This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, December 17, 2009

အွန်လိုင်းပေါ်က အမေးအဖြေများစာအုပ်

အွန်လိုင်းပေါ်က အမေးအဖြေများ(၁)စာအုပ်ထွက်ပါပြီ။ ဆိုင်ပေါ်ရောက်တာ တစ်ပါတ်တောင်မပြည့်သေးပါဘူး။ စာဖတ်ပရိသတ်က "အွန်လိုင်း ပေါ်က မေးအဖြေများ(၁)ကို လိုချင်လို့ ဘယ်မှာရနိုင်လဲဆိုတာ သိချင်ပါတယ်၊ ခေတ်လူငယ်တွေအတွက် အထူးလိုအပ်တဲ့ စာအုပ် တစ်အုပ်ဖြစ်နေတာကို တွေ့ရပါတယ်ဘုရား" လို့ ၀မ်းသာအားရ ဖုန်းဆက်လာတယ်။ စာဖတ်ပရိသတ်က လက်ခံလာကြတဲ့အတွက်လည်း ၀မ်းမြောက်ပီိတိဖြစ်ရသူက စာရေးသူပါ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး........့ဒီဝက်ဘ်ဆိုက်မှာ တင်ပြီးရောင်းနေတာလဲ တွေ့လိုက်ရပါတယ်။Type the rest of your post he...

Friday, December 4, 2009

ခရီးသွားခြင်း

စာဖတ်ပရိသတ်များ.............ခေတ္တခရီးသွားစရာ ရှိတဲ့အတွက် ဒီနေ့ကစ ဘလော့ရေးသားတာကို ခေတ္တရပ်နားပါရစေ..... တကယ်လို့ ခရီးအတွင်း အင်တာနက် အဆင်ပြေမှု ရှိရင် ပို့စ်တင်နိုင်ပါလိမ့်မယ်။ မကြာမီ ပြန်လည်ရေးနိုင်ပါလိမ့်မယ်။ သိချင်သော ဘာသာရေး အမေးပြဿနာများကို venkawwida@gmail.com သို့ မေးလ်းပို့ထားကြပါရန်.................အားလုံး ကျန်းမာချမ်းသာ လိုရာဆန္ဒ ပြည့်ဝကြပါစေType the rest of your post he...

Sunday, November 29, 2009

ဟန်ဆောင်လင်မယား

အမေး။ ။ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင် လက်ထပ်ပြီး နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။ ဟန်ဆောင် လက်ထပ်တယ်ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာ ဥပဒေအရတော့ လုပ်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါ ဟန်ဆောင်လက်ထပ် ထားတဲ့သူနဲ့ အတူ နေထိုင်ခြင်း မရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း ယောင်္ကျားအသစ်ထပ်ယူသလို၊ ယောင်္ကျားကလည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။ သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက် နှင့် ကာမေသုကိုလည် အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့ အမေးအဖြေကဏ္ဍမှာ စောင့်မျှော်နေပါမယ်ဘုရား။ ။လှိုင်းအိမ်ထိုင်ဝမ်အဖြေ။ ။ ကာမေသုနဲ့ပတ်သက်ပြီး ဆရာတော်များလည်း ဖြေကြားတော်မူခဲ့ကြပြီးခဲ့ပြီ။ ဒါပေမဲ့ အမေးရှိက အဖြေရှိရမယ်ဆိုတာလိုပဲ။ ပထမ ကာမေသုအကြောင်းကို သဘောပေါက်ရုံ ပြောပေးပါ့မယ်။ကာမေသု ဆိုတာ ယောင်္ကျားတွေအတွက် (အဂမနီယ၀တ္ထု)မသွားလာအပ်တဲ့ မိန်းမများအား ကျုးလွန်မိရင် ကာမေသုမိစ္ဆာစာရ...

Friday, November 27, 2009

ငလျင်လုပ်တဲ့အကြောင်းဗုဒ္ဓဟောခဲ့ပါသလား

အမေး။ ။ ယခု၂၀၀၉ ခုနှစ်၊ ကမ္ဘာအ၀ှမ်း နိုင်ငံများမှာ မြေငလျင်ဒါဏ်နှင့် မုန်တိုင်းဒါဏ်ကို အလူးအလဲ ခံကြရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဒီနှစ်ထဲမှာ ငလျင် အကြိမ်ကြိမ် လှုပ်ခဲ့ပါတယ်။ အချို့နေရာများမှာ မုန်တိုင်းထန်ခဲ့ကြပါတယ်။ မုန်တိုင်းတောင်မှ သာမာန်မုန်တိုင်းမဟုတ်ဘူး၊ စူပါတိုင်ဖွန်မုန်းတိုင်း အဆင့်အထိတောင် တိုက်ခတ်ခဲ့ပါတယ်။သပ္ပံပညာရှင်များက နျူကလီးယားကြောင့် သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းမှု များလာပါတယ်။ အဲဒီကနေ မုန်တိုင်းကျတာတို့ ငလျင်လှုပ်တာတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။ တပည့်တော်သိချင်တာက ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ဘုရားရှင် မိန့်တော်မူခဲ့တာတွေ ရှိပါသလား၊ တကယ်လို့ ရှိခဲ့တယ်ဆိုရင် မကြာသေးခင်ကမှ အင်ဒိုနီးရှားမှာ ဘာ့ကြောင့်ငလျင် လှုပ်ခဲ့တာလဲဆိုတာကို ဘုရားဟောနဲ့အညီ အဖြေပေးစေချင်ပါတယ်ဘုရား။မနွယ်နွယ်အေးရန်ကုန်အဖြေ။ ။ငလျင်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်များက ယခုခေတ်မှသာ ဖေါ်ထုတ်ကြတာပါ။ ဘုရားရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း...

ဂရုကံကြောင့် သေရင် အပါယ်တန်းကျပါသလား

အမေး။ ။အကုသိုလ်ဂရုကံ ကျူးလွန်သူများဟာ ဒီဘ၀မှာ မဂ်ဖိုလ် မရနိုင်ဘူး လို့ သိထားပါတယ်ဘုရား၊ ကျူးလွန်သူဟာ လက်ရှိဘ၀မှ သေပြီး အခြားမဲ့မှာ အပါယ်ငရဲ တန်းကျတာလားဘုရား။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ကျူးလွန်ခဲ့မယ်ဆိုရင် ယခုလက်ရှိဘ၀ကနေ ကွယ်လွန်တဲ့အခါ အပါယ်တန်းကျနိုင်ပါသလားဘုရား။ ။မရီမော်အိမဲဆောက်အဖြေ။ ။ဂရုကံ ကျူးလွန်မိရင် ကျူးလွန်တဲ့သူဟာ သေပီးရင် အပါယ်ငရဲ မှာ တန်းဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်တော်က အဇာတသတ်မင်း ကို ကြည့်ပါ။ သူဟာဖခင်ကို သတ်ခဲ့တဲ့ ဂရုကံ ကျူးလွန်ခဲ့ပါတယ်။နောက်ပိုင်း ဘုရားရှင်အား ကြည်ညိုလွန်းလို့ သူမတူအောင် သာသနာပြုခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ပဌမသင်္ဂါယနာတင်တဲ့နေရာမှာလည်း ပစ္စည်းလေးပါး အထောက်အပံ့ကို သူမတူအောင် စွမ်းစွမ်းတမံ ထောက်ပံ့ပြီး သာသနာ ပြုတော်မူခဲ့ပါတယ်။ ဒါပေမဲ့ အဖသတ်တဲ့ ဂရုကံ ကျူးလွန်ခဲ့တဲ့ အဇာတသတ်ဟာ သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲမှာ ကျခံခဲ့ရပါတယ်။အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား ပြစ်မှားကျူးလွန်ခဲ့တဲ့...

Wednesday, November 25, 2009

ဖြူးဆရာတော်၏ အန္တိမဈာပန အခမ်းအနား အစီအစဉ်

ဖြူးဆရာတော်ဘုရားကြီးအား ပူဇော်သောအနေဖြင့် ယနေ့ည (၂၅-၁၁-၂၀၀၉)မှ စ၍ ငါးညတိုင်တိုင် တရားပွဲများကို ကျင်းပမည်ဖြစ်ပါသည်။ တစ်ညလျှင် ဆရာတော်နှစ်ပါးကျစီ တရားဟောကြမည်ဖြစ်ပါကြောင်း ဘုန်းဘုန်းဦးအဂ္ဂဝရမှ မိန့်တော်မူပါသည်။၂၅-၁၁-၂၀၀၉ - ပျဉ်းမနားဆရာတော် ဦးဇဋိလနှင့် ဆရာတော်ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်၂၆-၁၁-၂၀၀၉ - မြစ်သားဆရာတော်ဘဒ္ဒန္တဝါသဝနှင့် တိပိဋက စွန်းလွန်းဆရာတော်ဦးသုန္ဒရ၂၇-၁၁-၂၀၀၉ - (၁၂)ဘွဲ့ရ ကျိုက်ထိုဆရာတော် ဘဒ္ဒန္တနန္ဒောဘာသာဘိဝံသ နှင့် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၂၈-၁၁-၂၀၀၉ - ဒေါက်တာကောဝိဒ နှင့် ပဲနွယ်ကုန်းဆရာတော် ဦးစန္ဒာဝရ၂၉-၁၁-၂၀၀၉ - ညောင်ကန်အေးဆရာတော် အရှင် ဣန္ဒက နှင့် ဝါးခင်းကုန်းဆရာတော် ဦးတိက္ခ၃၀-၁၁-၂၀၀၉ - ယင်းနေ့တွင် အန္တိမဈာပနအခမ်းအနားကို နေ့လည် (၁၂)နာရီတိတိအချိန်တွင် စတင်ကျင်းပ မည်ဖြစ်ပြီး၊ဖြူးဆရာတော်ဘုရားကြီး၏ ထေရ်ဆရာအရှင်များဖြစ်ကြသော မြတောင် ဆရာတော်ဘုရားကြီးနှင့်ပေါက်မြိုင်ဆရာတော်ဘုရားကြီးတို့မှ...

Tuesday, November 24, 2009

မဟာယာနမှာလဲ ဓါတ်တော်တွေနဲ့

အမေး။ ။ အရှင်ဘုရား…..တပည့်တော်ဟာ ထေရ၀ါဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ကြည်ညိုသူ တစ်ဦးဖြစ်ပါတယ်။ လျှောက်ထားချင်တာက….. မဟာယာန ဗုဒ္ဓဘာသာဝင် ရဟန်းတော်များမှာလည်း ရဟန္တာ ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ သူတို့ရဲ့ ဓါတ်တော်များ ချန်ထားနိုင်ပါသလား၊ မဟာယာန ဗုဒ္ဓဘာသာရဟန်းတော်/သီလရှင်ကြီးများရဲ့ ဓါတ်တော်များကို တင်ပေးထားတဲ့ (http://slz.goodweb.cn/monk_27.asp) website မှာ တွေ့မြင်ခဲ့ရပါတယ်ဘုရား။ထိုwebsite မှာ ဆရာတော်ကြီးများကို ရဟန္တာ လို့ ပြောထားခြင်း မရှိပါ။ ထိုဆရာတော်ကြီးများဟာ ဘယ်လိုနည်းကို ကျင့်သုံးပြီး ဓါတ်တော်များ ချန်ထားခဲ့ပါသလဲဘုရား။ တရုတ်ပြည်မှာ ၀ိပဿနာအသံကို ကြားရဖို့ မလွယ်ပါ။ တကယ်လို့ ထိုဆရာတော်ကြီးများဟာ ရဟန္တာ ဖြစ်လျှင် ဘယ်လို ၀ိနည်းကို လိုက်နာပြီး အဘယ်ကျင့်စဉ်ကို ကျင့်သုံးသလဲ ဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား။ဦးတင်လျှက်ရဲလင်းအဖြေ။ ။မေးသင့်တဲ့ မေးခွန်းပါပဲ။ မဟာယာန ဗုဒ္ဓဘာသာဝင်များမှာ ရဟန္တာဆိုတာ မရှိနိုင်ပါဘူး။...

Monday, November 23, 2009

ဖြူးဆရာတော် ဘ၀နတ်ထံပျံလွန်တော်မူခြင်း

နိုင်ငံကျော်ဓမ္မကထိက ဦးနရပတိ ဖြူးဆရာတော်ကြီးသည် အာရှတော်ဝင်ဆေးရုံကြီးတွင်၂၄.၁၁.၂၀၀၉ နံနက်(၇)နာရီအချိန် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါပြီ။ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ၃၀.၁၁.၂၀၀၉ ရက်နေ့မှာ မီးသဂြိုလ်မည်ဖြစ်ပါကြောင်း.....Type the rest of your post he...

Thursday, November 19, 2009

လူတို့ရဲ့ အရိုးကို စေတီ တည်ကောင်းပါသလား

အမေး။ ။ အရှင်ဘုရား……… ရုပ်ရှင်မင်းသား တစ်ဦးရဲ့ အရိုးပြာနဲ့ စေတီတည်မယ်လို့ကြားမိပါတယ် အဲ့ဒါပုတုဇဉ်လူသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်ကောင်းပါသလား ဘုရား။ပိုင်မင်းဦးUSAအဖြေ။ ။ လောကမှာ စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ် (၄)မျိုးရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ ၊ စကြာဝတေးမင်း တို့ ဖြစ်ပါတယ်။ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အတွက် ထားပါတော့၊ လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြာဝတေးမင်းက ဘာပြုလို့ စေတီ တည်ပြီး ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူတို့ရဲ့ စီးပွားချမ်းသာမှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချူပ်မင်းလုပ်နေသူလည်းဖြစ်ပါတယ်။ လောကမှာ စကြာဝတေးမင်းဟာ တစ်ဦးသာ ဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊ ထူးခြားတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ အထဲမှာ စကြာဝတေးမင်းတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။(ဒီ၊ ၂၊ ၁၁၇-၈။ အံ၊၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊ ၂၊ ၅၁)ယခုအခါ ပုထုဇဉ်ရဟန်းတော်များ...

ပတ်ဝန်းကျင်က မြတ်ဓမ္မ(၁၀)

အဖန်ငါးရာ ငါးကမ္ဘာ“အရှင်ဘုရား……အရှင်ဘုရားကျောင်းမှာ သာသနာအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ဦး………………..လေဘုရား၊ ဘယ်လို ပြဿနာများ ရှိလို့လည်းတော့မသိဘူး ပြီးခဲ့တဲ့ နှစ်က ကိုယ့်ဟာကိုယ် ကြိုးကွင်းဆွဲချ သတ်သေသွားပါတယ်ဘုရား၊ သွားပီပေါ့ဘုရား၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေဟာ အဖန်ငါးရာ ငါးကမ္ဘာ၊ ဘ၀ပေါင်းများစွာ ခံပေအုံးတော့ပေါ့ဘုရား”ဒါယကာ တစ်ယောက် လျှောက်ထားလိုက်တဲ့ စကားကြောင့် သေသူအတွက် စိတ်မကောင်း ဖြစ်မိတာအမှန်ပါ။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အတွေးရေယဉ်ကြော မျောခဲ့ရပါတယ်။လူတွေဟာ စိတ်ညစ်လို့ ဒေါသဖြစ်လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံ ကြတဲ့သူတွေ လောကမှာ ဘယ်လောက်များ ရှိနေမလဲ။ တစ်ခါက ကြားလိုက်ရတယ် ဂျပန်နိုင်ငံမှာ စိတ်ညစ်လွန်းလို့ အခက်အခဲတွေကနေ ရုံးထွက်ဖို့အတွက် တံတားကြီးပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တဲ့သူများဟာ နှစ်စဉ် တစ်သောင်းဝန်းကျန်လောက် ရှိတယ်လို့ ကြားလိုက်ရပါတယ်။သတ်သေရတဲ့အကြောင်းတွေက အများကြီးရှိကြမှာပါ။...

ပတ်ဝန်းကျင်က မြတ်ဓမ္မ (၉)

ကြားခဲ့ရတဲ့ စကားတစ်ခွန်းကြာခဲ့ပါပြီ၊ ဒါပေမဲ့ ယနေ့အထိ ကြားယောင်နေဆဲပါ၊ စာရေးသူဟာ ငယ်စဉ်က တောရွာမှာ ကြီးပျင်းခဲ့ရသူပါ။ ငယ်စဉ်က ခလေးသဘာဝ သူငယ်ချင်းများနဲ့ ဟိုဟိုဒီဒီသွားကာ ဆော့ကစားလေ့ရှိတယ်။ တစ်ခါခါ တောထဲသွားပီးတော့လဲ ဆော့ကစားကြသလို ရွာဦးဘုန်းတော်ကြီးကျောင်းဝင်းထဲ ၀င်ကာ ဆော့ကြတာလဲ ရှိတယ်။တစ်နေ့ စာရေးသူတို့ သူငယ်ချင်းတစ်သိုက် မြစ်ချောင်းထဲဆင်းကာ ရေချိုးကြပါတယ်၊ ရေချိုးပြီးတဲ့အခါ အိမ်မပြန်ကြသေးဘဲ၊ ထိုမြစ်ကမ်းနံဘေးမှာပဲ ဟိုဟိုဒီဒီ သွားကာ ဆော့ကစားကြပါတယ်။ ဒီအချိန်မှာ မြစ်ကမ်းနား ၀ါးဖေါင်ပေါ်မှာ လူကြီး တစ်ယေက် ငါးမျှားနေတာကို တွေ့ရပါတယ်။ လူငယ်သဘာဝ ၀ါးဖေါင်ပေါ်တက်ပြီး အချင်းချင်း စကြနောက်ကြရင်း ၀ါးလုံးကွဲအသံကြီးနဲ့ ရယ်ကြ ပျော်ရွှင်နေကြပါတယ်။ထိုအခိုက် ၀ါးဖေါင်ပေါ်မှာ ၀မ်းစာရေးအတွက် ငါးမျှားနေတဲ့ အဖိုးကြီးက သူ့ကို ပျက်ရယ်ပြုတယ်လို့ ထင်မှတ်ပြီး“ မင်းတို့က ငါ့ကို လှောင်ကြတာလား….အေး…ငါအဖိုးကြီးဖြစ်သလို မင်းတို့လဲ...

Wednesday, November 18, 2009

ဒီလိုအိမ်မျိုး နောက်သွားရအုံးမှာလား

အမေး။ ။အရှင်ဘုရား……ရဟန်းတော်များမှာ ဒါယကာ/မ တို့ရဲ့ ပစ္စည်းလေးပါး အထောက်အပံ့ရမှာသာ သာသနာပြုနိုင်ကြ ပါတယ်ဘုရား။ တခါတရံ တစ်ချို့ ရင်းနှီးတဲ့ အိမ်တွေကို မလွဲမရှောင်သာ သွားရပါတယ်။ အဲဒီအခါမျိုးမှာ ရဟန်းသံဃာတော်များ ကြွလာမှန်း သိပါလျက် အဖက်မလုပ်၊ ခရီးဦးလည်းမကြိုဆို တာတွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော် သိချင်တာက ဒီလို အိမ်မျိုးကို နောက်တစ်ခါ သွားသင့်/မသင့် ဆိုတာ သိချင်ပါတယ်ဘုရား။ ။မနွယ်နွယ်အေးရန်ကုန်အဖြေ။ ။လူတွေဟာ အလုပ်ကို အချိန်နဲ့ လုပ်နေကြရတဲ့အတွက် ရဟန်းတော်များကို မအားလပ်တဲ့ကြားက ဧည့်ခံဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ သူတို့ကိုယ်၌က ရဟန်းတော်များအား ကြည်ညိုကြတာရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဧည့်ဝတ်ချွတ်ယွင်းခဲ့ပေမဲ့ ကြည်ညိုတဲ့ဒါယကာများက ရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ရင်းနှီးကျွမ်းဝင်ပြီးသား ဒါယကာအိမ်ကို သွားတဲ့အခါ အဖက်မလုပ်၊ ခရီးဦးမကြိုဆို၊ လုံးဝကြည်ညိုမှုမရှိ...

လူဝင်စားဟာ ဘ၀အဆက်ဆက် တစ်ယောက်ထဲများလား

အမေး။ ။အမေရိကန်နိုင်ငံက အသက် (၁၁)နှစ်အရွယ် ခလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၅၀ လောက် ပျံလွန်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားဝင်စားတယ်လို့ ပြောကာ ကျောင်းဆက်မတက်တော့ဘဲ အိမ်ကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။ Boston မှာ မွေးတဲ့ Jigme Wangchuk လို့ ခေါ်တဲ့ ခလေးဟာ အခုဆိုရင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Darjeeling မြို့ရှိ ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုမှာ ခေါင်းဆောင် အကြီးအကဲလုပ်ဖို့ ထွက်ခွာသွားပါပြီ။ သူ့ရဲ့ မိဘနှစ်ပါး ပြောကြားခဲ့တာကတော့ သူတို့ရဲ့သားဟာ ငယ်ငယ်ကတည်းက တခြားခလေးတွေနဲ့ မတူသလို စပြီးစပြောတတ်ချိန် (၂)နှစ်သားအရွယ်လောက်ကတည်းက သူ့ရဲ့ဘ၀ဟောင်းတွေကို စတင်ပြောခဲ့ပါတယ်။ဒါတွေကို တပည့်တော် အင်တာနက်စာမျက်နှာတစ်ခုမှာ ဖတ်လိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက လူဝင်စားအကြောင်းနဲ့ ပတ်သက်ပြီး ဘုရားဟောနှင့်ညှိပြီး ဖြေကြားပေးစေလိုပါတယ်။အောင်ကျော်နိုင်ဆစ်ဒနီ ၊ သြစတေးလျားအဖြေ။ ။ဗုဒ္ဓလူဝင်စားတယ်ဆိုတာ ဗုဒ္ဓ၀ါဒအရ လုံးဝ မဖြစ်နိုင်ပါဘူး။...

ရုပ်မဟုတ်တဲ့ ရုပ်တရား

အမေး။ ။အရှင်ဘုရား ရုပ် အတု (၁၀)ပါး ရှိတယ်လို့ ဖတ်ရပါတယ်ဘုရား။ ဒီရုပ်အတု (၁၀)ပါး ပေါ်ကို လက္ခဏာရေး(၃)ပါး တင်ပြီး ဝိပဿနာ မရှုကောင်းလို့ ဆိုပါတယ် ဘုရား။ ဘာကြောင့် မရှုကောင်းတာလဲ ဆိုတာ သိချင်ပါတယ်ဘုရား။ထွန်းလင်းကြည်ပျဉ်းမနားအဖြေ။ ။ ရုပ်အစစ်မဟုတ်တဲ့ ရုပ်တရားများလောက်သာ ဖြေမယ်ဆိုရင် ဒီအဖြေဟာ လုံလောက်မယ် မထင်ပါ။ ရှင်းသွားအောင် ဖြေပေးပါ့မယ်။ သည်းခံပီး ဖတ်ပေးစေလိုပါတယ်။ရုပ်တရား(၂၈)ပါးရှိပါတယ်။ ထိုရုပ်များအနက် ရုပ် (၁၈)ပါးကို သဘာဝရုပ်၊ သလက္ခဏရုပ်၊ နိပ္ဖန္နရုပ်၊ ရူပရုပ်၊ သမ္မာသနရုပ် လို့ ခေါ်ပါတယ်။ထိုရုပ်(၁၈)ပါးဟာ အနိစ္စစတဲ့ လက္ခဏာရှိတဲ့အတွက် သလက္ခဏရုပ် လို့ ခေါ်သလို ၀ိပဿနာ စီးဖြန်းတဲ့ ယောဂီပုဂ္ဂိုလ်များဟာ အနိစ္စစတဲ့ လက္ခဏာရှိတဲ့ ထို နိပ္ဖန္နရုပ်(၁၈)ပါးကို အာရုံပြုပြီး မမြဲ၊ ဆင်းရဲ၊ အစိုးမရ လို့ ဥာဏ်နဲ့ သုံးသပ်ကောင်းသောကြောင့် သမ္မာသနရုပ်လို့ လည်း ခေါ်ပါတယ်။ ဖေါက်ပြန်ခြင်းသဘောရှိတဲ့အတွက် ရူပရူပ် (ရုပ်အစစ်) လို့လည်း ခေါ်ပါတယ်။အာကာသဓါတ်လို့...

Tuesday, November 17, 2009

အဓမ္မ၀ါဒီများအား သတိပေးခြင်း။

အဓမ္မ၀ါဒလို့ ဆုံးဖြတ်ထားတဲ့ဝါဒများအနက် ဆူးလေးဦးမြင့်သိန်းဝါဒ နှင့် မိုးပြာဂိုဏ်းတို့အား ရဟန်းသံဃာ/ဒကာ/ဒကာမများ ကို ထင်ယောင်မှားဖြစ်အောင် စည်းရုံးလှုပ်ဆော်ခြင်းမပြုကြရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွန်ကြားလွှာအမှတ်(၉၄) မှာ နိုဝင်ဘာလ(၉)ရက်နေ့ ထပ်မံသတိပေးထား ပါကြောင်း။ ။ဆူးလေဦးမြင့်သိန်းဝါဒဟာ ယခုအခါ ဓမ္မစေတီဦးကောသလ္လ ဖြစ်ပြီး၊ မိုးပြာဂိုဏ်းကတော့ ဦးဥာဏ ဖြစ်တယ်လို့ သိရပါတယ်။Type the rest of your post he...

Monday, November 16, 2009

စာအုပ်စင်

ရေးသားထုတ်ဝေပြီးသောစာအုပ်များ၁။ တုနှိုင်းမမီ ၂။ သန်းခေါင်ယံအမေးအဖြေများ၃။ အွန်လိုင်းပေါ်က အမေးအဖြေများ (၁)၄။ အွန်လိုင်းပေါ်က အမေးအဖြေများ (၂)-----------------------------------------ပိဋကတ်သုံးပုံ မြန်မာပြန်များပိဋကတ်စာပေကို ဖတ်နိုင်ရန် wininnaw font လိုအပ်ပါသည်။ဝိနည်းပါဠိတော် မြန်မာပြန်ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်ပါစိတ်ပါဠိတော် ဘိက္ခုပါစိတ် မြန်မာပြန်ပါစိတ်ပါဠိတော် ဘိက္ခုနီ ၀ိဘင်း မြန်မာပြန်မဟာဝဂ်ပါဠိတော် မြန်မာပြန်စူဠ၀ဂ္ဂပါဠိတော် မြန်မာပြန်ပရိဝါပါဠိတော် မြန်မာပြန်----------------------------------------------------------------------သုတ္တန္တပိဋက ၊ နိကာယ်ငါးရပ် မြန်မာပြန်ဒီဃနိကာယ် သီလက္ခန်ပါဠိတော်မြန်မာပြန်ဒီဃနိကာယ် မဟာဝဂ္ဂပါဠိတော် မြန်မာပြန်ဒီဃနိကာယ် ပါထိက၀ဂ်ပါဠိတော်မြန်မာပြန်မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော်မြန်မာပြန်မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန်မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန်သံယုတ္တနိကာယ်...

Pages 291234 »
Twitter Delicious Facebook Digg Stumbleupon Favorites More