This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, January 29, 2009

အမဲသားရှောင်တာဟာ လောကီအကျိုးရှိ/မရှိ

အမေး။ ။လယ်တီဆရာတော်ဘုရားက လူတွေအား အမဲသားလှူဖို့ တိုက်တွန်းခဲ့တယ်။ အမဲသားရှောင်ပီး မေတ္တာပို့တဲ့အတွက် မြို့တစ်မြို့မှာ ဘီလူးသဘက်စတာတွေကို ဟန့်တားနိုင်တယ်လို့ စာဖတ်ဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက အမဲသားစားတာကို ရှောင်ခြင်းဖြင့် လောကီအကျိုး ရှိ/မရှိဆိုတာကို သိချင်ပါတယ်ဘုရား။ ။ကိုကိုအောင်ဆန်ဖရန်စ္စကိုအဖြေ။ ။အမဲသားမစားတာဟာ လောကီအကျိုးရှိတယ် လို့ ပြောရမယ်။ နားလည်အောင်ပြောရရင် အသားမစားခြင်းဖြင့် အစိမ်း၊သရဲ၊သင်းကွဲပြိတ္တာ၊ တစ္ဆေ ၊ မြေဖုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများဘေး၊ ခြသေ့င်္၊ သစ်၊ ကျား၊ စတဲ့ သားရဲဘေးအန္တရာယ်မှကင်းဝေးခြင်း၊ သက်ရှည်ကျန်းမာ ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း သာခြင်းစတဲ့ အကျိုးများရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ကျွဲနွားတို့၏ အသားကို မစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီး ရောဂါကင်း တယ်၊သက်ရှည်ကျန်းမာတယ်လို့ သုတ္တနိပါတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်။‘ တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ...

သန်းခေါင်ယံအမေးအဖြေများ စာအုပ်မျက်နှာဖုံး

မကြာမီ ထွက်တော့မည့် စာအုပ်မျက်နှာဖုံးပါ၊ ကြိုတင်သိချင်တဲ့သူများအတွက် တင်ပေးလိုက်ပါတယ်Type the rest of your post he...

Thursday, January 22, 2009

ပြုပြင်စရာလေးတွေ

အမှားကြာလျှင် အမှန်ဖြစ်ဆိုသကဲ့သို့ လောကထဲတွင် မှန်သည်ဟုထင်ပြီး မှားနေကြသော အရာများလည်း ရှိနေပေသည်။ ထိုမှားနေသည့် အကြောင်းအရာများကို အမှားမှန်းသိပြီး အမှန်သို့ရောက်အောင် ညွန်းပြ ထောက်ဆိုရမှာက စာရေးသူတို့၏ တာဝန်ပင် ဖြစ်ချေသည်။ယခုလည်း စာရေးသူတို့၏ မြို့သို့ ၂၀၀၈ခုနှစ် ဒီဇင်ဘာလတွင် သာမန်တရားဟောဓမ္မကထိကများနှင့် နာမည်ကြီး တရားဟော ဓမ္မကထိကများ ရောက်ရှိလာပါသည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း နိုင်ငံကျော်ဓမ္မကထိကဆရာတော်တစ်ပါး ကြွရောက်ခဲ့ပါသေးသည်။ ထိုဆရာတော်၏ ဟောပြောချက်များသည် မှတ်သားစရာ၊ပြုပြင်စရာကောင်းသော အချက်အလက်များကို ဟောတော်မူခဲ့သကဲ့သို့ လိုသည်ထက်ပိုသွားသည့် ဟောကြားမှုမျိုးကို ဟောနေသည်ဟုလည်း တရားနာသူတို့၏စကားဖြင့် တဆင့်စကား ကြားခဲ့ရပေသေးသည်။ ပြောလိုသည်မှာ နာမည်ကြီးတရားဟောသူများ၏ နှုတ်တော်က ထွက်အံကျလာသည့် စကားတစ်ခွန်းသည် သာမန်ပုဂ္ဂိုလ်အယောက်တစ်ရာ ပြောသည်ထက် အသံစောင်းထက်လှသည်။ ထို့ကြောင့် တရားဟောရာတွင်...

Saturday, January 17, 2009

ဘုရားရှင်လက်ထက် စာပေကျမ်းဂန်ရှိ - မရှိ

ဘုရားရှင်လက်ထက် စာပေကျမ်းဂန်ရှိ - မရှိအမေး။ ။အရှင်ဘုရား….ဘုရားရှင် လက်ထက်တော်ကတည်းက ကျမ်းဂန်တတ်ကျွမ်းတဲ့ သံဃာတော်များ ရှိတယ်လို့ ဆိုတယ်။ ထိုခေတ် အခါကတည်းက မှတ်တမ်းတစ်ခါတည်း လုပ်လို့ ကျမ်းဂန်ဆိုတာ ရှိနေရပါသလား။ အဖြေပေးတော်မူပါဘုရား။ငြိမ်းလွင်မော်စကို၊ရုရှားနိုင်ငံအဖြေ။ ။ ဘုရားရှင်လက်ထက်တော်က စာပေကျမ်းဂန်ဆိုတာ ရှိပါတယ်။ ဘာ့ကြောင့် ပြောနိုင်တာလဲဆိုရင် ဗိမ္ဗိသာရမင်းက ပက္ကုသာတိမင်းအား စာသ၀ဏ်လွှာပို့ခြင်း ဓါတုဝိဘင်္ဂသုတ်လာစကားနှင့် ဥတ္တရာနှင့်သီရိမာဝတ္ထု ဓမ္မပဒအဋ္ဌကထာလာ စကားတို့ကို ထောက်ပြီး သိနိုင်ပါတယ်။ ဒါဖြင့် စာပေကျမ်းဂန်ရှိရက်နဲ့ ဘုရားရှင်ရဲ့ တရားတော်များကို စာပေဖြင့် အဘယ့်ကြောင့် မှတ်တမ်းမတင်တာလဲ လို့ မေးစရာရှိတယ်။ ဒီတုန်းက စာပေဖြင့် တင်လို့ရပေမဲ့ တရားဓမ္မအပေါ်မှာ ရိုသေမြတ်နိုးလွန်းတဲ့အတွက် ပထမသင်္ဂါယနာတင်ပွဲမှာ နုတ်တက်အာဂုံ ရွတ်ဆိုပူဇော်ကာ မှတ်တမ်းတင်တော်မူခဲ့ကြတယ်၊ ဒါ့အပြင် ဒုတိယ သင်္ဂါယနာ၊ တတိယ သင်္ဂါယနာ...

မာဂဓဘာသာနှင့်ပါဠိဘာသာ

မာဂဓဘာသာနှင့်ပါဠိဘာသာအမေး။ ။ဆရာတော်ဘုရား…. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား…မြတ်စွာဘုရားရှင်က မာဂဓဘာသာစကားနှင့် သတ္တ၀ါများကို တရားရေအေး တိုက်ကျွေးခဲ့တယ်ဆိုတာ သိရပါတယ်ဘုရား….။ တပည့်တော်သိချင်တာက မာဂဓဘာသာစကားနှင့် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ပါဠိဘာသာစကားသို့ အဘယ်အချိန်က ပြောင်းလဲခဲ့ပါသလဲ ဆိုတာ အဖြေပေး တော်မူပါဘုရား………..။လင်းလင်းထိုင်ဝမ်အဖြေ။ ။ဘုရားရှင်ဟာ မာဂဓဘာသာစကားနှင့် တရားဟောတယ်ဆိုတာ မှန်ပါတယ်။ မေးခွန်းရှင်စိတ်ထဲမှာ မာဂဓဘာသာကနေ ပါဠိဘာသာကို ပြောင်းလဲခဲ့တယ်လို့ ထင်နေတယ်။ အမှန်က ပါဠိဘာသာစကားဆိုတာလည်း မာဂဓဘာသာစကားပါပဲ။ ဆက်ပြောဦးမယ်၊ ဘုရားရှင်ပွင့်တော်မူခဲ့တဲ့ အိန္ဒိယပြည် အရှေ့မြောက်ပိုင်းအပါအ၀င် ထိုအချိန်က အိန္ဒိယတစ်ပြည်လုံးမှာ သက္ကတဘာသာ။ ပြာကရိုက်ဘာသာ၊ မာဂဓဘာသာစကား သုံးမျိုးကို အရပ်သုံးဘာသာစကားအနေနဲ့ သုံးစွဲပြောဆိုကြပါတယ်။ အဲဒီမှာ ထီးသုံးနန်းသုံး စကားအဖြင့် သက္ကတဘာသာကို...

ဘုရားရှင်ရဲ့အရပ်တော် ထပ်မံဖြေရှင်းချက်

ဘုရားရှင်ရဲ့ အရပ်တော် အဆုံးအဖြတ်နဲ့ပတ်သက်ပြီး သတိထားစရာ နောက်တစ်ခု ရှိပါသေးတယ်။ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိ လူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့လို့ ခန္ဓာကိုယ်ကို ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ် ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။ သာဓကတစ်ခုပြောချင်ပါသေးတယ်။ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ် အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာ နေရာမှာ ၀ါးလုံးတစ်လုံး စိုက်ထူထားပါတယ်၊ ဘုရားကြွတော်မူ လာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့ အရပ်တော်က မြင့်နေတယ်၊ ဒီလိုနဲ့ ၀ါးခုနှစ်လုံးဆက်ပြီး ထောင်ထားလိုက်တယ်။ဒါပေမဲ့ ဘုရားရဲ့ အရပ်တော်က မြင့်လျှက်ပါပဲ။အဲဒီအခါ မြတ်စွာဘုရားက “ ဘာလို့ ၀ါးလုံးတွေ ထောင်ထားတာလဲ” လို့ ပုဏ္ဏားအားမေးတဲ့အခါ “ အရှင်ဘုရားရဲ့ အရပ်တော်ကို သိချင်လို့ပါ” လို့ ပုဏ္ဏားက လျှောက်တယ်။ အဲဒီအခါ ဘုရားရှင်က “ လေးသင်္ချေနဲ့...

Friday, January 16, 2009

ခရီးသွားမှတ်တမ်း

ရေလွှာပေါ်မှာ နေခြည်ဖြာခဲ့ပြီ တနင်္သာရီType the rest of your post he...

ကျွန်းဆင်းရဲ

ကျွန်းဆင်းရဲ Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:"Times New Roman"; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဒီကျွန်းလေးက မြိတ်ခရိုင်၊ ကျွန်းစုမြို့အ၀င် ပင်လယ်ထဲရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။ နာမည်က...

Wednesday, January 14, 2009

ခရီးသွားမှတ်တမ်း

Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:"Times New Roman"; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ပင်လယ်ပျော် လမုပင် အဲဒါက ကျွန်းစုမြို့ကအပြန် ကျွန်းလေးတွေရဲ့အကြား ကျဉ်းမြောင်းလှတဲ့ ရေကြောင်းကနေ...

မဇ္ဈုသက စေတီတော်၊ ပန်းမွှေးတောင်၊ ကျွန်းစုမြို့၊ကတ္တလူရွာ၊ မြိတ်ခရိုင်မြန်မာပြည်တောင်ဘက်စွန်းက တောင်ဇလပ်ပန်း Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:"Times New Roman"; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;}...

indea မှာ ဘာ့ကြောင့်သာသနာကွယ်ခဲ့လဲ

အမေး။ ။အရှင်ဘုရား…တပည့်တော်တို့ ဂေါတမရှင်တော်မြတ်ဘုရား ပွင့်တော်မူခဲ့တဲ့ indea & nipal စတဲ့ မဇ္ဈိမဒေသမှာ အဘယ့် ကြောင့် သာသနာတော်ကြီး ကွယ်လုကွယ်ခင် ဖြစ်ခဲ့ရတာလဲဘုရားလင်းလင်းထိုင်ဝမ်အဖြေ။ ။ လင်းလင်းရေ…..မဇ္ဈိမ်ဒေသမှာ အဘယ့်ကြောင့် သာသနာတော် ကွယ်ခဲ့ရတာလဲဆိုရင် ပရိယတ္တိ အားထုတ်မှု၊ ပဋိပတ္တိအားထုတ်မှု မရှိတဲ့အတွက် သာသနာတော်ကြီး ကွယ်ခဲ့ရတယ်လို့ပဲ ပြောရပါလိမ့်မယ်။ဒါနဲ့ပတ်သက်ပြီး သာသနာကွယ်ကြောင်းကို ပြောရရင် ရဟန်းတော်များ စာပေပရိယတ္တိ သင်ကြားမှု မရှိတော့၊တကယ်လို့ သင်ကြားစေဦးတော့ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာ များ အားနည်းလာမှုကြောင့် စာပေသင်ကြားမှု အားနည်းလာခြင်း၊ စာချပေးမှု နည်းပါးလာရာကနေ လုံးဝမရှိတော့ခြင်း တို့ ဖြစ်တယ်။ ဆရာသမားတို့ရဲ့အဆုံးအမကို လိုက်နာမှုမရှိဘဲ ပြောဆိုဆုံးမရခက်ခြင်းနှင့် ပရိယတ္တိစာပေများကို သင်ကြားပေမယ့်လို့ တရားတော်လာအတိုင်း အားထုတ်မှု မရှိတော့ခြင်းတို့ ဖြစ်တယ်။ ဒါ့အပြင် ရဟန်းတော်များ လာဘ်လာဘ...

Thursday, January 8, 2009

သာသနာ ၅၀၀၀ ကို ဘယ်သူပြောခဲ့လဲ

အမေး။ ။အရှင်ဘုရား..ဗုဒ္ဓသာသနာသည် နှစ်(၅၀၀၀)၊ ယခုကာလသည် အရိယာများစွာ ပေါ်ထွန်းနေရမည့်ကာလ ဟူ၍ဘယ်သူက ဆိုခဲ့ပါသလဲ၊ အဖြေပေးတော်မူပါဘုရား။ငြိမ်းလွင်Mosscowအဖြေ။ ။ဒါနဲ့ပတ်သက်ပြီး မြတ်စွာဘုရားက အရှင်အာနန္ဒာအား “အာနန္ဒာ…မာတုဂါမများ သာသနာအတွင်း ၀င်လာတဲ့ အတွက်ကြောင့် သာသနာဟာ အနှစ်ငါးရာသာ တည်လိမ့်မယ်။ (ဂရုဓံတရား ရှစ်ပါး ပြဋ္ဌာန်းပေးထားတဲ့အတွက် အနှစ်တစ်ထောင် တည်မြဲလိမ့်မယ်)လို့ စူဠ၀ါပါဠိတော်မှာ ဟောတော်မူထားပါတယ်။ မြတ်စွာဘုရားဟောတော်မူတဲ့ အနှစ်တစ်ထောင်ဆိုတာနဲ့ စပ်ပြီး အဋ္ဌကထာဆရာများက ပဋိသမ္ဘိဒါပတ္တ ရဟန္တာတစ်ထောင်ကိုသာဆိုတယ်။ ဒါ့အပြင် သုက္ခ၀ိပဿက ရဟန္တာခေတ်က တစ်ထောင်၊ အနာဂါမ်ခေတ်က တစ်ထောင်၊ သကဒါဂါမ်ခေတ်က တစ်ထောင်၊သောတာပန်ခေတ်က တစ်ထောင် ရှိသေးတဲ့အတွက် စုစုပေါင်း သာသနာငါးထောင် ဆိုပြီး အဋ္ဌကထာများမှာ ဖေါ်ပြကြတဲ့အတွက် သာသနာငါးထောင်ဆိုတာ ထင်ရှားလာဟန်တူပါတယ်။ တဖန် သုတ်ပါထေယျ အဋ္ဌကထာ၊ အင်္ဂုတ္ထိုရ် အဋ္ဌကထာ တို့မှာလည်း ဘုရားရှင်ဆိုလိုတဲ့...

မွေးခါစ စကားပြောကြသူများ

အမေး။ ။ အရှင်ဘုရား…မွေးခါစမှာ စကားပြောကြတဲ့ ဘုရားအလောင်းတော် ဘယ်နှစ်ဦး ရှိပါသလဲဘုရား။ ထိုသူတို့ရဲ့ မွေးခါစမှာ ပြောတဲ့စကားများကို ပါဠိလို မြန်မာလို နှစ်ဘာသာဖြင့် ဖေါ်ပြပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်ဘုရား။ပြည့်စုံအောင်စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်းအဖြေ။ ။မွေးဖွားခါစ စကားပြောဖူးသော သူများမှာ ဘုရားအလောင်းတော်များဖြစ်တကြတဲ့ ဝေဿန္တရာ ၊ မဟောသဓာ ၊ သိဒ္ဓတ္တမင်းသား တို့ဖြစ်တယ်။ ဘုရားအလောင်းတော် သုံးဦးတို့ရဲ့ မွေးခါစ ပြောစကားများကို နားလည်အောင် အကျယ် ပြောပေးပါ့မယ်။(၁) ဘုရားအလောင်းတော်ဟာ မဟောသဓသုခမိန်ဘ၀တွင် မယ်တော်ဝမ်းမှ ဖွားမြင်တော်မူခိုက် သိကြားမင်းလာပြီး ဘုရားအလောင်းတော်ရဲ့ လက်ထဲမှာ စန္ဒကူးနံ့သာ နှစ်တုံးကို ထားခဲ့တဲ့အတွက် ဒီစန္ဒကူးနံ့သာနှစ်တုံးကို ဆုပ်ကိုင်လျက် ဖွားမြင်လာသော အခါ မယ်တော်က သားတော်လေးအား “ချစ်သား…အဘယ်ဝတ္ထုကို ယူလာခဲ့သလဲ” လို့ မေးမြန်းရာ သားတော်က “ အို မွေးမိခင်….ဆေးဖြစ်ပါတယ်”...

Saturday, January 3, 2009

အချင်းချင်း အရိုသေပေးမှု

အမေး။ ။ အရှင်ဘုရား…မြန်မာ့ယဉ်ကျေးမှုမှာ လူကြီးက လူငယ်ကို ၀န်ချကန်တော့တဲ့ အစဉ်အလာရှိတယ်လို့ သိရပါတယ်။ ကြီးသူငယ် သူ အပြန်အလှန်ကန်တော့နည်းကိ သိလိုပါတယ်၊ အဖြေပေးတော်မူပါဘုရား။ငြိမ်းလွင်မော်စကိုအဖြေ။ ။ဝန်ချကန်တော့တယ်ဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမဖြစ်တယ်။ ဘုရားဆုံးအမကိုလိုက်နာတဲ့သူများကိုလည်း ဗုဒ္ဓဘာသာဝင် လို့ခေါ်တယ်။ ယခုအခါ ဗုဒ္ဓဘာသာဝင်အများစုဟာ မြန်မာလူမျိုးများ ဖြစ်တာကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုတာဟာလည်း ဘုရားအဆုံးမတွေပါပဲ။ဘုရားရှင်က မင်္ဂလသုတ်တော်မှာ ဂါရဝေါစ ဧတံ မင်္ဂလမုတ္တမံ ရိုသေထိုက်သူကို ရိုသေခြင်းဟာ မြတ်သော မင်္ဂလာ မည်၏။“အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ” လို့ ဟောတော်မူထားပါတယ်။ ကိုယ့်ထက် အသက်ဂုဏ်သိက္ခာအား ဖြင့် ကြီးမားသူကို ရိုသေမှု ဂါရ၀ရှိရပါမယ်။ အဘိဓမ္မာလာ ပုညကြိယာဝတ္ထုဆယ်ပါးမှာလည်း အပစါယန ဆိုတာရှိတယ်။ ရိုသေထိုက်သူကို ရိုသေရမယ်တဲ့။ နှစ်ခုစလုံးကတော့ သဘောအတူတူပါပဲ။ ပြောလိုသည်မှာ ငယ်သူက ကြီးသူကို...

အရပ်တော် အဆုံးအဖြတ်

အမေး။ ။ အိန္ဒိယသုတေသီများရဲ့ အဆိုအရ ဘုရားရှင်ခေတ်က အဆောက်အဦးတွေရဲ့ တံခါးများဟာ ၆ပေသာသာပဲ ရှိတယ်။ဒါပေမယ့် ဂေါတမမြတ်စွာဘုရားရဲ့ အရပ်ဟာ ၁၈ တောင် မြင့်တယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်ရဲ့ အရပ်တော် အမှန်ကို သိလိုပါတယ် ဘုရား။ကိုကိုအောင်USAအဖြေ။ ။ဘုရားအရှင်ရဲ့ အရပ်တော် အဆုံးဖြတ်နဲ့ပတ်သက်ပြီး ဗုဒ္ဓ၀ံသပါဠိတော်က ၁၆ တောင် ရှိတယ်လို့ ဆိုတယ်။ ကျန်သည့် အဋ္ဌကထာများက ၁၈ တောင်ရှိတယ်လို့ ဆိုတယ်။ ဘုရားရှင်ဟာ ဒီလိုသာ ၁၈ တောင် ရှိတယ်ဆိုရင် ဘုရားရှင် သီတင်းသုံးတဲ့ ဇေ၀န်ကျောင်းတော်ကြီးဟာ အလွန်မြင့်တဲ့ ကျောင်းတစ်ဆောင်ဖြစ်တဲ့အပြင် ၀င်ထွက်ရာ တံခါးမကြီးများဟာ အလွန်ကို ကြီးမားကျယ် ပြန့်လောက်စရာရှိတယ်။် ယခုသုတေသီတို့ရဲ့  သုတေသနပြု ချက်အရ ၆ ပေသာသာပဲ ရှိတာဆိုတော့ ဘုရားရှင်ရဲ့အရပ်တော်ဟာ လူသာမာန်တို့ထက် အနည်းငယ်သာ ပိုပြီး မြင့်ဟန် ရှိပါတယ်။ တကယ်လို့ ဘုရားရှင်ရဲ့ အရပ်တော်ဟာ အမှန်တကယ် ၁၈ တောင် မြင့်မယ်ဆိုရင် ဆွမ်းလောင်းသူများကလည်း...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More