This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, March 30, 2009

မွေးနေ့နှင့်တူသော မွေးနေ့

လူတစ်ယောက်သည် ဘ၀မှာ တစ်ကြိမ်သာမွေးပြီး တစ်ကြိမ်သာ သေကြရစမြဲဖြစ်သည်။ သို့သော်လည်း ယခုအခါ လူအများစုသည် နှစ်စဉ် နှစ်တိုင်း ကိုယ်မွေးသည့် မွေးလ မွေးရက်ကို သတ်မှတ်ကာ မွေးနေ့ အထိမ်းအမှတ်တွင် ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်နေကြသည်။ အများအားဖြင့် မြင်နေကြရသည်မှာ မွေးနေ့ကိတ် အ၀ိုင်းကြီးကို ငွေအကုန်ခံ မှာယူပြီး မွေးနေ့အချိန် ကျရောက်သည်နှင့် ကာယကံရှင်ကိုယ်တိုင်က မွေးနေ့ကိတ်တွင် ထွန်းညှိထားသော ဖရောင်းတိုင်မီးကို ပါးစပ်ဖြင့် မှုတ်၍ မီးငြိမ်းသတ်ပြီး မွေးနေ့ပွဲကို စတင်ကျင်းပကြသည်။မွေးနေ့ပွဲသို့ လာရောက်ကြသော ဧည့်သည်များအား တစ်ခုခုဖြင့် ဧည့်ခံကျွေးမွေးကြသည်။ အချို့ဆိုလျှင် ယာမကာဖြင့် ဧည့်ခံကြ သည့်အတွက် အရှိန်လွန်အောင်သောက်ကာ လူမှန်းသူမှန်းမသိဖြစ်ခဲ့ကြရသည်လည်းရှိကြပေသည်၊ ထို့အပြင် မွေးနေ့အထိမ်းအမှတ်ဖြင့် ခေတ်မှီတီးဝိုင်းအား ငှားရမ်းကြသေးသည်။ထိုမွေးနေ့ပွဲမျိုးမှာ ပြည်ပနိုင်ငံများ၌ အများဆုံးလုပ်ကြပေသည်။စာရေးသူတို့...

အနာဂတ်မျိုးဆက်သစ်တို့ ပျော်စံရာ

ဥသြ………….ဥသြ…………..ဥသြ….. ဟိုအဝေးဆီမှ ဆွတ်ပျံ့ကြည်နူး ဖွယ်ရာ လွမ်းမောဖွယ်ရာ သနားစရာ အတိပြီးသည့် ဥသြငှက်တို့၏ အသံကြောင့် ဆောင်းအကုန် သုန်သုန်လေရူး နွေဦးရောက်လာပြန်ချေပြီ ဟု မှတ်သိလိုက်ရပါသည်။ သည်အချိန်ရောက်ပြီဆိုလျှင် လက်တွေ့အကောင် အထည်မဖေါ်နိုင်ဘဲ စိတ်ကူးနှင့်သာ ရူးနေခဲ့ရသည့် စာရေးသူ၏ မဟာအတွေးကြီးကား တစ်နှစ်ပြီး တစ်နှစ်သာ ကုန်ဆုံးလာခဲ့လေရာ ငါးနှစ်ခန့် ရှိလိမ့်မည်ထင်သည်။သည်နှစ်တွင် စာရေးသူ၏ မဟာအတွေးကြီးကို လက်တွေ့ အကောင်အထည်ဖေါ်ဖို့ အချိန်ကျရောက်လာပြီ ဟု မှတ်ယူရမည်လော မပြောတတ်ပေ။ အကြောင်းကား တစ်နေ့ စာရေးသူနှင့် အလွန်ရင်းနှီးသည့် ရတနာ့ဂုဏ်ရည်ဆရာတော်နှင့် စကားလက်ဆုံကျစဉ်…ဆရာတော်က “ဘုန်းကြီး…..ဒီနှစ်တပည့်တော်တို့ ကျောင်းမှာ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းဖွင့်ဖို့ရာ အစီအစဉ်လုပ်ထားပါတယ်ဘုရား…ကိုရင်သင်္ကန်းအတွက် တပည့်တော်က တာဝန်ယူလှူဒါန်းမှာ ဖြစ်ပြီး၊ သိက္ခာရှင်ဝတ်စုံကိုတော့ ဒကာမတစ်ဦးက တာဝန်ယူလှူဒါန်းပါ့မယ်ဘုရား..”...

ရဟန်းတော်များ လူသာမဏေများနှင့်အတူတူစားအပ်ပါသလား

အမေး။ ။ရဟန်းတော်များဟာ လူ/သာမဏေများနဲ့ အတူ ဆွမ်းဘုဉ်းပေးတာဟာ အပ်/မအပ် သိချင်ပါတယ်ဘုရား။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ၀ိနည်းတော်မှာ ချွင်းချက်အနေနဲ့ ရော ရှိပါသေးလား ဆိုတာ သိချင်တဲ့အတွက် လျှောက်ထားပါတယ်ဘုရား။သုခရုရှားဖက်ဒရေးရှင်းအဖြေ။ ။ရဟန်းတော်များနှင့် လူသာမဏေများ တစ်ဝိုင်းထဲ စားကြတာကို မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များရဲ့ မျက်စိတွင် ရိုင်းနေမည်၊ အရုပ်ဆိုးနေပေလိမ့်မည်။ ထိုအကြောင်းနဲ့ပတ်သက်ပြီး ဗဟုသုတဖြစ်စေရန် ဖေါ်ပြပေးပါမည်။ဝိနည်းတော်လာ အကပ်မြောက်ကြောင်း ၅ ပါး၁။ ကပ်မည့်သူက ရှေးရှုဆောင်ခြင်း။ (ရှေးရှုဆောင် ဆိုတာက လက်ဖြင့် ရှေ့တိုးပေးမှ ရှေးရှုဆောင်ရာ ရောက်တာမဟုတ်သေး၊ ဦးခေါင်းပေါ်တွင် ရွက်ထားတဲ့ စားဘွယ်ခွက်ကို လှူလို၍ ဦးခေါင်းကို အနည်းငယ် စောင်းပေးလိုက်လျှင် ရှေးရှုဆောင်ရာ ရောက်သော ကြောင့် ရဟန်းက ထိုခွက်ကို လက်ဖြင့်ထိကာ အလိုရှိရာ ယူစားနိုင်ပါတယ်။ အားအလတ်ရှိသူ ကြွမြောက်နိုင်သော ယာဂုအိုးကြီးကို ကလေးများက...

သာဓုခေါ်တိုင်း ကုသိုလ်ရပါသလား

အမေး။ ။ အရှင်ဘုရား……ဗုဒ္ဓဘာသာဝင်အများစုဟာ သူတစ်ပါးအား အမျှအတန်းပေးဝေလို့ သာဓုခေါ်ဆိုနိုင်ကြရင် သာဓုခေါ်သူမှာ ကုသိုလ်ရတယ်လို့ ဆိုပါတယ်။ ဒီလိုသာ သာဓုခေါ်ရုံမျှနှင့် ကုသိုလ်ရကြစတမ်းဆိုရင် ကုသိုလ်မလုပ်ဘဲ သာဓုချည်းခေါ်တော့မှာပါဘုရား၊ တပည့်တော်သိလိုတာက သာဓုခေါ်သူတိုင်း ကုသိုလ်ရကြပါသလား ဆိုတဲ့ တပည့်တော်ရဲ့အမေးကို ဖြေကြားပေးတော်မူပါဘုရား။ကိုကိုအောင်ဆန်ဖရန်စစ္စကိုမြို့အဖြေ။ ။ဒီအဖြေအတွက် ကုသိုလ်တရားရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ဦးစွာ ပြောကြစို့ရဲ့၊ ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ချမ်းသာသည့်အကျိုးကို ပေးခြင်း လက္ခဏာ နှစ်ပါးနဲ့ ပြည့်စုံရင် ကုသိုလ်လို့ ခေါ်ပါတယ်။ (ကုသလာဓမ္မာ အန၀ဇ္ဇ သုခ၀ိပါကလက္ခဏာ) ၊ ဒီနေရာမှာ အပြစ်ဆိုတာက လောဘစတဲ့ ကိလေသာအပြစ်တွေပါ၊ စိတ်ထဲတွင် ထိုကိလေသာအပြစ်များ တခဏဖြစ်စေ မရှိဘူးဆိုပါစို့၊ အဲဒီစိတ်ဟာ ကိလေသာအနှောင်အဖွဲ့မှ တဒင်္ဂလွတ်ပြီး လွတ်လပ်ပေါ့ပါးကာ ချမ်းသာနေပါလိမ့်မယ်၊ ဒီလို ကိလေသာအပြစ်တွေ ကင်းပြီး ချမ်းသာနေတဲ့စိတ်ကို...

Saturday, March 14, 2009

ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း

ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း ပထမအကြိမ် ဖြစ်မြောက် အောင်မြင်သွားတဲ့အတွက် ၀မ်းသာပီတိက ပြောမပြတတ်အောင်ပါ။သင်တန်းသား/သူများက တစ်ရာနှင့် တစ်ဆယ်စွန်းလောက် ရှိပါတယ်။ပထမဦးဆုံး အကြိမ်ဆိုတော့ အားနည်းချက် ၊ လစ်ဟာချက်တွေ ရှိကောင်းရှိပေမယ့် အဘက်ဘက်က ဒေါင့်စေ့အောင် လုပ်ဆောင် ကြတဲ့ အတွက် ၉၅%လောက် အောင်မြင်တယ်လို့ ဆိုရပေမပေါ့။ဘာကြောင့်ဆိုရင် သင်တန်းသူများကို ဗုဒ္ဓယဉ်ကျေးမှုစာပေသာမက ဘာသာရေး အသိဥာဏ်၊ ကိုးကွယ်မှုဆိုင်ရာ စတာတွေကို သင်တန်း နည်းပြ ဆရာတော်များက သင်ပြပေး ဟောပြပေးရုံတင်မက ၊ စာရေးသူကလည်း ညဖက် ကလေးတရားပွဲကို ဟောပြောပေးတဲ့ အတွက် အလွန်ထိရောက်တဲ့ စနစ်တစ်ခု ဖြစ်တာတွေ့ရပါတယ်။သင်တန်းအတွင်း တစ်နေ့ သင်သန်းသား ကိုရင်တစ်ပါးရဲ့ အမိအဘများလာရောက်တွေ့ဆုံစဉ်...အမေ " ကိုရင်.....သင်တန်းတက်ရတာ ပျော်ရဲ့လား"ကိုရင် " ပျော်ပါတယ် ဒကာမကြီး.............ကိုရင်တစ်ခုပြောချင်တယ်"အမေ " ပြောလေ....ကိုရင် အမေနားထောင်နေပါတယ်"ကိုရင်" မေမေ.........သားလေ...

ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း(ဂ)

ကျောက်ဖြာတံတားတွင် အမှတ်တရသင်တန်းဆင်းပွဲမှ သြ၀ါဒစကားသင်တန်းဆင်းပွဲအပြီး သကြားဆွမ်းလောင်းလှူနေကြစဉ်Type the rest of your post he...

ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း (ခ)

သင်တန်းနည်းပြဆရာတော်များနှင့်ကြီးကြပ်ရေးဆရာမများနှင့်အတူသင်တန်းသူတစ်ဦးက သင်တန်းတက်ရခြင်းအပေါ် သူ့အမြင်ကို တင်ပြနေစဉ်မဓမ္မစာရီက ၀မ်းမြောက်စကား ပြောကြားစဉ်ဗုဒ္ဓယဉ်ကျေးမှု အခြေပြုသင်တန်း ဆင်းပွဲတွင် သင်တန်းသူ မပါရမေသီက ကန်တော့ပန်ဆင်လွှာ ပြောကြားစဉ်Type the rest of your post he...

သင်တန်းသား/သူများ ဆွမ်းစားနေစဉ်ဆွမ်းစားကျောင်းသို့ အလာသင်တန်းသူများနှင့်အတူသင်တန်းသားများနှင့်အတူသင်တန်းသူများ တရားရှုမှတ်နေစဉ်သင်တန်းသာား/သူများအား သြ၀ါဒပေးစဉ်သင်တန်းသား/သင်တန်းသူများအား တရားရှုမှတ်နေစဉ်Type the rest of your post he...

Tuesday, March 10, 2009

သန်းခေါင်ယံအမေးအဖြေ စာအုပ်အတွက် အလှူပါဝင်သူများ

မောင်ကိုကိုအောင် ဆန်ဖရန်စစ္စကို ၁၀၀ဒေါ်လာ။မမို့မို့မင်းသူ ဒန်ဗာ ၊ ကော်ရိုရာဒို ၅၀ဒေါ်လာ။Type the rest of your post he...

သန့်-တည်-ပွား တို့ရဲ့ ဟောကွက်အမှားများကို ထောက်ပြခြင်း

မတ်လထုတ် ဓမ္မရံသီ မဂ္ဂဇင်းတွင် စာရေးဆရာ ပညာဏကာရီ ရဲ့ “အပါယ်မပိတ်နိုင်သော အပါယ်ပိတ်တရား” ကို ဖတ်လိုက်ရ သည့်အတွက် သန့် တည် ပွားတို့ မသန့်တော့ပါလားဆိုတာကို သိလာရတယ်။ သည်ဆောင်းပါးကို အများသိအောင် ဖေါ်ပြရရင် ကောင်းလေစွ ဟု အကြံဖြစ်ပေါ်တဲ့အတွက် မှားလျှင် အစဉ် ၊ ပြင်လျှင်ခဏ ဆိုတဲ့ အတိုင်း အမှားပြင်ဆင်ချက်များကို ဆောင်းပါးအတိုင်း ပြန်လည် ကူးယူဖေါ်ပြလိုက်ပါတယ်။(၁)၁၃၇၀ ပြည့်နှစ်၊ တော်သလင်းလပြည့်ကျော် (၁၀)ရက်နေ့ ညနေပိုင်းတွင် ဟောပြောသူ ဦးမြင့်လွင် (သန့်-တည်-ပွား)၏ အပါယ်ပိတ်တရား [အပိုင်း(၁)ဟောတရားနှင့် အပိုင်း(၂) ထိုင်တရား] နှစ်ခွေတွဲသည် စာရေးသူထံသို့ ရောက်လာပါသည်။၂၀၀၆-ခုနှစ်၊ မတ်လ-၅-ရက်နေ့တွင် ရွှေတိဂုံ မြောက်ဖက်မုခ် ရွှေချမ်းသာမြိုင် ဓမ္မာရုံ၌ ဟောပြောထားသည့် တရားဖြစ်သည်။ ယင်းတရားခွေပါ ဟောပြောချက်တို့တွင် မှန်သည်ဟု ထင်မိသော တရားများလည်း ပါရှိကြပါသည်။ မှားသည်ဟု ထင်မိသောတရား (မတရား)များလည်း ပါရှိကြသည်။ စာရေးသူအနေဖြင့်...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More