This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 28, 2010

ဒီလိုသင်တန်းမျိုးရှိသင့်ပါသတဲ့

ညနေခင်း ဒကာမနှစ်ဦး ကျောင်းသို့ရောက်ရှိလာပြီး “အရှင်ဘုရား…..ယဉ်ကျေးမှုသင်တန်းနဲ့ပတ်သက်ပြီး စုံစမ်းချင်လို့ ရောက်လာတာ ပါဘုရား၊ သင်တန်းကျင်းပတဲ့ပုံစံလေးသိချင်လို့ အမိန့်ရှိပါအုံးဘုရား” လို့ မေးလာတဲ့အတွက် သင်တန်းနဲ့ပတ်သက်ပြီး စီစဉ်ထားပုံကို ပြောဖြစ်ခဲ့ပါတယ်။“သင်တန်းက (၁၀)ရက်တိတိပါ၊ သင်တန်းသို့ ရောက်လာတဲ့ကလေးများဟာ ယောင်္ကျားလေးဆိုရင် သာမဏေ၀တ်ရပြီး၊ မိန်းကလေး ဆိုရင် သီလရှင်ဝတ်ရပါတယ်။ တစ်ချို့သီလရှင်မ၀တ်လိုတဲ့ မိန်းကလေးများကိုတော့ ယောဂီအ၀တ် ၀တ်ကြရပါတယ်။ သင်တန်းသားများဟာ သင်တန်းစတဲ့အချိန်ကနေ သင်တန်းပြီးဆုံးချိန်အထိ ကျောင်းမှာပဲ နေရမှာပါ။ တစ်နေ့တာရဲ့ အချိန်ဇယားက မနက် ၄-နာရီအိပ်ယာထ၊ ၄း၃၀နာရီမှာ ဓမ္မာရုံသွားပြီး ဆရာတော်ထံမှ သီလအပြင် သြ၀ါဒပါ ခံယူရပါမယ်။ မနက် ၅း၃၀နာရီမှာ ဆွမ်းစားကြရမှာဖြစ်တယ်။ ဆွမ်းစားပီးတဲ့အခါ ၆း၃၀နာရီမှာ သန့်ရှင်းရေးလုပ်ရပါ့မယ်။ ၇နာရီမှ ၈နာရီအထိ စာသင်ကြရမှာဖြစ်တယ်။ ၈ နာရီမှ ၉ နာရီအထိ စာကျက်ကြရပါမယ်။...

Saturday, February 27, 2010

ပတ်ဝန်းကျင်က မြတ်ဓမ္မ

ဝိပါက်ကြမ္မာ မလွတ်သာဝင်လုလုအားဖျော့တဲ့နေရောင်ခြည်နဲ့အတူ မိုးကောင်းကင်ပြာကြီးကို ကြည့်လိုက်တဲ့အခါ ငှက်များ အုပ်စုဖွဲ့ပြီး အစာရှာရာမှ အိပ်တန်းရှိရာ နေရာသိုက်မြုံကို ပျံသန်းနေကြတယ်။ ဒါကိုကြည့်ပြီး အတွေးနယ်ချဲ့မိပါတယ်။ သတ္တ၀ါများဟာ ဘ၀ကံဇာတ်ဆရာအလိုကျ ဘ၀တွေအမျိုးမျိုးအဖုံဖုံဖြစ်နေကြရသလို ရရှိလာတဲ့ဘ၀တွေမှာလဲ အဖြူအမဲ ကောင်း-မကောင်းဆိုတဲ့ အလုပ်တွေကို ကိုယ်တိုင်ပဲ စီမံဖန်တီးနေကြတာပါပဲလား။ဒါကြောင့်လဲ ဘုရားရှင်က အဘိဏှသုတ်မှာ ကံသာ ကိုယ်ပိုင်ဥစ္စာရှိတယ်၊ ကံကပေးတဲ့အမွေကိုပဲ ခံယူကြရတယ်။ ကံဆိုတဲ့ အကြောင်းပဲရှိတယ်။ ကံဆိုတဲ့ ဆွေမျိုးပဲရှိတယ်။ ဘ၀မှာအမှတ်မထင်ပြုလုပ်လိုက်တဲ့ အလုပ်တွေက ကောင်းတာ လဲရှိမယ်၊မကောင်းတာလဲရှိ မယ်။ ထိုကောင်းတဲ့အလုပ်၊ မကောင်းတဲ့အလုပ်တွေရဲ့ အမွေခံဟာ တစ်ခြားမဟုတ် မိမိကိုယ်သာ ဖြစ်ရတော့တယ်၊ ဒါကို နေ့စဉ်မပြတ် ဆင်ခြင် ပွားများသင့်တယ် လို့ ဟောကြားတော်မူခဲ့တယ်။အတွေးနယ်ချဲ့နေစဉ် စာရေးသူထံသို့ ဒကာတစ်ဦးရောက်ရှိလာပါတယ်။...

Wednesday, February 24, 2010

ရိုးရိုးကျင့် မြှင့်မြှင့်ကြံ

တစ်နေ့ ဒကာကြီး ဦးတင့်က “ရှင်ဘုရား….. http://myautoosayadaw.com ဒီဝဘက်ဆိုက်မှာ ဖတ်ကြည့်ပါအုံးဘုရား” လို့အွန်လိုင်း ပေါ် ကနေတစ်ဆင့် စာရေးသူအား ပြောလာပါတယ်။ သူညွန်းတဲ့အတိုင်း ……….ဆရာတော်အကြောင်းရေးသားထားတဲ့ ၀က်ဘ် ဆိုက် တစ်ခုပေါ်သို့ ရောက်သွားပါတယ်။ဖတ်ကြည့်တဲ့အခါ ထိုဆရာတော်ရဲ့ တရားအတွေ့အကြုံတွေကို ရေးတင်ထားခြင်းဖြစ်ပါတယ်။ ဒီိလိုတရားအတွေ့အကြုံတွေ ရေးတင်ထားတာဟာရုတ်တရက် အပေါ်ယံကြည့်ရင် ပညာအားနည်းပြီး သဒ္ဓါတရားအားကောင်းသူတို့အတွက်တော့ ကြောင်က ငါးကြော်ကို ကြိုက်သလိုမျိုး အကြိုက်တွေ့နေကြမှာပါ။ တရားအတွေ့အကြုံဆိုတာ သီတင်းသုံးဖေါ်အချင်းချင်း တရားဆွေးနွေးရမဲ့အရာပါ။ ဒီလို ကမ္ဘာ ကို ၀က်ဆိုက်ကနေ ဒီလိုကြေညာဖို့ မလိုပါဘူး။ပြီးလျှင် ချောင်တစ်ခုမှာ (၂၀၁)ကြိမ်မြောက် သိက္ခာထပ်ခဲ့တယ်ဆိုတာလဲပါတယ်။ ဒါဖြင့်ရင် ထိုဆရာတော်က အရေးကြီးတဲ့ အလုပ်တစ်ခုအနေနဲ့ သိမ်ထပ်တာကို သေသေချာချာ ရေးမှတ်ထားဟန်တူပါတယ်။ ဒါကလဲ ကိုယ့်ရှိတဲ့ ဘုန်းကံကို...

Sunday, February 21, 2010

ကိုးန၀င်းနဲ့ ၀ိပဿနာ ဘာကွာလဲ

အမေး။ ။အရှင်ဘုရား….အခု ကိုးန၀င်းအဓိဌာန် ၀င်တာ နှစ်ခေါက် မြှောက် ပီ ဘုရား။ဒီလိုအဓိဋ္ဌာန်ဝင်တာဟာ ကိုယ်ကျိုးမျှော်ပြီး လုပ်တာဖြစ်တဲ့ အတွက် နားသင့်တယ်လို့ ၀ိပဿနာပဲအားထုတ်ပါ လို့ ဓမ္မမိတ်ဆွေတစ်ဦးက အကြံပေးလာပါတယ်။ တပည့်တော် သိချင် တာက အဓိဋ္ဌာန်ဝင်တာနဲ့ ၀ိပဿနာအားထုတ်တာတို့ ကွာခြားပုံကို သိလိုပါတယ်ဘုရား။မမြသွေးအင်းလေးအဖြေ။ ။’အဓိဋ္ဌာန်’ ဆိုတဲ့စကားဟာ ဗုဒ္ဓဘာသာဝင်များအဖို့ ရင်းနှီးတဲ့စကားတစ်ခုပါ။ ဘုရားအလောင်းတော်ပါရမီဖြည့်တော်မူခဲ့တဲ့ ပါရမီ(၁၀)ပါး ထဲမှာ အဓိဋ္ဌာနပါရမီ ဆိုတာရှိပါတယ်။ အဓိဋ္ဌာန်ဆိုတာက အလုပ်တစ်ခုကို လုပ်မယ်လို့ စိတ်နဲ့ဆုံးဖြတ်ပြီး အလုပ်ပြီးဆုံးတဲ့အထိ ပြုလုပ်သွားတာ ကို ခေါ်တာပါ။ အခုလဲ မမြသွေးရဲ့ ကိုးန၀င်းဖြစ်အောင် ပုတီးစိတ်မယ်လို့ စိတ်က ဆုံးဖြတ်ထားတဲ့အတိုင်း ရက်ပြီးဆုံးအောင် ပုတီးစိတ်လိုက်တာ အဓိဋ္ဌာန် လို့တော့ခေါ်ပါတယ်။ ဒါပေမဲ့ ကိုးန၀င်းပုတီးစိပ်တာဟာ အဓိဋ္ဌာန်ပါရမီနဲ့တော့ လုံးဝမဆိုင်ပါဘူး။ကိုးန၀င်းပုတီးစိတ်တယ်ဆိုတာ...

Thursday, February 18, 2010

အမှားကိုပြင် အမှန်မြင်

အမှားကိုပြင် အမှန်မြင်တစ်နေ့နံနက် ဒကာတစ်ဦး စာရေးသူထံရောက်လာပြီး “အရှင်ဘုရား…ခုတလော မြို့ထဲမှာ တရားပွဲတွေများလိုက်တာဘုရား၊ တရားပွဲတွေများသလောက် တရားဟောဓမ္မကထိကလဲ အလွန်များပါတယ်ဘုရား၊ တစ်ချို့တရားပွဲတွေမှာ တရားတော်အကြောင်း အရာ တူကြပေ မဲ့ တင်ပြပုံမတူကြဘူးဘုရား” ။“ မှန်ပါတယ်ဒကာကြီး တင်ပြပုံမတူတာကတော့ ရှုထောင့်အမျိုးမျိုးကနေ ဟောကြတာ ဖြစ်မယ်ထင်တယ်”“အရှင်ဘုရား…ရှုထောင့်အမျိုးမျိုးကဟောတယ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကို အတ္တနောမတိ လုပ်ပြီး အဆန်းထွင်ဟောနေကြတာလဲ တွေ့ရပါ တယ် ဘုရား၊ဒီအတွက် ဘာသာရေးမှာ ဗဟုသုတနည်းတဲ့လူများအတွက် စိုးရိမ်လို့ပါဘုရား”ထိုဒကာပြောသလိုပဲ ယခုအခါ ရပ်ကွက်တိုင်းလိုလို ညတရားပွဲများကျင်းပလာကြတာကို မြင်တွေ့နေရပါတယ်။ တရားပွဲများ စည်ကား စွာကျင်းပလာနိုင်တာဟာ ဘာသာရေးဗဟုသုတများစွာရတဲ့အတွက် ကောင်းလှပါတယ်။ ဒါပေမဲ့ အချို့ဓမ္မကထိကဆရာတော်များဟာ တရားပွဲ ပွဲဆက်တွေများတဲ့အတွက်ကြောင့်လားမသိပါ။ ဘုရားဟောကျမ်းဂန်နဲ့မညီညွတ်တဲ့...

Wednesday, February 10, 2010

ပတ်ဝန်းကျင်က မြတ်ဓမ္မ

အမြတ်ဆုံးတရားများ“အရှင်ဘုရား…..ဖွားမောတစ်ယောက် နေမကောင်းဖြစ်နေပါတယ်။ လူမမာစားဖို့အတွက် ငှက်သိုက်ဝယ်ပေးလိုက်ပါဘုရား” စာရေးသူရဲ့နှမဖြစ်သူက ဖုန်းဆက်လာပါတယ်။ ငှက်သိုက်ဆိုလို့ ပြောရအုံးမယ်။ ငှက်အန်ဖတ်တစ်မျိုးပါ။ ထိုငှက်တွေရဲ့နာမယ်က ‘ဇီဝဇိုးငှက်’ ဖြစ်ပါတယ်။ ထိုငှက်တွေဟာ ကလေး သားပေါက်တဲ့အချိန်မကျခင်လေးမှာ ကိုယ်တိုင်အန်ချပါတယ်။ အန်ချလိုက်တဲ့ အန်ဖတ်တွေနဲ့ အသိုက်လုပ်ကြပါတယ်။ ဇီဝဇိုးငှက်တွေဟာ အသိုက်အမြုံ တည်ဆောက်ဖို့အတွက် ကိုယ်တိုင်ပဲ ပင်ပမ်းကြီးစွာ အန်ချကြရပါတယ်။ တစ်ချို့ငှက်ကလေးတွေဆိုရင် အန်ရင်းနဲ့ သွေးတောင်ထွက်တယ်လို့ ပြောပါတယ်။ ဒီလိုငှက်ကလေးတွေ ပင်ပမ်းစွာအန်ချလိုက်တဲ့ အန်ဖတ်တွေကို “ငှက်သိုက်” လို့ လူတွေက ခေါ်ကြပါတယ်။ယခုအခါ ငှက်သိုက်ကို လူတို့အတွက် အားဆေးတစ်ခွက်အနေနဲ့ ဈေးကြီးပေးပြီး ၀ယ်ယူစားသုံးနေကြပါပြီ၊ ငှက်သိုက်ကို အသက်အရွယ်ကြီးတဲ့သူများ မှီဝဲစားသုံးရင် အားအင်ပြည့်တင်း ရောဂါကင်းပြီး ကျန်းမာလာကြတယ်...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More