This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, July 31, 2009

အောင်ခြင်း(၈)ပါးအကြောင်း (၂)

(၂)အာဠ၀ကဘီလူးကိုအောင်တော်မူခြင်း။အာဠ၀ီပြည် အစိုးရတဲ့ အာဠ၀ကမင်းဟာ သူခိုး ဓမြရန်၊ အတိုက်အခံမင်းတို့ရဲ့ ရန်ကို နှိမ်နင်းဖို့ ရည်ရွယ်ကာ အလေ့အကျင့်ဖြင့်စေရန် (၇)ရက်တစ်ကြိမ် နောက်ပါမျာားနဲ့အတူ သမင်တော့သို့ တောလည်ထွက်ကြပါတယ်။ အာဠ၀ကမင်းဟာ သမင်တစ်ကောင်ကို လိုက်ရာ သုံးယူဇနာအရောက်မှာ ဖမ်းမိပြီး သမင်ကို ထမ်းကာ ယူဆောင်လာခဲ့ရာ တစ်နေရာမှာ ပညောင်ပင်ကြီးတစ်ပင်အောက်ကို ရောက်သွားပါတယ်။ ဒီပညောင်ပင်ကို အပိုင်စားရထားတာက အာဠ၀ကဘီလူးပါ။ ဘီလူးက မင်းကြီးအား စားရန်လုပ်တဲ့အခါ မင်းကြီးက “အသင်ဘီလူး….တိုင်းပြည်ကိုပြန်ပြီး သင်စားဖို့အတွက် တစ်နေ့ကို လူတစ်ယောက်ကျ လွတ်ပေးပါ့မယ်။ ငါ့ကိုတော့ လွတ်ပါ” လို့ပြောပါ တယ်။နောက်ဆုံးတော့ ဘီလူးက မင်းကြီးအား တိုင်းပြည်ပြန်ခွင့်ပေးလိုက်တယ် ၊ နန်းတော်ရောက်တော့ မြို့တော်ဝန်အား အကြောင်းစုံ ဖြစ်ခဲ့ပုံ တို့ကို တိုင်ပင်ပြောဆိုရာ မြို့တော်ဝန်က “ အရှင်မင်းကြီး ဒီအတွက် မပူပါနဲ့ ကျွန်တော်မျိုးတာဝန်ထား၊...

အောင်ခြင်း(၈)ပါး အကြောင်း

(၁)မာရ်နတ်ကို အောင်တော်မူခြင်း။အမေး။ ။ အရှင်ဘုရား.......အပြင်အတွင်းအောင်ခြင်း (၈)ပါးကို အထောက်ထားစုံစုံလေးနဲ့ ပြည့်ပြည့်စုံစုံ သိချင်ပါတယ်ဘုရား။Dr. တင့်ဇင်ဦးမန်းစဖီး၊ အင်္ဂလန်အဖြေ။ ။ဘုရားအလောင်းတော်ဟာ ကဆုန်လပြည့်နေ့ နံနက်မှာ သုဇာတာ လှူဒါန်းတဲ့ နို့ဃာဆွမ်းကို လက်ခံပြီး၊နေရဉ္ဖရာမြစ်ဆီသို့ သွားပါတယ်။ ထိုမြစ်ရဲ့ တစ်နေရာ သုပ္ပတိဋ္ဌိတ ရေချိုးဆိပ်မှာ ရေချိုးတော်မူပြီး အေးမြတဲ့သစ်ပင်အရင်းမှာ ထိုင်ကာ နို့ဃနာဆွမ်းကို ထန်းသီးမှည့်ပမာဏ ခန့် (ထန်းသီးအစေ့အရွယ်)ကို ၄၉ လုပ်ဘုဉ်းပေးပါတယ်၊ အဲဒီမှာ ဆွမ်းအလုပ်တိုင်းမှာ နတ်ဗြဟ္မာများက လူနတ်များစားနိုင်တဲ့ သြဇာများ ထည့်ထားပါတယ်။ ဒါကြောင့်လည်း ဘုရားဖြစ်ပြီး ၄၉ ရက်ကြာတဲ့အထိ ဘာမှမစားဘဲ နေတော်မူနိုင်ခြင်း ဖြစ်ပါတယ်။သို့နှင့် မဟာဗောဓိရဲ့ အရှေ့ဖက် ပလ္လင်တော်ပေါက်ရာ နေရာသို့ ရောက်တဲ့အခါ “ဒီနေရာဟာ ရှေး ဘုရားရှင်တို့ ကိလေသာဖြိုဖျက်တော်မူ ရာ နေရာဖြစ်တယ်” လို့ သိတော်မူပြီး ပါလာတဲ့...

Tuesday, July 28, 2009

အလှူလုပ်ဖို့ ထီထိုးတာ ကုသိုလ်ရပါသလား

အမေး။ ။အရှင်ဘုရား…အရှင်ဘုရားရဲ့ ဒါနအကြောင်းဖြေကြားတော်မူချက်အရ တပည့်တော် သံသယရှင်းရှင်းနဲ့ လှူဒါန်းနိုင်ပြီဖြစ်လို့ အထူးပဲ ကျေးဇူးတင်မိပါတယ်ဘုရား။နောက်တစ်ခု တပည့်တော် ထီထိုး၊ ထီရောင်းတာနဲ့ ပတ်သက်ပြီး သိချင်ပါသေးတယ်ဘုရား..“အလှူလုပ်ဖို့ ထီထိုးတာ ကုသိုလ်တောင် ရသေးတယ်” လို့ ပြောတဲ့စကားမှာ အလှူလုပ်လို့ ကုသိုလ်ရတာ လက်ခံနိုင်ပေမဲ့ ထီထိုးပြီး လှူဖွယ်ပစ္စည်းရှာတာ(ငွေရှာတာ)ကတော့ ဘ၀င်မကျပါဘုရား။ ငါးပါး၊ရှစ်ပါး၊ကိုးပါး၊ဆယ်ပါးသီလတွေမှာလည်း ထီမထိုးရလို့ မပါတဲ့ အတွက် သီလမကျိုးသလို မရောင်းသင့်တဲ့ ပစ္စည်းတွေမှာ ထီလက်မှတ် မပါတဲ့အတွက်ကြောင့် သမ္မာအာဇီဝ ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား.. ဖြေကြားပေးတော်မူပါဘုရား။ ။မစန္ဒ၀တီမြိတ်မဟာစည်အဖြေ။ ။မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ “အလှူလုပ်ဖို့ ထီထိုးတဲ့ အတွက် ကုသိုလ်တောင် ရသေးတယ်” ဆိုတဲ့စကားနဲ့ပတ်သက်ပြီး ဥပမာတစ်ခုပြောပါ့မယ်၊ ဘုရားတည်ဖို့အတွက် ဓမြထွက်တိုက်တာ ကုသိုလ်တောင်ရသေးတယ် လို့ ပြောတာနဲ့...

Monday, July 27, 2009

မြိတ်တက္ကသိုလ် ကျောင်းအုပ်ကြီးကို အမှူးထားပြီး၊ ရူပဘေဒဌာနမှ ပါမောက္ခ-ဆရာ/ဆရာမများ၊ ကျောင်းသူ-ကျောင်းသားများရဲ့ ၀ါဆို သင်္ကန်း ဆက်ကပ်လှူဒါန်း...

Thursday, July 23, 2009

သန်းခေါင်ယံမှာ နေထွက်ခြင်း

သန်းခေါင်ယံက အမေးအဖြေများ စာအုပ်မှာ ဘာသာရေး အမေးအဖြေများကို သန်းခေါင်ယံကစခဲ့တဲ့အတွက် သန်းခေါင်ယံ အမေးအဖြေများ လို့ နာမည်ပေးရသလို ယခုလည်း သန်းခေါင်ယံမှာ နေမ၀င်ဘဲ နေထွက်ခဲ့တဲ့အတွက်ကြောင့် နေမ၀င်ညများ ဒါမှမဟုတ် သန်းခေါင်ယံ နေ လို့ နာမည်ပေးရမလားပဲ..ယခုတလော နေကြတ်တာတွေ ကြားနေကြရပါတယ်၊ နေ့အခါ နေကြတ်ကာ နေမသာနိုင်ဘဲ ဖြစ်ကြပေမယ့် တစ်ချို့နေရာတွေမှာ အထူးသဖြင့် ကမ္ဘာ့မြောက်ဖျားဒေသ တစ်ချို့မှာတော့ ညဖက်မှာ လသာရမယ့်အစား လပျောက်လို့ နေသာ ဖြစ်ခဲ့ရတယ်လေ........သန်းခေါင်ယံအချိန်ကျရောက်ဖို့ နီးလာလေလေ နေလုံးကြီးက တောင်စွယ်နေကွယ်ဖို့ နီးလာလေလေပါ၊ ဒါပေမယ့် ည ၁၁း၃၀ နာရီ လောက်မှာ နေလုံးကြီးဟာ မ၀င်တော့ပဲ အပေါ်ပြန်တက်လာ တယ်လို့ သိလိုက်ရပါတယ်။ အဲဒါကို နိုင်ငံအသီးသီးမှ လူအများ လာရောက်ကာ သန်းခေါင်ယံအချိန်မှာ နေထွက်တာကို အထူးအဆန်းသဖွယ် လာရောက်ကြည့်ရှုကြတယ်လို့ သတင်းမှာ ကြော်ညာပါ တယ်။ဒါကြောင့်လည်း (midnight sun) သန်းခေါင်ယံ...

Wednesday, July 22, 2009

ဒုစရိုက်ကို ချီးမွန်းသင့်ပါသလား

အမေး။ ။ အရှင်ဘုရား….ဇာတ်တော်ထဲမှာ သုလသာက သူခိုးကို သတ်ဖို့ ကြံစည်တာဟာ ဘယ်နည်းနဲ့မှ ပညာ မဖြစ်နိုင်၊ ဒုစရိုက်သာ ဖြစ်ပါတယ်ဘုရား။ သို့ပါလျှက် “ပညာရှိ” လို့ ဘုရားအလောင်းနတ်သားက ချီးမွန်းတာဟာ သဘာဝမကျပါ။ တပည့်တော် သိချင်တာက ဘာ့ကြောင့် သတ်ဖို့ကြံစည်တာကို ပညာရှိ လို့ ချီးမွန်းရတာပါလဲဘုရား။အဖြေ။ ။ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆရာတော်ဦးဝိစိတ္တသာရာဘိဝံသ တိပိဋကဓရဆရာတော် ရေးသားပြုစုတော်မူတဲ့ မဟာဗုဒ္ဓ၀င် ပဌမတွဲ ပဌမပိုင်းမှာ ဖတ်ရပါတယ်။ဒီအကြောင်းကို ပါဌဇာတ် (ငါးရာငါးဆယ်) အဋ္ဌကနိပါတ်။ သုလသာ ဇာတ်တော်မှာ ဟောတော်မူထားပါတယ်။ရှေးအခါတုန်းက ဗာရာဏသီပြည် သုလသာ အမည်ရှိတဲ့ ပြည့်တန်ဆာ အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးတယ်။ တစ်နေ့မှာ ခိုးမှုနဲ့ သေဒဏ် ကျခံရမဲ့ဆဲဆဲ သူခိုးတစ်ယောက်ကို သုလသာက ကယ်တင်ခဲ့တယ်။ သူခိုးရဲ့နာမည်က သတ္တုက လို့ခေါ်ပါတယ်။ သူတို့နှစ်ဦး အိမ်ထောင်ပြု ပေါင်းသင်းလာခဲ့ရာက တစ်နေ့တော့ သူခိုးက သုလသာအား တောင်ထိပ်ပေါ်ကို တက်စေပြီး...

Tuesday, July 21, 2009

ပင့်ဖိတ်ဆွမ်းအား ငြင်းပယ်ခွင့်/ရှိ-မရှိ

အရှင်ဘုရား.......ရဟန်းသံဃာတော်များတွင် လူများပင့်ဖိတ်ဆက်ကပ်သော ဆွမ်းကွမ်းခဲဘွယ်များကို ငြင်းပါယ်နိုင်ခွင့် ရှိမရှိ သိလိုပါသည် ဘုရား။ဥပမာအားဖြင့် နိုင်ငံရေးအဖွဲ့ အစည်းများက ပင့်ဖိတ်ခြင်းမျိုး။မှတ်ချက်။ ။ ပြည်ပက ရဟန်းသံဃာများကိုသာ ရည်ရွယ်ပြီး မေးသော မေးခွန်း ဖြစ်ပါသည် အရှင်ဘုရား။မောင်မိုးလော့စ်အိန်ဂျယ်လိအဖြေ။ ။ လူအများ ဆက်ကပ်တဲ့ အထူးသဖြင့်(နိုင်ငံရေးအဖွဲ့အစည်းများကပင့်တဲ့)ဆွမ်းကို ရဟန်းများဟာ ငြင်းပယ်ခွင့်ရှိ/မရှိ ဆိုတာနဲ့ပတ်သက်ပြီး ပြောရရင်.....၀ိနည်းမဟာဝါပါဠိတော်၊ မဟာခန္ဓကမှာ ရဟန်းတော်များ မသွားလာသင့်တဲ့ နေရာများကို ပြောထားပါတယ်။အပျိုကြီးအိမ်၊ ပြည့်တန်ဆာ၊ တစ်လင်ကွာ၊ မုဆိုးမ၊ ပဏ္ဍုပ်၊ ဘိက္ခုနီ များ ဖြစ်တယ်။ ထိုပုဂ္ဂိုလ်များရှိတဲ့နေရာကို ရဟန်းတော်များ မသွားသင့်ဘူး၊ အထူးသဖြင့် ဆွမ်းအလှူမခံသင့်ဘူးလို့ ပြောထားပါတယ်။ ထိုပုဂ္ဂိုလ်ခြောက်မျိုးကလွဲပြီး တစ်ခြားနေရာဌာန ပုဂ္ဂိုလ်များဆီမှာ ဆွမ်းအလှူခံသင့်/ သွားလာသင့်တယ်လို့...

Saturday, July 18, 2009

ခရီးသွားမှတ်တမ်း (၁၂)

ယခင်က ဘုရင့်နန်းတော်များကို သစ်နဲ့ တည်ဆောက်ကြတဲ့အတွက် ယခုအခါမှာ နန်းတော်အဆောက်အဦးများ မမြင်ရတော့တာ ဖြစ်ပါတယ်။ နန်းတော်ရဲ့ အတွင်းပိုင်းမှာတော့ သူတို့ကိုးကွယ်တဲ့ မိုးနတ်မင်း ကျောင်းတစ်ခုရှိပါတယ်၊ အဲဒါက ကျောက်နဲ့ထုလုပ်ထားတဲ့အတွက် ယခုတိုင် ထင်ရှားရှိနေဆဲ ဖြစ်တယ်။ဒီလိုနဲ့ နန်းတော်အတွင်းဆက်လေ့လာတဲ့အခါမှာ ရေကန်ကြီးနှစ်ကန်ကို တွေ့ရပါတယ်။ ကန်ကြီးကိုလည်း ကျောက်သား များဖြင့် ပြုလုပ်ထားတာကို အံ့ဖွယ်တွေ့ရပြီး၊ ဒီရေကန်ကြီးနှစ်ခုအနက် ကြီးတဲ့ ရေကန်က မိဖုရားများ ရေချိုးတဲ့ ရေကန်ဖြစ်တယ်။ ရေကန်ရဲ့ အတွင်းနံရံများမှာ မင်းသမီးပုံများ ထွင်းထုထားတာကို တွေ့ရပါတယ်။ ဒုတိယ ရေကန်ကတော့ နန်းတော်အတွင်းက ကလေးများချိုးတဲ့ ရေကန်လို့ သိရပါတယ်။ သို့နှင့် ၁၀း၃၀နာရီခန့်တွင် အန်ကောမြို့ဟောင်းမှ ပြန်ထွက်လာကြပြီး၊ နေ့လည်စာအတွက် siemreap မြို့ထဲသို့ ကားဖြင့် ပြန်လာကြပါတယ်။ မြို့တွင်းမှ ခမာစားသောက်ဆိုင်(Khmeri Resturant) တစ်ဆိုင်မှာ...

Thursday, July 9, 2009

ဒါနပြုရာမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်သင့်မသင့်

အမေး။ ။အရှင်ဘုရား…တပည့်တော်မေးလျှောက်ပါရစေ… ဒါနပြုတဲ့အခါမှာ အလှူခံပုဂ္ဂိုလ်ကို ရွေးချယ်စိစစ်ပြီးမှ လှူရမယ် လို့ ဘုရားရှင် ဟောတော်မူချက်အရ လူအများဟာ သီလရှိတဲ့ သံဃာတော်များကိုသာ လှူဒါန်းကြတော့ ရဟန်းတော်များမှာ လှူဖွယ်ပစ္စည်းများနဲ့ အလျှံပယ်ဖြစ်နေပါတယ်ဘုရား။ ပစ္စည်းလဘ်လာဘပေါများနေတဲ့ ရဟန်းတော်များကိုသာ လူတွေက ထပ်တလဲလဲ လှူနေကြတာကို တွေ့မြင်နေရတယ်။ ဒါပေမဲ့ သီလမရှိဘူးထင်ရတဲ့သူများမှာကျတော့ လှူမဲ့သူ ပေးမဲ့ကမ်းမဲ့သူ မရှိ ချို့တဲ့လွန်းလှပါတယ်ဘုရား။ တပည့်တော်သိချင်တာက သီလမရှိဘူးထင်ရတဲ့ ချို့တဲ့နေတဲ့ သူများကိုလည်း ပေးလို့ရမှာလားဘုရား၊ အဲဒါလေး တပည့်တော် ဘ၀င်မကျ ဖြစ်နေလို့ အဖြေပေးစေချင်ပါတယ်ဘုရား…..ဒေါ်စန္ဒ၀တီဗုဒ္ဓသာသနာ့ရိပ်သာ-မြိတ်အဖြေ။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါပဲ။ အလှူ ပြုလုပ်တဲ့အခါ သီလ ရှိတဲ့သူကို ပေးလှူသင့်သလို သီလမရှိဘူးလို့ ထင်ရတဲ့ ချို့တဲ့နေသူများအားလည်း ပေးလှူလို့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောစရာ တင်ပြစရာတွေ...

Tuesday, July 7, 2009

ခရီးသွားမှတ်တမ်း(၁၁)

အန်ကောဝပ် ဓါတ်ပုံများ ဒီနေရာမှာ ကလစ်ပြီးကြည့်နိုင်ပါတယ်။“အခုအချိန် မှာ တပည့်တော်ရဲ့ အဖေအမေ နှစ်ပါးစလုံး မရှိတော့ဘူးဘုရား… တပည့်တော် အခုလို ပြည်ပမှာ အလုပ်လုပ်ဖြစ်နေတာ ဟာ တပည့်တော် ချမ်းသာချင်လို့ မဟုတ်ပါဘူးဘုရား၊ တပည့်တော်ဘ၀ အေးအေးဆေးဆေးနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ပါတယ်။ တပည့်တော် အခု အလုပ်တွေ လုပ်ပြီး အဖေအမေတွေကို ကျွေးချင်တယ်၊မွေးချင်တယ်၊ ဒါပေမဲ့ ကျွေးမွေးခွင့်မရတော့ဘူးဘုရား….ဒါဟာ တပည့်တော်မအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါပဲဘုရား…… တပည့်တော်လည်း ဒီ siemreap မှာ အမြဲတမ်းနေသွားဖို့ စိတ်မကူးပါဘူး။ တပည့်တော်အသက်က အခုဆို လေးဆယ်ထဲ ရောက်နေပြီ ဒီထက်အသက်ကြီးလာတဲ့အခါ မြန်မာပြည်မှာ အကျိုးပြုလုပ်ငန်းတစ်ခုခု လုပ်ချင်ပါတယ် ၊ တပည့်တော် ရှာဖွေထားတဲ့ ပစ္စည်းတွေကို မိဘမဲ့ကလေးတွေအတွက် မြုပ်နှံချင်ပါတယ်၊ တပည့်တော်ကိုယ်တိုင်ကလည်း ဒီကလေးတွေကို လောကီပညာ သင်ပေးချင်ပါတယ် ဘုရား” လို့ သူ့ရဲ့ရှေ့လျှောက် အကောင်အထည်ဖေါ်မယ့်...

Monday, July 6, 2009

ဝါဆိုလပြည့်နေ့ ၀ါဆိုသင်္ကန်းကပ်လှူပွဲ

ဝါဆိုလပြည့်နေ့ သို့ တစ်ဖန် ရောက်ခဲ့ပြန်ပေါ့...........၀ါဆိုလပြည့်နေ့ရောက်တိုင်း အသက်တစ်နှစ်ကြီးခဲ့ပြီဆိုတဲ့ အသိက နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာစမြဲပါ....သည်လိုဝါဆိုလပြည့်နေ့များကို ဘယ်လောက်အထိ ကျော်ဖြတ်ရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်....အော်...အစိုးမရတဲ့ နယ်ပယ်ထဲ ရောက်နေမှတော့ ဒီလိုပဲ ရှိတော့မပေါ့........ ဒီနှစ်မှာ H1 N1 လူတုတ်ကွေးရောဂါက လူအုပ်ထဲ ဆိုရင် ပိုပြီး ကူးစက်လွယ်ကူတယ် လို့ သိထားရတဲ့အတွက် ၀ါဆိုလပြည့်နေ့မှာ ကျောင်းကို မနှစ်ကလို ပရိသတ်သိပ်လာမှာ မဟုတ်ဘူး လို့ထင်မိတာ အထင်နှင့်အမြင် တလွဲစီ ဖြစ်သွားရတယ်။ ဘာကြောင့်တုန်းဆိုရင် ၀ါဆိုသင်္ကန်းကပ်ကြတဲ့ ပရိသတ်များက မနှစ်ကထက်ပို များလို့ပါပဲ............၀ါဆိုလပြည့်နေ့နံနက်ပိုင်းမှာ 'အရည်အသွေးကောင်းတဲ့ ဒါန...

Thursday, July 2, 2009

ခရီးသွားမှတ်တမ်း(၁၀)

ပီရန်ကျင်းမြို့ဟာ ရန်ကုန်နဲ့ယှဉ်ကြည့်ရင် သိပ်မကွာလှပါဘူး။ သို့သော် မြန်မာနိုင်ငံမှာ မော်တော်ကား အသစ်စက်စက် တွေကို တော်ရုံနဲ့ မသုံးနိုင်ကြပေမယ့် Vientain မြို့မှာတော့ ကားအသစ်စက်စက်များကို အတော်များများ သုံးနိုင်ကြတာကို တွေ့ရတယ်။ဆက်သွယ်ရေးပိုင်းဆိုရင်လည်း တောရွာအနံ့ ဟန်းဖုန်းလေးတွေ ကိုယ်စီရှိတဲ့အပြင်၊ ဟန်းဖုန်းများ ရောင်းချနေတဲ့ ဆိုင်များကိုလည်း ကျေးလက်ဒေသမှာ တွေ့မြင်ခဲ့ရတယ်။ လျှပ်စစ်မီးဆိုရင်လည်း ၂၄ နာရီ ဘယ်အချိန်ကြည့်ကြည့် မီးလင်းနေတယ်လေ။Vientain ပီရန်ကျင်းမြို့ဟာ မဲခေါင်မြစ်ရဲ့ မြစ်ကမ်းပေါ်မှာတည်ရှိနေတယ်။မဲခေါင်တဖက်ကမ်း မှာဆိုရင်တော့ ထိုင်းနယ်ထဲရောက်သွားပါပြီ။ ဒါ့ကြောင့်လည်း စာရေးသူတို့မှာပါလာတဲ့ ထိုင်း GSM ဖုန်းများ conection ရနေပါတော့တယ်။ မဲခေါင်မြစ်ကမ်းနံဘေးမှာဆိုရင်တော့ ပိုပြီး conection ရရှိနေပြီး၊ မြို့ထဲရောက်သွားလို့ကတော့ conection မရတော့ပါ။ စာရေးသူတို့လည်း အမိမြန်မာပြည်နှင့် အဆက်အသွယ်ပြတ်တောက်နေတာကြာပြီဖြစ်တဲ့အတွက်...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More