒ်ဖတ်လိုက်ရ သည်။
နွားများအား ထမ်းပိုးထမ်းစေ၍ ဆီဆုံကြိတ်သလို လည်စေကာ လျှပ်စစ်စွမ်းအင်ထုတ်ယူ၍ ကော်ဖီဖျော်စက်ဖြင့် ကော်ဖီ ဖျော်နိုင်ပြီ…………တဲ့။
နွားများကို မညာမတာ
တစ်ဖက်ကကြည့်လျှင် ဤမျှနှေးကွေးစွာလည်ပတ်ရုံမျှနှင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်လာနိုင်သည်ကို ၀မ်းမြောက်ရ မည်ဖြစ်သော်လည်း ထယ်ထွန်ခြင်း၊ စပါးနှယ်ခြင်း ၊ ဆီကြိတ်ခြင်း ၊ သောက်သုံးရေ ပစ္စည်းများသယ်ယူခြင်း၊ စသည့် လုပ်ငန်းများကို ခိုင်း၍မှ အားမရသေးဘဲ ၊ အားနေတယ်ဟုဆိုကာ တောင်သူလယ်သမား ဦးကြီးများ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သော နွားများကို အားလပ်ခွင့်မပေးဘဲ စက်ရုပ်ကဲ့သို့ အခိုင်းခံရမည့်အရေး တွေးပီး စိတ်ထဲမကောင်းဖြစ်မိသည်။
လောကလူသားများ ကိုယ်ချင်းစာနာတရားထားကာ မေတ္တာကရုဏာမကင်းသော လောက၏အလှကို ဖန်တီးနိင်ကြပါစေ။

Saturday, December 29, 2007

Day of Buddha and New Year

ယခုခေတ် လူတွေ ရဲ့ ခန္ဓာကိုယ်ထဲသို့ အသဲ ဘီ ပိုး ၊ စီ ပိုး များ လျင်မြန်စွာ ၀င်ရောက်ပြန့်နှံ့လာသလိုပဲ၊
ကိုယ့်ရဲ့ Mail inbox ထဲသို့ NEW YEAR ,2008 အထိမ်းအမှတ်ဖြင့် မေလ်းများ လျင်မြန်စွာ ၀င်ရောက်ပြန့်နှံ့လို့နေပြီဗျ။
တစ်ချို့ဆို span လို့တောင်ထင်ရတယ်။ တွေးမိတာက ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အဲလိုမျိုး မေးလ်တွေပို့ကြမယ်ဆိုရင်ဘယ် လောက်ကောင်းလိုက်မလဲ၊ ဗုဒ္ဓနေ့ကို မေ့နေတဲ့သူလည်း သတိတရရှိသွားတဲ့အပြင် ကိုယ့်မှာလည်းကုသိုလ်ရသွားတာပေါ့။
ခုတော့ New Year မှာတော့ မေးလ်တွေဝင်ပြီး ၊ ဗုဒ္ဓနေ့မှာကျတော့ မေးလ်ပို့မည့်သူတောင်မရှိဘူး၊ ဒီလိုဘာကြောင့်ဖြစ်ရ တာလဲ။
ကျယ်တယ်လို့ ထင်ချင်ရင်ထင်စေတာ့ ၊ ရေးသင့်တော့လည်း ရေးရချေဦးမည်။
ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ်နှစ် ကုန်ဆုံးလို့ နှစ်သစ်ကူးအထိမ်းအမှတ်ဖြင့် Happy New Year လုပ်နေကြတာက သဘာဝကျပါတယ်။ သို့သော်လည်း ခရစ်နှစ်ရဲ့အစ ဒီနှစ်သစ်ကူး(Happy New Year ) နှင့် ဗုဒ္ဓဘာသာဝင်များနဲ့ဘာများပတ် သက်လို့ပါလဲ၊ Happy New Year ကို အပျော်သဘောနဲ့ဖြစ်စေ ၊ လူမှုရေးအရပဲ ဖြစ်စေ၊ ပါဝင်ဆင်နွဲကြတယ်ပဲဆိုစေဦးတော့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ နေ့ထူးနေ့မြတ်တစ်ခုဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ မှာ ပိုပြီး ပါဝင်ဆင်နွဲသင့်ပါတယ်။ ဒီ New Year မှာ ပျော်ရွှင်နေသည်များကို ပုံဖေါ်ပီးကြည့်ရင်တော့ ပီးခဲ့တဲ့ ၂၀၀၆ ခုနှစတုန်းက ဒီဇင်ဘာနောက်ဆုံးရက်ရဲ့ညမှာ ပျော်လိုက်နေလိုက်ကြတာက အရက်မူပီးလူမှန်းမသိ ပျော်ကြရဲ့၊ သီချင်းဆိုပီးလဲပျော်ကြရဲ့ တစ်ညလုံးပေါက်မအိပ်ပဲပျော် လိုက်ကြတာ ၊ တစ်ချို့ဆို မူးရူးပီး ရိုက်ပွဲတွေဖြစ်ကြ ၊ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမှန်းမသိ မူးရူးပီး အော်လန်ကြီးနဲ့ သီချင်းတွေအော်ဆိုကြ နဲ့ နှစ်သစ်ကူးဆိုတာ တာပဲလားလို့ တွေးမိပါတော့တယ်၊
ပြောလိုတာက နှစ်သစ်မှာ မေးလ်တွေ အဆက်မပြတ်ပို့ကြသလို ဗုဒ္ဓနေ့မှာလည်း ကိုယ့်အသိတွေဆီ မေးလ်ပို့ကြခြင်းဖြင့် ကုသိုလ်ယူကြပါလို့…………

Type the rest of your post here.

Twitter Delicious Facebook Digg Stumbleupon Favorites More