This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, February 22, 2009

ကောင်းစွာ ကျော်ဖြတ်ခြင်း

လောကကြီးတွင် ဦးတည်ချက် ယုံကြည်ချက်တို့ဖြင့် ဘ၀ခရီးလမ်းကို လျှောက်လှမ်းနေကြသည်ဖြစ်ရာ အချို့ကား အသိဥာဏ်ကင်းမဲ့ကာ ယုံကြည်မှုတစ်ခု သက်သက်ဖြင့် လျှောက်လှမ်းနေကြသူများ ရှိသကဲ့သို့ အချို့ကား ယုံကြည်မှု သက်သက် မဟုတ်မူ၍ အမှားအမှန် ၊ အကျိုးရှိ / မရှိ ဝေဖန်ပိုင်းခြားတတ်သည့် အသိဥာဏ်နှင့် ယှဉ်ကာ သတိကြီးစွာ ထား၍ ယုံကြည်မှု အပြည့်ဖြင့် လျှောက်လှမ်းနေကြသူများလည်း ရှိပေသည်။ဒီဇင်္ဘာလ ၃၁ ရက်၊ ည တစ်ည၏သန်းခေါင်ယံ……နှစ်စဉ်နှစ်တိုင်း သည်အချိန်ရောက်ပြီဆိုလျှင် ညလုံးပေါက် လမ်းမကြီးတစ်လျှောက် နားမလည်နိုင်သည့် သီချင်းသံတို့ဖြင့် ဟေးလား…၀ါးလား အော်ဟစ်နေကြသည်၊ တစ်ချို့ဆိုလျှင် အများကြားအောင်ဟု ဆိုကာ အော်လန်ကြီးနဲ့ပါ အော်ကြ ဟစ်ကြသည်။ အချို့ကြပြန်တော့လည်း သန်းခေါင်ယံအချိန် နှစ်ဟောင်းမှ နှစ်သစ်ကူးအချိန်ကို စောင့်ကာ မီးရှုးမီးပန်းတို့ဖြင့် ပစ်ဖေါက်ကြသည်။ အများအားဖြင့် အော်ဟစ်မြူးတူးနေကြ၊ ပျော်ပွဲရွှင်ပွဲတို့ဖြင့် မျိုးစုံအောင်...

Thursday, February 19, 2009

ဥစ္စာသယန၊ မဟာသယန

အမေး။ ။ဆရာတော်ဘုရား......တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား......တပည့်တော်ကို ရှစ်ပါးသီလထဲမှ ဥစ္စာသယန၊ မဟာသယနဆိုတဲ့ မြင့်သော......မြတ်သောနေရာဆိုတာကို အနည်းငယ် ရှင်းပြပေးစေချင်ပါသည်ဘုရား.......တစ်ချို့ သူများမှာ အေးသော တိုင်းပြည်များမှာနေပြီး.....ရှစ်ပါးသီလ ခံယူချင်ပါသော်လည်း ဥစ္စာသယန၊ မဟာသယနဆိုတဲ့ သဘောကို မရှင်းလင်းဖြစ်နေပါသည်ဘုရား..အဖြေ။ ။ မေးသင့်တဲ့ မေးခွန်းတစ်ခုပါ ၊ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သီလက္ခန် အဋ္ဌကထာ မှာ ဖွင့်ဆိုထားတာတွေကို လိုရင်း အကျဉ်း ဖေါ်ပြပေးပါမယ်။ဥစ္စာသယန ဆိုတာ မြင့်သောနေရာပါ၊ တစ်ထောင့်ထွာထက် ပိုပြီးမြင့်တဲ့ နေရာဟာ မြင့်သောနေရာရဲ့ သတ်မှတ်ချက် ပမာဏ ဖြစ်တယ်။ ဆိုလိုတာက တစ်ထောင့်ထွက်ထက် မြင့်သော နေရာတွေမှာ မနေအပ် ၊ မထိုင်အပ် လို့ ဆိုလိုပါတယ်။မဟာသယန မြတ်သောနေရာနှင့်ပတ်သက်ပြီး ပြောရရင် အမျိုးများလှပါတယ်။(၁) အခြေများဟာ တစ်ထောင့်ထွာထက် နိမ့်သော်လည်း အခြေများကို သားရဲရုပ်၊ခြင်္သေ့ရုပ်စတာတွေနဲ့...

Wednesday, February 11, 2009

ပြောလိုက်ချင်ပါသည်။

စာရေးသူများသည် ဖြစ်လာသည့် ထုတ်ဖေါ်မပြောဖြစ်သော အကြောင်းအရာများကို စာရွက်ပေါ်တွင် ဖွင့်အန်သွန်ချ ရေးရပေသည်။ စာရေးသူသည် ယခင်ဆိုလျှင် ဒိုင်ယာယီထဲတွင် ခံစားရသည်များကို ဖွင့်ချရေးသားခဲ့သည်။ ယခုကား အခြေအနေအရ ဒိုင်ယာယီထဲမှာပင် ကိစ္စမပြီး၊ ဆိုက်ပေါ်သို့ ပို့စ်တင်လိုက်ရသည်အထိဖြစ်ခဲ့ရသည်။အကြောင်းကား…….ရုရှားဖက်ဒရေးရှင်း၊မော်စကိုမြို့မှ ငွေပို့တယ်ဆိုလို့ မောင်ဝင်းမြင့်အား အွန်လိုင်းပေါ်တွင် မေးကြည့်ရာ ပြီးခဲ့သည့်လတုန်းက ပို့လိုက်ပြီ ဖြစ်ကြောင်း ပြောပါသည်။ သို့သော်လည်း စာရေးသူထံသို့ ပိုက်ပိုက်က မရောက်ရှိသေးပေ၊ ရောက်ရှိနေကြောင်းလည်း ဘယ်ဘဏ်ကမှ ဖုန်းမလာပါ။ သည်လိုဆို တစ်ခုခု့ မှားနေပြီထင်သည်ဟု တွေးမိသည်။ နောက်ကြိမ်ထပ်မံ၍ ငွေပို့သူအား အွန်လိုင်းပေါ်ကနေ ပြန်မေးသောအခါ ငွေလွဲလိုက်ပြီ ဖြစ်ကြောင်း၊ ပို့လိုက်သည့် ဘဏ်က ကမ္ဘောဇဘဏ်ဖြစ်ကြောင်း ပြောပါသည်။ ပို၍သေချာအောင် ငွေပို့ပြေစာကိုလည်း အီးမေးလ်နှင့် ပို့လိုက်ပါသည်။...

လူများကို အမျှဝေလို့ ရပါသလား

အမေး။ ။သက်ရှိသတ္တ၀ါတွေ (လူအပါအ၀င်)ကို အမျှဝေလို့ ရပါသလား၊ လူသတ်တဲ့ သူကို အမျှဝေရင် နတ်ပြည်ရောက်သလားဘုရား ဆိုတာ သိချင်ပါတယ်ဘုရား။မို့မို့ဒန်ဗာမြို့၊ အမေရိကန်အဖြေ။ ။ ထိုအမေးနဲ့ ပတ်သက်ပြီး နှစ်ပိုင်းခွဲဖြေမှရမှာပါ။ (၁)အချက်က လူ့ဘ၀က သေသွားတဲ့သူများနှင့် (၂)ယခုဘ၀ အသက်ထင်ရှားရှိတဲ့သူများ ဖြစ်ပါတယ်။ (၁)အချက်၊ လူ့ဘ၀က သေသွားတဲ့သူများဟာ တကယ်လို့ နတ်များ၊ လူ့များ ဖြစ်ကြမယ်ဆိုရင် ထိုသူတို့ကို အမျှအတန်းပေးလို့ မရနိုင်သလို သာဓုလည်း မခေါ်နိုင်ပါဘူး။ ဒုဂ္ဂတိဘုံကို ရောက်ကြမယ်ဆိုရင်တော့ အပါယ်လေးဘုံအနက် ပြိတ္တာဘုံတစ်ဘုံသာလျှင် ရနိုင်ပါတယ်။ ဒီပြိတ္တာဘုံတောင်မှ ပြိတ္တာမျိုး အများကြီးရှိတဲ့အနက် ပရဒတ္တူပ ဇီဝိတပြိတ္တာတစ်မျိုးသာလျှင် အမျှပေးဝေတဲ့အခါ အကြောင်းညီညွတ်မှ သာဓု ခေါ်နိုင်တာပါ။ (၂)အချက်က လူအပါအ၀င် သတ္တ၀ါများကို အမျှဝေလို့ ရ/မရ ဆိုတာနဲ့ ပတ်သက်ပြီး အမျှအတန်းပေးလို့ ရပါတယ်။ ရှင်းပြပါဦးမယ်။ဒါနဲ့စပ်ပြီး……ကုသိုလ်လုပ်နိုင်တဲ့တရား...

Monday, February 9, 2009

ဘာသာစကားလေ့လာခြင်းဖြင့် ကုသိုလ်ရနိုင်မရနိုင်

အမေး။ ။ ဘာသာစကားတခုခုကို စူးစိုက်လေ့လာနေတဲ့စိတ်ဟာ ကုသိုလ်စိတ်ဖြစ်ပါသလားဘုရား။ကိုသတ်ကိုးရီးယားအဖြေ။ ။ ဘာသာစကားလေ့လာတဲ့နေရာမှာ ကုသိုလ်ရ/မရဆိုတာက မိမိလေ့လာရတဲ့ ရည်ရွယ်ချက်အပေါ်မူတည်တယ်။ဥပမာ-ဗုဒ္ဓရဲ့ တရားတော်တွေကို ကမ္ဘာပြန့်ဖို့အတွက် သာသနာပြုဖို့အတွက် လေ့လာရင်တော့ ကုသိုလ်ရတယ်။ နောက်တစ်ခုက အများကောင်းကျိုးအတွက် သင်ယူလေ့လာနေရင်လည်း ကုသိုလ်ရတယ်လို့ ဆိုရမှာပေါ့ ။ အဓိကကတော့ ရည်ရွယ်ချက်မှန်ကန်ဖို့ လိုတာ...

သိက္ခာထပ်ခြင်းဖြင့် ဘာအကျိုးထူးရပါသလဲ

မေး။ ။ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော် ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများထူးပါသလဲ ဘုရား။ ဖြေကြား စေချင်ပါတယ်။ဖြူလေးနေရပ်မရှိအဖြေ။ ။သိက္ခာထပ်ပေးတာနဲ့စပ်ပြီး ဘုန်းကြီးနဲ့ ဒကာမှာ ဘာအကျိုးများရနိုင်မလဲ လို့ မေးခွန်းရှင်ကဆိုလိုဟန် ရှိပါတယ်။ သိက္ခာထပ်ခြင်းနှင့် ပတ်သက်ပြီး ရဟန်းဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များမှာ နောက်တစ်ကြိမ် သိက္ခာထပ်ပေးခြင်းဖြင့် ပိုထူးလာတာ မတွေ့ရပါဘူး။ ဒါဖြင့် သိက္ခာထပ်တာ အလကားဖြစ်နေတာပေါ့ လို့ ဆိုနိုင်တယ်။ အလကားတော့ မဖြစ်နိုင်ဘူး။ သိက္ခာထပ်ခြင်းဖြင့် ရဟန်းမှာ ဘာမျှ ထူးခြားမှု မဖြစ်လာပေမဲ့ ပရိက္ခရာလှူဒါန်းတဲ့ ဒကာမှာတော့ လှူဒါန်းရတဲ့ အကျိုးတော့ ခံစားခွင့် ရရှိပါတယ်။လောကမှာ မွေးနေ့၊သိက္ခာထပ်၊ မင်္ဂလာဦးအထိမ်းအမှတ် သေသူကိုရည်စူး စတဲ့ အကြောင်းအမျိုးမျိုးကပဓာန မကျပါဘူး၊ ကုသိုလ်ရဖို့သာ အဓိက ပဓာန ကျတာပါ။...

ဗုဒ္ဓအဘိဓမ္မာအရ မသိစိတ်ဆိုတာ ဘာစိတ်မျိုးလဲ

အမေး။ ။ဆိုက်ကိုလော်ဂျစ် စိတ်ပညာရှင်တွေ အဆိုအရ လူတစ်ယောက်မှာ သိစိတ်ဟာ (conscious) မသိစိတ်(subconscious mind)ထက် စွမ်းအားနည်းလှပါတယ်။ လူတစ်ယောက်မှာ သိစိတ်က (၁၀%)ရာခိုင်နှုန်းခန့်သာ ရှိပြီး၊ မသိစိတ်က (၉၀%)ရာခိုင်နှုန်းခန့် ရှိတယ် လို့ ယူဆကြပါတယ် ဘုရား။ လူတစ်ယောက်ဟာ မသိစိတ်ရဲ့စွမ်းအားတွေကို သိစိတ်နှင့် ယဉ်ပါးလာအောင် ပြုလုပ်နိုင်လျှင်(Unify) လုပ်နိုင်လျှင် အဘက်ဘက် အရာရာ ထူးချွန်လာနိုင်တယ်လို့ ကြားဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဗုဒ္ဓ အဘိဓမ္မာမှာ မသိစိတ် ဟာ ဘယ်လိုစိတ်မျိုးလဲ ဆိုတာကို အနီးစပ်ဆုံး တွေးတောလို့ ရနိုင်ပါသလဲ ဘုရား။ကိုကိုအောင်ဆန်ဖရန်စစ္စကိုအဖြေ။ ။မသိစိတ်နဲ့ ပတ်သက်ပြီး (ဆိုက်ကိုလော်ဂျစ်) စိတ်ပညာရှင်အချို့က “ဘ၀င်စိတ်” လို့ ယူဆကြတယ်ဆိုတာ သိရပါတယ်။ ဒါပေမယ့် ဗုဒ္ဓရဲ့ အဘိဓမ္မာအရ အနီးစပ်ဆုံး တွေးကြည့်ပါက “ မောဟ” စိတ်ဖြစ်ဖို့များပါတယ်။ ဘာ့ကြောင့်လည်းဆိုရင် မောဟ စိတ်ဟာ ပုထုဇဉ်လူသားတစ်ယောက်ရဲ့ဘ၀ကို...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More