This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, August 19, 2009

အောင်ခြင်း(၈)ပါးအကြောင်း- (၈)

ဗကဗြဟ္မာကြီးကို အောင်တော်မူခြင်းအခါတစ်ပါး ဗကဗြဟ္မာကြီးရဲ့ စိတ်ထဲမှာ မိစ္ဆာဒိဋ္ဌိအယူများ ဖြစ်ပေါ်နေပါတယ်။ သူ့ရဲ့ အယူက “ဒီကိုယ်နှင့်တကွ ဗြဟ္မာလောကကြီး ဟာ တည်တံ့ခိုင်မြဲတယ်။ သီးသန့်ဖြစ်နေပြီး ရွေ့လျောတဲ့သဘောလည်းမရှိ။ ဒီဗြဟ္မပြည်မှာ ပဋိသန္ဓေနေလာသူမရှိ သလို အိုသူ၊နာသူ၊သေသူလည်းမရှိ၊ ဒီဗြဟ္မပြည်ကနေ အခြား လွန်မြတ်သော ထွက်မြောက်ရာလည်းမရှိ” လို့ အားကောင်းတဲ့ သဿတမိစ္ဆာဒိဋ္ဌိ အယူ ဖြစ်ပေါ်နေတယ်။ဒီအချိန်မှာ ဘုရားရှင်ဟာ ဥက္ကဋ္ဌမြို့ သုဘဂတောအုပ်အတွင်း အင်ကြင်းပင်ရင်းတွင် သီတင်းသုံးနေခိုက် ဗကဗြဟ္မာကြီးရဲ့ စိတ်အကြံကို သိတော်မူတဲ့အတွက် ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အင်ကြင်းပင်ရင်းမှ ကွယ်ပြီး ဗကဗြဟ္မာကြီးရှိရာ ပဌမဈာန် ဗြဟ္မာ့ပြည်ကို ရောက်တော်မူခဲ့ပါတယ်။ဗကဗြဟ္မာကြီးက ထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ဦး သူ့ထံရောက်လာတယ်ဆိုတော့ ၀မ်းပမ်းတသာနဲ့ “အရှင်ဘုရား..ကြွလာတာ အလွန်ကောင်းတယ်၊ တပည့်တော်တို့ရဲ့ ဗြဟ္မာ့ဘုံနဲ့ တပည့်တော်တို့ ခန္ဓာကိုယ်ကြီးဟာ...

ဥပုသ်ပြဿနာ

အမေး။ ။ဥပုသ်ဆောက်တည်တဲ့အခါ တစ်ချို့က ဘုရားဆောင်အရှေ့မှာ သီလယူကြပါတယ်၊တစ်ချို့က သံဃာတော်များအရှေ့မှာ သီလယူကြပါတယ်။ တစ်ချို့က လူတွေအရှေ့မှာလည်း ယူကြတယ်၊ တပည့်တော်သိချင်တာက ဘယ်သူ့ဆီမှာ သိလယူရင်ကောင်းဆုံးဖြစ်ပါသလဲဘုရား။ ပြီးတော့… ဥပုသ်ဆောက်တည်ရာမှာ အချိန်ကန့်သတ်ချက်နှင့် အကြုံးဝင်တဲ့ အချိန်ကာလ အပိုင်းအခြားကိုလည် သိချင်ပါတယ်။ ဥပုသ်ဆောက်တည်ခြင်းဖြင့်လည်း ဘယ်လိုအကျိုးများ ရရှိနိုင်ပါသလဲဘုရား။ရာအိမ်မှူးအိပ်မက်ရွာအဖြေ။ ။အင်္ဂုတ္တရ တိက အဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယ၀ါ” လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်က…ဥပုသ်သီလ ခံယူရာမှာ ရဟန်းဖြစ်ေ၊ ဘိက္ခုနီမဖြစ်စေ၊ သီလလက္ခဏာ ကိုသိတဲ့ ဥပါသကာ၊ဥပါသိကာမထံမှဖြစ်စေ ခံယူနိုင်ပါတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက သီလရှိသူထံမှသာ သီလာကို ယူနိုင်တာမဟုတ် သေးပါ။ သီလလက္ခဏာကိုသိသူ၊ သီလအစဉ်မှန်မှန် အရှေ့က တိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ခံယူနိုင်ပါတယ်။...

ရဟန်းတော်များ ဖိုထိုးတာ အပြစ်ရှိပါသလား

အမေး။ ။ အရှင်ဘုရား….ရဟန်းတော်များ အဂ္ဂရတ်၊ဖိုထိုးခြင်းစတာတွေ ပြုလုပ်ရင် အပြစ်ရှိ/မရှိ သိလိုပါတယ်ဘုရား။ထက်စုနှင်းဆီနေရပ်မရှိအဖြေ။ ။ အဂ္ဂရိတ်ပညာဆိုတဲ့ ဖိုထိုးတဲ့ပညာဟာ မြန်မာနိုင်ငံကို ဘယ်အခါတုန်းက ၀င်လာတယ်ဆိုတာ မသိပါ။ သို့သော် အိန္ဒိယနိုင်ငံ သီရိဓမ္မာသောကမင်းကြီးလက်ထက်က သာသနာတော်နှစ်(၃၀၀)လောက်မှာ သာသနာတော်ကြီးအား အစွမ်းကုန်ထောက်ပံ့ခဲ့တဲ့အတွက် ရဟန်းတော်များမှာ လာဘ်လာဘ အလွန်ပေါများခဲ့ပါတယ်။ အဲဒီခေတ်မှာ တန္တရ ၊ မန္တရအတတ်ပညာ ရှင်များဖြစ်ကြတဲ့ တိတ္တိတွေဟာ လာဘ်လာဘ ရှားပါးလွန်းတဲ့အတွက် သာသနာတော်အတွင်းကို လှိမ့်ဝင်လာကြပါတယ်။ အဲဒီပုဂ္ဂိုလ်များဟာ ဖိုထိုး၊ ဆေးကု၊ဗေဒင်ဟော၊ ဓါတ်ရိုက်၊ဓါတ်ဆင်၊နတ်သွင်းစတဲ့ မဂ်ဖိုလ်မှ ဖီလာကတ်လန့်ဖြစ်တဲ့ တိရစ္ဆာနအတတ်တွေနှင့်အတူ သာသနာအတွင်း ရောက်လာကြပါတယ်။ဒီအချိန်မှာ သီရိဓမ္မာသောကမင်း ကြီးနှင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿရဟန္တာအရှင်မြတ်တို့ ပူးပေါင်းကာ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို...

Saturday, August 8, 2009

အကုသိုလ်ကံ အကျိုးပေးခွင့် မရရှိခြင်းအကြောင်း။

အင်္ဂုလိမာလရဲ့ အကုသိုလ်ကံ အကျိုးပေးခွင့် မရရှိခြင်းအကြောင်း။အမေး။ ။အရှင်ဘုရား….အင်္ဂုလိမာလဟာ လူကြမ်းကြီးဖြစ်ပြီး ညှင်းဆဲသတ်ဖြတ်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် ဘုရားရှင်က ဆုံးမရတဲ့အထိ မိုက်မဲခဲ့တယ်လို့ ပြောရပါမယ်။ ဘုရားရှင်နဲ့တွေ့မှ အကျွတ်တရားရပြီး ရဟန္တာ ဖြစ်တော်မူခဲ့ရပါတယ်။ ဒါဆိုရင် အင်္ဂုလိမာလ ပြုခဲ့တဲ့ အကုသိုလ်တရားများဟာ အဘယ်ကြောင့် ပြန်လည် သက်ရောက်မှု မရှိရခြင်းအကြောင်းကို ကုသိုလ်ပွား လိုတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား……..။မောင်ကျော်နိုင်ဆစ်ဒနီ၊သြစတေးလျအဖြေ။ ။ ကံတရားများရဲ့ အကျိုးသက်ရောက်မှုရှိတာ -မရှိတာနဲ့ပတ်သက်ပြီး၊ သတ္တ၀ါတွေရဲ့ ကံတရားဟာ အလွန်ဆန်းကြယ် တယ်လို့ဆိုရပါမယ်။ သတ္တ၀ါတိုင်းမှာ ကုသိုလ်ကံ၊အကုသိုလ်ကံများ အထမြောက်အောင် ပြုလုပ်တဲ့နေရာမှာ ဇော(၇)ကြိမ် ဆိုတာရှိ ပါတယ်။ ဆိုပါစို့……မိမိပြုလုပ်တဲ့ ကုသိုလ်၊အကုသိုလ်ကံဟာ ဇော(၇)ခုအနက် ပထမဇောက အကျိုးပေးတယ်ဆိုရင် ယခုလက်ရှိဘ၀မှာပဲ အကျိုးပေးတာ...

Thursday, August 6, 2009

အောင်ခြင်း(၈)ပါးအကြောင်း(၇)

(၇)နန္ဒောပနန္ဒ နဂါးမင်းကို ဆုံးမနိုင်တဲ့ နည်းဥပဒေသများအား ညွန်ကြားတော်မူပြီး အောင်တော်မူခြင်း။အခါတစ်ပါး ဘုရားရှင်ဟာ နံနက်မိုးသောက် လင်းခါနီးအချိန်မှာ လောကဓါတ်တစ်ခွင်ကို ကြည့်ရှုတော်မူတဲ့အခါ နန္ဒေပနန္ဒနဂါးမင်းကို မြင်ပါတယ်။ နဂါးမင်းရဲ့ ရှေးကုသိုလ်ဥပနိဿယ ရှိ/မရှိ ကြည့်တော်မူတဲ့အခါ နဂါးမင်းဟာ ရတနာသုံးပါးကို ကြည်ညိုမှု မရှိ၊ မိစ္တာအယူရှိတာကို မြင်တော်မူတယ်။ ဒီမိစ္တာအယူကို ဘယ်သူ ချေချွတ်နိုင်မလဲ လို့ ဆင်ခြင်ကြည့်တဲ့အခါ အရှင်မဟာမောဂ္ဂလန်ကို မြင် တော်မူပါတယ်။သို့နှင့်နံနက်စောစောအချိန်ရောက်တော့ ကိုယ်လက်သုတ်သင်တော်မူပြီး “ ချစ်သားအာနန္ဒာ…ငါဘုရား တာဝတိံသာနတ်ကို သွားမယ်၊ ရဟန်းတော် ငါးရာကို ပြောကြားထားပေးပါ” လို့ အာနန္ဒာအား စေခိုင်းလိုက်ပါတယ်။ထိုနေ့မှာ နတ်နဂါးများက နန္ဒောပနန္ဒနဂါးမင်းရဲ့ သေသောက်ပွဲသဘင် (အရက်သောက်ပွဲသဘင်)ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြတယ်။ အဲဒီအခါမှာ ဘုရားရှင်က နဂါးမင်း မြင်သာအောင်ဆိုပြီး သူ့ရဲ့...

Tuesday, August 4, 2009

ပြန်လည်ပြင်ဆင်ချက်

မြတ်စွာဘုရား ဟောတဲ့ တရားဟာ ဘယ်တော့မှ မမှားပါဘူး၊ သို့သော် မြတ်စွာဘုရားရဲ့ တရားတော်ကို ပြန်လည်ပြီး တဆင့်ဟောကြတာက မှားကြတာပါ ၊ မှားတယ်ဆိုတာ နဲနဲမှားလည်း မှားတာပဲ၊ များများ မှားလည်း မှားတာပဲ၊ ဘုရားရှင်ကတောင် မိန့်ထားတာရှိပါသေးတယ်။ ငါဘုရားဟောတဲ့ တရားတော် မှန်တယ်လို့ မယူဆနဲ့ဦး တဲ့။ ဆိုလိုတာက ကိုယ်ဟောလိုက်တဲ့တရား မှန်ရင် အဝေဖန်ခံနိုင်ရပါမယ်၊ ငါ့ဟောတဲ့တရားဟာ အမှန်ချည်းပဲ၊ အမှားမပါဘူး၊ လို့ ဒီလို တစ်ထင့်ချ ပြောလို့လည်း မရပါဘူး။ ဆိုရေးရှိက ဆိုအပ်စွ ဆိုတာလို ကိုယ်ဟောတဲ့ တရားထဲမှာ အမှားမပါရင် ဘယ်သူမှ ထောက်မှာလည်း မဟုတ်ဘူး။ မှားတဲ့အရာလေးတွေကို အများသိအောင် ဒါက မှားနေတယ်၊ဒါကမှန်နေတယ်လို့ စေတနာနဲ့ရှင်းပြတာကို လက်ခံရမယ်။ လက်မခံနိုင်ရင် မှားတာကို မှားတယ်လို့ လက်မခံတဲ့သူမှာ အဓမ္မဖြစ်သွားပါလိမ့်မယ်။ ဓမ္မာဝါဒီသမားများဟာ ဘယ်အခါမဆို အပြောခံနိုင်ရတယ်။ ဒီလိုသာ စကားကပ်ပြောလို့ကတော့ ဘယ်တော့မှ ပီးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်...

အောင်ခြင်း(၈)ပါးအကြောင်း (၆)

(၆)။ သစ္စကပရိဗိုဇ်ကို ပညာဖြင့် အောင်တော်မူခြင်းဘုရားရှင် ဝေသာလီပြည် မဟာဝုန်တော ပြာဿဒ်အဆောင်မှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအခါ နိဂဏ္ဍတက္ကတွန်းရဲ့သား သစ္စက ဆိုတဲ့ ပရိဗိုဇ်ဟာ ဝေသာလီပြည်မှာ နေပြီး ၊ စကားပြိုင်ဆိုင်ပြီး ပြောဆိုတတ်တဲ့အလေ့ရှိတယ်၊ သူ့ဟာ သူ့ကိုယ်သူ ပညာရှိ ဆိုပြီး ကြွေးကျော်ထားတဲ့အတွက် လူအများကလည်း သူ့ကို ပညာရှိ သူတော်ကောင်း ရယ်လို့ သတ်မှတ်ထားကြပါတယ်။သစ္စကပရိဗိုဇ် က “ ငါ စကားပြိုင်ဆိုင်ပြောဆို အပြစ်တင်တဲ့အခါ စိတ်မရှိတဲ့ တုံးတိုင်များတောင်မှာ ယိမ်းယိုင်သွားရတယ်၊ စိတ်ရှိ တဲ့ လူအပေါင်း ဆိုရင် ပြောစရာမရှိတော့ဘူး” လို့ ကြွေးကျော် ပြောဆိုနေပါတယ်။တစ်နေ့နံနက် အရှင်အဿဇိဟာ ဝေသာလီပြည်အတွင်း ဆွမ်းခံဝင်ပါတယ်။ ဒါကို သစ္စက ပရိဗိုဇ်က မြင်တယ်။ သူဟာ အရှင်အဿဇီ အနီးသွားကာ ၀မ်းမြောက်ဖွယ် နှုတ်ဆက်စကားဆိုပြီး “ အို….အဿဇိ… ရဟန်းဂေါတမဟာ တပည့်သာဝကတို့အပေါ် ဘယ်လို များ ဆုံးမထားပါသလဲ၊ ဘယ်လို အစိတ်အပိုင်းမျိုးကို ညွန်ကြားထားပါသလဲ”...

Monday, August 3, 2009

အောင်ခြင်း(၈)ပါးအကြောင်း (၅)

(၅) စိဉ္စမာဏ၀ိကာရဲ့ စွတ်စွဲတဲ့စကားကို အောင်တော်မူခြင်း။ဝေနေယျသတ္တာဝါများ သာဝကများဟာ အရိယာများအဖြစ်သို့ ရောက်ကုန်သောကြောင့် ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးတော်များ တဖြေးဖြေး ပျံ့နှံ့တော်မူလာတဲ့အပြင် လူနတ်အများရဲ့ ပူဇော်မှုဟာလည်း အလွန်ထင်ရှားလာပါတယ်။ ဘုရားရှင်အား ပူဇော်မှုများ ထင်ရှား လာပေမဲ့ သာသနာပြင်ပက ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ တိတ္ထိတို့မှာတော့ လာဘ်လာဘများ တဖြေးဖြေး ဆုတ်ယုတ်လာပါတော့တယ်။အဲဒီအခါမှာ တိတ္ထိတို့က “လူအပေါင်းတို့ ရဟန်းကြီးအားသာ လှူဒါန်းလို့ အကျိုးရတာမဟုတ်၊ ငါတို့ကို လှူဒါန်းရင်လည်း အကျိုးရနိုင်ပါတယ်” လို့ ပြောဟောပါတော့တယ်။ ဘယ်လောက်ပဲ ပြောဟော စည်းရုံးပါသော်လည်း လူအများက တိတ္ထိတို့အား စိတ်မ၀င်စားတဲ့အပြင် လာဘ်လာဘများ ပိုပြီးတောင် နည်းပါးသွားပါသေးတယ်။တိတ္ထိများက “ငါတို့ လာဘ်လာဘပေါများအောင် ဘယ်လိုလုပ်ရပါ့မလဲ၊ ရဟန်းဂေါတမကို လူအများက အထင်လွဲပြီး ဂုဏ်ကျေးဇူးမဲ့အောင် ဘယ်လို ကြံရပါ့မလဲ” လို့ မကောင်းတဲ့အကြံ...

Sunday, August 2, 2009

အောင်ခြင်း(၈)ပါးအကြောင်း (၄)

(၄) အင်္ဂုလိမာလကို အောင်တော်မူခြင်း။ကောသလတိုင်း အတွင်း တစ်နေရာတွင် ဆိုးသွမ်းပြီး အားကြီးလှတဲ့ လူဆိုးတစ်ယောက်ရှိတယ်။ သူ့နာမည်က အင်္ဂုလိမာလ လို့ ခေါ်ပါတယ်။ သူဟာ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ယူနေစဉ်အတွင်း ဆရာကြီးက တပည့်များရဲ့ ဂုံးချောစကား ကို ယုံကြည်ကာ လက်ငြိုးပေါင်းတစ်ထောင် ယူခဲ့ရန် အင်္ဂုလိမာလအား ပြောပါတယ်။ အင်္ဂုလိမာလလည်း ဆရာစကားကို ယုံကြည်တဲ့အတွက် ဆရာခိုင်းတဲ့အတိုင်း လက်ငြိုးပေါင်းတစ်ထောင် ရဖို့အတွက် အားထုတ်ရပါတော့တယ်။ ဒီလိုနဲ့ သူဟာ ရင်ဆိုင်တွေ့သမျှ လူများအား လက်ညိုးကိုယူ၊ လူကိုလည်းသတ်ဖြတ်ကာ သောင်းကြမ်းချင်တိုင်း သောင်းကြမ်း နေပါတော့တယ်။တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ကောသလတိုင်း သာဝတ္ထိမြို့ထဲ ဆွမ်းခံကာ ဆွမ်းဘုဉ်းပေးအပြီး၊ နေ့လည်ဖက် သပိတ်သင်္ကန်းတို့ ကို ပြင်ဆင်ကာ ကိုယ်တော်မြတ်တစ်ပါးတည်း ခရီးရှည်ကြီးကို ခြေလျင်ဖြင့် ကြွတော်မူပါတယ်။ ကြွတော်မူမယ့်နေရာက လူဆိုးကြီး အင်္ဂုလိမာလ ရှိတဲ့နေရာ ဖြစ်တယ်။လမ်းတွင်...

Saturday, August 1, 2009

blogger အသစ်တစ်ယောက်ကို အကူအညီပေးကြပါရန်Type the rest of your post he...

အောင်ခြင်း(၈)ပါးအကြောင်း (၃)

(၃) နာဠာဂီရိဆင်ကို အောင်နိုင်ခြင်းရှင်ဒေ၀ဒတ်ရဲ့ ပယောဂကြောင့် ကျောက်ချပ်လွှာတစ်ခု လွင့်စင်ကာ ဘုရားရှင်ရဲ့ ခြေမတော် ကို ထိခိုက်မိကာ သွေးစိမ်းတည်ခဲ့ရတယ်။ ထိုအနာကိုဆရာဇီဝကက ဆေးကုပေးတဲ့အတွက် ကျန်းမာစွာ ရှိနေတော်မူပါတယ်။ထိုအခါ ဘုရားရှင်အား နည်းမျိုးစုံဖြင့် သတ်ဖြတ်ရန်ကြံစည်နေတဲ့ ရှင်ဒေ၀ဒတ်က “ ရဟန်းဂေါတမကို ဘယ်သူလူတစ်ဦး တစ်ယောက်မှ သတ်ဖြတ်ဖို့ မတတ်နိုင်ကြဘူး။ ဘုရင်အဇာတသတ်ဆီမှာတော့ ရတနာသုံးပါးရဲ့ ကျေးဇူးဂုဏ်ကိုလည်းမသိ။ လူမြင်ရင်သတ်ဖြတ်လေ့ရှိပြီး အလွန်ကြမ်းတမ်းတဲ့ နာဠာဂီရိဆင်ကြီးဟာ ရဟန်းဂေါတမကို သတ်နိုင်လိမ့်မယ်” လို့ အကြံဖြစ်ပြီး ဘုရင်အဇာတသတ်အား ထိုအကြောင်းကို ပြောပြရာ ဘုရင်ကလည်း မင်းဆရာသဘောအတိုင်း လက်ခံပါတယ်။အဇာတသတ်ဘုရားဟာ ဆင်တင်းကုတ်ရှိ ဆင်ထိန်းကို ခေါ်ကာ “မနက်ဖန် ရဟန်းဂေါတမလာရာ လမ်းမှ မျက်နှာချင်းဆိုင်ပြီး နာဠာဂီရိဆင်ကြီးအား လွှတ်ရမယ်” လို့ အမိန့်ပေးခဲ့တယ်။ ရှင်ဒေ၀ဒတ်ကလည်း ပိုပြီးတိကျအောင် ဆင်ထိန်းထံသွားပြီး...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More