This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, September 30, 2010

ဘုရားရှင်ရဲ့အရပ်တော်နဲ့ခြေတော်ရာ

အမေး။ ။မြတ်စွာဘုရားရဲ့အရပ်တော်ကို သိလိုပါတယ်ဘုရား၊ အရပ်တော်နဲ့ဆက်စပ်ပြီး ခြေတော်ရာကို ဘယ်လိုရည်ရွယ် ထားခဲ့ကြောင်း နဲ့ ခြေတော်ရာဟာ ပကတိ ဟုတ်မဟုတ် ဖြေကြားပေးတော်မူပါဘုရား။ကိုညီညီအောင်မင်းဘူးမြို့အဖြေ။ ။ ဘုရားရှင်ရဲ့အရပ်တော်နဲ့စပ်ပြီး အွန်လိုင်းပေါ်မှ အမေးအဖြေများ(၁)၊ နှာ၊ ၇၉ မှာဖြေကြားခဲ့ပြီးပါပြီ၊ပြန်လည်ရှာဖွေဖတ်ရှုဖို့ရာ အကြံပြုပါရစေ။ နောက်မေးခွန်းက ခြေတော်ရာချထားတော်မူခဲ့ရတဲ့ရည်ရွယ်ချက်(ခြေတော်ရာချထားတော်မူရတဲ့အကြောင်း)နဲ့ ယခုခေတ်မှာ ထင်ရှားရှိနေတဲ့ခြေတော်ရာများဟာ ပကတိအစစ် မှန် မမှန်ဆိုတာမေးထားပါတယ်။(၁) ခြေတော်ရာနဲ့စပ်ပြီး ဥက္ကဋ္ဌာမြို့နဲ့သေတဗျမြို့အကြား ဒေါနပုဏ္ဏားကိုအကြောင်းပြုပြီး ခြေတော်ရာကို ချထားတော်မူခဲ့ရတာက (က)ဒေါနပုဏ္ဏားဟာ ယနေ့ အနာဂါမ်ဖြစ်မှာကိုမြင်တဲ့တွက်လည်းကောင်း၊(ခ)ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ဓါတ်တော်များယူရန် လာရောက်ငြင်းခုံကြတဲ့မင်းများကို ဒေါနပုဏ္ဏားက ဖျောင်းဖျနိုင်မည်ကို...

Wednesday, September 29, 2010

နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့ဘုံဌာနတစ်ခုလား

အမေး။ ။ဆရာတော်ဘုရား….လူအတော်များများဟာ နိဗ္ဗာန်နဲ့ပတ်သက်ပြီး နိဗ္ဗာန်ရောက်ပါစေ၊ နိဗ္ဗာန်ရရပါလို၏ လို့ ဆုတောင်းကြတယ်ဘုရား၊ တပည့်တော်သိလိုတာက နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့(ဘုံ)နေရာလား။ ရနိုင်တဲ့(အခြား)အရာကို ခေါ်တာလားဘုရား၊ နိဗ္ဗာန်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းအောင် ဖြေကြားပေးတော်မူပါဘုရား။ကိုညီညီအောင်မင်းဘူးမြို့အဖြေ။ ။နိဗ္ဗာန်ဆိုတာ တည်နေရာ (ဘုံ)မရှိပါဘူး။ လူအများရောက်နိုင်၊ ရနိုင်ပြီး တကယ်လဲရှိတဲ့ သဘာဝအမှန်တရားတစ်ခုဖြစ်တယ်။ ဒါနဲ့စပ်ပြီး မိလိန္ဒမင်းက ရှင်နာဂသိန်ကို “ နိဗ္ဗာန်ဆိုတာ အမြဲအစွဲတည်ရာ ရှိပါသလား”လို့မေးတော့ ရှင်နာဂသိန်က “နိဗ္ဗာန်ဆိုတာ တည်ရာမရှိဘူး” လို့ မိန့်တော်မူတယ်။ဒီအခါ မိလိန္ဒမင်းက “အရှင်ဘုရား…တကယ်လို့နိဗ္ဗာန်ဟာ တည်ရာမရှိဘူးဆိုရင် နိဗ္ဗာန်လဲရှိမှာ မဟုတ်ဘူး။ နိဗ္ဗာန်မျက်မှောက် ပြုတယ်ဆိုတာလဲ တကယ်တော့ မှားတာဖြစ်လိမ့်မယ်။ဥပမာပြောရင် စပါးဆိုတာ သူရဲ့ဖြစ်ရာ စပါးပင်ရှိတယ်။အသီးဆိုတာ သူ့ရဲ့တည်ရာအပင်ရှိ...

ဆရာတော်ကြီးများရဲ့အဆုံးအမသြ၀ါဒ

...

ဆရာတော်ကြီးများရဲ့အဆုံးအမသြ၀ါဒ

...

Tuesday, September 28, 2010

လူတို့ရဲ့သီလများ

အမေး။ ။အရှင်ဘုရား…ရှစ်ပါးသီလအဓိပ္ပါယ်ကို သိချင်ပါတယ်ဘုရား။ ပြီးတော့ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရ လို့ပါပြီး၊ ရှစ်ပါးသီလကျတော့ ကာမေသုသိက္ခာပုဒ်နေရာမှာ အဗြဟ္မစရိယလို့ ပါနေပါတယ်၊ဒီသိက္ခပုဒ်နှစ်ခုမတူပုံကို သိချင်ပါတယ်ဘုရား။ ကိုးပါးသီလကိုလဲ သိချင်ပါတယ် ဖြေကြားပေးတော်မူပါဘုရား။သိန်းသိန်းမြင့်မန္တလေးမြို့အဖြေ။ ။ လူတို့အတွက်စောင့်ထိန်းသင့်တဲ့ ကိုယ်ကျင့်တရားအကြောင်းကို စုံစုံစေ့စေ့သိသင့်ပါတယ်။ အချို့က သီလသာစောင့်ထိန်းကြတယ် သီလအကြောင်း သေသေချာချာမသိကြဘူး။ ပထမဦးစွာ ငါးပါးသီလကို ပြောပါ့မယ်။ငါးပါးသီလပါဏာတိပါတ = သူတစ်ပါးအသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။လူ့ရဲ့အသက်သာမဟုတ် မိမိမှတစ်ပါး အခြားအသက်ရှိသတ္တ၀ါဟူသမျှကို သူတစ်ပါးအသက် လို့ ဆိုလိုပါတယ်။ဒါကြောင့် အသက်ရှိသတ္တ၀ါမှန်ရင် တိရစ္ဆာန်အမျိုးမျိုး၊ ကြမ်းပိုး၊ သန်းဥ၊ခရု၊ ယောက်သွား၊ကျွဲ၊ နွားစတဲ့သက်ရှိသတ္တ၀ါမှန်သမျှ မသတ်ရပါ။အဒိန္နာဒါနာ = သူတစ်ပါးမပေးသောဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏။ဒီသိက္ခာပုဒ်မှ...

Monday, September 27, 2010

သြ၀ါဒတော်များနဲ့တရားတော်များ

၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈...

သြ၀ါဒတော်များနဲ့တရားတော်များ

၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈...

Sunday, September 26, 2010

ဘုရားကိုပူဇော်တဲ့သီချင်းများက အပြစ်ဖြစ်ပါသလား

အမေး။ တပည့်တော်သိချင်တာက ဗုဒ္ဓကိုပူဇော်တဲ့တေးသီချင်းများကတော့ အပြစ်မဖြစ်ဖူးလားဆိုတာလေးပါ။ ဓမ္မစကြာရွတ်ဖတ်တဲ့ အခါမျိုးမှာရော အသံဆွဲရွတ်ဖတ်လို့ရပါသလား.။အနမ်းရန်ကုန်အဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီး ဓမ္မဂီတ ၊ ဂီတဓမ္မ ဆိုပြီး နှစ်မျိုးရှိတယ်။ ဓမ္မဂီတဆိုတာက တရားကို သီချင်းလုပ်ပြီးဆိုတာဖြစ်တယ်။ ဆိုလိုတာ က တရားကို အသံတို၊အသံရှည်၊ အချီ၊အချ၊ အနိမ့်၊အမြင့်တွေနဲ့ သီချင်းသီဆိုသလိုဆိုပြီး တရားဟောတာပါ။ တကယ်ကတရားနာတယ်ဆိုတာ သံဝေဂရအောင် မသိတာတွေသိအောင်ဆိုပြီးတရားနာတာဖြစ်တယ်။ တရားဟောတဲ့သူက သီချင်းဆိုသလို ဟောနေရင် နာတဲ့သူမှာ တရားအနက်သဘောမထင်တော့၊ အသံနောက်လိုက်ကာ သံဝေဂမရတဲ့အပြင် တဏှာဖက်တောင်ကူးသွားနိုင်ပါတယ်။ ဒါကြောင့် “ဓမ္မဂီတ” တရားကိုသီချင်းဆိုသလို ဟောတဲ့သူကလဲ မဟောသင့်သလို နာတဲ့သူကလဲ မနာသင့်ပါဘူး။ ဓမ္မဂီတ ဖြင့် အသံရှည်ဆွဲဟောပြောမှုကို လူဓမ္မကထိကများလဲ မဟောသင့်ဘူး လို့ ယူဆမိပါတယ်။ ဘာ့ကြောင့်ဆိုရင် တရားကို တရားလိုပဲ ဟောရင်အကောင်းဆုံးမို့လို့ပါပဲ။...

Wednesday, September 15, 2010

ပြဇာတ်မင်းသာလို တရားဟောသင့်ပါသလား

အမေး။ ။အရှင်ဘုရား…..MRTV,FOREDU တို့မှာ အချို့ဘုန်းကြီးများ တရားဟောတာနဲ့ပတ်သက်ပြီး တပည့်တော်ဝေဖန်မိပါတယ်ဘုရား။ အချို့ဘုန်းကြီးများဟာ ပြဇာတ်မင်းသားလို အသံရှည်ရှည် ဆွဲငင်ဟောတာတွေ့ရပါတယ်။ တပည့်တော် နားထောင်ရတာလဲ သီချင်းဆိုသလိုပါပဲ ဘုရား။ တပည့်တော်သိချင်တာက တရားဟောတဲ့အခါ အသံနေအသံထားနဲ့ ဆွဲငင်ဟောကြားတာဟာ ၀ိနည်း တော်နဲ့ညီညွတ်မှုရှိပါသလားဘုရား။အေးသီတာဝင်းMCC မြိတ်အဖြေ။ ။ တရားဟောတဲ့နေရာမှာ အသံရှည်ဖြင့် ဆွဲငင်ပြီး တရားမဟောကောင်းပါ။ ဘာကြောင့်လဲဆိုရင်..အသံရှည်ဆွဲငင်ဟောကြားတဲ့ အတွက် ဘုရားရှင်ရဲ့အလိုတော်နဲ့ဆန့်ကျင်နေတဲ့အပြင် အပြစ်ငါးပါး ဖြစ်လို့ပါပဲ။ အပြစ်ငါးပါးက…(၁) မိမိအသံ၌ မိမိသာယာခြင်း။(၂) တရားနာသူတို့က တရားကိုမမက်၊အသံကိုသာတပ်မက်ကြခြင်း။(၃)ပညာရှိသူတို့က ကဲ့ရဲ့အပြစ်တင်မှုကို ခံရခြင်း။(၄) အသံကောင်းအောင်လုံ့လပြုရသဖြင့် သမာဓိပျက်ရခြင်း။(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက်၍ ဟောကြားမှုတို့ကြောင့် သာသနာပျက်ကွယ်ရခြင်း...

Monday, September 13, 2010

သီလရှင်ဘယ်အချိန်ကပေါ်ပေါက်လာပါလဲ

အမေး။အရှင်ဘုရား… တပည့်တော်သိချင်တဲ့အောက်ပါပြဿနာများကို ဖြေကြားပေးတော်မူပါဘုရား။(၁)။ သီလရှင်ဘယ်အချိန်က စတင်ပေါ်ပေါက်လာပါသလဲဘုရား။(၂)။ ဘိက္ခုနီမကို ကိုရင်က ရှိခိုးသင့်ပါသလားဘုရား။(၃)။ သီလရှင်ကို လူယောင်္ကျားက ရှိခိုးသင့်ပါသလားဘုရား။(၄)။ ခြင်ဆေးထွန်းလို့ ခြင်သေရင် ပါဏာတိပါတကံထိုက်ပါသလားဘုရား။အေးသီတာဝင်းMCC-မြိတ်အဖြေ။ ။မအေးသီတာဝင်းမေးတဲ့မေးခွန်းလေးခုအနက် ပထမ အမေးပြဿနာကို အရင်ပြောမယ်သီလရှင်အကြောင်းနဲ့ပတ်သက်ပြီး လုံးဝမလေ့လာဘူးတဲ့အတွက် အခက်တွေ့ရပါတယ်။ ဒါနဲ့သီလရှင်အကြောင်းရေးထားတဲ့ စာအုပ်လိုက်ရှာတော့ စာကြည့်တိုက်တစ်တိုက်မှ ဆရာရဝေထွန်းရေးတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင်သမိုင်း စာအုပ်ကို တွေ့ရှိခဲ့ပါတယ်။ ဒီစာအုပ်က အတော်လဲစုံစုံလင်လင်ပါပဲ။ လေ့လာရသမျှ တိုကျဉ်းလိုရင်း ဖြေကြားပေးလိုက်ပါတယ်။သီလရှင်ဟာ ဘယ်အချိန်ကစတင်ပေါ်ပေါက်လာသလဲဆိုရင် ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်းမှာ ပေါ်ပေါက်လာတယ်လို့ အကြမ်း ဖျဉ်းအနေနဲ့ ပြောလို့ရပါတယ်။...

Thursday, September 9, 2010

ရဟန်းတော်များ ဇိမ်နဲ့နေကြတာလား

အမေး။ ။ဘုန်းဘုန်းဘုရား…. တပည့်တော်လူတွေမှာ အပူသောကတွေအလွန်များပါတယ်ဘုရား။ ဒါပေမဲ့ဘုန်းကြီးတွေမှာတော့ အပူအပင်ကင်းပြီး ဇိမ်နဲ့ အေးအေးဆေးဆေး နေရတယ်လို့ တပည့်တော် ထင်မှတ်မိပါတယ်ဘုရား။ ဒီအမြင် မှားသလား-မှန်သလား ဆိုတာ တပည့်တော်သိချင်ပါတယ်ဘုရား။အိအိစင်္ကာပူအဖြေ။ ။“လူတစ်ခု ပူမှုရယ်ကဆယ်ကုဋေ” လို့အဆိုရှိတဲ့အတိုင်း လူတွေမှာ သောကအပူတွေများလှတယ်ဆိုတာမှန်ပါတယ်။ ဒီသောကအပူ တွေမှ ကင်းရှင်းဖို့ ငြိမ်းအေးဖို့ဆိုပြီး ရဟန်းဝတ်ခါစတုန်းက ဆရာသမားထံမှာ သံသာရ၀ဋဒုက္ခတော မောစနတ္ထာယ လို့ဆိုခဲ့ရသလို ဥလ္လုမ္ပတု မံဘန္တေ စတာတွေလဲဆိုခဲ့ရပါတယ်။ အဓိပ္ပါယ်က ရဟန်းပြုလာတာဟာ သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်ဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုရဟန်းပြုခဲ့ပေမဲ့ အာသဝေါကင်းကွာ ရဟန္တာမဖြစ်သေးသမျှကာလပတ်လုံး အပူတွေမှ မကင်းသေးပါ။ ဒါဖြင့် ပုထုဇဉ် ရဟန်းတော်များမှာပူတဲ့အပူတွေက ဘယ်လိုအပူတွေလဲဆိုရင် အိုဘေးနာဘေး သေဘေးဆိုတဲ့ တကယ့်အပူဘေးတွေပါ။ ဒါနဲ့ပတ်သက်ပြီး ပါဋိလိပုတ်ပြည့်ရှင်...

Wednesday, September 8, 2010

သူတော်ကောင်းတို့ပျော်စံရာ

သတ္တလောကကြီးအတွင်း ရှိကြတဲ့လူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါစတာတွေဟာ ဘုံဌာနအသီးသီးမှာ အကြောင်းအားလျော်စွာဖြစ်နေကြရ တယ်။ ဖြစ်ပေါ်ရာဘုံဌာနတွေမှာလဲ သတ္တ၀ါတွေဟာ သူ့ဟာနဲ့သူ မွေ့လျော်ပျော်ပိုက်နေကြတယ်။ ဇာတ်တော်ထဲက ဥပရိဒေ၀ီမိဖုရားဆိုရင် သေပီးတဲ့နောက် နောက်ချေးပိုးမအဖြစ်နဲ့တိရစ္ဆာန်ဘုံသွားဖြစ်တယ်။ ဒီဘုံမှာပဲ သူမနောက်ချေးပိုးမဖြစ်ရတာ ပျော်နေပါတယ်။ ထို့အတူ မစင်တွင်းဟာ လူအနေနဲ့ကြည့်ရင် စက်ဆုတ်ရွံရှာဖွယ်ဖြစ်ပေမဲ့ ပိုးလောက်တွေအတွက် နတ်ဘုံတမျှထင်မှတ်မှားနေဟန်တူပါတယ်။ လူ့ဘုံမှာဆိုရင်လဲ လူတန်းအစားအသီးသီးရှိကြတဲ့အနက် လူယုတ်မာက သူ့ကျင်လည်နေရတဲ့ဘ၀ကို သူပျော်ပိုက်သလို သူတော်ကောင်းများက လဲသူတို့ကျင်လည်ရတဲ့ဘ၀မှာပဲ မွေ့လျော်ပျော်ပိုက်နေကြပါတယ်။ဒါနဲ့ပတ်သက်ပြီး……..အခါတစ်ပါးမြတ်စွာဘုရားဟာ နဠေရု အမည်ရှိတဲ့ တမာပင်ရင်းမှာ သီတင်းသုံးနေတဲ့အခိုက် မဟာရာဒအမည်ရှိတဲ့ အသူရိန်က မြတ်စွာဘုရားအား“မြတ်စွာဘုရား….မြတ်စွာဘုရားရဲ့တပည့်သာဝကတွေဟာ သာသနာတော်မှာ...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More