This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, December 12, 2007

ပြုပြင်စရာလေးတွေ

Photobucket

တနင်္ဂနွေနေ့မှာ တနင်္ဂနွေသားသမီးများက ရွှေတိဂုံဘုရား တနင်္ဂနွေထောင့်ရှိ စံပယ်တော်မူသော ဗုဒ္ဓဆင်းတုတော်အား အလွန်အေးသော ဆောင်းရာသီတွင် ရေလှူနေကြသည်မှာ ဘုရားဆင်းတုတော် နှုတ်ခမ်းတော်လေးကို ပြာလို့- ကိုယ်လည်းဒီလို ဆောင်းရာသီမှာ ရေအလောင်းခံရမယ်ဆိုရင် ဘယ်လိုနေမလဲ၊ရေသပ္ပါယ်တယ်ဆိုပြီး ဘုရားဆင်းတုတော်ရဲ့ ဦးခေါင်းတော်ပေါ်ကနေ ရေအခွက်ပေါင်းများစွာ သင်္ကြန်ရေလောင်းသလို လောင်းနေတာကလည်း ဘုရားကို (အဂါရ၀) မရိုသေရာရောက်ပါတယ်။ ဖြစ်သင့်တာကို ပြောရမယ်ဆိုရင် မြတ်ဘုရားဂုဏ်အာရုံပြုပြီး ချိုးတော်ရေကို ရိုရိုသေသေလှူဒါန်းရမှာပါ။ ကဆုန်ညောင်ရေသွန်းပွဲနဲ့ပတ်သက်ပီး တစ်ချို့ နေရာတွေမှာ ပြောစရာရှိပါတယ်။ ကဆုန်ညောင်ရေ သွန်းတယ်ဆိုတာ မြတ်စွာဘုရားရဲ့ ပရိဘောဂစေတီဖြစ်တဲ့ ဗောဓိ ပင်မှာ ရေသွန်းကြတာပါ။ ဒါကို တစ်ချို့နေရာတွေမှာ ညောင်ရေသွန်းတယ်ဆိုပီး ဘုရားဆင်းတုတော်ကို တစ်နေကုန် ရေသပ္ပါယ်နေကြတာဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပါတယ်။ဗုဒ္ဓဘာသာဝင်များ တချို့နေရာတွေမှာ ဘာသာရေးနဲ့ပတ်သက်ပြီး သဘာဝကျကျတွေးတတ်အောင်လို့ပါ။

Saturday, December 8, 2007

အားဆေးတစ်ခွက်လား အဆိပ်ခွက်လား

နေဘုန်းလတ်
ကျွန်တော် ဘလော့ဂါ နဲ့ ချက်တာ ဆိုတဲ့ ပို့စ်လေးကိုရေးတုန်းက ချက်တင်မှာလဲ ကောင်းကျိုးတွေရှိပါသေးတယ်။ အဲဒါတွေကိုလဲ ရေးပါဦးလို့ ပြောလာသူတွေရှိပါတယ်။ ကျွန်တော်လဲရေးမယ် ရေးမယ်နဲ့ အခုမှပဲရေးဖြစ်ပါတော့တယ် …။ ပထမတော့ ချက်တင်ရဲ့ကောင်းကျိုးတွေကိုချည်းချရေးဖို့စဉ်းစားပေမယ့် … ရေးရင်းရေးရင်းနဲ့ ချက်တင်စွဲနေသူတွေအတွက် ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေပါ ပါသွားပါတယ်။ ကျွန်တော်ရေးထားတာတွေထဲမှာ အစွန်းရောက်နေတဲ့ အမှားမျိုးများပါခဲ့မယ်ဆိုရင် အဲဒီ့အမှား ဟာ လူငယ်တွေကို ချက်တင်ဝဲဂယက်ထဲမှာပဲနစ်မြောပြီး အကျိုးမဲ့ဖြစ်မနေစေချင်လို့ဆိုတဲ့ စေတနာနဲ့ မှားတဲ့ စေတနာအမှားမျိုးပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ နောက်ပြီး ကျွန်တော်သုံးနှုံးတဲ့ စကားလုံးတွေထဲမှာ နည်းနည်းလေးပြင်းထန်တာမျိုးတွေ ပါသွားမယ် ဆိုရင်လဲ အဲဒါဟာ ကရုဏာဒေါသောနဲ့ ပြောမိတယ်လို့ပဲ မှတ်ယူကြစေချင်ပါတယ် …။

ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား …
ဆောင်းပါးခေါင်းစဉ်ကိုကြည့်ပြီး တောင်တောင်အီအီလျှောက်စဉ်းစားနေမှာစိုးရိမ်လို့ ကျွန်တော် ဘာအကြောင်းကို ပြောချင်တာလဲ ဆိုတာနဲ့ပတ်သက်ပြီး အရင်ဆုံးရှင်းရမယ်ထင်ပါတယ်…။ ကျွန်တော် အင်တာနက် (Internet) လို့ခေါ်တဲ့ ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ ကွန်ပျူတာတွေကို တစ်လုံးနဲ့တစ်လုံးချိတ်ဆက်ပေးထားတဲ့ ကွန်ယက်ကြီးအကြောင်းနဲ့ အဲဒီ့အထဲကမှာ chatting နဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့အမြင်လေးတွေအကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ မှတ်မှတ်ရရပြောရရင် ကျွန်တော် စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်တဲ့ အချိန် ၂၀၀၄ ခုနှစ်ရောက်မှ အင်တာနက်ဆိုတာကြီးနဲ့ အထူးတလည်ကို ရင်းနှီးခဲ့တာပါ ...။ စင်ကာပူနိုင်ငံမှာ အင်နာနက်သုံးစွဲခွင့်တွေကို အရောင်းအ၀ယ်လုပ်တဲ့ Internet Service Provider (ISP) တွေက ပုဂ္ဂလိကပိုင်တွေဖြစ်ပါတယ် ...။ အင်တာနက် အသုံးပြုခွင့်ကိုလည်း သိပ်မများတဲ့ နှုန်းထားနဲ့ ရရှိနိုင်တဲ့အတွက် အိမ်တိုင်းလိုလိုမှာ အလွယ်တကူ အသုံးပြုနိုင်ကြပါတယ် ...။ ဒါကြောင့်လဲ မနက်အိပ်ရာထတာနဲ့ ကမ္ဘာလောကကြီးက ကိုယ့်စားပွဲပေါ်မှာ ကိုယ်ကြည့်လိုမြင်လိုသမျှကို ကြည့်နိုင်မြင်နိုင် လေ့လာနိုင်အောင်လို့ အဆင့်သင့်စောင့်မျှော်နေသလိုပါပဲ ...။ အထူးသဖြင့် တက္ကသိုလ်ကျောင်းတွေမှာဆို သိပ်ကောင်းပါတယ် ...။ ကျောင်းဝန်းတစ်ခုလုံး ဘယ်နေရာ ကပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အိတ်ဆောင်ကွန်ပျူတာ (Laptop) လေးကိုဖွင့်လိုက်တာနဲ့ ကြိုးမဲ့အင်တာနက် စနစ် (Wireless Internet System)နဲ့ အင်တာနက်ကို အသုံးပြုလို့ ရပါတယ် ...။

ကျွန်တော်က စင်ကာပူနိုင်ငံမှာ ကျောင်းသွားတက်တာမဟုတ်ပဲ ... အလုပ်သွားလုပ်တာဆိုတော့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် ... အင်တာနက်ဆိုတာကြီးကို စတင်သုံးဆွဲခဲ့တဲ့ ကျွန်တော့်ရဲ့ အဓိကရည်ရွယ်ချက် ကတော့ ခွဲခွာနေရတဲ့ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ သူငယ်ချင်းတွေနဲ့ အပြန်အလှန်ဆက်သွယ်ဖို့ဆိုတာ တစ်ခုပဲဖြစ်ခဲ့ပါတယ် ...။ အရှင်းဆုံးပြောရရင် ... Chatting Services တွေရဲ့အကူအညီနဲ့ ခွဲခွာနေရတဲ့ မိသားစုဝင်တွေနဲ့ နီးကပ်နေသလိုဖြစ်ခဲ့ပါတယ် ...။ နောက်ပြီး ... MIRC လို chatting site တွေနဲ့ လည်း အတူနေသူငယ်ချင်းရဲ့ မိတ်ဆက်ပေးမှုကြောင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ် ...။ အဲဒီ့မှာ ကျွန်တော့်ရဲ့ ရည်ရွယ်ချက် က တဆင့်မြင့်တက်သွားပါတယ် ...။ အဲဒါကတော့ မြန်မာအချင်းချင်းပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားတွေနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းအသစ် အသစ်တွေရှာဖွေ မိတ်ဖွဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် အသိအမြင်တွေဖလှယ်ရယူ မယ်ဆိုပြီးဖြစ်ပါတယ်။ MIRC ထဲမှာ မြန်မာနိုင်ငံက သူတွေနဲ့ တွေ့သလို နိုင်ငံခြားသားတွေနဲ့လဲ ကျွန်တော် မိတ်ဆွေဖြစ်ခဲ့ဖူးပါတယ် ...။ သူ့နိုင်ငံအကြောင်းတွေမေး၊ သူတို့ရဲ့ယဉ်ကျေးမှုအကြောင်းတွေမေးရင်းနဲ့ အင်မတန်မှဗဟုသုတရသလို ကိုယ့်နိုင်ငံရဲ့ အကြောင်းတွေ၊ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ မြန်မာတို့ရဲ့ စိတ်ထား နဲ့ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေ အကြောင်းတွေကိုပြောပြရင်း မြန်မာဆိုတာ ဘာလဲ ဆိုတာကိုပါ ... ကမ္ဘာကသိအောင် လုပ်ခွင့်ရခဲ့ဖူးပါတယ် ...။ MIRC ထဲက မြန်မာတွေအများစုကတော့ မြန်မာအချင်းချင်း Chat ကြတဲ့ အခါမှာ Burglish လို့ ခေါ်တဲ့ မြန်မာအသံထွက်ကို အင်္ဂလိပ်လိုပေါင်းပြီး ပြောတတ်ကြပါတယ် …။ Nay Kaung Lar … ? Sate nyit nay loe … စသည်ဖြင့် ပြောကြပါတယ် …။ ကျွန်တော်ကတော့ Burglish ဆိုတဲ့ Language ကို ဘယ်လိုမှသဘောမကျတာကြောင့် အင်္ဂလိပ်လိုပဲပြောဖြစ်တာများပါတယ် …။ အဲဒါကြောင့်လဲ အင်္ဂလိပ်စာ သိသိသာသာကို တိုးတက်လာပါတယ် …။ ကျွန်တော်နဲ့ Chat ထဲမှာတွေ့ဖြစ်သမျှသူတော်တော်များများကိုလဲ Burglish အစား English လိုပဲပြောဖို့ ကျွန်တော်တိုက်တွန်းလေ့ရှိပါတယ်။ နဲနဲတော့ ပင်ပန်းပါတယ် …။ ကိုယ်ပြောချင်တာကို သူနားလည်အောင် လှည့်ပတ်ရှင်းပြရတာမျိုးတွေရှိသလို သူပြောတာကိုလဲ နားလည်အောင် Dictionary ခဏခဏလှန် နေရတာမျိုးတွေ ရှိပါတယ်။ အဲဒီ့လို အပင်ပန်းမခံပဲ အလွယ်လမ်းလိုက်ပြီး Burglish ကိုပဲ ထဲထဲဝင်ဝင်သုံးခြင်းဟာ အင်္ဂလိပ်စာတိုးတက်မှုကိုနှောင့်နှေးစေသလို … နိုင်ငံခြားသားသူငယ်ချင်းမိတ်ဆွေတွေရရှိနိုင်မှုကိုလဲ တားမြစ်လိုက်သလိုဖြစ်သွားပါတယ် …။

ကျွန်တော်ရဲ့ chatting ၀င်ရခြင်းရည်ရွယ်ချက်က နိုင်ငံအရပ်ရပ်က သူငယ်ချင်းမိတ်ဆွေတွေ တိုးပွားချင်ပြီး အစစအရာရာမျှဝေခံစားနိုင်ကြဖို့ ဖြစ်တာကြောင့် ကျွန်တော်က ကျွန်တော့်ရဲ့ Profile အမှန်တွေကို ပြောပြပြီးမှ Chat လေ့ရှိပါတယ် …။ ဒါကလည်း သိပ်ကိုအရေးကြီးပါတယ် …။ ကျွန်တော့်အမြင် အရတော့ ဘယ်သူမှန်းမသိ၊ ဘယ်အရွယ်မှန်းမသိ၊ ဘယ်ကမှန်းမသိ၊ ဘာမှန်းမသိတဲ့ လူတစ်ယောက်နဲ့ တရင်းတနှီးမိတ်ဆွေသူငယ်ချင်းဖြစ်ချင်တဲ့ ဆန္ဒမရှိပါဘူး …။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် အမှန်တွေကိုပဲပြောသလို … တဘက်ကလူတွေပြောတာကိုလဲ ယုံကြည်မိခဲ့တာတွေရှိခဲ့ဖူးပါတယ် …။ ဒါပေမယ့် တော်တော်များများက အမှန်အတိုင်းမပြောကြဘူးဆိုတာကို တဖြည်းဖြည်းနဲ့ကျွန်တော်သိလာခဲ့ပါတယ် …။ chatting သုံးနေကြတဲ့ လူငယ်တွေအနေနဲ့ ဒီလို လိမ်ညာခြင်းအမှုကို ပေါ့ပေါ့တန်တန်ပဲ သဘောထားပြီး လွယ်လင့်တကူလုပ်နေကြတာဟာ တိုင်းပြည်အတွက် အင်မတန်မှကိုရင်လေးစရာကောင်းပါတယ်။ ဒီိလိုလုပ်ခြင်း အားဖြင့် တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုတွေကင်းမဲ့လာစေနိုင်သလို၊ မိမိရဲ့စကားအတွက် မိမိတာဝန်ယူရတယ်ဆိုတဲ့ အသိစိတ်တွေကိုလဲ ခေါင်းပါးလာစေပါတယ်။ အသုံးပြုခြင်း ရည်ရွယ်ချက် မတူညီမှုတွေက တစ်ဦးတစ်ယောက်ခြင်းစီရဲ့ အကျိုးသက်ရောက်မှုတွေကို ကွဲပြားသွားစေတာကိုလဲတွေ့ရပါတယ်။ မိတ်ဆွေသူငယ်ချင်းတိုးပွားချင်လို့၊ အတွေးအခေါ်အတွေးအမြင်တွေ ဖလှယ်ချင်လို့၊ ဗဟုသုတတွေရှာမှီးချင်လို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ chatting ကိုသုံးတဲ့သူက သူ့ရည်ရွယ်ချက်တွေထဲက အတိုင်း မိတ်ဆွေသူငယ်ချင်းတွေရ၊ အတွေးအခေါ်အတွေးအမြင်အသစ်တွေရ၊ ဗဟုသုတတွေရလာနိုင်သလို … ဘာမှမယ်မယ်ရရမရှိတဲ့ရည်ရွယ်ချက်တွေနဲ့ လူငယ်ဘာဝအီစီကလီလုပ်ချင်ကြလို့ ၊ နောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်သူမှန်းမသိရတာကြောင့် ပြစ်ပြစ်နှစ်နှစ်တွေပြောကြပြီး … စိတ်အရသာခံချင်ကြလို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ chatting ကိုသုံးကြသူတွေကတော့ ဘယ်လို ကောင်းကျိုးမျိုးမှ ဖြစ်လာမှာမဟုတ်ပဲ … စိတ်ဓါတ်တစ်ခုလုံးပျက်စီးသွားနိုင်တဲ့အထိကို ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ အချို့တွေရှိပါတယ် … သူဘယ်သူမှန်း ကိုယ်ဘယ်သူမှန်းမသိခြင်းကို အခွင့်ကောင်းယူပြီး … လိင်ပိုင်းဆိုင်ရာ စကားလုံးတွေကို တစ်တစ်ခွခွပြောကြပြီး အရသာခံကြတာတွေရှိပါတယ် …။ စိတ်ဝေဒနာတစ်မျိုးလို့တောင် ယူဆလို့ရတဲ့ အခြေအနေပါ …။

ချက်တင်မထိုင်ရရင်မနေနိုင်လောက်အောင် ချက်တင်စွဲနေကြသူတွေကို ကျွန်တော်တွေ့ဖူးပါတယ် …။ အထူးသဖြင့် ပြင်ပလောကမှာ ပြဿနာ တစ်ခုခုရှိနေကြတဲ့သူတွေ၊ မယ်မယ်ရရအလုပ်လုပ်စရာမရှိပဲ အားနေကြတဲ့သူတွေနဲ့ စိတ်အားသတ္တိချို့တဲ့သူတွေများပါတယ် …။ အာရုံငါးပါးကိုစွဲလမ်းတာမဟုတ်ပဲ … စကားလုံးတွေရဲ့အားကို စိတ်နဲ့စွဲယူခံစားပြီး အဲဒီ့ခံစားမှုတွေကို စွဲလမ်းနေကြခြင်းပဲဖြစ်ပါတယ်။ တစ်ခုခုကို စွဲလမ်းပြီဆိုကတည်းက အဲဒီ့သူရဲ့ စိတ်အားသတ္တိကနဲနေပြီလို့ပြောလို့ရပါတယ်။ ဆေးလိပ်မသောက်ရရင် မနေနိုင်တာ၊ အရက်မသောက်ရရင်မနေနိုင်တာ၊ ချက်တင်မထိုင်ရရင်မနေနိုင်တာ စတာတွေဟာ … မညှာမတာတမ်းတွေးရမယ်ဆိုရင် သက်မဲ့အရာတွေရဲ့လွှမ်းမိုးမှုကို ကိုယ့်ရဲ့စိတ်က ခံနေရတာပါ ။ ရှက်တတ်မယ်ဆိုရင် အင်မတန်မှကိုရှက်ဖို့ကောင်းပါတယ်။ ဒီနေရာမှာ Globalization ခေတ်ကြီးထဲမှာ အင်တာနက်ကို တစ်နေ့မသုံးရရင် ခေတ်နောက်ကျကျန်ခဲ့လိမ့်မယ်ဆိုတဲ့ စကားနဲ့သွားပြီး မရောထွေး စေချင်ပါဘူး။ အင်တာနက်အသုံးပြုခြင်းဟာ ချက်တင်ထိုင်ခြင်းမဟုတ်ပါဘူး …။ ဆီနဲ့ရေလိုကွာပါတယ် …။ အင်တာနက်ပေါ်မှာ အခြားသုံးစရာတွေအများကြီးပါ။ ယူတတ်မယ်ဆိုရင် ယူစရာတွေအများကြီးပါ။ ပေးချင်တယ်ဆိုရင်လဲ ပေးလို့ရနိုင်တာ အင်တာနက်ပါ။ ဘာလုပ်ချင်လဲ၊ ဘာသိချင်လဲ၊ ဘာလိုအပ်သလဲ၊ ဘာတွေကြားချင်လဲ၊ ဘာတွေပြောချင်လဲ … အင်တာနက်ထဲမှာ သူများထွင်ထားတဲ့လမ်းတွေရှိသလို ကိုယ်တိုင်ထွင်ချင်တဲ့ လမ်းရဲ့အစကိုလဲ ရှာဖွေတွေ့မြင်နိုင်ပါတယ်။ အင်တာနက်ထဲမှာ ကမ္ဘာတစ်ဝှမ်းလုံးက လူများစွာရဲ့ ဦးနှောက်ပေါင်းများစွာ ကိန်းဝပ်နေပါတယ်။ မသိသူကျော်သွား သိသူဖော်စားဆိုတဲ့ စကားလိုပါပဲ …။ တန်းဖိုးမထားတတ်သူတွေကြားထဲမှာ အင်တာနက်ဆိုတာကြီးက မြားနတ်မောင် ဘ၀ကနေ မတက်တော့တာ တီထွင်ခဲ့သူတွေကိုယ်စား ရင်နာရပါတယ်။ အချို့အရာတွေကိုတော့ လူငယ်ထုအနေနဲ့ မသိလို့ဆိုတာ မျိုးဖြစ်နိုင်ပါတယ် …။ ဒါကြောင့် ဒီအခြေအနေတစ်ခုကို ကျော်လွှားဖို့ မီဒီယာတွေမှာလဲ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ လူငယ်ထုအနေနဲ့လဲ စူးစမ်းလေ့လာမှုတွေလုပ်ဖို့လိုပါလိမ့်မယ် …။ လူငယ်တွေအနေနဲ့ အင်တာနက်ရဲ့အသုံးဝင်မှုကို အခြေခံအဆင့်ကတည်းက ကြေကြေ ညက်ညက် မသိခဲ့ခြင်းကလည်း ဒီလိုအခြေအနေမျိုးကိုဖြစ်လာစေတဲ့ … အကြောင်းအရင်းတစ်ခုပါ …။ အင်တာနက်နဲ့ စာကြည့်တိုက်ဟာ ကျောင်းသားတိုင်းရဲ့ ကျောင်းသားဘ၀မှာ ထိတွေ့မှုအများဆုံးအရာတွေ ဖြစ်နေသင့်ပါတယ် …။ ကျွန်တော်တို့လဲ ကျောင်းသားဘ၀ကနေကြီးပြင်းလာခဲ့တာပါ …။ ကိုယ်ကိုယ်တိုင်ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်တွေနဲ့ ရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ်ဆိုတာ ကျွန်တော်တို့ကျောင်းသားတွေရဲ့ဘ၀မှာ မရှိသလောက်ကိုရှားပါတယ်။ ဆရာ၊ ဆရာမတွေ ရေးပေးတာတွေကိုပဲ နှုတ်တိုက်ကျက်ခဲ့ကြရတာပါ …။ ဒါဟာ ကျောင်းပြီးတဲ့ နောက်ပိုင်း လူ့လောကကြီးထဲမှာ ထပ်မံလိုအပ်တဲ့ ဖြည့်ဆည်းစရာတွေကို ကိုယ်တိုင်သင်ယူလေ့လာရတဲ့နေရာမှာ အများကြီးသွားပြီးထိခိုက်ပါတယ် …။ ကျွန်တော်လက်လှမ်းမီ သလောက် နိုင်ငံခြားတိုင်းပြည်တွေမှာ အဲဒီ့လိုမဟုတ်ပါဘူး …။ ဆရာတွေက ကျောင်းသားတွေကို ခေါင်းစဉ်တစ်ခုချပေးပြီး အဲဒါနဲ့ ပတ်သက်တာတွေကို ကျောင်းသားတွေက အင်တာနက်တို့၊ စာကြည့်တိုက်တို့မှာ ကိုယ်တိုင်ရှာဖွေလေ့လာဖတ်ရှုပြီး ရေးသားကြရတာများပါတယ်။ အနိမ့်ဆုံးအနေနဲ့ ၈တန်းကျောင်းသားတစ်ယောက်ဟာ ကိုယ့်ကို ခေါင်းစဉ်တစ်ခုချပေးရုံနဲ့ အဲဒါနဲ့ ပတ်သက်တာတွေကို ဆရာ၊ ဆရာမတွေကရေးပေးတာမျိုးမဟုတ်ပဲ ကိုယ်တိုင်ရှာဖွေလေ့လာသုံးသပ်ပြီး ကိုယ်ပိုင်အမြင်နဲ့ အက်ဆေးတစ်ပုဒ်ဖြစ်အောင် ရေးနိုင်သင့်ပါတယ် …။ ရှက်စရာကောင်းတာက အဲဒီ့လိုအရည်အချင်းမျိုး အချို့ တက္ကသိုလ်ကျောင်းသားတွေမှာတောင်မရှိတာပါ …။ နောက်ပြီး သူများတကာတွေ Creating the Green Environment, The role of NGOs in future စတဲ့ အက်ဆေးတွေရေးနေချိန်မှာ ကျွန်တော်တို့ အနေနဲ့ Myself, My Teachers, My Native Town, Visit to the Pagoda ဆိုတဲ့အဆင့်တွေကနေ တက်သင့်နေပါပြီ …။

လူငယ်တွေအနေနဲ့ အင်တာနက်သုံးတဲ့အချိန်တွေထဲက ဘယ်လောက်ရာခိုင်နှုန်းကို chatting အတွက်သုံးနေလဲ … အခြားအရာတွေကိုရော ဘယ်လောက်ရာခိုင်နှုန်း သုံးနေလဲဆိုတာကို ကိုယ့်ကိုယ်ကို မညှာတမ်းမေးပြီး မညာတမ်း ဖြေကြည့်လိုက်ပါ …။ လုပ်နိုင်သူတွေအနေနဲ့လဲ စစ်တမ်းကောက်ယူကြည့်သင့်ပါတယ် …။ ချက်တင် သုံးတဲ့ ရာခိုင်နှုန်းက များနေသရွေ့တော့ … တိုးတက်မှုတွေ နှောင့်နှေးနေဦးမှာပါပဲ … ။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုတွေကနေ တိုင်းပြည်ရဲ့တိုးတက်မှုတွေကိုပါ နှောင့်နှေးသွားစေနိုင်ပါတယ် …။ နှောင့်နှေးရုံမကပဲ ဆုတ်ယုတ်သွားတဲ့ အဖြစ်မျိုးအထိကို ရောက်သွားမယ်ဆိုရင်တော့ … အများအတွက် အသုံးဝင်နေတဲ့ ဆေးကောင်းတစ်ခွက်ဟာ ကျွန်တော်တို့လက်ထဲရောက်မှ အဆိပ်ခွက်ဖြစ်သွားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ သောက်နေတာ ဆေးတစ်ခွက်လား အဆိပ်ခွက်လားဆိုတာဟာ ကျွန်တော်တို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်ဆိုတဲ့အချက်ပါ …။ ကဲ … ပြော … ကျွန်တော်တို့ ဆေးကောင်းတစ်ခွက်သောက်ကြမလား … အဆိပ်သောက်ကြမလား …။
http://www.nayponelatt.net
 
Tuesday, December 4, 2007

အိမ်တော်ရာ ၊ မြိတ်ကျားကျောင်းမှာ-
ဆွမ်းကပ်ရင်း ဘာညာတို့ ပင့်ဂိုးလ်တို့ မောင်ဝေတို့ "၀ါးတီး" ပါတဲ့

Thursday, November 29, 2007

Domain name အသစ်တစ်ခုကို နိုင်ငံချစ်သောလူငယ်တစ်ဦး၏
စေတနာဖြင့် ကူညီလှူဒါန်းထားသောကြောင့် လင့်ခ်ချိတ်ထားသူများ www.venkawwida.info ဖြင့်
လင့်ခ်ကို ပြောင်းလဲ ၍ အသုံးပြုကြပါရန် ၊ အားလုံးကို ကျေးဇူးတင်ပါတယ်
ဦးကောဝိဒ(မြိတ်)

Twitter Delicious Facebook Digg Stumbleupon Favorites More