This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, July 29, 2010

မဉ္ဇူသကသီလရှင်များအား အလှူတစ်ခုပြုခဲ့စဉ်က

လွန်ခဲ့တဲ့ ၁၅ရက်လောက်က မဉ္ဇူသကသီလရှင်စာသင်တိုက်သို့ အလှူငွေတစ်သိန်းကို စာရေးသူအပါအ၀င် မေတ္တာဖေါင်ဒေးရှင်းမှ လူငယ်များ သွားရောက်လှူဒါန်းခဲ့ပါတယ်။Type the rest of your post he...

Wednesday, July 28, 2010

၁၃၇၂ -၀ါဆိုသင်္ကန်းလှူဒါန်းပွဲ

Type the rest of your post he...

၁၃၇၂ -၀ါဆိုသင်္ကန်းလှူဒါန်းပွဲ

Type the rest of your post he...

Saturday, July 24, 2010

စိတ်ထားတတ်ရင်မေတ္တာစစ်ဖြစ်ပါသလား

အမေး။ ။အရှင်ဘုရား….ဒိဌိနဲ့တဏှာပြတ်မှ မေတ္တာစစ် ဖြစ်မယ်လို့ ပြောနိုင်မလား.. စိတ်ထားတတ်ရင် မေတ္တာစစ်ဖြစ်မလား ဘုရား။ထိပ်ထားရတနာပုံအဖြေ။ ။ စိတ်ထားတတ်ရင် မေတ္တာစစ် ဖြစ်တယ်လို့ပဲပြောရမယ်ထိပ်ထားရေ… နားလည်အောင် အကျယ်ရှင်းပြပါအုံးမယ်။(၁) ချစ်သူအချစ်။(၂) မိသားစုအချစ်။(၃) ပါရမီအချစ် လို့ မေတ္တာ(၃)မျိုး ရှိပါတယ်။ယောင်္ကျား+မိန်းမတို့ အပြန်အလှန် ချစ်ကြတဲ့အချစ်မျိုးကို ‘ချစ်သူအချစ်’ လို့ခေါ်ပါတယ်။မိဘနဲ့သားသမီး၊ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်း၊ မောင်နှမအချင်းချင်း ချစ်ကြတာကိုတော့ ‘မိသားစုအချစ်’ လို့ ခေါ်ပါတယ်။ကိုယ့်အကျိုးမငှဲ့ဘဲ သူတစ်ပါးအကျိုး၊အများအကျိုးကို လိုလားတဲ့အချစ်က ‘ပါရမီအချစ်’ လို့ခေါ်ပါတယ်။ဒါကို ပါဠိလိုပြောရင် တဏှာပေမ ၊ ဂဟသိတပေမ ၊ မေတ္တာပေမ လို့ ဆိုပါတယ်။ ဒီသုံးမျိုးထဲမှာ မေတ္တာစစ်ဖြစ်တာက မေတ္တာပေမလို့ခေါ်တဲ့ ပါရမီအချစ်ပါ။ ပါရမီအချစ်ဟာ ရှေးရှေးဘုရားအလောင်းသူတော်ကောင်းများ ကျင့်သုံးခဲ့ကြပါတယ်။ ကိုယ့်အကျိုးလုံးဝမငှဲ့ဘဲ...

Friday, July 23, 2010

ဓုတင်အကျင့်ကို လူပုဂ္ဂုလ်များ ကျင့်လို့ရပါသလား

အမေး။ ။ အရှင်ဘုရား….တပည့်တော်ကြားဖူးတာပြောရရင် ဓုတင်အကျင့်ဆိုတော ရဟန်းသံဃာတော်များသာ ကျင့်ရတဲ့အကျင့်လို့ ကြားဖူးပါ တယ်ဘုရား။ အခုခေတ် လူတွေကပါ ဓုတင်အကျင့်တွေကို ကျင့်နေကြတာ တွေ့ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဓုတင်အကျင့်များကို လူတွေပါ ကျင့်လို့ရသလားဆိုတာ သိချင်ပါတယ်။ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။အဖြေ။ ။မေးသင့်တဲ့မေးခွန်းတစ်ခုပါ။ ဓုတင်အကျင့်ဟာ ရဟန်းတော်များ ကျင့်အပ်တဲ့အကျင့်ဖြစ်တယ်။ အစက ရဟန်းများသာ ကျင့်သင့် ကျင့်အပ်တယ်လို့ထင်ပါတယ်။ဒါပေမဲ့ မဟာစည်ဆရာတော်ကြီးရေးသားတော်မူတဲ့ ၀ိသုဒ္ဓိမဂ် (မြန်မာပြန်)စာမျက်နှာ၊၂၂၈-၂၂၉ မှာ အပြည့်အစုံ ရေးသားထားတာကို တွေ့ရပါတယ်။ နားလည်လွယ်အောင် ပြောပေးပါ့မယ်။ရဟန်းတော်များက ဓုတင် (၁၃)ပါးစလုံး ကျင့်အပ်ပါတယ်။ဘိက္ခူနီများ ကျင့်အပ်တဲ့ဓုတင်များက (၁) ပံသုကူဓုတင်။ (၂) ပိဏ္ဍပါတ်ဓုတင်။ (၃) သ ပဒါနဓုတင်။ (၄) ဧကာသနိက်ဓုတင်။ (၅) ပတ္တပိုဏ်ဓုတင်။ (၆) ယထာသန္တတိဓုတင်။ (၇) နေသဇ္ဇိဓုတင်...

Tuesday, July 20, 2010

ဘယ်ဒိဋ္ဌိက မဂ်ဖိုလ်အချည်းအနှီးဖြစ်ပါသလဲ

အမေး။ ။အရှင်ဘုရား……ဒိဋ္ဌိအမျိုးအစား ဘယ်လောက်များ ရှိပါသလဲဘုရား...၊ ဘယ်ဒိဋ္ဌိတွေက မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်နိုင်ပါသလဲဘုရား...၊ ရတနာသုံးပါးမှ တစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်း အနှောက်အယှက်ပေး နိုင်ပါသလားဘုရား၊ နားလည်အောင် အကျယ် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။ကိုမောင်မောင်ရန်ကုန်အဖြေ။ ။ ဒိဋ္ဌိအမျိုးအစား (၆၂)ပါး ရှိပါတယ်။ ဘယ်ဒိဋ္ဌိမဆို မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်နိုင်ပါသလားဆိုတဲ့ အမေးဟာ “မောင်ဆန်ရဲ့သဿတဒိဋ္ဌိအစွဲကြောင့် ၄၅နှစ်ပတ်လုံး တရားအားထုတ်ပေမဲ့ တရားမရခဲ့ဘူး” ဆိုတဲ့ သာဓကအရ မေးတာဖြစ်ပါလိမ့်မယ်။ မောင်ဆန်ရဲ့အဖြစ်မျိုးဟာ သာသနာအတွင်း သူတစ်ဦးသာ ဖြစ်တဲ့အတွက် သာဓက မမြောက်ပါဘူး။ဒီအကြောင်းကို ဓမ္မာစရိယ- ဦးဌေးလှိုင်က “ရဟန္တာနဲ့ပုဂ္ဂိုလ်ထူးများ”စာအုပ်မှာလဲ ဒီအတိုင်းပဲ ဝေဖန်ပေးရေးသားထားတာကို တွေ့ရပါတယ်။ဒိဋ္ဌိ ၆၂ ပါးစလုံးဟာ သက္ကာယဒိဋ္ဌိက ပေါက်ဖွားလာတာချည်းမို့လို့ သက္ကယဒိဋ္ဌိကို သတ်နိုင်ရင် ဒိဋ္ဌိ ၆၂...

Monday, July 12, 2010

မကောင်းမှုလုပ်တာသိတာနဲ့မသိတာနဲ့ ဘာကပိုအပြစ်ကြီးလဲ

အမေး။ မကောင်းမှုကျူးလွန်မိတဲ့အခါ မသိဘဲကျုးလွန်တာနဲ့ သိရက်နဲ့ကျုးလွန်တာ ဘယ်ဟာက ပိုပြီးအပြစ်ကြီးပါသလဲဘုရား။ဖိုးလပြည့်မြိတ်အဖြေ။ ။အဘိဓမ္မာမှာ ဒိဋ္ဌိဂတ၀ိပ္ပယုတ်ထက် ဒိဋ္ဌိဂတသမ္ပယုတ်က ပိုပြီး ထက်မြက်ပါတယ်။ဆိုလိုတာက ဒိဋ္ဌိနဲ့ယှဉ်ပြီး ကျုးလွန်တာက ပိုပြီး အပြစ်ကြီးလေးပါတယ်။ပိုရှင်းသွားအောင် ပြောပါအုံးမယ်။ အပြစ်ရှိတာကို အပြစ်မရှိလို့ မှတ်ယူနေတာ မိစ္ဆာဒိဋ္ဌိ လို့ခေါ်ပါတယ်။ ဒိမိစ္ဆာဒိဋ္ဌိအခြေခံပြီး(မသိဘဲ) မကောင်းမှု ကျုးလွန်တဲ့အခါမှာ မကြောက်မရွံ့နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ကြတယ်။ ဒါကြောင့် မကောင်းမှုများဟာ မိစ္ဆာအယူရှိသူတို့ရဲ့သန္တာန်မှာ ပိုပြီး အဖတ်တင်ကျန်ရစ်တယ်၊(ပိုပြီးအပြစ်ကြီးတယ်)လို့ဆိုရပါတယ်။ ဥပမာ ..ရဲရဲငြိနေတဲ့ သံတွေခဲကို ရွှေတုံးထင်ပြီး ကိုင်တဲ့အခါ ပြင်းပြင်းထန် အလောင်ခံရသလိုပါပဲ။သိရက်နဲ့ မကောင်းမှုပြုလုပ်မိတဲ့(သမ္မာအယူရှိတဲ့)သူများမှာတော့ မကောင်းမှုမှန်းသိတဲ့အတွက် မကောင်းမှုကို ကြောက်ရွံ့တွန့်ဆုတ် နေတတ်တယ်၊ သူ့မှာ...

Saturday, July 3, 2010

သေလေးပါးရှင်လေးပါးဆိုတာဘာပါလဲ

အမေး။ ။သေလေးပါး ရှင်လေးပါးအကြောင်းကို သိချင်ပါတယ်ဘုရား၊ တပည့်တော်အပါအ၀င် အများသူငါသိအောင် ဖြေကြားပေးတော်မူပါ ဘုရား။ဝင်းဇော်ကိုမန္တလေးအဖြေ။ ။ရှင်လေးပါး သေလေးပါးကို လောကီ လောကုတ်ခွဲပြီးပြောရရင်ပိုရှင်းပါ့မယ်။ ရှင်လေးပါးကို လောကအနေနဲ့ ပြောရရင်..ရှင်လေးပါးအကြောင်းဟာ ကျမ်းကြီးကျမ်းခိုင်တွေမှာ မလာပါဘူး။ရှင်လေးပါးရှင်ဥပဂုတ္တ = တောင်သမုဒ္ဒရာမှာ ကြေးပြာဿဒ်နဲ့ ယခုထက်တိုင်သတင်းသုံးနေဆဲဖြစ်တယ်လို့ဆိုတယ်။ရှင်သာရဒတ္တ = မြောက်သမုဒ္ဒရာမှာ ရွှေပြာဿဒ်နဲ့ ယခုထက်တိုင်သီတင်းသုံးနေဆဲရှင်သက္ကောသာရ = အရှေ့သမုဒ္ဒရာမှာ ရွှေပြာဿဒ်နဲ့ ယခုထက်တိုင်သီတင်းသုံးနေဆဲရှင်မေဒါရ = အနောက်သမုဒ္ဒရာမှာ ကြေးပြာဿဒ်နဲ့ ယခုထက်တိုင်ရှိနေသေးတယ်လို့ ပြောပါတယ်။(သရုပ်ပြအဘိဓါန်၊နှာ-၅၁၀)တနည်းရှင်လေးပါးပထမအင်းဝခေတ် ကောဇာသက္ကရာဇ် ၈၁၅ လောက်ကစလို့ စာဆိုအကျော်များ ပေါ်ထွန်းခဲ့ပါတယ်။ အခုအခါ ပေလေးပင် ရှင်လေးပါးဆိုပြီး ပြောဆိုနေကြတာပါ။ ရှင်လေးပါးကရှင်ဥတ္တမကျော်...

ရဟန်းတော်များ အင်တာနက်သုံးတာ ရ-မရ

အမေး။ ။အရှင်ဘုရား…ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆို ရင် ဘယ်လို အကျိုးအပြစ်များ ရနိုင်တယ်ဆိုတာ ဖြေကြားပေးစေလိုပါတယ်ဘုရား။သဇင်ကျော်ရှရှားအဖြေ။ ။လောလောဆယ်မှာတော့ ရဟန်းတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်းမရှိသေးပါဘူး။ရဟန်းတော်များ အင်တာနက်သုံးတာနဲ့ပတ်သက်ပြီး ပြောရရင် နေရာအတော်များများမှာ အကောင်းနဲ့အဆိုး ဒွန်တွဲလျက် ရှိနေပါတယ်။ အင်တာနက်စာမျက်နှာများမှာလဲ ရဟန်းတော်များ ကြည့်သင့်တဲ့အရာများရှိသလို မကြည့်သင့်တဲ့အရာများလဲရှိပါတယ်။အင်တာနက်သုံးတဲ့နေရာမှာ လမ်းကြောင်းမှန်ကန်မယ်ဆိုရင်တော့ သုံးသင့်တယ်လို့ပြောရမယ်။ တကယ်လို့ လမ်းကြောင်း မမှန်ဘူး ဆိုရင် တော့ မသုံးသင့်ဘူးလို့ပဲ ပြောပါရစေ…………။ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို ရဟန်းတော်များ တီဗွီကြည့်တာနဲ့ပတ်သက်ပြီး လူမြင်ကွင်းမှာ မကြည့်ဘဲ ကိုယ့်အခန်းထဲမှပဲ ရဟန်းတော်များနဲ့ သင့်တော်တဲ့အကြောင်းအရာတွေကြည့်မယ်ဆိုရင်...

ပရိတ်အစွမ်းထက်ခြင်း

အမေး။ ။ဆရာတော်ဘုရား……. တစ်နာရီအတွင်းမှာပဲ ပရိတ်ကြီး(၁၁)သုတ်လုံးရွတ်တာနဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲမှ တစ်သုတ်သုတ်ကို တစ်နာရီလုံး ရွတ်တဲ့အနက် ဘယ်ဟာက ပိုအစွမ်းထက်ပါလဲဆိုတာ အဖြေပေးတော်မူပါဘုရား။ရှင်သန့်ရေနီအဖြေ။ ။ပရိတ်အစွမ်းထက်ဖို့အတွက် အခေါက်ရေများများ ရွတ်ဖတ်တာ အဓိကမဟုတ်ပါဘူး။ ပရိတ်ရွတ်ဖတ် သူနဲ့ နာယူသူတို့ရဲ့အင်္ဂါပြည့်စုံရင် အစွမ်းထက်ပါတယ်။ပရိတ်ရွတ်ဖတ်သူက…ပုဒ်ပါဌ်အက္ခရာကို မှန်မှန်ကန်ကန် ရွတ်တတ်ရမယ်။ပရိတ်ရဲ့အနက်အဓိပါယ်ကို ကောင်းကောင်းနားလည်ရမယ်။ပရိတ်နာတဲ့သူအပေါ်မှာ သနားတဲ့ ကရုဏာစိတ်၊အကျိုးလိုလားတဲ့မေတ္တာစိတ် ထားရမယ်။နာယူသူရဲ့အင်္ဂါက..ကံကြီးထိုက်နေရင် နာယူသူကို ပရိတ်က မစောင့်ရှောက်ဘူး။နာယူတဲ့သူက မိစ္ဆာဒိဋ္ဌိ အယူမှားနေရင်လဲ ပရိတ်က မစောင့်ရှောက်ဘူး။နာယူသူက ပရိတ်ကို မယုံပြန်ဘူးဆိုရင်လဲ ပရိတ်ကမစောင့်ရှောက်ဘူး။ ဒါကြောင့် နာယူသူက ကံကြီးထိုက်တာမရှိဘူး၊ အယူမှန်နေမယ်။ ပရိတ်ကို ယုံကြည်မယ်ဆိုရင် နာယူသူရဲ့အင်္ဂါပြည့်စုံပြီလို့...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More