This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 27, 2010

ကုသိုလ်ဘယ်လောက်ရနိုင်ပါသလဲ

အမေး။ ။အရှင်ဘုရား….အသက်ထင်ရှားရှိနေတဲ့တပည့်တော်မိဘများအတွက် ကျောင်းဆောင်တစ်ခု အလှူလုပ်ပေးမယ်ဆိုရင် ကုသိုလ်ဘယ် လောက်ရနိုင်သလဲဘုရား၊ တကယ်လို့ အမိအဘများထင်ရှားမရှိတော့တဲ့အချိန်မှာရော ကုသိုလ်ဘယ်လောက် ရနိုင်ပါ သလဲဆိုတာ ဖြေကြားပေး တော်မူပါဘုရား။ ။မျိုးမင်းထွန်းမြိတ်အဖြေ။ ။သားသမီးများက မိဘများကုသိုလ်ရရေးအတွက် ကြိုးပမ်းပေးတယ်ဆိုတာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုဖြစ်သလို “မာတာပီတုဥပဋ္ဌာနံ” ဆိုတဲ့မင်္ဂလသုတ်တော်လာအတိုင်း မြတ်တဲ့မင်္ဂလာတစ်ပါးဖြစ်ပါတယ်။အလှူဒါနလုပ်တဲ့အခါ မိဘများက အသက်ထင်ရှားရှိတာက တစ်ပိုင်း၊ ထင်ရှားမရှိတော့တဲ့အခါမှတစ်ပိုင်း ဆိုပြီး နှစ်ပိုင်းခွဲဖြေရမှာဖြစ် တယ်။ အမေးက နည်းနည်းပေမဲ့ သဘောပေါက်အောင်က အကျယ်တ၀င့်ရှင်းလင်းမှရမှာဖြစ်တယ်။မေးခွန်းရှင်က ကုသိုလ်ရဲ့အကျိုးအမြတ်များများရချင်တဲ့ ဆန္ဒရှိပုံပါပဲ။ ကိုယ်လုပ်လိုက်တဲ့အလုပ်ရဲ့အကျိုးအမြတ် အများကြီးလိုချင်တာ လူသာတိုင်းရဲ့ဆန္ဒပါပဲ။ ဒါကြောင့် အမြတ်များများရနိုင်တဲ့...

Wednesday, August 25, 2010

မနာလိုတာနဲ့သ၀န်တိုတာအတူတူလား

မနာလိုတာနဲ့ဝန်တိုတာအတူတူလားအမေး။ ။မနာလိုတာနဲ့သ၀န်တိုတာ အတူတူပဲလားဆိုတာ သိချင်ပါတယ်ဘုရား၊ ပီးတော့ မနာလိုတာတွေက ဘာ့ကြောင့်ဖြစ်ရတာပါလဲဘုရား။ ဒီမနာလိုတာတွေ ဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာလဲ သိချင်ပါတယ်၊ ဂရုဏာရှေ့ထားဖြေကြားပေးတော်မူပါဘုရား။သိန်းသိန်းမြင့်မန္တလေးအဖြေ။ ။ သိန်းသိန်းမြင့်မေးလိုက်တဲ့အမေးက…(၁) မနာလိုတာနဲ့သ၀န်တိုတာ အတူတူလား။(၂) မနာလိုတာတွေက ဘာကြောင့်ဖြစ်ရတာလဲ။(၃) မနာလိုတာတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမလဲ ဆိုပီး သုံးခုဖြစ်တယ်။ ပထမတစ်ခုကိုအရင်ဖြေပါ့မယ်။(၁) မနာလိုတာနဲ့ သ၀န်တိုတာ အတူတူ မဟုတ်ပါဘူး။ မနာလိုခြင်းဆိုတာက သူတစ်ပါးကောင်းစားနေတာကို မနာလိုတဲ့သဘောကို ပြောတာပါ်။ ဒါကိုပဲ ပါဠိလို ဣဿာ လို့ခေါ်ပါတယ်။ သ၀န်တိုတယ်ဆိုတာ တကယ်တော့ ၀န်တိုတာကို ပြောတာဖြစ်တယ်။ ၀န်တိုတယ်ဆိုတာ မိမိပိုင်ဆိုင်တဲ့ သက်ရှိသက်မဲ့ပစ္စည်းများ သူတစ်ပါးကို ပေးရမှာ နှမြောတွန့်တိုတဲ့သဘော ပြောတာပါ။ ဒါကိုပဲ ပါဠိလို ‘မစ္ဆရိယ’ လို့ခေါ်ပါတယ်။...

Sunday, August 22, 2010

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလား

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလားအမေး။ ။ အရှင်ဘုရား…တပည့်တော် ၀ါတွင်းဥပုသ်နေ့တွေမှာ ဥပုသ်စောင့်ပါတယ်ဘုရား၊ ဒါပေမဲ့ ရုံးသွားရတော့ သနပ်ခါးလိမ်းပါတယ်ဘုရား၊ (မိတ်ကပ်ပြင်၊နုတ်ခမ်းနီဆိုးခြင်းမဟုတ်ပါ) တရားစခန်းမှာတော့ တပည့်တော်မလိမ်းပါဘူးဘုရား။ ရုံးသွားပြီးအလုပ်လုပ်ရတာဖြစ်တော့ မျက်နှာပြောင်နဲ့သွားဖို့ မကောင်းဘူးထင်လို့ပါ၊သနပ်ခါးလိမ်းတဲ့အခါမှာတော့ လှပလိုတဲ့အတွက် လိမ်းခြယ်ခြင်းမဟုတ်ပါဘုရား။ လူမြင်တင့်တယ်ရုံ သနပ်ခါးလူးတယ်လို့ နှလုံးသွင်းပါတယ်ဘုရား၊ ဒီလိုပြုလုပ်တာဟာ သီလပျက်ပါသလားဘုရား။တပည့်တော်တွေးမိတာတစ်ခုရှိသေးတယ်ဘုရား၊ တကယ်လို့ သနပ်ခါးလိမ်းတဲ့သီလတစ်ပါးကျိုးရင် ကျန်တဲ့ ၇ ပါး ရနိုင်ပါသေးတယ်လို့ တွေးမိပါတယ်။ အဲဒါဟုတ်ပါသလားဘုရား။ရိုသေလေးစားစွာဖြင့်မသန်းသန်းနိုင်ရန်ကုန်အဖြေ။ ။ဥပုသ်သီလယူပြီး သနပ်ခါးစတာတွေ လိမ်းကောင်းသလားဆိုတာနဲ့စပ်လို့ ၈-ပါးဥပုသ်သီလကို အရင် စစ်ကြည့်ရပါမယ်။ ဒီ ဥပုသ်သီလ မှာ ဌာနာပါတဲ့သိက္ခာပုဒ်နဲ့...

ဆွမ်းတော်ကို နေ့၁၂ နာရီကျော်တဲ့အထိ ထားကောင်းပါသလား

ဆွမ်းတော်ကို နေ့၁၂ နာရီကျော်တဲ့အထိ ထားကောင်းပါသလားအမေး။ ။ ဘုရားဆွမ်းတော်ကို နေ့ ၁၂ နာရီကျော်တဲ့အထိ မစွန့်ဘဲထားရင် အပြစ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။တပည့်တော်က နံနက် ၈-နာရီမှာအလုပ်သွားပြီး ညနေ ၆-နာရီမှ အိမ်ကိုပြန်ရောက်ပါတယ်။ မနက်ရုံးမသွားခင် ဆွမ်းကပ်ပြီး ၁၀-မိနစ်အကြာမှာ ပြန်စွန့်လိုက်မယ်ဆိုရင် အစွန့်မြန်တဲ့အတွက် တပည့်တော်မလုပ်ချင်ပါဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ဟာ မိနစ် ၃၀ အများဆုံးဆိုတာကို ဆရာတော်များရဲ့တရားတွေမှာ နာကြားဖူးပါတယ်ဘုရား။ တပည့်တော်က မနက် ၈-နာရီမထိုးခင် ဆွမ်းတော်ကပ်ပြီး နေ့၁၂-နာရီအထိ ကပ်လှူထားချင်ပါသေးတယ်။ ဘယ်လိုမျိုး ဆွမ်းတော်ကပ်က ပိုမိုကောင်းမွန်နိုင်ပါတယ်ဆိုတာကို တပည့်တော်အားပြန်လည် ဖြေကြားပေးတော်မူပါဘုရားရိုလေလေးစားစွာဖြင့်မသန်းသန်းနိုင်ရန်ကုန်အဖြေ။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၀ိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူပါတယ်။ ဒါကြောင့် ၁၂-နာရီကျော် တဲ့အခါ အစာမစားခြင်းဟာ...

Thursday, August 12, 2010

အမြတ်များများရချင်ရင် ဘယ်လိုကုသိုလ်မျိုးပြုမလဲ

လောကမှာ အလုပ်တစ်ခုလုပ်တယ်ဆိုရင် အကျိုးရှိမှ ကောင်းပါတ်ယ်၊ အကျိုးမရှိရင် သဲထဲရေသွန်ဆိုသလို လုပ်သမျှ မောရုံသာ အဖတ်တင်မှာပါ။ လောကရေးရာမှာပဲဖြစ်ဖြစ်၊ ဓမ္မရေးရာမှာပဲဖြစ်ဖြစ် အကျိုးရှိဖို့ အရေးကြီးပါတယ်။ ဒီလိုပါပဲ ဘ၀တိုးတက်မှုအတွက် ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့အခါ ရလာတဲ့အကျိုးတရားက အလွန်နည်းနေတယ်ဆိုရင် အဆင်မပြေပါ။ ပြုလုပ်လိုက်တဲ့ကုသိုလ်အတွက် ထိုက်ထိုက်တန်တန် လိုချင်ကြမှာပါ။ ဒါကြောင့် အကျိုးအမြတ်များများ ရနိုင်တဲ့ အလှူဒါနတစ်ခု ပြုလုပ်ချင်တဲ့သူများအတွက် ဘုရားရှင်လမ်း ညွန်ထားတာရှိပါတယ်။ထိုအကြောင်းနဲ့စပ်လို့ ဟောတော်မူထားတဲ့ သုတ္တန်ရဲ့အမည်က “ဒါနသုတ်” ဖြစ်ပါတယ်။ ဒီတရားတော်ကို အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်ပါဠိတော်၊ ဒေ၀တာသုတ်မှာ လာရှိပါတယ်။အခါတစ်ပါး သက်တော်ထင်ရှား မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူပါတယ်။ ဒီအချိန်မှာ ဝေဠုကဏ္ဍကမြို့အတွင်း နန္ဒမာတာ အမည်ရှိတဲ့ အမျိုးကောင်းသမီးကြီးတစ်ဦးဟာ...

Saturday, August 7, 2010

စိတ်ထားမကောင်းသူကို တရားဟောရင်အပြစ်ရှိ/မရှိ

အမေး။ ။စိတ်ထားမကောင်းသူကို တရားဟောရင် ဟောတဲ့သူမှာ အပြစ်ရှိ-မရှိသိချင်ပါတယ်ဘုရား။ နောက်တစ်ခုက ၅၅၀နိပါတ်တော်လို့ အရေ အတွက်ရှိပါလျှက် ၄၈၀ ကျော်ပဲရှိတယ်ဆိုတာ မှန်-မမှန် တပည့်တော်သိချင်ပါတယ်ဘုရား။ဖိုးလပြည့်မြိတ်)အဖြေ။ ။စိတ်ထားမကောင်းသူကို တရားဟောရင် အပြစ်ရှိ-မရှိဆိုတာနဲ့ပတ်သက်ပြီး ပါဠိတော်များမှာ မတွေ့ရပါ။ ဒါပေမဲ့ တရားမဟောအပ်တဲ့ ပုဂ္ဂိုလ်များကို တရားဟောရင် ဒုက္ကဋ်အာပတ်သင့်စေ(အပြစ်ဖြစ်တယ်)ဆိုတာတော့ ဘုရားဟောထားတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးပါတိမောက် ဘာသာဋီကာမှာ တရားမဟောအပ်တဲ့ပုဂ္ဂိုလ် ၁၆-ဦးကို ဖေါ်ပြထားပါတယ်။ဖေါ်ပြမဲ့ ၁၆ ဦးဟာ ကျန်းမာလျှက်ရှိနေမယ်ဆိုရင် တရားမဟောအပ် ဟောတဲ့သူမှာ အပြစ်ရှိတယ်၊ မကျန်းမမာဖြစ်နေတယ်ဆိုရင်တော့ အပြစ်မရှိ လို့ ယူရပါ့မယ်။(၁) လက်မှာ ထီးကိုင်ထားသူ။ (၂)လက်မှာ လေးတောင်လောက်ရှိတဲ့ ဒုတ် ကိုင်ဆောင်ထားသူ။ (၃) ဓား၊လက်နက်စတာတွေ ကိုင်ဆောင်ထား သူ။ (၄)လက်မှာ လေး မြှားကိုင်ဆောင်ထာားသူ။ (၅)ခြေနင်း...

အမွေပေးတာကုသိုလ်ရ-မရ

အမေး။ ။အရှင်ဘုရား…သားသမီိးများအား အမွေးပေးတဲ့အခါ မိဘများမှာ ကုသိုလ်ရနိုင်ပါသလားဘုရား။ဖြူဖြူနိုင်မြိတ်အဖြေ။ ။ကုသိုလ်ရ-မရဆိုတာကို အဖြေညှိဖို့အတွက် ကုသိုလ်အကြောင်းကို အရင်ပြောရမှာပါ။ ကုသိုလ်ဆိုတာ။ အပြစ်ကင်းတယ်၊ ချမ်းသာ တယ်ဆိုရင် ကုသိုလ်လို့ခေါ်ပါတယ်။ ကင်းရမဲ့ အပြစ်တွေကဘာများလဲဆိုရင် လောဘအပြစ်၊ဒေါသအပြစ်၊မောဟအပြစ်တွေပါ။ ဒီကိလေသာအပြစ်တွေ ကင်းနေရမယ်။ ဘယ်လောက်ကင်းရမလဲဆိုရင် ခဏကင်းတာ၊ တစ်အောက်လောက်ကြာအောင်ကင်းတာ၊ အပြီးအတိုင်ကင်းတာလို့ ကင်းခြင်းသုံးမျိုးရှိတယ်။ ဘယ်လိုပဲကင်းကင်း ကင်းနေသမျှကို ကုသိုလ်ပါပဲ။ ဒီလိုအပြစ်ကင်းပြီဆိုရင် စိတ်ထဲမှာ ကိလေသာ အနှောင်အဖွဲ့မှလွတ်နေတဲ့အတွက် လောင်အိမ်မှလွတ်တဲ့ငှက်လိုပဲ စိတ်ဟာလဲ လွတ်လပ်ပေါ့ပါးကာ ချမ်းသာနေမှာပါ။ ဒါကိုပဲ ကုသိုလ်လို့ မှတ်လိုက်ရပါမယ်။မိဘများဟာ ပေးလိုက်တဲ့အမွေပစ္စည်းများအပေါ် မတတ်မက်ဘဲ ရက်ရက်ရောရော ပေးကမ်းမယ်ဆိုရင် မိဘများမှာ အလောဘကုသိုလ် ဖြစ်နေမှာပါ။ ဒီလိုမှမဟုတ်ဘဲ...

Friday, August 6, 2010

အလှူနဲ့စပ် သိမှတ်ဖွယ်ရာ

“ပါရမီအစ ဒါနက” ဆိုတဲ့အတိုင်း ရှေးရှေးဘုရားအလောင်းသူတော်ကောင်းတို့ ပါရမီကို စတင်ဖြည့်ကျင့်တဲ့အခါမှာ ဒါနပါရမီကို စတင်ဖြည့်ကျင့်တော်မူကြရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်အများစုဟာ အလှူဒါနကို စွမ်းအားရှိသလောက် ရက်ရက်ရောရော ပေးလှူနေကြ ခြင်းဖြစ်တယ်။ ဒီလိုပေးလှူတဲ့အခါမှာ မိမိအလှူကို တန်ဖိုးရှိချင်ကြတယ်၊ လက်ရှိဘ၀မှာဖြစ်စေ၊သံသရာမှာဖြစ်စေ အလှူရဲ့အကျိုးကို ခံစားချင်ကြပါတယ်။ သို့ပေမဲ့ အလှူဒါနအချို့ဟာ မိမိဖြစ်ချင်သလို မဖြစ်လာဘူး။ ဒါဘာကြောင့်လဲ…………။တစ်နေ့ စာရေးသူတို့ကျောင်းမှာကျေးဇူးများတဲ့အမျိုးသမီးတစ်ဦးက “အရှင်ဘုရား….တပည့်တော် ဒီတစ်ခေါက် အရှင်ဘုရားကျောင်းအပါအ၀င် တစ်ခြားကျောင်းတွေမှာပါ သိန်းသုံးဆယ်ကျော်လောက် အလှူလုပ်ဖြစ်လိုက်တယ်ဘုရား၊ ဒီအကြောင်းကို ရန်ကုန်ရောက်တော့ တပည့်တော်အဖွားကို ၀မ်းသာအားရပြောပြပါတယ်၊အဖွားက အလှူဒါနလုပ်တယ်ဆိုတာ အကောင်းဆုံးဖြစ်အောင် သိမ်လှူရတယ်၊ ဘာ့ကြောင့်ဆိုရင် ရဟန်းအစ သိမ်က ဆိုတဲ့အတိုင်း...

Tuesday, August 3, 2010

ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း

ဒါဝင်သီအိုရီနဲ့ ပတ်သက်ပြီး ဘ၀င်မကျ လက်မခံနိုင်ခဲ့ပါ။ ဒီအယူအဆကို အရင်တုန်းက မှန်သင့်သလောက်မှန် တယ်လို့ ယူဆပြီး လက်ခံခဲ့ကြတာများတယ်။ စာရေးသူလဲ ငယ်စဉ်က ဒီလိုဖြစ်ခဲ့ဖူးပါတယ်။ မကြာသေးခင်က စာရေးသူကို လူအစ မျောက်ကလားဆိုတာကို မေးတဲ့အတွက် မဟုတ်ပါဘူး လို့ပဲ တိုကျဉ်းလိုရင်း ပြောခဲ့တယ်။ဒါပေမဲ့ အဖြေက ဒီလောက်နဲ့ မလုံလောက်မှန်းသိပါတယ်။ ဒီလိုနဲ့ ဇူလှိုင်လထုတ် ဓမ္မရံသီမဂ္ဂဇင်းမှာ စာရေးဆရာ ဥာဏ်ဝင်း(ပင်လယ်ဘူး)ရဲ့ “ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရတယ်။ အယူအဆလေးတွေကောင်းလွန်းတဲ့အတွက် ဒီ ဖတ်မိသမျှစာများကဏ္ဍမှာ ကူးယူဖေါ်ပြပေးလိုက်ပါတယ်။ဒါကို ဖေါ်ပြရတာကလဲ လူအများ ဘာသာအယူအဆ အမြင်မှန်သူများဖြစ်ကြပါစေ ဆိုတဲ့ ရည်ရည်ချက်နဲ့ပါ……..ဒါဝင်၏သီအိုရီကို သုံးသပ်ခြင်း(၁)ဓမ္မရံသီမဂ္ဂဇင်းဟောင်းများကို ပြန်လည်မွှေနောက်၍ဖတ်ရာတွင် ဆရာစောနေလတ်၏ “အစများ၏အစ” ဆောင်းပါးကို၂၀၀၂- ခုနှစ်၊မတ်လထုတ် ဓမ္မရံသီမှာ...

အကောင်းကြိုက်သူများအတွက် အကောင်းဆုံးဓမ္မ

လောကမှာ အကောင်းမွန်ဆုံး အမြတ်ဆုံး အကောင်းဆုံး ဆိုတဲ့အရာတွေကို လူသားများ စိတ်ဝင်စားလေ့ရှိကြတယ်။ နားလည်အောင် ပြောရရင် စားစရာနဲ့ပတ်သက်လို့ အကောင်းဆုံးအစားအစာဆိုရင် စိတ်ဝင်စားတယ်၊ မြည်းစမ်းကြည့်ချင်တယ်။ ထိုအစားအစာရှိတဲ့နေရာကို မရောက်ရောက်အောင်သွားပြီး ၀ယ်ယူစားသောက်ကြတယ်။အကြိုက်တွေ့ပြီဆိုရင် ဘယ်လောက်ဈေးကြီးကြီး ၀ယ်စားလေ့ရှိကြတယ်။ အ၀တ်အထည်နဲ့စပ်လို့လဲ ဒီလိုပါပဲ၊ အညံ့စားအ၀တ်အထည်တွေဆို မ၀တ်ချင်ကြ၊ အချို့က ပိုက်ဆံမတတ်နိုင်လို့သာ ညံ့တဲ့အ၀တ်အထည် တွေကို ၀တ်ကြရတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် အကောင်းဆုံးအ၀တ်ပဲလိုချင်ကြတယ်။ နေစရာအိမ်တွေလဲ ဒီလိုပါပဲ၊ အိမ်ကောင်းကောင်း နဲ့ နေချင်ကြတာ ဓမ္မတာပါ။ဒါကြောင့်လဲ ဘုရားမြတ်စွာဟာ လူတို့ရဲ့စိတ်သဘောသဘ၀ကို သိတော်မူတဲ့အတွက် “ဓမ္မ” ကို လူတို့စိတ်ဝင်စားလာအောင် အဆန်းတကြယ်ဟောကြားတော်မူခဲ့တာဖြစ်မှာပါပဲ လို့ တွေးမိပါတယ်။ ဒါကြောင့် အကောင်းဆုံးကြိုက်ကြတဲ့သူများအတွက် မြတ်စွာဘုရားဟော ကြားတော်မူခဲ့တဲ့...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More