This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, January 26, 2010

(၂)ကြိမ်မြောက်၊နွေရာသီ-ဗုဒ္ဓယဉ်ကျေးမှုအခြေခံသင်တန်း

မြိတ်မြို့-အေးရိပ်ချောင်မဟာစည်သာသနာ့ရိပ်သာမှာ နွေရာသီဗုဒ္ဓယဉ်ကျေးမှုအခြေခံသင်တန်းရဲ့ ဒုတိယအကြိမ်မြောက်သင်တန်းကို ၁.၃.၂၀၁၀ ၊ တနင်္လနေ့ မှာစတင်ကျင်းပတော့မှာဖြစ်ပါတယ်။ သင်တန်းသား/သူများကတော့ အိမ်ကနေ ခေါင်းရိတ်လာရမှာဖြစ်တယ်။ တစ်ချို့သီလရှင်မ၀တ်လိုသူများကတော့ ခေါင်းမရိတ်ဘဲ ကျောင်းစိမ်းလေးတွေနဲ့လာရမှာဖြစ်တယ်။ သူတို့လေးတွေ ကျောင်းသို့ လာရ မဲ့အချိန်က (၁.၃.၂၀၁၀) တနင်္လာနေ့ ညနေ (၃)နာရီဖြစ်တယ်။ သင်တန်းသာများမှာ သာမဏေသီလရှင်များအဖြစ်(၁၀)ရက်တာ ကျောင်း မှာပဲနေထိုင်ပြီး သင်တန်းစည်းကမ်းလိုက်နာကာ သင်တန်းကပို့ချတဲ့ ဗုဒ္ဓယဉ်ကျေးမှုစာပေများကို သင်ယူကြရမှာဖြစ်တယ်။သင်တန်းသား/သူဦးရေမှာ စုစုပေါင်း (၂၀၀)ခန့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က လှုပ်ရှားမှုဓါတ်ပုံများကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။သင်တန်းနဲ့ပတ်သက်ပြီး...

Monday, January 25, 2010

ဘာသာခြားများ ၀ိပဿနာအားထုတ်ရပါသလား

အမေး။ ။အရှင်ဘုရား…ဘာသာခြားတစ်ဦးက တပည့်တော်ကိုမေးလာပါတယ်။ သူဟာ ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ် ချင်ပါတယ်။ ၀ိပဿနာတရားအား ထုတ်လို့ရပါသလားဘုရား။ ရတနာသုံးပါးကို မကြည်ညိုသေးတဲ့အတွက် တရားအားထုတ်တဲ့နေရာမှာ အနှောက်အယှက် များဖြစ်နိုင်ပါသလားဘုရား။ ဒီလိုမေးရတာကလဲ သရဏဂုဏ်မတည်ပဲ တရားမရနိုင်ဘူးဆိုလို့ သိထားလို့ပါဘုရား။ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။ပြည့်စုံအောင်ရုရှားအဖြေ။ ။ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ဟာ ဗုဒ္ဓဘာသာဝင်များမှ ကျင့်သုံးရမယ်၊ အခြားဘာသာဝင်များနဲ့ဘာသာမဲ့များ မကျင့်သုံးရဘူး ဆိုတဲ့ ကန့်သန့်ချက် မရှိပါဘူး။ လူမျိုးမရွေး ဘာသာမရွေး ကျင့်သုံးနိုင်ပါတယ်။ အားလုံးနဲ့သင့်ဆိုင်တဲ့(universal)တရားတော်ဖြစ်ပါတယ်။ ဒါကြောင့် ၀ိပဿနာတရားကို ဗုဒ္ဓဘာသာဝင်များအပြင် အခြားဘာသာဝင်များအားလုံး လွပ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိတယ်၊ ကျင့်သုံးလို့ရပါတယ်။ ရတနာသုံးပါးကိုးကွယ်မှုမရှိသေးသော်လဲ တရားအားထုတ်တဲ့နေရာမှာ ဘာအနှောက်အယှက်မှမရှိနိုင်ပါ။...

Sunday, January 24, 2010

မလွန်ဆန်နိုင်လို့လုပ်ရတာ အပြစ်ဖြစ်ပါသလား

အမေး။ ။အရှင်ဘုရား…ဗုဒ္ဓဘာသာဝင်တစ်ယောက်က အခြေအနေတစ်ခုကို မလွန်ဆန်နိုင်လို့ တစ်ခြားဘာသာဝင်အဖြစ် လက်ခံလိုက်ရပါတယ် ဘုရား။ သူဟာတစ်ခြားဘာသာကို ယုံကြည်မှုမရှိပေမဲ့ သူတို့ရဲ့ထုံးတမ်းစဉ်လာကို တစ်သက်လုံးလုပ်ခဲ့ရပါတယ်။ ထိုအလုပ်အတွက် အပြစ်ဖြစ် နိုင်ပါသလားဘုရား။ ဒီလိုလုပ်လိုက်လို့ သရဏဂုဏ်ပျက်သွားနိုင်ပါသလား၊ တကယ်လို့ ပျက်သွားတယ်ဆိုရင် အပြစ်ဖြစ်နိုင်ပါသလား။ပြည့်စုံအောင်ရုရှားအဖြေ။ ။ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ စိတ်မပါဘဲ မတတ်သာလို့ အခြားဘာသာဝင်အဖြစ်ကို လက်ခံတယ်ဆိုတော့ အဖြေကပါပြီးသားပါ။ စိတ်မပါဘူးဆိုရင် ဘယ်လောက်ပဲ အပြင်ဘက်က အခြားဘာသာဝင်ဖြစ်နေပါစေ၊ သူဟာ စိတ်ထဲမှာ ရတနာသုံးပါး ယုံကြည်မှုရှိနေ သေးတဲ့အတွက် သရဏဂုဏ်မပျက်နိုင်ပါဘူး။အခြားဘာသာဝင်ရဲ့ ထုံးတမ်းစဉ်လာကို လုပ်နေရတယ်ဆိုတာက ဘယ်လိုအလုပ်ပါလဲ…..?တကယ်လို့ အကုသိုလ်ဖြစ်စေတဲ့အလုပ်ဆိုရင်တော့ မကောင်းဘူး။ အပြစ်ဖြစ်တာပေါ့။ ကုသိုလ်ဖြစ်စေတဲ့အလုပ်မျိုးဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။သရဏဂုဏ်ပျက်တယ်ဆိုတာ...

ဘုရားများပွင့်တော်မူရာကာလအပိုင်းအခြား

အမေး။ ။အရှင်ဘုရား……ဘုရားရှင်ငါးဆူဟာ ဘဒ္ဒကမ္ဘာမှာပွင့်တော်မူတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက နှစ်ကျိတ်ရှစ်ဆူ သောဘုရားရှင်များ ပွင့်တော်မူတဲ့ ကာလအပိုင်းအခြားနဲ့ (၅၁၂၀၂၈)ဆူသောဘုရားရှင်များဟာ ဘယ်ကာလ အပိုင်း အခြားမှာ ပွင့်တော်မူ ခဲ့ပါသလဲ ဘုရား။ နောက်တစ်ခုက ဓါရဏပရိတ်တော်မှာ ခုနှစ်ဆယ်ခုနှစ်ကုဋေသော ဘုရားများ၊ ကိုးဆယ့် ကိုးကုဋေသောဘုရားများဆိုပြီး ဘုရားရှင်က ဘာကြောင့် ခွဲခြား ဟောထားတော်မူခဲ့ပါသလဲဘုရား။ကိုဝင်းဇော်ဦးတောင်ငူမြို့အဖြေ။ ။နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားများဟာ ဂေါတမမြတ်စွာဘုရားအလောင်းတော် နိယတဗျာဒိတ်ရတော်မူတဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတွင်းမှာ ပွင့်တော်မူခဲ့ကြပါတယ်။ (၅၁၂၀၂၈)ဆူသောဘုရားရှင်များရဲ့ပွင့်ရာကာလအပိုင်းခြားနဲ့ပတ်သက်ပြီး…ဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့အတိတ်သံသရာဟာ အချိန်အားဖြင့် အသင်္ချေယျ မရေမတွက်နိုင်တော့ပါဘူး၊ ထိုမရေမတွက်နိုင် တဲ့ကာလ အပိုင်းအခြားမှာ မရေမတွက်နိုင်တဲ့ ဘုရားရှင်များ...

Thursday, January 21, 2010

စော်ကားမှုအပေါ် ဘယ်လိုမြင်ပါသလဲ

အမေး။ ။အရှင်ဘုရား MessengerforBuddhist ဆိုက်နဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာကိုရစရာမရှိအောင်ပြောထားတာ စိတ်မကောင်း စရာ ပါဘုရား၊ ဒီအတွက် အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။Dr.ဦးတင့်မန်းစဖီးလ်၊အင်္ဂလန်အဖြေ။ ။ ဒီဝက်ဘ်ဆိုက်ကတော့ ယခုတလော ပေါ်ပြူလာဖြစ်နေတဲ့ ၀က်ဘ်ဆိုက်ပါပဲ၊ မကောင်းတဲ့ဖက်က ပေါ်ပြူလာဖြစ်တာ ကိုဆိုလိုတာပါ။ အမြင်ပြောရရင်…၀က်ဘ်ဆိုက်ပိုင်ရှင်ဟာ ဗုဒ္ဓအကြောင်းတွေကို အပြစ်ပြောဖို့အတွက် ဗုဒ္ဓဘာသာအကြောင်းကို အတော်လေ့လာထားပုံရပါတယ်။ သူ ဒီလိုပြောတာဟာ အကြောင်းမဲ့မဟုတ်ဘူးလို့ထင်ပါတယ်။ နာကျည်းချက်တစ်ခုခုများရှိနေမလား လို့ တွေးမိပါတယ်။ မကြာခင်ကမှ စာရေးသူ ထံ ၀င်လာတဲ့မေးလ်တစ်စောင်မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။(http://myanmartruthers.blogspot.com/http://anti786.blogspot.com/http://islamsucks.wordpress.com/feed/http://www.badbuddhistblog.com/အထက်ပါ ဘလော့ဂ် ၄ခုကို ဖျက်ပေးပါက .. http://messengerforbuddhist.blogspot.com/...

Monday, January 18, 2010

ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား

အမေး။ ။ ခရစ်ယာန်မှာတော့ သခင်ယေရှုကို မယုံရင် ငရဲကို အားလုံး ဒိုးပဲ ဘုရား။ ဘယ်လောက်ပဲ လှူ လှူ။ ကျင့်ကျင့် ကောင်းကင်ဘုံကို မရောက်နိုင်ဘူး လို့ ကျမ်းစာက အတိအလင်း ဆိုထားပါတယ်ဘုရား။တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။ဆလိုင်း ဟန်သာစန်းနယူးဒေလီအဖြေ။ ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့ သူ့အဖို့ကောင်းတာလေးတွေလုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာကျလည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။ ဒါပေမဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲ ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ...

Friday, January 15, 2010

မလိငှက်သိုက်ကျွန်း

မလိကျွန်းအနီးမှာ မလိငှက်သိုက်ကျွန်းဓါတ်ပုံများကို ကြည့်ချင်ရင် ဒီနေရာမှာ ကြည့်နိုင်ပါတယ်။Type the rest of your post he...

Thursday, January 14, 2010

နာမ် နှစ်ခု ရဲ့အဓိပ္ပါယ်မရှင်းပါ

အမေး။ ။အရှင်ဘုရား…မြန်မာစာအသုံးအနှုန်းမှာ နာမ်ဆိုတာ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့၊ အမည်ဟူသမျှကို ‘နာမ်’ လို့ခေါ်ပါတယ်လို့ သင်ရပါ တယ်ဘုရား။ ဒီဘက် ဘာသာရေးမှာကျတော့ နာမ်ဆိုတာ စိတ်+စေတသိက် လို့ ခေါ်တာလားဘုရား။ အဓိပ္ပါယ် နှစ်မျိုးကို ဝေါဟာရတစ်မျိုးတည်း သတ်မှတ်ထားတာဟာ မသိတဲ့သူတွေအတွက် နားမရှင်းစရာ ဖြစ်ရပါတယ်။ ဒီအတွက် အဖြေပေးတော်မူပါဘုရား။အောင်မော်ဟိန်းရန်ကုန်အဖြေ။ ။ ပါဠိတစ်ချက် အနက်ဆယ်ထွေ ဆိုတဲ့အတိုင်း အချို့ပါဠိဝေါဟာရတွေဟာ အဓိပ္ပါယ်ဆယ်ခုထွက်တယ်ဆိုတာရှိပါတယ်။ အဓိပ္ပါယ်များတဲ့ ပါဠိဝေါဟာရတစ်ခုကို သုံးတဲ့နေရာမှာ သူ့နေရာနဲ့သူ သုံးတတ်ဖို့၊ ဖတ်တဲ့သူကလဲ ဒီဝေါဟာရက ဘာကို ဆိုလို တာလဲဆိုတာ သူ့ရဲ့ စာကြောင်းကိုကြည့်ပြီးသိဖို့လိုပါတယ်။ တစ်ခါတစ်ရံ ဒဿနဆန်ဆန်တွေးတယ်ဆိုတဲ့နေရာမှာ လိုတာထက်ပို တွေးရင်လဲ အဖြေရှာမရဖြစ်တတ်ပါ တယ်။ ဆိုကြပါစို့…. ဘုရားရှင်သည် သစ္စတရားကို ဟောတော်မူသည် ။ မောင်သစ္စာသည် အိမ်စာလုပ်နေသည်။ ဒီဝါကျနှစ်ခုကို...

နောင်ပွင့်မဲ့ဘုရားကျမှ ကျွတ်တမ်းဝင်မယ်

အမေး။ ။အရှင်ဘုရား…..ယခုခေတ်လူငယ်နဲ့လူအတော်များများဟာ အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရအောင်လုပ်ပြီး၊ ကျွတ်တမ်းဝင်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေထားကြပါတယ်။ အဲဒါ သင့်-မသင့်ဆိုတာသိချင်ပါတယ်ဘုရား။ခင်ဖုန်းမြင့်ကွန်ပျုတာတက္ကသိုလ်အဖြေ။ ။နောင်ပွင့်မဲ့ဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရဖို့ဆိုတာ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ သေချာတဲ့အလုပ်မဟုတ်ဘူး။ ဘာ့ကြောင့်ဆိုရင် ဘုရားရှင်က “မနုဿတ္တဘာဝေါ ဒုလ္လဘော” လူ့အဖြစ်ရဖို့အတ်ာခဲယဉ်းတယ်။ ဘယ်လောက်ခဲယဉ်းလဲဆိုရင် ဗြဟ္မာ့ ပြည်က အပ်တစ်စင်းကျလာတဲ့အခါ လူ့ပြည်က အပ်တစ်စင်းက ထောင်ထားမယ်။ ဒီအခါမှာ အပ်သွားချင်းသာ ထိသွားနိုင်တယ်။ လူဘ၀ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ဖို့ထက် ယခုဘ၀မှာ သေချာပေါက် လူဖြစ်နေကြရတယ်ဆို တာကိုတော့ ကိုယ့်ကိုယ်ကို သတိထားစေချင်တယ်။ ဒီလိုလူ့ဘ၀ရနေတဲ့အပြင် ကြုံခဲလှတဲ့ ဘုရားရှင်သာသနာနဲ့လဲ ကြုံနေရပါပြီ။ နာရခဲတဲ့တရားတော်များ...

Wednesday, January 13, 2010

အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့(၅)

ခုပြောမဲ့အကြောင်းဟာ ကြာရှည်စွာခွဲခွာရမဲ့သားဖြစ်သူကို မိခင်ဖြစ်သူ ဒေါ်ရွှေဥက သူ့ရဲ့အတိတ်ဘ၀အကြောင်းတွေကို ပြော ပြနေတယ်။ ဘ၀ဇာတ်ကြောင်းကို အမှန်တွေကို ဒေါ်ရွှေဥပြောနေခြင်းဟာ သားဖြစ်သူ သဒ္ဓါတရားအားကောင်းပြီး ချမ်းသာအောင်လို့ပါ။ အမေဒေါ်ရွှေဥက သူ့သားတော်မောင်ကို ပြောပြနေတယ်လို့ မှတ်ထားလိုက်နော်။ရှေးရှေုးတုန်းက ကသာမြို့နယ်၊မိုးတားမြို့ရဲ့ မြို့ဦးအရှေ့စူးစူးကုန်းမြင့်လေးပေါ်မှာ ဗောဓိကျောင်းဆိုတာ ရှိသေးတယ်။ ကျောင်းကနေပီးတော့ ဧရာဝတီမြစ်ထဲဆင်းတဲ့ သစ်သားတံတားအရှည်ကြီး တစ်ခုလဲရှိတယ်။ ရှေးရှေးတုန်းကတော့ ဒီတံတားထိပ်အိမ်လေး တစ်အိမ်မှာ “ရွှေသီ” ဆိုတဲ့ကလေးမလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ အသက်က(၁၄)နှစ်လောက်ပဲရှိအုံးမယ်။ရွှေသီတို့မိသားစုဟာ အလွန်ဆင်းရဲရှာတယ်။ ဒါနဲ့တစ်နေ့ ရွှေသီဟာ ဗောဓိကျောင်းဆရာတော်ထံသွားပြီး လျှောက်ပါတယ်။“တပည့်တို့အလွန် ဆင်းရဲလှပါတယ်ဘုရား။ ဘာ့ကြောင့်များ ဒီလောက်ဆင်းရဲရတာလဲဘုရား“အတိတ်က အလှူနည်းခဲ့လို့ပေါ့”“ခုဘ၀လှူရင်...

အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့(၄)

ဆယ်စုနှစ်ကျော်လို့ အခုတစ်ခါ ကြုံတုန်းမေးကြည့်ပါတယ် “ဟဲ့…ဒေါ်ဘုကြီး.. နင့်ယောင်္ကျားဆီ မသွားတော့ဘူးလား” ဆိုတော့ တပည့်တော် စိတ်နာလို့ မသွားတော့တာပါဘုရား။ အခုတော့လဲ သူဆုံးရှာပြီဘုရား” လို့ ပြောပါတယ်။ အော် သံသရာ့ ခရီးသည်တွေ ပဲလေ ………..ဥသြလေးအကြောင်းကနေ စလိုက်တာ မခွေးတို့ ဒေါ်ဘုတို့ အကြောင်းရောက်ကုန်တယ်။ ညနေခင်း ဒေါ်မြရင်တို့ဝိုင်းထဲမှာ အတော်ကြာကွဲကွာနေကြတဲ့သူများနဲ့ ပြန်လည်တွေ့ဆုံရတော့ ရင်ထဲကြည်နူး ၀မ်းသာမဆုံးဖြစ်ရပါတယ်။ အဲဒီအချိန်မှာပဲ အရပ်မြင့်မြင့်နဲ့ ကလေးမတစ်ယောက် စာရေးသူတို့အနားရောက်လာတယ်။ ဒေါ်မြရင်က သူမကို လက်ညိုးထိုးပြီး “အရှင်ဘုရား….သူ့ကိုသိလားဘုရား၊ တပည့်တော်မ မြေးလေဘုရား” “သိပ်သိတာပေါ့….နင် နီနီဝင်းမဟုတ်လား” ဆိုတော့သူမက “မှန်ပါတယ်ဘုရား…တပည့်တော် နီနီဝင်းပါဘုရား၊ တပည့်တော်ငယ်ငယ်တုန်းက ဘုန်းဘုန်းကို ဆွမ်းလောင်းတာလေဘုရား”ယခင်က နီနီဝင်းဟာ အသက်(၈)နှစ်အရွယ်ကလေးလေးပေါ့။ ဒါပေမဲ့ ကလေးနဲ့မလိုက်အောင်ပဲ...

အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့(၃)

ဒီလိုနဲ့ပဲ သိုက်မြှောင်ရွာကို နေ့ဆွမ်းအမီ လာခဲ့ပါတော့တယ်။ရွာအ၀င်လမ်းရောက်တော့ လယ်ကွင်းတွေ ထန်းတောတွေကတော့ အရင်လိုပါပဲလား။ ဒါပေမဲ့ ရွာအ၀င် လမ်းဘေးတစ် လျှောက် ယခင်ကဘာမှ မရှိတဲ့နေရာတွေမှာ အိမ်သစ်လေးတွေ ဆောက်ထားတာကို တွေ့ရပါတယ်။ ရွာအ၀င်ညာဖက်မှာတော့ တံတားကြီးလဲ ယခုတိုင်ရှိနေလေရဲ့ မိုးအခါဆိုရင် ရွာဝင်လမ်းက ရေတွေပြည့်လျှံနေတဲ့အတွက် ဒီတံတားကနေ ရွာအတွင်းဝင် ထွက် ကြရပါတယ်။ရွာဦးစေတီတော်ကြီးမှာတော့ ယခင်က ထုံးသင်္ကန်းများနဲ့ ဖြူဖွေးနေပါတယ်။ အခုတော့ ရွှေသင်္ကန်းများဖြင့် သပ္ပါယ်လှတာကို ဖူးမြင်ရတော့ စိတ်ကြည်နူးမှုတွေဖြစ်ခဲ့ရပါတယ်။ နံနက်၁၀ နာရီနေအပူချိန်ဟာ ဆောင်းရာသီရဲ့အအေးဒါဏ်ကို အံတုမနိုင်တဲ့အတွက့် နေပူထဲ အအေးဒါဏ်လေး ခံစားရပါတယ်။ ဒီခံစားမှုလေးကတော့ ယခင်ကလည်း ခံစားခဲ့ရဖူးတော့ သိပ်မထူးခြားလှ။ရွာရောက်တဲ့ရက်ရဲ့ ညနေဖက်မှာ စိတ်ထဲ ခုရက်ပိုင်းအတွင်းစာရေးသူသတိအရဆုံးဖြစ်နေတဲ့ ဒကာမကြီးဒေါ်မြရင်အိမ်ဝိုင်းကို သွားပါတယ်။ သူမဟာ...

Tuesday, January 12, 2010

အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့(၂)

တည်းခိုခန်းဟာ ဘုန်းကြီးများနဲ့မဆိုင်လို့ ထင်သလားမသိ၊ ဘုန်းကြီးလဲ ပိုက်ဆံပေးပြီး တည်းရတာပါပဲ၊ တည်းခိုခန်းတည်းတဲ့ဘုန်းကြီးများ ဘုန်းကြီးမဟုတ်တော့ဘူးလား။ ဘုန်းကြီးပျက်လို့ ပြောချင်ကြသလားမသိ။ တိုးတက်နေတဲ့ ခေတ်ရေစီးကြောင်းအတိုင်းပြောရင် ဒီအမြင်ဟာ ယနေ့ခေတ်အမြင်နဲ့ဆိုရင် ကျဉ်းမြောင်းလွန်းလှတယ်လို့ ပြောရပါမယ်။ အမှန်က တည်းခိုခန်းဆိုတာ ခရီးသွားများအတွက် နားနေတည်းခိုဖို့ရာ နေရာတွေပါ။ ရဟန်းတွေလဲ ခရီးသွားနေကြတော့ ခရီးသည်တွေပါပဲ။ ရဟန်းအတု ရဟန်းယောင်ထင်ရင်လဲ မှတ်ပုံတင်စစ်ကြည့်ရတာပါပဲ။ ဒီအတွက် နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် သီဟိုဠ်သာသနာထွန်းကားစဉ်က လမ်းဆုံလေးခွတွေမှာ ရဟန်းစတဲ့ခရီးသွား အများပြည်သူ များတည်းခို ဖို့ ဇရပ်များကို အမြင်ကျယ်ကျယ်နဲ့ လုပ်ပေးထားကြတာပါ။အမှန်တကယ်ဖြစ်သင့်တာက ရဟန်းတွေလဲ တည်းခိုနိုင်အောင် စီစဉ်ပေးရင်ပိုပြီးကောင်းပါတယ်။ ဘာ့ကြောင့်ဆိုရင် ဘုန်းကြီးဖြစ်ပေမဲ့ နေရာတိုင်းမှာ...

ဘုရားဥပဒေများကို ခေတ်ကာလအရ ပြောင်းလဲလို့ရပါသလား

အမေး။ ။အခြေခံဥပေဒတွေဟာ ခေတ်ကာလနဲ့ မညီရင် ပြုပြင်လို့ရပါတယ်ဘုရား၊ ဘုရားဥပေဒတော်များကိုလဲ ခေတ်ကာလအရ ပြောင်းလဲသင့် ရင် ပြောင်းလဲလို့ရပါသလားဘုရား။ သင်္ဂါယနာတင်တာနဲ့ အခု The world Buddhist summit နဲ့ အတူတူပါလားဆိုတာ သိချင်ပါတယ်ဘုရား။မောင်ဇော်မျိုး(Activator)ရန်ကုန်အဖြေ။ ။မေးခွန်းမေးထားတာက (က) ခေတ်ကာလအရ ဘုရာဥပဒေကို ပြောင်းလဲသင့်ပါသလား။(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ အတူတူ လား ဆိုတဲ့မေးခွန် နှစ်ခုဖြစ်ပါတယ်။ ဒါကို အစဉ်အတိုင်းပဲ ပြောပါမယ်။(က) အခြေခံဥပဒေတွေက ခေတ်ကလာအလိုက် အဆင်မပြေရင် ပြောင်းလဲလို့ ရတယ်ဆိုပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကို ပြောင်းလဲလို့လဲ မရပါဘူး၊ ပြောင်းလဲပိုင်ခွင့်လဲ ဘယ်သူ့မှာမှ မရှိပါဘူး။ ဘုရာရှင်ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က အရှင်အာနန္ဒာအား “ချစ်သားအာနန္ဒာ…ငါဘုရာကွယ်လွန်တဲ့အခါ အသေးအနုပ်သိက္ခာပုဒ်များကို ပယ်နှုတ်လိုခဲ့သော် ပယ်နှုတ်လေလော့” လို့ မိန့်တော်မူခဲ့တယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၇၇)ဒီလိုမိန့်တော်မူခဲ့ပေမဲ့...

Monday, January 11, 2010

ကာလာမသုတ်ဖြစ်ပေါ်လာပုံသမိုင်း

အမေး။ ။အရှင်ဘုရား…ဘာသာခြားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေတဲ့ ဗုဒ္ဓဘာသာရဲ့လွတ်လပ်မှုကိုပြတဲ့ ကာလာမသုတ်ကိုဟောဖြစ်ပုံ သမိုင်း ကြောင်းသိချင်ပါတယ်။ ပါဠိ၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာနဲ့ အပြည့်အစုံသိချင်ပါတယ်ဘုရား။ရိုသေစွာဖြင့်မင်းမောင်ဖြူးအဖြေ။ ။ အမေးတာက နဲနဲလေးပေမဲ့ ဖြေရမှာက သုံးဘာသာတောင်ဆိုတော့ များတယ်၊ ဒါပေမဲ့ အများအကျိုးအတွက်ငဲ့ပြီး ဖြေပါ့မယ်။မြန်မာဘာသာကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်ထံ ချည်းကပ်ကြတယ် အချို့က တစ်နေရာမှာ ထိုင်နေကြ တယ်။ အချို့က ဘုရားရှင်နဲ့ ၀မ်းမြောက်ဝမ်းသာ ပြောဆိုနေကြတယ်။ အချို့က အမှတ်ရဖွယ်ပြောဆိုရင်း တစ်နေရာမှာ ထိုင် နေကြတယ်။ အချို့က ဘုရားရှင်ကို လက်အုပ်ချီပြီး တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က အမည်၊ အနွယ်တွေကိုပြောပြီး ထိုင်နေကြတယ်။ အချို့က ဘာမှမပြောဘဲ တိတ်ဆိပ်စွာထိုင်နေကြတယ်။ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်အားအောက်ပါအတိုင်း လျှောက်ထားကြတယ်။...

အွန်လိုင်းမှာ ချစ်သူဖြစ်ကြတာ ကာမေသုထိုက်ပါသလား

အမေး။ ။အရှင်ဘုရား…အွန်လိုင်းပေါ်မှာ လူတစ်ယောက်နဲ့တွေ့ပါတယ်၊ မမျှော်လင့်ဘဲ သူနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ နောက်တော့ လူလွတ်တစ်ယောက်မဟုတ်ဘဲ အိမ်ထောင်နဲ့လို့သိရပါတယ်။ တပည့်တော်မှာလဲ သမီးလေး တစ် ယောက်နဲ့ပါ။ တပည့်တော်သိချင် တာက အွန်လိုင်းပေါ်မှာပဲ တွေ့ကြပြီး အွန်လိုင်းပေါ်မှာပဲ ချစ်ကြိုက်ကြတာ “ကာမေသု” ထိုက်ပါသ လား သိချင်ပါတယ်ဘုရား။မငယ်ငယ်မော်လမြိုင်အဖြေ။ ။မငယ်ငယ်ရေ….အွန်လိုင်းပေါ်ပဲ တွေ့ပြီး ပြောကြဆိုကြ ချစ်သူတွေဖြစ်ကြတာ အရေးမကြီးဘူး။ အပြင်မှာ လူချင်းတွေ့ပြီး ကျုးလွန်ခဲ့ကြတယ်ဆိုမှ ကာမေသု ထိုက်တာပါ။ ကာမေသု ထိုက် မထိုက်ဆိုတာကို အချက်လေးချက်နဲ့ တိုက်ဆိုင်ကြည့်ပါ ၊ အချက်လေးချက်ထဲ က တစ်ခုခု ချွတ်ယွင်းနေတယ်ဆိုရင်တော့ မထိုက်ပါဘူး၊ လေးခုစလုံးနဲ့ ညီညွတ်နေတယ်ဆိုရင်တော့ ကာမေသုထိုက်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ နှစ်ဘက်စလုံးက အိမ်ထောင်ရှိရက်နဲ့ အွန်လိုင်းပေါ်ချစ်သူဖြစ်ကြတာဟာ ကာမေသု မထိုက်သော်လဲ ကိုယ့်ရဲ့ယောင်္ကျား...

Saturday, January 9, 2010

အညာမြေသို့တစ်ခေါက် ရောက်ခဲ့ပြန်ပေါ့ (၁)

အညာဒေသခရီးတစ်နေ့ နံနက် ဆရာတော်ကြီးက..“ ရွာသူ-ရွာသားများက ဦးဇင်းကြွ်လာလေမလားလို့ မျှော်နေကြတယ်၊ အဆင်ပြေရင် သွားလိုက်ပါအုံးလား” လို့ မိန့်တော်မူပါ တယ်။ ဒီစကားကြားတော့ စိတ်ထဲမှာ သွားချင်တဲ့စိတ်တွေ ဖြစ်ခဲ့တယ်။ အညာဒေသကို မရောက်တာ ခုဆိုရင် ဆယ်စုနှစ် တစ်ခု ကျော်ခဲ့ပါပြီ။ဒါကြောင့် အညာဒေသတစ်ခုဖြစ်တဲ့ ရမည်းသင်းမြို့နယ် သိုက်မြှောင်ရွာကို သွားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သိုက်မြှောင်ရွာဟာ တစ်ချိန်က စာရေးသူ ရက်(၂၀)၀ိပဿနာတရားစခန်းကို နှစ်စဉ်ပြသခဲ့တဲ့ ရွာလေးပါ။ ရွာသူရွာသားများဟာ ရိုးသားပွင့်လင်းပြီး စိတ်ထားဖြူစင်သန့်ရှင်းကြပါတယ်။ တရားစခန်းပြီးလို့ ရွာမှ ပြန်မယ်ဆိုတော့လဲ ရွာသားအတော်များများဟာ လာရောက်ကန် တော့ကြပါတယ်။ သူတို့ဆရာနဲ့ ခွဲခွရမှာဖြစ်တဲ့အတွက်လဲ ၀မ်းနည်းကြပါတယ်။ ဒါကြောင့်လဲ ဆယ်နှစ်ကျော်ကာလ ရွာကို မသွားဖြစ်ခဲ့ သော်လဲ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါ။ မနေ့တစ်နေ့ကလိုပါပဲ…… အဟောင်းတွေလဲ အသစ်အသစ် ပြန်ဖြစ်ခဲ့ရပြန်ပါတယ်။(အညာဒေသက...

Friday, January 8, 2010

ဘာသာတူမှ လက်ထပ်ရမှာလား

အမေး။ ။တပည့်တော်တစ်ခုမေးချင်ပါတယ်ဘုရား…ခရစ်ယာန်၊ အစ္စလာမ်တို့မှာ ဘာသာမတူရင် ယူလို့မရ၊ အပြစ်ဖြစ်တယ်လို့ သိရပါတယ် ဘုရား။ ဗုဒ္ဓဘာသာမှာကော ဘာသာမတူရင် မယူရဘူး မချစ်ကြိုက်ရဘူးလို့ ပါပါသလား၊ ရှိပါသလားဘုရား။ဆွိနေရာပ်မရှိအဖြေ။ ။ ဘာသာခြားများရဲ့ အယူအဆနဲ့ပတ်သက်ပြီး မပြောလိုပါဘူး၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကိုတော့ ပြောပါ့မယ်။ ဘုရားရှင်က ဘာသာမတူရင် မပေါင်းရဘူး၊ မယူရဘူးလို့ မဟောပါဘူး။ ဒါနဲ့ပတ်သက်ပြီး…တစ်ချိန်က သူငယ်ချင်းနှစ်ယောက်ဟာ ငယ်စဉ်က တက္ကသိုလ်ပြည်မှာ အတတ်ပညာများ အတူသင်ယူခဲ့ကြပါတယ်။ ပညာသင်ယူစဉ်က အလွန်ချစ်ခင်ကြတဲ့သူငယ်ချင်းများဖြစ်ပြီး အရွယ်ရောက်လို့ သားသမီးများ ရှိလာရင် “သားရှင်က သမီးတောင်းလာရင် သမီးရှင်က သားရှင်အား ပေးကြစတမ်း” ဆိုပြီး ကတိက၀တ်ထားခဲ့ကြတယ်။အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်ရက်သားကျလို့ တစ်ယောက်က သာဝတ္ထိမြို့မှာ အနာထပိဏ်သူဌေး ဖြစ်လာပြီး၊ တစ်ယောက်က ဥဂ္ဂမြို့မှာ ဥဂ္ဂသူဌေးရယ်လို့ ထင်ရှားဖြစ်လာကြပါတယ်။...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More