This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, September 30, 2009

ဖတ်မိသမျှစာများ(၄)

သာသနာတော် သန့်ရှင်း၊ တည်တံ့ ၊ ပြန့်ပွားရန်ဖတ်မိသမျှစာများမှ သာသနာတော် သန့်ရှင်း၊ တည်တံ့ ပြန့်ပွားနိုင်ရန်အတွက် မကွေးဆရာတော်ကြီးရဲ့ သာရဏီရကထာကို ဖေါ်ပြပေး လိုက်ပါတယ်။ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃနာယကအဖွဲ့(၄၇)ပါးစုံညီ သတ္တမ အစည်းအဝေးတွင် မိန့်ကြားတော်မူအပ်သော သဘာပတိဥက္ကဌ အဘဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် ဘဒ္ဒန္တကုမာရ မဟာထေရ၏ သာရဏီယ သြ၀ါဒကထာမှ ကောက်နှုတ်ဖေါ်ပြပါသည်။နိုင်ငံတော် သံဃမဟာနာယက ဆရာတော် အရှင်မြတ်တို့ဘုရား…ဆရာတော်အရှင်သူမြတ်တို့ သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးဟူသော ဦးတည်ချက်ဖြင့် စုံစုံညီညီ ကြွရောက်တော်မူလာကြသည့် အတွက် “ယာဝကီဝဉ္စ ဘိက္ခဝေ ဘိက္ခု သမဂ္ဂါ သန္နိပတိဿန္တိ၊ သမဂ္ဂါ ၀ုဋ္ဌဟိဿန္တိ၊ သမဂ္ဂါ သံဃကရဏီယာနိ ကရိဿန္တိ၊ ၀ုဒ္ဓိယေ၀ ဘိက္ခဝေ ဘိက္ခူနံ ပါဋိကင်္ခါ နောပရိဟာနိ(ဒီ၊ ၂၊ ၆၅) ဟူသော ဘိက္ခု အပရိဟာနိယ ဒေသနာတော်နဲ့ ညီညွတ်သည့်အတွက်...

Tuesday, September 29, 2009

ဖတ်မိသမျှစာများ(၃)

ယခုအခါ အယူဝါဒရေးပိုင်းမှာ ဘုရားရှင်မဟောထားဘဲ ဟောသယောင်၊ သာမာန်လူပြိန်းများအား ယုံကြည်လွယ်တဲ့ နည်းလမ်းများဖြင့် သိမ်းသွင်းပြီး တစ်မျိုးပြီး တစ်မျိုး မရိုးရအောင် သာသနာဖျက်များ ထွက်ပေါ်လျှက်ရှိပါတယ်။ မကြာသေးမီက ပစ္စုပ္ပန်ကမ္မ၀ါဒ ဆိုတဲ့ အဓမ္မ၀ါဒတွေကို သိပြီးလို့မှ မကြာသေး၊ ယခုတခါ ဂိုဏ်းဃဏတစ်ခု ပေါ်ပေါက်နေပြန်ပါပြီ၊စာဖတ်သူများ ကြိုတင်ကာကွယ် သတိထားနိုင်ဖို့အတွက် ဆောင်းပါးရှင် ဥာဏိန္ဒ ရဲ့ “တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်ပါကလားနော်” ဆိုတဲ့ ဆောင်းပါး ကို ဖေါ်ပြလိုက်ပါတယ်။(က)၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ဓမ္မရံသီတွင် ပါသော ဆရာ ဦးသတ္ထိဇော်၏ ‘ ပစ္စုပ္ပန်ကမ္မ၀ါဒ’ ဆောင်းပါးအကြောင်း ပြောဆိုဆွေးနွေး၍ ဇော်တူးတို့ ညီအစ်ကို နှစ်ယောက် ပြန်သွားကြပြီးနောက် အမွှေးတိုင်ထုတ်တွေ ကိုင်လာသော မိတ်ဆွေတစ်ယောက် ကျွန်ပ်၏ အိမ်အတွင်း ၀င်လာလေ၏။“သြော်..ကိုနက် ဘယ်ကလှည့်လာတာတုံး”“အမွှေးတိုင် သွားဝယ်လာတာပါ”“များလှချည်လား၊ ပြန်ရောင်းဖို့လား”“မဟုတ်ပါဘူးဗျာ၊...

Monday, September 28, 2009

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၂)

ရှုံးသူ-နိုင်သူ ရှုံးတဲ့သူမိသားစုတစ်စုမှာ အမေရယ် ၊ ညီအစ်မ နှစ်ယောက်ရယ် မောင်တစ်ယောက်ရယ် အားလုံး လေးယောက်ထဲရယ်ပါ၊ တစ်အိမ်တည်းနေ ကြတယ်။ ထိုမိသားစုမှာ ညီအစ်မနှစ်ယောက်က သဘောထား မတိုက်ဆိုင်တဲ့အတွက် နေ့တိုင်း တကျက် ကျက်၊ သူတို့နှစ်ယောက် အမြဲတမ်း ရန်ဖြစ်နေကြတာကို အမေဖြစ်သူနဲ့ မောင်ဖြစ်သူက စိတ်အညစ်ကြီး ညစ်နေရတယ်။ဖခင်ကတော့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ သွားနေလေတော့ သည်အကြောင်း သိပ်မသိလှ။ တခါတရံ အကြောင်းရယ်လို့ မယ်မယ် ရရ မရှိဘဲ၊ စကားနိုင်လု အငြင်းပွားရာက ရန်ဖြစ်ကြပြန်ရော၊ အမေရှိနေလို့သာ တော်တော့တယ်၊ အမေမရှိလို့ကတော့ ထသတ်ကြမ လားမသိပါ။ထို့အတူ လင်မယားအချင်းချင်း ၊ ညီအစ်မအချင်းချင်း၊ ညီအစ်ကိုအချင်းချင်း၊ မောင်နှမအချင်းချင်း၊ မိတ်ဆွေ အချင်းချင်း၊ သူငယ်ချင်း အချင်းချင်း တစ်ဦးနဲ့တစ်ဦး အငြင်းပွားရာက အနိုင်မခံ အရှုံးမပေးရာက ရန်ဖြစ်ကြတာပါ။ မခံနိုင်တဲ့အတွက် ဒေါသရှေ့ထားပြီး ရန်ဖြစ်ကြသလို ရလိုမှုအတွက် လောဘရှေ့ထားပြီး...

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၁)

နေရာရှာဖွေခြင်းတစ်နေ့ ကျောင်းသို့ အသက်ကြီးပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦး ရောက်ရှိလာတယ်။ သူ့မျက်နှာကို ကြည့်ရတာ ညိုးနွမ်းပြီး တစ်ခုခုကို ပူပန်နေပုံရပါ တယ်။ ဒါနဲ့ စာရေးသူက “နေကောင်းရဲ့လား….ဒကာမကြီး” မေးတော့ သူက “ကောင်းပါတယ်ဘုရား” ပြန်ဖြေပါတယ်။ စာရေးသူက “ဒါဖြင့် ဘာတွေများ တွေးနေတာလဲ” ဆိုတော့ သူက “တပည့်တော် စဉ်းစားနေတယ်ဘုရား” ။ “ပြောပြလို့ရရင် ပြောပြပါဦး” ဆိုသောအခါ …သူက “အရှင်ဘုရား …တပည့်တော် အရင်ကနဲ့မတူ တကိုယ်လုံးလည်း နှုံးပြီး ချည့်နဲ့နေတယ်ဘုရား၊ တပည့်တော်မှားရင်လည်း ပြင်ပေးပါဘုရား၊ တပည့်တော် တကယ်လို့ သေမယ်ဆိုရင် အိမ်မှာပဲ သေရကောင်းမလား၊ ကျောင်းမှာပဲ သေရကောင်းမလား၊ ဘယ်နေရာမှာ သေရကောင်းမလဲဆိုတာကို စဉ်းစားနေတာဘုရား၊ တပည့်တော် သေတဲ့အခါ အသုဘစရိတ်အတွက် လူမှုရေးအသင်းအဖွဲ့တွေမှာ အတော်များ များ ပါဝင်ထားပါတယ်ဘုရား။ ဒါကြောင့် တပည့်တော် ကျောင်းမှာ သေမယ်ဆိုတာတောင်မှ အသင်းအဖွဲ့တွေရဲ့ အသုဘစရိတ်အကူအညီနဲ့ ဆိုတော့...

Monday, September 21, 2009

အင်းဆက်ပိုးများဟာ ၄ ဘ၀ဖြစ်တာ ဟုတ်ပါသလား

အမေး။ ။ အရှင်ဘုရား…. တပည့်တော်တို့ကျောင်းမှာ သင်ခဲ့ရတဲ့ အင်းဆက်(Insect) လေးတွေကို ဘယ်ဘုံလို့ သတ်မှတ်သင့်ပါသလဲဘုရား။ ဥပမာ လိပ်ပြာ၊ ဖလံ၊မှက်၊ ခြင်၊ ယင် စတဲ့ သတ္တ၀ါလေးတွေမှာ egg ဥဘ၀ (၇-၁၄)ရက်၊ သားပေါက်ဘ၀ larva (ပေါက်ဖတ်-ခူကောင်ဘ၀) ၇-၁၄ ရက်၊ ပိုးတုံးလုံးဘ၀ Pupa ၇-၁၄ ရက်၊ အကောင်ကြီးဘ၀ adult လိပ်ပြာ၊ ဖလံ၊ မှက်၊ ခြင်၊ယင်ဘ၀ တစ်လမှ သုံးလ ကြာတတ်ပါတယ်။ဒီလေးဘ၀လုံးမှာ စားသောက်ပုံ၊ ပြုမူပုံ၊ ကိုယ်အင်္ဂါဖွဲ့စည်းပုံကအစ တစ်ဘ၀နဲ့တစ်ဘ၀ လုံးဝမတူပါဘူး၊ လူနဲ့ တိရစ္ဆာန်တွေမှာ မွေးတာနဲ့ အကောင်လိုက်ဖြစ်ပါတယ်။ တွားသွားသတ္တ၀ါများနဲ့ ကြက်၊ငှက်တွေမှ ဥမှတဆင့် ဖြစ်လာပါတယ်။ အင်းဆက်(insect)တွေမှ သုံးဆင့်၊သုံးဘ၀ဖြစ်ပြီးမှ အကောင်ကြီးဖြစ်လာပါတယ်။ နောင်အမှတ်မမှားရအောင် အမျိုးအစားအလိုက် ဖြေကြားပေးစေလိုပါတယ်ဘုရား။ဇော်မင်းထိုက်ဟတ်ယိုင်(ထိုင်း)အဖြေ။ ။အင်းဆက် (insect)ပိုးများဟာ ဘုံအားဖြင့်ပြောမယ်ဆိုရင် တိရ စ္ဆာန်ဘုံသားတွေပါလို့ ရှေးဦးစွာ...

သစ္စာ ၄ပါးကို အနုပညာဖြင့်ပူဇော်သင့်ပါသလား

အမေး။ ။အရှင်ဘုရား……. “သစ္စာလေးပါးကို အနုပညာဖြင့် ပူဇော်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက သစ္စာလေးပါးကို အနုပညာဖြင့် ပူဇော်သင့်/မသင့် ဆိုတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်ဘုရား၊ တကယ်လို့ ပူဇော်သင့်တယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်ဟောကြားထားတဲ့ တရားတော်ကို ဖေါ်ပြပေးစေချင်ပါတယ်ဘုရား။ ။အဖြေ။ ။ သစ္စာလေးပါးဆိုတာ ဘုရားရှင်ဟောတော်မူတဲ့ တရားတော်ဖြစ်တယ်။ တရားတော်ဆိုရင် ပိုင်ရှင်ဖြစ်တဲ့ ဘုရားရှင်နဲ့လည်း သက်ဆိုင်နေပါတယ်။ တရားကိုပူဇော်ရင် ဘုရားကို ပူဇော်တာလည်း မည်တယ်။ ဒါကြောင့် ဘုရားရှင်အား အနုပညာဖြင့် ပူဇော်သင့်/မသင့် ကို ပြောကြမယ်။တစ်ခါတုန်းက သက်တော်ထင်ရှားဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ တစ်သောင်းသော စကြ်ာဝဠာမှ နတ်ဗြဟ္မာများက ဘုရားရှင်ထံရောက်လာပါတယ်။ သူတို့ရဲ့လက်မှာ နတ်ပြည်ဗြဟ္မာ့ပြည်ဖြစ် ပန်း နံ့သာစတဲ့ လှူဖွယ်များ ကိုင်ဆောင်လာပြီး ဘုရားရှင်အား လာရောက်ပူဇော်ကြပါ...

Sunday, September 20, 2009

ဒါနပြုရာမှာ မဂ္ဂင်ရှစ်ပါး ပါသလား

အမေး။ ။ဘုန်းဘုန်းဘုရား…မဂ္ဂင်ရှစ်ပါးကို အကျဉ်းခြုံးလိုက်ရင် သီလ ၊သမာဓိ၊ပညာ လို့ တပည့်တော် သိထားပါတယ်ဘုရား၊ ဒါဖြင့် မဂ္ဂင်ရှစ်ပါး ထဲမှာ ဒါန မပါဘူး ဖြစ်နေပါတယ်ဘုရား။ တပည့်တော် သိချင်တာက ဒါန ဟာ မဂ္ဂင်ရှစ်ပါးထဲ ပါမပါ သိချင်ပါတယ်ဘုရား။ တပည့်တော် တွေးသလို တစ်ချို့လည်း တွေးမိကြလိမ့်မယ်ထင်တယ်ဘုရား၊ ဒါကြောင့် အားလုံး သိအောင် ဖြေကြားပေးစေချင်ပါတယ်ဘုရား။အဖြေ။ ။ဒါနပြုတဲ့အခါမှာ စဉ်းစားတွေးခေါ်တဲ့ အသိဥာဏ်လိုပါတယ်။(၁) ။ဒါနတစ်ခုပြုတဲ့အခါမှာ….ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိဥာဏ် ရှိရပါ့မယ်။ ဒါနပြုတဲ့နေရာမှာ ကံနဲ့ ကံရဲ့ အကျိုးကို သိမြင်ရင် မှန်ကန်စွာသိမြင်တာဖြစ်တဲ့အတွက် သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ ဒါ့အပြင် နိဗ္ဗာန်ကို ဦးတည်ပြီး ဒါနပြုတဲ့အတွက်လည်း သမ္မာဒိဋ္ဌိမဂ္ဂင် ပိုပြီး ပြည့်စုံသွားပါတယ်။(၂) ဒါနပြုတဲ့နေရာမှာ ကိုယ်ပြုမဲ့ ကောင်းမှုနဲ့ပတ်သက်ပြီး ဒါနပွဲ “အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်ရင်မကောင်းမလဲ”...

Saturday, September 19, 2009

လှူတဲ့အခါ အကျိုးများအောင် ဘယ်လိုစိတ်ထားရမလဲ

အမေး။ ။အရှင်ဘုရား….တပည့်တော် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး မရှင်းလင်းသည့်အတွက် မေးလျှောက်ခွင့်ပြုတော်မူပါဘုရား။ တပည့်တော် မှတ်သားဖူးသည်မှာ တိရ စ္ဆာန်ကို ဒါနပြုဖူးတဲ့သူ ဘ၀ပေါင်း ၁၀၀၊ လူမိုက်ကို ဒါနပြုဖူးရင် ဘ၀ပေါင်း ၁၀၀၀ စတဲ့ ချမ်းသာကို ခံစားရတယ်လို့ ကြားနာ ခဲ့ရဖူးပါတယ်ဘုရား၊ တပည့်တော် သိချင်တာက ချမ်းသာခံစားရတဲ့အပေါ်မှာ လှူဒါန်းမှုက တစ်နပ်စာလား၊ တစ်ဘ၀စာလား၊ စားမကုန်လို့ အကြွင်းအကျန်လား ၊ စားဦးစားဖျားလား၊ ဒါမှမဟုတ် ဒါနမပြုခင် ဘယ်လို စိတ်စေတနာအထူးပေါ်မှ အကျိုးခံစားရတယ်ဆိုတာကို သိလိုလှပါတယ်ဘုရား။ဇော်မင်းထိုက်ဟတ်ယိုင်(ထိုင်း)အဖြေ။ ။ဒီအမေးဟာ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ အလှူဒါနရဲ့ အကျိုးတရားဟာ ချမ်းသာကို ခံစားရတယ်ဆိုတာ မှန်ပါတယ်။ ထိုချမ်းသာ ရဖို့အတွက် အလှူရှင်ဟာ ဘယ်လိုစိတ်မျိုး ထားရမလဲ၊ အဲဒါလေးပြောမယ်။အလှူရှင်များရဲ့ စိတ်နေစိတ်ထားဟာ (၃) မျိုး ရှိပါတယ်။(၁) ထင်ရှားကျော်စောလိုတဲ့စိတ်နဲ့ ဒါနပြုတာပါ။အဲဒါကို ‘ပကာသနာဒါန’...

Thursday, September 17, 2009

မလိုအပ်တဲ့နေရာမှာ ဘာ့ကြောင့် စုပုံပြီး လှူရတာလဲ

အမေး။ ။အရှင်ဘုရား…..တပည့်တော်သူငယ်ချင်းက သူ့အမြင်နဲ့ အမေးတစ်ခုမေးလာပါတယ်၊ သူ့အမြင်က မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားစေတီများ၊ ထီးတော်၊ ငှက်မြတ်နားတော်များ၊ ကျောင်းများ စတာတွေမှာ စိန်၊ရွှေ၊ကျောက်သံပတ္တမြား၊ ၀တ္တုကြေးငွေ တို့ကို အများကြီးအကုန်အကျ ခံပြီး ပေးလှူထားတာတွေ တွေ့မြင်ရပါတယ်။ ချမ်းသာတဲ့သူများက အကုန်ခံနိုင်တယ်ထားဦးတော့၊ ဆင်းရဲတဲ့သူများကလည်း တတ်နိုင်သလောက် ပေးကမ်းတာ တွေ့ရပါတယ်။ ဒီလိုနေရာတွေမှာ အကုန်ခံနေမဲ့အစား ကိုယ့်တိုင်းပြည်မှာ လိုအပ်နေတဲ့ ဆေးရုံ၊စာသင်ကျောင်း၊ ချို့တဲ့တဲ့သူများအတွက် ပညာသင်ထောက်ပံ့စရိတ်၊ စာကြည့်တိုက် စတာတွေကို အများကြီး အကုန်ခံပြီး အကူအညီပေးသင့်တယ် လို့ ထင်ပါတယ်။ ဒီအယူအဆနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။အဖြေ။ ။ ဒီလိုအယူအဆတွေ ရှေးကလည်း ရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေဦးမယ်၊ နောင်လည်း ရှိနေဦးမှာဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုရင် ဒီအယူအဆဟာ ဘာသာခြားများရဲ့ အယူအဆ ဖြစ်နေလို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး...

Tuesday, September 15, 2009

အွန်လိုင်းပေါ်တက်ကြတဲ့ အမျိုးသမီးများ သတိထားဖို့အတွက် ဒီနေရာမှာ ဖတ်ပါType the rest of your post he...

Sunday, September 13, 2009

ဥပုသ်နဲ့ အွန်လိုင်း သုံးချင်တယ်

အမေး။ ။ အရှင်ဘုရား.....ဥပုသ်ယူပြီး online သုံးလို့ရ - မရ သိချင်ပါတယ်ဘုရား။ ပြီးတော့ ဥပုသ်သီလဆောက်တည်ထားတဲ့ လူစ်ယောက်ဟာလူနာတစ်ယောက်ကိုလည်း သွားမေးချင်တယ်၊ မကောင်းတဲ့စိတ်လည်း ဖြစ်မိမယ်ဆိုရင် ဥပုသ်သီလ ပျက်နိုင်ပါသလားဘုရား။ မရှင်းလင်းတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။ ။စုမြတ်စန္ဒီဝါးခယ်မအဖြေ။ ။ ဒီအမေးနဲ့ပတ်သက်ပြီးသီလအကြောင်းကို သိဖို့လိုလိမ့်မယ်။ ကိုယ်ကျင့်သီလရဲ့သဘောက ကိုယ်နဲ့ နှုတ်မှာ မကောင်းတာတွေ မပြုမိ၊ မပြောမိအောင် စောင့်ထိန်းဖို့ပါ။ ခန္ဓာကိုယ်နဲ့ မကောင်းတာမှန်သမျှ မလုပ်ဘဲ ရှောင်ကြဉ်ရပါမယ်။ နှုတ်ကလည်း မကောင်းတာမှန်သမျှ မပြောမိပါစေနဲ့။ မုသာဝါဒရဲ့ နောက်ကွယ်မှာ ၀စီဒုရိုက်လေးပါး ရှိတယ်။ လိမ်ပြောခြင်း၊ ကြမ်းတမ်းတဲ့စကားပြောဆိုခြင်း၊ အနှစ်မရှိတဲ့ စကားပြောဆိုခြင်း၊ ရန်တိုက်ခြင်း စတာတွေပါ။ ဒါတွေကို မလွန်ကျူးမိဖို့ပဲ လိုတာပါ။ အရေးကြီးတာက ဥပုသ်သီလစောင့်ထိန်းတဲ့နေရာမှာ မေ့ပြီးမလုပ်မိ၊မပြောမိဖို့ပါ။ သတိထားပြီး...

အတွေး

စိတ်ပျက်စိတ်ဆိုးတာတွေ၊ အာဃာတအငြိုးတေးတာတွေ၊ မတရားလိုချင်မှုတွေ၊ ငါရှိမှ ဖြစ်မှာ ငါလုပ်မှဖြစ်မှာ ဆိုတဲ့ အတ္တမာနတွေ လျော့သင့်နေပါပြီ၊ ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖက်ကို ရောက်မှန်းမသိရောက်နေတာတွေ သတိထားသင့်ပါပြီ။ ဘာကြောင့်ဆိုရင် ကိုယ်နေရမယ့်အချိန်က သိပ်မလိုတော့လို့ပါပဲ။Type the rest of your post he...

Wednesday, September 9, 2009

ဖတ်မိသမျှ စာများ (၂)

ဒီတခါ ဖတ်မိသမျှစာထဲမှာ (ဓမ္မရံသီမဂ္ဂဇင်းမှာ) အရေးကြီးတဲ့ ဆောင်းပါးတစ်ပုဒ်ပါလာပါတယ်။ စာရေးဆရာ သတ္တိဇော် ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ခေါင်းစဉ်က “ပစ္စုပ္ပန် ကမ္မ၀ါဒ” ဆိုလို့ စိတ်ဝင်စားသွားတယ်၊ ယခုတလော ဒီအကြောင်းတော်တော်များ ကြားရတယ်၊ သူများရောယောင် ကိုယ်ရောယောင်ဆိုတာလို မဖြစ်ရလေအောင် စာဖတ်သူများအားလုံး အတွက် အမှားအမှန် ခွဲခြားဝေဖန်တတ်ရန် တဆင့် ပြန်လည်တင်ပြပေးလိုက်ပါတယ်။ပစ္စုပ္ပန်ကမ္မ၀ါဒစာရေးသူနေထိုင်ရာ ပြည်မြို့ အိမ်သို့ ဦးပဉ္စင်းနှစ်ပါး ကြွလာသည်။ တစ်ပါးက မြို့ခံဖြစ်သည်၊ တစ်ပါးမှာ ရေနီမှ ကြွလာသည်ဟု သိရပါသည်။ ရေနီတွင်နေသော စာရေးသူ၏ တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းကို အကြောင်းပြု၍ ကြွရောက်လာကြခြင်းဖြစ်ပါသည်။ရေနီဦးပဉ္စင်းနှင့် စကားပြောရင်း တရားဘက်သို့ ရောက်သွားပါသည်။ ထိုဦးပဉ္စင်းထံမှ ထူဆန်းထွေလာ တရားစကားများကို ကြားသိ ရပါသည်။ စာရေးသူမှာ စိတ်နှလုံး မသက်မသာဖြင့် အောင့်ကာ နားထောင်လိုက်ရပါသည်။ထိုဦးပဉ္စင်းမှာ ပြည်မြို့၌...

Monday, September 7, 2009

စိတ်ကောင်းထားရင်ရပြီ၊ တရားအားထုတ်စရာမလိုဘူး

အမေး။ ။ဘုန်းဘုန်းဘုရား….ဘာသာခြားတစ်ယောက်က “ စိတ်ကောင်းထားတယ်ဆိုရင် တရားအားထုတ်စရာမလိုဘူး။ စိတ်ကောင်းတယ် ဆိုပြီးတာပဲ၊ ဒါနဲ့် စိတ်ကောင်းတယ်ဆိုတာ နင်သိလား” လို့ မေးပါတယ်။ တပည့်တော်က “ စိတ်ကောင်းတယ်ဆိုတာကုသိုလ်ပေါ့” လို့ ပြန်ဖြေတော့ သူက “ကုသိုလ်ဆိုတာ ဘာကို ခေါ်တာလဲ” လို့ မေးပါတယ်။ ဒီမေးခွန်းကို တပည့်တော် မဖြေနိုင်ဘူးဘုရား၊ ဒီလိုပဲ ဗုဒ္ဓဘာသာ ၀င်လူငယ်ရော လူကြီးပါ အများစုက ကုသိုလ်ဆိုတာ ကောင်းတာလောက်ပဲ သိတယ်၊ ဒါကြောင့် တပည့်တော်အပါအ၀င် အားလုံးသိအောင် “ကုသိုလ်”ဆိုတဲ့ အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။မစုမြတ်စန္ဒီဝါးခယ်မအဖြေ။ ။ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲ ဆိုတာကို မဖြေသေးမီ စိတ်ကောင်းထားရင် တရားအားထုတ်စရာမလိုဘူးလို့ ပြောတဲ့စကားက ပိုအရေးကြီးလို့ ပြောရဦးမယ်။ ဒါက အပေါ်ယံ ကြည့်ပြီး ပြောလိုက်တဲ့စကားဖြစ်တယ်။ တကယ်က အားထုတ်စရာမလိုဘူး၊ လုပ်စရာမလိုဘူး ဆိုတဲ့ အယူအဆတွေဟာ အကရိယ၀ါဒတွေပါ။ ဘုရားရှင်ဝါဒမှာ မလုပ်ရင် ဘာမှ...

Sunday, September 6, 2009

သောတာပန်ဟာ တဏှာရူး လောဘရူးလား

ဘုရားရှင်ရဲ့ အဆုံးအမတရားတော်များကို ရဟန်းရှင်လူများ အသက်ပေးပြီး သယ်ဆောင်ခဲ့တာ ယနေ့ထိတိုင်အောင်ပါပဲ့။ ဒီလို သာသနာတော်ကြီးကို လက်ဆက်ကမ်းသယ်ဆောင်လာခဲ့တဲ့နေရာမှာ အခက်အခဲမျိုးစုံနှင့် ကြုံခဲ့တာလည်းရှိတယ်။ ဆန့်ကျင်ဖက်ဝါဒမျိုးစုံကို ကြံ့ကြံ့ခံကာ ကျော် လွှားခဲ့ရတာလည်း ရှိပါတယ်။ဒီဆန့်ကျင်ကွဲပြားတဲ့ဝါဒများဟာ ဘုရားရှင်သက်တော်ထင်ရှားလက်ထက်ကလည်း ရှိခဲ့သလို၊ ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နောက်ပိုင်းမှာ လည်း အနည်းနှင့်အများ ရှိခဲ့ပါတယ်။ သဘောထားကွဲလွဲကာ စဉ်ပြိုင်ဝါဒတွေလည်း ပေါ်ပေါက်ခဲ့ တယ်။ ဒါ့အပြင် လာဘ်လာဘကိုငှဲ့ပြီး သာသနာအတွင်းသို့ ၀င်ကြတဲ့အတွက် ရဟန်းအတုအယောင်တွေနဲ့ အုတ်ရောရော ကျောက်ရောရော ဖြစ်လာခဲ့တယ်၊ အဲလိုအခြေအနေမှာ တာဝန်ရှိ မင်းနှင့်ရဟန်းရှင်လူများက သာသနာသန့်ရှင်းရေး စီမံကိန်းဖြင့် ရဟန်းအတုအယောင်များကို လူထွက်စေကာ သာသနာကို သန့်ရှင်းအောင်ပြုခဲ့ရတဲ့အခါ လည်း ရှိပါတယ်။ရဟန်းရှင်လူအများ အသက်ပေးပြီး လက်ဆက်ကမ်း...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More